Skip to product information
1 of 4

Other Websites

တာရာမင်း‌ဝေ - ရွှေအတောင့်ပံမှာ ဒဏ်ရာတွေပြန်ကောင်းလာတဲ့နေ့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

နိမိတ်

ဆိုတဲ့ စကားလုံးကို အဘိဓာန်ထဲမှာ ကျွန်တော် သေသေ ချာချာ မဖတ်ခဲ့ဖူးပါဘူး။ ဗေဒင်ကျမ်းတွေထဲမှာ မကြာခဏ တွေ့ဖူး မယ့် အဲဒါကိုလည်း အမှတ်တမဲ့ပါပဲ။ ရှေ့ဖြစ်လာမယ့် အခြေအနေတစ်ရပ်အတွက် မူတည်ကောက်ယူရတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ အကြမ်းဖျင်း မြင်မိ ပါတယ်။

ငယ်ငယ်က ကျီးသာရင် ဧည့်သည်လာမယ်ဆိုတာကို စ ကြားဖူး ပါတယ်။ ကျီးသာနိမိတ်ပေါ့လေ။ နောက်တော့ ကြယ်ကြွေနိမိတ်၊ မြေပြင် နိမိတ် စတာတွေကို တဖြည်းဖြည်းချင်း သိပါတယ်။ ဒီ အစပ်မရှိ ခုန်ကူးဖြစ်တဲ့ သဘောပေါ့လေ။ ဒါပေမယ့် ဟိုတလောက မကောင်းတဲ့ နိမိတ်၏အချို့ အကြောင်း ဖတ်ရပါတယ်။ “ဒဲကြီးတွေပါလား”လို့ ဖတ်ရင်း ရယ်မိပါတယ်။

ဆိုကြပါစို့။ 'အဓိပ္ပာယ်မဲ့ အရူးတစ်ယောက်က ရှေ့လာရယ်ပြနေရင်..." တဲ့။

ဘယ်လိုကြီးတုန်း...။ အရူးပါဆိုမှ အဓိပ္ပာယ်ရှိရှိ လာရယ် ပြနေမှာလား။

ကျန်တာတွေမှာလည်း ကန့်လန့်တိုက်တွေးစရာလေးတွေ ရှိလာပါတယ်။

 အဲဒီတစ်ချို့ကို ကျွန်တော်ရေးပြပါမယ်။ 

၁။သွားရင်းက ခလုတ်တိုက်ပြီး ခြေမကွဲသွားရင်...(ဘယ်လိုလုပ် ကောင်းတော့မလဲ...။ ဘက်စ်ကား လူကြပ်ကြပ်ပေါ်မှာ သူဘယ်လိုဘက်ရပ်မလဲ)

၂။လမ်းသွားရင်းက ဖိနပ်သဲကြိုးပြတ်သွားရင် (ဖိနပ်ပြတ်တစ်ဖက်ကို ကိုင်လို့ ဘေးလူတွေ သွားဖို့ရယ်ပြရင်းဆက်လျှောက်ရမှာပေါ့ )

၃။ ရထားစီးရင်း ဘုတ်ခနဲ ပြုတ်ကျရင်

(တွေးတောင် မတွေးရဲဘူး )

၄။ ကားပေါ်စီးသွားရင်း မျက်မှန်ပြုတ်ကျသွားရင်

(ကိုယ့်အိမ် ကိုယ်ပြန်ရောက်ရင်တောင် ဟုတ်ရဲ့လားလို့ လက်နဲ့ စမ်းကြည့်ရဦးမယ်။ အိမ်မှားပြီး 'မိန်းမရေ.. လာပါဦးကွ”လို့ခေါ်မိရင်ပိုတောင်ဆိုးဦးမယ် )

၅။မတော်တဆ ခန္ဓာကိုယ်မှာ ထိခိုက်မိရင် (အကြင်နာတို့၊ စေတနာတို့ အမည်တပ်ထားတဲ့ ဆေးခန်းကို

သွားပြီး ပါသမျှကုန်မယ်)

၆။တစ်နေ့လုံး လက်ခါပြတဲ့လူတွေနဲ့ပဲ တွေ့နေရရင်

(ဘယ်သူ့ဆီကမှ ပိုက်ဆံချေးမရတာဘဲ ဖြစ်မယ်၊ ဘူပဲ )

၇။ကိုယ်ဝတ်ထားတဲ့ လုံချည်က ဖြန်းခနဲ ကွဲသွားရင်…

(အဟမ်း.. လို့ ချောင်းဟန့်ရင်း ခပ်တည်တည်ကြီး ရှက်နေရမှာပေါ့ )

၈။ သွားရင်းလာရင်း ခါးပိုက်နှိုက်ခံလိုက်ရရင်...  (တချို့လူတွေကို ရွာပြန်မယ်ဆိုပြီး ပိုက်ဆံလိုက်တောင်းရမယ့်ကိန်းပဲ )

၉။ မိန်းမနှစ်ယောက် လုံးထွေးသတ်ပုတ်ရင်း အဝတ်အစားမဲ့ကုန်

တာကို မြင်ရင် ... ။ ( ဒီလူကြီးကလည်း အသာငမ်း ရပ်ကြည့်နေတာပဲလို့ သတ်မှတ် ခံရမှာပေါ့။ ရန်ပွဲအပြီးမှာ အဲဒီမိန်းမနှစ်ယောက်ကတောင် ကိုယ့်ဆီ ဦးလှည့်ပြီး ကတ်ကတ်လန် ရန်ပြန်တွေ့နိုင်တယ် )

၁၀။ တံခါးဘောင်နဲ့ ခေါင်းနဲ့ ဆောင့်မိရင် ..

