Other Websites
တာရာမင်းဝေ - မြင်းစီးထွက်သောအိမ်မက်များ
တာရာမင်းဝေ - မြင်းစီးထွက်သောအိမ်မက်များ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤ အီးဘွခ်(အခမဲ့) ကို ဒေါင်းလုပ်ဆွဲယူရန် (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍ ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် အီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: mgyoe.com ရှိ အီးဘွခ်စာအုပ်များသည် အင်တာနက်ပေါ်၌ အချိန်ကြာမြင့်စွာကပင် ပြန့်နှံ့နေပြီးသား စာအုပ်များသာဖြစ်ပါသည်၊
:: စာဖတ်သူများ ဖတ်ချင်၍ရှာသည့်အခါတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် စုစည်းထားပေးခြင်းမျှသာဖြစ်ပါသည်၊
:: စာအုပ်တိုက်များမှ ပြန်လည်ရိုက်နှိပ်ထုတ်ေ၀လျှင် ၄င်းအီးဘွခ်ဒေါင်းလုပ်လင့်များကို ပြန်လည်ဖြုတ်ချသွားမည်သာဖြစ်ပါသည်။
-----------------------------------
ထူးဆန်းသောလူ
ကမ္ဘာမြေ၏ မြန်မာပြည်တစ်နေရာတွင် ထူးဆန်းသောလူတစ် ယောက်ကို ယမန်နှစ်က တွေ့ရှိလိုက်ရ၏
အဆိုပါလူသည် နှုတ်ခမ်းမွေးမည်းမည်းကားကားရှိပြီး ပြုံးနေသော (သို့မဟုတ်) တစ်စုံတစ်ရာကို အံ့သြနေဟန်ရှိသော မြေကြွက်တစ်ကောင်၏ ဥပဓိမျိုးပိုင်ဆိုင်သူ ဖြစ်၏။
သူ့အပါးတွင် လူအများ ရုန်းရုန်းကျွက်ကျွက် ဆူညံနေသဖြင့် တာဝန်ရှိသူများက သွားရောက်စုံစမ်းရာ ထူးဆန်းသောဖြစ်ရပ်တစ်ခုကို မြင်တွေ့ရလေသည်။ထိုဖြစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။
ထူးဆန်းသောဖြစ်ရပ်
ဖြစ်ပုံမှာ အဆိုပါလူ ကျော်ကျော် (ခေါ်) တွတ်နီ၊ (ဘ-ဦးသိမ်း) သည် အချိုးအစားကျနသော ဥရောပဝတ်စုံအပြည့်နှင့်အတူ အတာချီကေစ့် ကို ကိုင်ကာ စီးကရက်ကိုခဲပြီး လမ်းလျှောက်လာခိုက် ကောင်းကင်မှ မိုးခြိမ်းသံထွက်ပေါ်လာ၏။
မိုးခြိမ်းသံကြားကြားချင်းမှာပင် အဆိုပါ ဦးတွတ်နီသည် ဣန္ဒြေမဆည်နိုင်လောက်အောင် စိတ်လှုပ်ရှားကာအခြားလမ်းသွားလမ်းလာများ ကိုလည်း အလေးဂရုမပြုတော့ပဲ ဝမ်းခေါင်းသံကြီးဖြင့် 'ကျား'ဟု စတင် အော်ဟစ်လိုက်၏။ထို့နောက်မှ အတာချီကေ့စ်ကို လမ်းနံဘေးမှာချလျက် ပေါင်နှင့် လက်ခမောင်းကို တဖြောင်းဖြောင်းပုတ်ခတ်ကာ အဆက်အစပ်မရှိ လက်ဝှေ့ ရေးပြတော့သည်။
ဒူးပျံတွတ်နီ
ထို့နောက် ကျား ကျားဟူသော မာန်သွင်းသံကို အဆက်မပြတ် အော်ဟစ်ကြိမ်းမောင်းကာ ဒူးပျံတိုက်နည်းကို ခုန်၍ ခုန်၍ သရုပ်ပြလေ၏။
ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည်လည်း သောင်းသောင်းဖြဖြ ကြိုဆိုအံ့ဩကြကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဦးတွတ်နီ ၏အဖြစ်ကို စူးစမ်းလေ့လာမိကြ၏။
'မည်သည့်အတွက်ကြောင့် လက်ဝှေ့ရေး ပြနေရပါသနည်း”ဟု ဦးတွတ်နီကို မေးမြန်းကြ၏။
