Skip to product information
1 of 1

Other Websites

တာရာမင်း‌ဝေ - မျဥ်းဖြောင့်၏ဧရီယာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

          ၁။ လူတွေနဲ့ဝေးရာကို သွားမယ်

အလိုမကျခြင်းတို့နှင့်အတူ စိတ်ဦးတည့်ရာ လျှောက်ထွက် လာခဲ့၏။

ထိုသို့ဖြင့် ဤချောက်ချားဖွယ်ရာ ဖြစ်ရပ်ကို သူ ... ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။

ပထမတော့ ပတ်ဝန်းကျင်ကို သူ သတိမထားမိသေးချေ။ တောင်ပူစာကလေးတစ်ခုနံဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချရင်း မည် သို့မျှ ပြောဆိုဆုံးမ၍မရသော လူ့လောကကြီးကို ဒေါမာန်တရှူး ဖြစ်နေမိ၏။

“ပန်းကိုချစ်သူ ဝတ်ရည်ယူတယ်တဲ့၊

ပန်းကိုရော ဝတ်ရည်ကို ရော ချစ်တဲ့သူက ဘာကို ယူရမှာလဲ ... ထွီ...”

          စိတ်ကြမ်းဝင်နေသော သူ့ကိုကြည့်ကာ ရုပ်ပတ်ဝန်းကျင်ကြီး ကပင် ကြောက်လာ၏။

 သူ့ရှေ့မှ စီးမျောလာနေသော “လေ” ကလည်း သူ့ကို ဖြတ်တိုက်သွားရကောင်းနိုးနိုး၊ ကွေ့ရှောင်သွား ကောင်းနိုးနိုး ချီတုံချတုံဖြစ်လာ၏။ အနားရောက်မှ ပို၍ကြောက်သွား တာ နောက်သို့ တည့်တည့်ပြန်လှည့်သွားတော့၏။

            ထိုသို့ ပြောဆိုရေရွတ်နေရင်းကပင် သူ့ရှေ့မှ တောင်တစ်လုံးက ပါးစပ်ကြီးဟောင်းလောင်း ပွင့်ထွက်လာသည်ကို သူ... မြင် လိုက်ရခြင်း ဖြစ်သည်။

“ဟာ”

သူ... အလွန်တရာ အံ့ဩလန့်ထိတ်သွားမိတော့သည်။ . ကမန်းကတန်း ထရပ်မိ၏။

၂။ 

ဤဖြစ်ရပ်မျိုးကိုလည်း သူ... တစ်ခါမှ မကြုံဖူးချေ။ ထွက် ပြေးရမည့်အစား အသာရပ်ကြည့်နေမိ၏။ တောင်ကြီးက ပါးစပ်ပေါက်ကို အကျယ်ကြီးပွင့်ပြီးမှ ရပ်သွား၏။ ထို့နောက် မူလ အခြေအနေအတိုင်း ပြန်လည်ငြိမ်သက်နေသည်။

သူ. . .မျက်လုံးအပြူးသားနှင့် ကြောင်အမ်းနေမိသည်။

ထို့နောက် သူ့ခန္ဓာကိုယ်၌ ကြက်သီးဖြန်းဖြန်းထကာ “အလို အလျောက်အသိ' (Intuition) တစ်ခုကို ရလိုက်၏။

“ဟာ... နဂါး... နဂါးကြီး”

ကမ္ဘာကြီးကို ခွေပတ်ကာ အိပ်နေသော ကာလနဂါးကြီး၏ ဦးခေါင်းရှေ့မှောက်သို့ သူရောက်နေခြင်း ဖြစ်သည်။ နဂါးကြီးက တော့ ပါးစပ်ပွင့်လျက်နှင့်ပဲ ဆက်လက်အိပ်ပျော်နေသည်။

