Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

တိုက်စိုး - ဂန္ထ၀င်စာဆိုပညာရှိလေးဦး

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ကိုရင်ဖိုးသိန်း

          ၁၈၅၂ ခုနှစ်တွင် (ဒုတိယ မြန်မာ-အင်္ဂလိပ်စစ်ပွဲကို အကြောင်းပြု၍) မြန်မာနိုင်ငံသည် မြန်မာဘုရင်အုပ်စိုးနေသေးသော အထက်မြန်မာနိုင်ငံနှင့် အင်္ဂလိပ်ဝန်ရှင်တော်မင်းကြီး အုပ်စိုးစပြုသော ဗြိတိသျှ(အောက်) မြန်မာ နိုင်ငံဟူ၍ နှစ်ပိုင်းကွဲခဲ့လေသည်။

          ထိုအခါကာလတွင် ဗြိတိသျှ(အောက်)မြန်မာ့နိုင်ငံအတွင်း ဟံသာဝတီ စီရင်စုအပိုင်(မော်ပီမြို့အနီးရှိ)မင်းရွာ၌ ဦးရွှေကြူ နှင့် ဒေါ်ငွေအမည်ရှိ ဆင်းရဲသား အိမ်ထောင်တစ်ခု ရှိခဲ့လေသည်။ ထိုအိမ်ထောင်မှ ဖိုးငြိမ်း၊ ဖိုးသိန်း၊ ပန်းဦး၊ မအုန်းပွင့်ဟူ၍ သားသုံးယောက်၊ သမီးတစ်ယောက် မွေးဖွားလာခဲ့လေသည်။ ၊ ဦးရွှေကြူးတို့မှာ ကျေးရွာသားအများနည်းတူ အညတရတောင်သူ လယ်သမားများဖြစ်ကြသည်။ သူများလယ်တွင် သူရင်းငှားလုပ်ကြသူများ သာဖြစ်ကြသည်။ သူတို့မှာ သားသမီးတွေကို ရပ်ရွာရှိ ဘုန်းကြီးကျောင်း သို့ မှန်မှန်ပို့ဖို့ပင် မလွယ်။

          ဖြစ်တတ်သည်မှာ ဘုန်းကြီးကျောင်းကလည်း ရွာတိုင်းတွင် ရှိချင်မှရှိသည်။ ရှိပြန်ပါလည်း ကိုယ့်သားသမီးကို စာပေါက်ပေါက်ရောက်ရောက် တတ်အောင် နှစ်ချင်းဆက်၍ ကျောင်းထားနိုင်ခဲသည်။ ယေဘုယျဆိုရပါမူ သားသမီးကို တစ်နွေတစ်မိုးလောက်သာ ကျောင်းထားပြီးနောက် အိမ်မှု ကိစ္စတွင် ခိုင်းစေကြသည်သာများလေသည်။

          ဤတွင် ဖိုးသိန်းမှာ ဤစာအုပ်ငယ်နှင့် သက်ဆိုင်သဖြင့် သူ့အကြောင်း ကို အဓိက ဖော်ပြဖို့လိုပေလိမ့်မည်။ သူသည် ခရစ် ၁၈၆၂ခုနှစ်(မြန်မာ ၁၂၂၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက် တနင်္လာနေ့)တွင် ဖွားမြင်လေ သည်။ သို့သော် သူအရွယ်မရောက်မီ ကိုးနှစ်၊ ၁၀ နှစ်သားလောက်ကပင် သူ့အစ်ကို ဖိုးငြိမ်းနှင့်အတူ အဖေဖြစ်သူ ဦးရွှေကြူ၏ လုပ်ငန်းတွင် တစိုး တစိပါလာရလေသည်။

          ဖိုးသိန်းသည် အနီးအနားက ပေါက်တောရွာနေ ကရင်ကိုသာဖြူ အိမ်၊ ထိုနောက် ကိုရွှေလန်းအိမ်များတွင် မိုးအကုန်မှ ဆောင်းအထိ ကျွဲကျောင်း၊ ထမင်းပို့ ကူလီလုပ်ရလေသည်။ မင်းရွာနေ လှေသူကြီး ဒေါ်ပို့အိမ်နှင့် ကိုရွှေမိတ်၊ မသူတို့အိမ်များတွင် နွားကျောင်း၊ ဆီဆုံလှည့်လုပ်ရလေသည်။ ရံဖန်ရံခါ စပါးကြိတ်၊ မောင်းထောင်း၊ ဆန်ဖွပ်စသည်ဖြင့် အဖေကိုကူ၍ လုပ်ရသည့်အခါလည်းရှိလေသည်။ ရံဖန်ရံခါလည်း အမေဈေးရောင်း သွားသည့်အခါ အဖော်လိုက်တန် လိုက်ရသေးသည်။