ဦးတွတ်နီက လက်ဝှေ့ရေးပြနေခြင်းမဟုတ်ကြောင်း သူ့အနေနှင့် လူတကာလုပ်နိုင်ခဲလှသောအလုပ်ကို စွမ်းစွမ်းတမံ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း၊ အားလုံးဝမ်းသာအောင် ပြောပြရမည်ဆိုလျှင် သူသည် မိုးကို ဒူးနှင့် တိုက်နေခြင်းဖြစ်ကြောင်း၊ ကြားသဖြင့် အားလုံး သောလူတို့သည်လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြရလေသည်။
သူရဲကောင်းဟူသည်
မိုးကို ဒူးနှင့်တိုက်၍ ရမည်မဟုတ်ကြောင်း အားလုံးက တစ်ယောက် တစ်ပေါက်ဝိုင်းပြောကြသော်လည်း ဦးတွတ်နီက လက်မခံခဲ့ကြောင်း သိရ၏။ အောင်မြင်မှုကို ခူးဆွတ်လိုသူအတွက် အောင်မြင်မှုကလည်း ကိုင်း ညွှတ်ပေးရန် အဆင်သင့်ရှိကြောင်း၊ သူသည် ရဲရင့်ကောင်းမွန်သောလုပ်ရပ် ကို ဖော်ကျူးနေသူဖြစ်သဖြင့် သူရဲကောင်းမည်ကြောင်' ဦးတွတ်နီက ဖြေကြား၏။ ”
လူအပေါင်းက ဝိုင်းဝန်းရယ်မောကြပြီး သူ၏လုပ်ရပ်ကို ဖျောင်းဖျ တားဆီးကြသည့်တိုင် ဦးတွတ်နီ၏ ခိုင်မာသောစိတ်ဓာတ်သည် ပြောင်းလဲ ခြင်းမရှိခဲ့။
လူတွေက သူ့ကို နားမလည်သော်လည်း လူတွေကို သူက နား လည်ကြောင်း၊ မအောင်မြင်သေးခင်မှာ ထိုသို့ပင် လှောင်ပြောင်ရယ်မောမှုများကို ခံရလိမ့်မည်ဟု သူ သိထားကြောင်း၊ အောင်မြင်မှုဟူသည်မှာလည်း နှေးကွေးစွာ ပွင့်တတ်သည့် ပန်းဖြစ်၍ သူ စိတ်ရှည်ရှည်ထားရှိပါကြောင်း အားလုံးကို ရည်မွန်စွာ ပြန်လည်ပြောကြားလေသည်။ထို့နောက် မာန်ချီသံတဟိန်းဟိန်းဖြင့် မိုးကို ဒူးနှင့် ဆက်တိုက်မိ တိုက်နေတော့၏။
အငြင်းအခုံ
သို့သော်လည်း သူ ခုန်၍တိုက်နေသော ဒူးသည် မိုးကို ထိသည် မဟုတ်၍ အချို့က ဝိုင်းဝန်းဝေဖန်ကြသောအခါ ဦးတွတ်နီနှင့် အငြင်းအခုံ ဖြစ်ကြ၏။
ဝေဖန်သူများက ဦးတွတ်နီသည် “လဒ" ရုပ်နှင့် “ဒေါင်း” လုပ်ချင်သူ ဖြစ်သည်ဟု ပြောကြ၏။ အချို့ကလည်း ဦးတွတ်နီ မိုးကို ဒူးနှင့် တိုက်ရန် ကြိုးစားနေပုံမှာ တီဗီကြီးထဲမှာသာဆိုလျှင် မိမိတို့အနေနှင့် ခလုတ်ထပိတ် မိမည်ဖြစ်ကြောင်း ပြောကြ၏။
ဦးတွတ်နီကမူ သူ၏ အယူအဆကို အလျော့မပေး။ မည်သည့်အလုပ် မဆို အစပိုင်းမှာတော့ အတိမ်းအစောင်းရှိနိုင်ကြောင်း၊ လက်ဖက်ရည် ပန်းကန်နှင့် နှုတ်ခမ်းအကြားမှာပင် တေ့လွဲလွဲသွားနိုင်စရာ တွေ့ကြုံတတ် ကြောင်း၊ မိမိအနေနှင့်တော့ အညံ့မခံပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ တစ်နေ့တွင်တော့ မိုးကို ဒူးနှင့်တိုက်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း၊ အခိုင်အမာပြောကြားလေသည်။
နေရာရွှေ့ပြောင်းခြင်း
ဦးတွတ်နီ၏ ထိုကြိုးစားမှုကို မျက်စိနောက်ဟန်ရှိသော ဦးတင် နှင့် ကိုအောင်ဆိုသူတို့က တစ်ဖက်နားတွင် ကုန်းတစ်ခုရှိကြောင်း၊ သာမန် လမ်းပေါ်မှ တိုက်နေသည်နှင့်စာလျှင် ထိုကုန်းပေါ်မှ တက်တိုက်သည်က မိုးနှင့် ပိုနီးကြောင်း၊ ဦးတွတ်နီ၏ မိုးကို ဒူးနှင့်တိုက်ရေး စီမံကိန်းကြီးအတွက် ကောင်းသောအကြံဉာဏ်ကို ပေးလေ၏။
ဦးတွတ်နီကလည်း ထိုအကြံဉာဏ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံ ယူလေသည်။ သူရဲကောင်းဖြစ်ချင်သူအတွက် ထိုက်သင့်တဲ့ အဖိုးအခကို
တော့ ပေးရဲရမှာပဲဟု ဆိုကာ ထိုကုန်းပေါ်သို့ ဝါရိဝေဂဗျူဟာဖြင့် တက် ရောက်သွားလေသည်။