(တော်တော် “ဘု' ကျတဲ့လူလို့ အပြောခံရမှာပေါ့ )

၁၁။ မိန်းမက ယောက်ျားကို ကိုယ်ထိလက်ရောက် ရန်ပြုတာကို

မြင်ရင် ... .(ကိုယ့်အတွက်လည်း ရင်လေးစရာ ဖြစ်နေပြီ )။ 

၁၂။ လမ်းမှာ ကားပျက်ပြီး စက်နှိုးလို့မရတော့ရင်  ( ဘေးလူတွေကို မျက်နှာချိုသွေးပြီး ကားကွန်းခိုင်းရမယ်....ဒါပေမယ့် အတော် ကြိုးစားရမယ် )။ 

၁၃။ ဘတ်စ်ကား သုံးလေးစီးကြုံလျက်နဲ့ကိုယ်က မတက်နိုင်ခဲ့ရင်

... ကားတွေက ရပ်မပေးရင်

(ကိုယ်အလေးချိန်ကို လျှော့ချတော့မယ်)

(ငါက ဘယ်သွားအလေလိုက်ရမှာလဲလို့ ... ဆိုပြီး မလုံမလဲ

နဲ့ ရန်ဖြစ်ပြီး   )

ကဲ ... ဒါတွေက အကင်းပဲရှိပါသေးတယ်။ ပြောမယ်ဆိုရင် အများ ကြီး ကျန်သေးတယ်။ ထားလိုက်ပါတော့ ... အခုလို ကျွန်တော်ရေးတာ ကို နိမိတ်ဖတ်ဆရာတွေကတော့ နှစ်မြို့မှာ မဟုတ်ဘူး။ ခုလို ရေးမိတဲ့ အတွက် ကျွန်တော့် ရှေ့အလားအလာ ဘယ်လိုဖြစ်နိုင်မလဲ။ စာဖတ်သူ ကပဲ ကျွန်တော့်အတွက် နိမိတ်ဖတ်ပေးပါဦး။

(၁ )

“တရားခံ မောင်ကကြီး”

 “ဟုတ်ကဲ့ ကျွန်တော်မျိုး ရှိပါတယ်"

 “မင်းက မောင်ခကွေးကို သတ်တယ်ဆို... "

 “ဟုတ်ပါတယ်" 

“မင်း ... ဝန်ခံတယ်ပေါ့” 

“ဟုတ်ကဲ့ ဝန်ခံပါတယ်” 

“ဘယ်လို သတ်သလဲ”

 “သူ့နောက်ကျောကို ကျွန်တော် ဓားနဲ့ ထိုးသတ်လိုက်ပါတယ်" 

“တစ်ချက်တည်းနဲ့ သေသလား” 

“ကျွန်တော် အကြိမ်ကြိမ်ထိုးလို့ သူသေသွားပါတယ်”

(၂ )

“တရားခံ မောင်ကကြီး' 

“ဟုတ်ကို ကျွန်တော်မျိုး ရှိပါတယ်' 

“မင်း ... မောင်ခကွေးကို ထပ်သတ်ပြန်ပြီဆို”

 “ဟုတ်ပါတယ်"

 "ဘယ်လို သတ်သလဲ"

 “သူ့လည်ပင်းကို ကြိုးနဲ့ညှစ်ပြီး သတ်လိုက်ပါတယ်” 

'သူက မရုန်းဘူးလား"

'ရုန်းပါတယ်။ တွန့်လိမ်ကောက်ကွေးပြီးတော့ကို ရုန်းပါတယ်။ ဒါပေမယ့် ကျွန်တော်က အပိုင်အနိုင် စီးထားပြီးပြီမို့ သူဘာမှလုပ်လို့ မရတော့ပါဘူး။ သူသေသွားပါတယ်"

(၃ )

'မောင်ကကြီး'

 “ခင်ဗျာ” 

“မောင်မင်း မောင်ခကွေးကို သတ်လိုက်ပြန်ပြီ” ။ 

“ဟုတ်ကဲ”

“ဘယ်လို သတ်သလဲ"

“တုတ်နဲ့ ရိုက်သတ်ပါတယ်။ သူ ကျွန်တော့်ကို ကျောပေးပြီး ရေသောက်နေတုန်း နောက်ကနေ တုတ်နဲ့ ရိုက်သတ်လိုက်ပါတယ်

“တစ်ချက်တည်းနဲ့ သေသလား”

'မသေပါဘူး။ ဒါပေမယ့် ကျွန်တော် မသေမချင်း ရိုက်သတ်လိုက်ပါတယ်"

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)