          သို့သော် သူတို့အဖေက ဖိုးငြိမ်း၊ ဖိုးသိန်းတို့၏ပညာရေးကို အမှတ် တမဲ့မထားခဲ့ပါ။ ဖိုးသိန်းထက် ငါးနှစ်ကြီးသော ဖိုးငြိမ်းကိုလည်း ဆရာ့ ထံအပ်ပြုသင်ကြားပေးခဲ့လေသည်။ ဖိုးသိန်းအတွက်လည်း အစီအစဉ်တစ် မျိုးလုပ်ပေးခဲ့လေသည်။

          အမှန်စင်စစ် ရွာတွင် ဘုန်းကြီးကျောင်း ကောင်းကောင်းမရှိ။ ထို ကြောင့် ဖိုးသိန်းကို ကိုရွှေမိတ်တို့အိမ်တွင် နွားကျောင်းဖို့ထားရင်း စာသင် ခိုင်းရလေသည်။ ကိုရွှေမိတ်က သင်ပေးသဖြင့် သူ့မှာ သင်ပုန်းကြီးကုန်ခဲ့ သည်။

          ထို့နောက်အဖေလုပ်သူက ရွာထဲက ဦးဝိုက်ထီထင်ရဲ့၊ စာတစ်မိုးတွင်း တက်ခိုင်းပြန်သည်။ ဦးဝိုက်က သူ့ကို မင်္ဂလသုတ်၊ အပြင်အောင်ခြင်း အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်စသော ဘာသာရေးသင်ရိုးစာတွေကိုချပေးလေသည်။ တစ်ဖန် အဖေ လုပ်သူက မင်းရွာနှင့်ခရီးတစ်မိုင်ကွာရှိ နတ်ရဲကွင်းရွာကျောင်းဘုန်းကြီးကိုပင့်၍ ဖိုးသိန်းအား ရှင်ပြုပေးလေသည်။ ကိုရင်အဖြစ် ခုနစ်ရက်နေခဲ့ရပါ၏။

          ကိုရင်အဖြစ် တစ်မိုးတစ်ဝါကြာအောင် ဖိုးသိန်းနေခဲ့ရသည်မှာ မင်းရွာ ကန်ကုန်းဘက်တွင် ကျောင်းသစ်တည်သည့်အခါ ဖြစ်လေသည်။ ဘုန်းကြီး မှာ ဦးဝဏ္ဏဖြစ်လေသည်။ ထိုဘုန်းကြီးနှင့်အတူနေရင်း ပရိတ်ကြီးနှင့် ဇာတ် အဋ္ဌကထာနိဿယများ ကျက်မှတ်ရလေသည်။

          တစ်ခုတော့ရှိသည်။ အထက်ကဆိုခဲ့သည့်အတိုင်း ကိုရင်ဖိုးသိန်းမှာ တစ်ရာသီ၊ နှစ်ရာသီဆက်၍ စာလိုက်နိုင်သည်မဟုတ်။ သူတို့အိမ်ထောင် မှာရှားပါးသည်။ သူကပါ ဝိုင်း၍လုပ်ကိုင်ပေးရမည်။ သူကိုယ်တိုင် လွတ်လွတ်ကျွတ်ကျွတ် ဝမ်းကျောင်းနိုင်အောင် ကြိုးစားရမည်။

          ကိုရင်ဖိုးသိန်းသည် ဝါအကျွတ်တွင် ရှင်လိင်ပြန်၍ ဝမ်းစာစပါး ရိတ် ပေးရသည်။ ထို့နောက် ဝါသနာကလေး ရှိနေသည်နှင့် ဆိုင်းနောက်ထိုင် ဝါးလက်ခုပ်တီး၊ စည်းတီးလိုက်၍ သင်လေသည်။ မြေဝိုင်းပန်းပင်လှည့် ဇာတ်ထဲတွင် လူပြက်လိုလို လုပ်ရသေးသည်။