“အလို... ဘုရား... ဘုရား” ။ သူ့ခြေထောက်တွေ နောက်သို့ ရွှေ့မိလျက်သား ဖြစ်သွား

ပြန်၏။

၃။ "ငါ...ငါ... ဘာလုပ်ရင်ကောင်းမလဲ၊ ဒါ.. အခွင့် အရေးပဲ”

သူ.. ဖြစ်နေသည်ကတော့ ထိုပါးစပ်ပေါက်ကြီးထဲသို့ ဝင် ကြည့်ချင်ခြင်း ဖြစ်၏။ နဂါးလိုဏ်ခေါင်းအတိုင်း ဆင်းသွားကြည့်ချင် သည်။ 

“ဒါ... နဂါးခံတွင်းပဲ၊ ဘာကြောင့် ဝင်ရမှာလဲ' ဟူသော အတွေးတစ်ခုက သူ့ကို ဟန့်တားသေး၏။ သို့သော် အချို့သောကိစ္စ များ၌ ဖြေရှင်းချက်ဆိုသည် သိပ်လိုအပ်လှသည် မဟုတ်ချေ။

ထိုသို့ဖြင့် ... နဂါးကြီး၏ပါးစပ်ပေါက်အတွင်းသို့ သူ.. ဆင်းဝင်ရောက်ရှိသွားတော့သည်။

ရှည်လျားစွာ ခွေလိပ်ရစ်ကောက်သွားသော လမ်းကြောင်း သည် ကြောက်မက်ဖွယ်ရာ အတိပြီး၏။ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းကာ လျှောက်ခဲ့သည်။ မှောင်လိုက်လင်းလိုက်နှင့် နဂါးလိုက် ခေါင်းတစ်ခုလုံးမှာ မြူခိုးရနံ့တွေ အုံဖြာနေသည်။ လေအူသံကိုလည်း တလူးလူးတလိမ့်လိမ့် ကြားရ၏။ သူ့စိတ်အာရုံကို ဝိုးရီထွေပြားစေ တော့သည်။

နဂါးဝမ်းဗိုက်တစ်နေရာမှာ သူ့ခြေအစုံ တုံ့ရပ်သွားမိတော့

သည်။

“ဟော...”

၄။ 

နဂါးကြီး၏ရင်တွင်းနံရံမှာ စာကြောင်းများ ရေးထား၏။ အလင်းအားပျော့ကာ မှောင်စို့စို့ဖြစ်နေသော်လည်း စာကြောင်းများ ကမူ ဖတ်၍ရ၏။

“လောကထဲမှ လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များ ကို လူ... ဟု ခေါ်၏”

သူ... အလွန်အမင်း စိတ်ဝင်စားသွားမိ၏။ နဂါးကောက် ကြောင်းအတိုင်း တစ်စတစ်စ တိုးဝင်လျှောက်သွားရင်း စာကြောင်း များကို အငမ်းမရ ဖတ်သွားမိ၏။ စာကြောင်းများက လူ့လောကကြီး ၏ လျှို့ဝှက်ချက်များကို ရေးထားခြင်းဖြစ်၏၊ ဖတ်သွားရင်း ဖတ် သွားရင်းက သူ့ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ သွေးခုန် နှုန်းတွေ မြန်လွန်းမက မြန်လာသည်။

“ထိုသို့ဖြင့် အက်တမ် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် တစ် လုံးထပ်ပေါက်လုပေါက်ခင် ကြားကာလ ကလေးကိုသာ "ငြိမ်းချမ်းရေး” ဟု လူတို့ ခေါ်လာကြရမည်”

'အိုး... ကယ်တော်မူပါ” သူ့ခန္ဓာကိုယ် ယိမ်းထိုးတုန်ခါသွားမိ၏။

၅။ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ပြီး စိတ်ကသောင်းကနင်း ဖြစ် မှုကို ထိန်းသည်။

 အသက်ကို တစ်ချက်ချင်း ခပ်ပြင်းပြင်းရှုရင်း ဆက် ဖတ်သည်။

တစ်နေရာတွင် အောက်ပါအတိုင်း တွေ့ရသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)