          သည်လိုနှင့် ဖိုးသိန်း ၁၆ နှစ်သားအရွယ် ရောက်လာခဲ့လေသည်။ ထိုအခါ သူ့အဖို့ တိုးတက်ရေးလမ်းစ ပေါ်လာခဲ့တော့သည်။ ပေါ်လာပုံ ဆိုရဦးမည်။ ထိုအခါ ကာလ အောက်(ဗြိတိသျှ) မြန်မာနိုင်ငံတွင် အရေး ပိုင်ရုံး၊ နယ်ပိုင်ရုံး၊ မြို့အုပ်ရုံး၊ ရာဇဝတ်ရုံးတွေနှင့် အုပ်ချုပ်ရေးတော်တော် ကလေးကျယ်ပြန့်လာသည်။ (စူးအက်တူးမြောင်းဖွင့်ပြီးနောက်) စပါးဈေး ကလည်း တင်းတစ်ရာ ၅၀°ဈေးမှ ၇၀°၊ ၈၀°ဈေးအထိ တက်လာရာ လူသူများသည် လယ်လုပ်ခွင့်ပတ္တာတို့ ဂရန်တို့လျှောက်လာသည်။

          သို့ဖြင့် အစိုးရက ကြေးတိုင်စိုက်၍ မြေအမျိုးအစားသတ်မှတ်ရေး၊ အခွန်ခန့်ခွဲရေး စသည့် လုပ်ငန်းတွေကို ပိုမိုလုပ်ခဲ့သည်။ ထိုလုပ်ငန်းတွေ လုပ်လာသည်နှင့်အမျှ မြေတိုင်းစာရေး၊ လျှောက်လွှာစာရေး၊ စာရင်းစစ် စာရေး၊ မြို့အုပ်စာရေးစသည့် အောက်တန်းလခစား အလုပ်များလည်း ပေါ်ပေါက်လာခဲ့သည်။ ဖိုးသိန်း၏အစ်ကို ဖိုးငြိမ်းမှာလည်း ပညာခံလေး အနည်းငယ်မျှဖြင့်//

          သံလျင်နေ ဦးလေးတော်တစ်ဦးကိုအကြောင်းပြု၍ သံလျင်- ကျောက်တန်း ဘက်တွင် မြို့အုပ်စာရေးဖြစ်နေသည်။ ထိုအခါ ဦးရွှေကြူတို့မှာလည်း သားအကြီးအလုပ်လက်ကိုင်ရှိနေသဖြင့် ဝမ်းရေးချောင်ချိလာလေမည်လား မဆိုနိုင်။ ဘယ်လိုပဲဖြစ်စေ ဖိုးသိန်းသည် ဦးလေးနှင့် အစ်ကိုဖိုးငြိမ်းက ခေါ်သဖြင့် သံလျင်သို့ ရောက်သွားလေသည်။ သူတို့က သူ့ကိုညောင်ဝိုင်း ကျောင်း(သိမ်ကျောင်း)ဘုန်းကြီး ဦးနန္ဒမာလာထံ အပ်ပေးလေသည်။

          နေရာကျလှပေ၏။ ထိုကျောင်းတွင် ပေထုပ်တွေ၊ ပုရပိုက်ဆူရေတွေက စာတိုက်နှင့်အပြည့်ချည်းပင်။ ဖိုးသိန်းမှာ လောကနီတိနိဿယနှင့် ဟိတော ပဒေသလို ဆုံးမစာခြောက်ခြောက်သွေ့သွေ့ တွေကို ဖတ်ရသည်သာမဟုတ်သေး။ မြန်မာကဗျာလင်္ကာတွေနှင့် တဖြည်းဖြည်း တွေ့ထိစပြုလေပြီ။ ဆုံးမစာနီတိကို ကာရန်ထပ်ထားသော ကန်တော်မင်းကျောင်း မေတ္တာစာ မျိုးကို သူတွေ့လာရသည်။ ခေတ်သရော်စရာ ကြည်နူးစရာတွေကို နော ချိတ်ထားသော ဦးပုညမေတ္တာစာမျိုးကို သူတွေ့လာရသည်။ထို့ပြင် ဦးပုည ပင်ရေးသော ယုန်မင်းဝတ္ထုတရားစာ၊ သီဝိမင်းကြီး ဝတ္ထုတရားစာ၊ ဆဒ္ဒန် ဆင်မင်းဝတ္ထုတရားစာ စသည်များကို သာယာနာပျော်ဖွယ် ဖတ်လာရပြန် သည်။

          ကိုရင်ဖိုးသိန်းသည် ဦးပုညတရားစာတွေကို နှစ်သက်လာသဖြင့် အလွတ်ကျက်လေသည်။ ထို့နောက် သီတင်းနေ့များတွင် လူသူပရိသတ် ရှေ့၌ သံနေသံထားဖြင့် တရားဟောကြည့်ရာ နာမည်ရလေသည်။ သို့ဖြင့် ဗိုလ်ချုပ်ရွာ၊ သဲဖြူစမ်းရွာ၊ ပျဉ်ထောင်ကျောင်းရွာမှအစ ကျိုက်ခေါက်ဘုရား ဘက်အထိ အနီးအနားရွာများ၊ ကျောင်းများသို့ ကိုရင်ဖိုးသိန်း တရားဟောကောင်းကြောင်း သတင်းပျံ့နှံ့ခဲ့လေသည်။ ဆရာဘုန်းကြီးအခွင့်ဖြင့် ဟိုရွာ သည်ရွာများလိုက်၍ တရားဟောရသည်မှာလည်း သီတင်းနေ့တိုင်းလိုလို ပင် ဖြစ်တော့သည်။

          က ပါသေးရိုးလား။ တန်ဆောင်မုန်းလ(နိုဝင်ဘာလ) ဆွမ်းကြီး လောင်း အလှူများတွင် သူဌေးကွင်း၊ ချောင်းစောက်၊ ပက်လက်ရွာတွေ ဘက်က ကိုရင်ကိုပင့်၍ တရားနာကြလေသေးသည်။ တရားပွဲအပြီး ပိုး သင်္ကန်း၊ ဖဲသင်္ကန်းတွေကိုလည်း လှူလိုက်ကြသေးသည်။ ကိုရင်ဖိုးသိန်းသည်လည်း တရားလိုက်ဟောနေရသည့်အကြားမှ ဘုန်းကြီးဆန္ဒအရ ဝိဓူ ရပျို့၊ နရစိုးပျို့များ၊ ဓမ္မသတ်များကို တစ်ဆင့်တက်၍ လေ့လာရပြန် သည်။

          သို့သော် ကျောင်းတွင် ကိုရင်ဖိုးသိန်း ပညာဆက်လက်သင်ရန် အရှိန် ပျက်ခဲ့ရလေသည်။ အကြောင်းမှာ ကိုရင်ဖိုးသိန်း ဤမျှ ပညာသင်နေခြင်း သည် သူ့ရင်ထဲတွင် မြန်မာစာ၊ မြန်မာမှုကို လိုလားစိတ် စိမ့်ဝင်နေ၍လည်း ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မြန်မာ့ဦးစီး ဦးကိုင်ဖြစ်သော ဘုရင် စိုးစံနေသေးသည်မှာလည်း ကိုရင့်အဖို့ တစ်အင်တစ်အားပေပင်။ အခြေ အနေကောင်းလျှင် ဗြိတိသျှမြန်မာနိုင်ငံပင် မြန်မာဘုရင့်လက်ထဲသို့ ပြန် ရောက်ချင်ရောက်မည်မဟုတ်လား။

          ဘယ်လိုပဲဖြစ်စေ။ အထက်မန္တလေးတွင် သာသနာ့ဒါယကာမင်းရှိသေး ၏ဟု အောက်သားတွေက ဂုဏ်ယူနိုင်သေးသည်။ ယခုမူ မင်းတုန်းမင်း လွန်၍ သီပေါမင်းနန်းတက်လာခဲ့ပြီး မင်းသားတွေဖမ်း ထောင်ချနေသည်။ ပြည်ရွာမငြိမ်မသက်ရှိနေသည်။ အင်္ဂလိပ်နှင့် ဆက်ဆံရေးကလည်း မကောင်း။ မန္တလေး နန်းတော်သည် ယိမ်းယိုင်နေလေပြီ။

          ကိုရင်ဖိုးသိန်းသည် သံလျင်မှ မန္တလေးတက်၍ စာလိုက်မည်ဟု စိတ် ကူးထားခဲ့လေသည်။ မန္တလေးရှိ ဘကြီးတော်တစ်ဦးထံသို့ပင် အကြောင်း ကြားခဲ့ဖူးသည်။ သို့သော် ထိုဘကြီးထံမှ

          “မန္တလေးကို တက်လာမည့်စိတ်ကို ဖြတ်လိုက်တော့၊ နေရာမကျဘူး။ အင်္ဂလိပ်မင်း အမှုတော်ကိုထမ်းပေတော့”

          ဟူသော အကြောင်းကြားစာကို ရလေသည်။ ထိုစာကို ဆရာဘုန်း ကြီးအား ကိုရင်ဖိုးသိန်းပြကြည့်သည်။ ဘုန်းကြီးဦးနန္ဒမာလာသည်လည်း

          “အင်း ငါလည်း စိတ်ပျက်ပြီ။ သည်ကျောင်းမှာ ငါမနေလို၊ တော်ရာ ကိုသွားတော့မည်။ မင်းလည်း သင့်သလို အမှုထမ်းပေတော့” ဟု မိန့် ကြားပြီး ကျောင်းမှ ခွာသွားလေသည်။

          ကိုရင်ဖိုးသိန်းအတွက် ညွှန်ကြားပေးမည့် ဆရာမရှိတော့၊