Other Websites
တာရာမင်းဝေ - နတ်ပျိုမအတွက်ပန်း
တာရာမင်းဝေ - နတ်ပျိုမအတွက်ပန်း
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤ အီးဘွခ်(အခမဲ့) ကို ဒေါင်းလုပ်ဆွဲယူရန် (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍ ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် အီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: mgyoe.com ရှိ အီးဘွခ်စာအုပ်များသည် အင်တာနက်ပေါ်၌ အချိန်ကြာမြင့်စွာကပင် ပြန့်နှံ့နေပြီးသား စာအုပ်များသာဖြစ်ပါသည်၊
:: စာဖတ်သူများ ဖတ်ချင်၍ရှာသည့်အခါတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် စုစည်းထားပေးခြင်းမျှသာဖြစ်ပါသည်၊
:: စာအုပ်တိုက်များမှ ပြန်လည်ရိုက်နှိပ်ထုတ်ေ၀လျှင် ၄င်းအီးဘွခ်ဒေါင်းလုပ်လင့်များကို ပြန်လည်ဖြုတ်ချသွားမည်သာဖြစ်ပါသည်။
-----------------------------------
(၁)
ဒီပြဿနာကို နှံပြည်စုတ်က စတာပါ။ 'ပြဿနာ' ဆိုတဲ့ စာရွက်ကို နှံပြည်စုတ်ကချီလာတာမျိုးတော့ မဟုတ်ပါဘူး၊ ဒင်းကလေးတို့ နှံပြည်စုတ် အကြောင်း ငြင်းခုံကြရင်းက စတင်ဖြစ်ပွားလာတဲ့ ပြဿနာပါ။ တစ်ယောက်က ပြောတယ်။ ' နှံပြည်စုတ်ကို အမြောက်နဲ့ မချိန်သင့်ဘူး'တဲ့။ တစ်ယောက်က ပြန်ငြင်းတယ်။ “နှံပြည်စုတ်ကို အမြောက်နဲ့ ချိန်သင့် တယ်'တဲ့။
တက္ကသိုလ်စာကြည့်တိုက်ထဲမှာပါ။ ရှေ့ခုံမှာ ကျွန်တော် စာထိုင်ဖတ်နေကုန်း၊ နောက်ခုံကို ဒင်းကလေးတို့ ရောက်လာတယ်။ ကျွန်တော် ကောင်းကောင်းဖတ်လို့ ဘယ်ရတော့မလဲ။
သူတို့နဲ့ စကားပြောသံတွေက စီခနဲထွက်လာတယ်။ သွပ်ပြားပေါ်ပဲလှော်ထုတ် ပွင့်ကျသလို တဖျောဖျောပဲ။ ဘယ်လိုမှ စာကောင်းကောင်းဖတ်လို့ မရတော့ဘူး။ စိတ်က မကြားချင်ပေမယ့် နားကတော့ သူ့ ဟာသူ ကြားနေရတယ်။
နှံပြည်စုတ်အကြောင်းက နောက်မှ။ စ,စချင်းမှာ စာမရီငှက်အကြောင်း ပြောကြတာ။
“ဟဲ့ နင် စာမရီငှက်အကြောင်း သိလား"
“ဟင့်အင်း မသိဘူး။ ဘာဖြစ်လို့လဲ"
“အေ၊ သူ့အကြောင်း ငါဖတ်လာတယ်။ ထူးဆန်းတာတွေ့လို့”
“ဟုတ်လား ပြောပါဦး” ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။
စာမရီငှက်အကြောင်း ကျွန်တော် ဘာမှမသိဘူး၊ အပင်တွေနဲ့ ပတ်သက်လာရင်ကော အကောင်ဗလောင်တွေနဲ့ ပတ်သက်လာရင်ကာ ကျွန်တော်က အသိအမြင်နည်းတယ်။
ရှေးကဗျာ လင်္ကာတွေထဲမှာတော့ စာမရီငှက်အကြောင်း ဖတ်ဖူး ပါရဲ့။ ဒါပေမယ့် တကယ်ရှိတယ်လို့တောင် မထင်မိဘူး၊ ပုံဖော်ကြည့်လို့ လည်း မရဘူး။
'စာမရီ' ဆိုတော့ မရီတတ်တဲ့ “စာ”ပေါ့။ ရီ (ရယ်)တတ်တဲ့ “စာ” လည်း ကိုယ်က မတွေ့ဖူးဘူး။ အဲဒီလိုနဲ့ပဲ 'စာမရီ”ကို မေ့မေ့ပျောက် ပျောက် ထားခဲ့တာကြာပြီ။
အခု သူတို့ရဲ့ စကားကို ကျွန်တော် နည်းနည်းစိတ်ဝင်စားသွား
“အဲဒီ စာမရီငှက်အထီးကလေ မိန်းမပိုးရင် နည်းနည်းမှ သိက္ခာမရှိဘူးတဲ့ သိလား”
“ဟုတ်လား၊ အမကရော ဣန္ဒြေရှိလား”
အမ,အကြောင်းကိုတော့ ဘာမှ ပြောမထားဘူး” “ဒါဖြင့် အမ,က ဣန္ဒြေရှိလို့ပေါ့”
“အေးပေါ့ ဟုတ်မှာပေါ့။ ခုဟာကတော့ အထီး သိက္ခာမရှိတဲ့ အကြောင်းပဲ ရေးထားတယ်” ။
“အေးအေး၊ အဲဒါဆို ဆက်ပြော”
တော်တော်ဟုတ်တဲ့ လူမလေးတွေပဲ။ နောက်ကို မသိမသာ လည်စောင်းကြည့်ပေမယ့် သူတို့ကို မမြင်ရဘူး။ သူတို့ကလည်း ကျွန်တော် ကို မြင်ရမှာ မဟုတ်ဘူး။
“အမ,ကို လာပိုးရင်တဲ့ အဲဒီ စာမရီငှက်အဖိုကတဲ့” "အင်း..." ““သစ်ကိုင်းမှာ ပြောင်းပြန် ဇောက်ထိုးချိတ်ပြီး ကပြတယ်တဲ့”
“ဟယ်.. ပေါရဲလိုက်တာ ခစ်ခစ်”
“အေးလေ၊ တီးလုံးလည်း မပါဘဲ က,နေတယ်”
“ဟဲ့ ဒီတစ်ခါ နင့်ဆီကို မြင့်ဌေးလာပိုးလို့ရှိရင် အဲလိုပဲ ကခိုင်း"
ကောင်မလေးတွေ တခိခိရယ်ကြတယ်။ ကျွန်တော့်နားထဲမှာလည်း ကလိကလိနဲ့။ ရယ်သံတွေဆုံးတော့နောက်ကောင်မလေးက တခြားအဆိုတစ်ခုကို တင်သွင်းလာပြန်တယ်။ အဲဒီကောင်မလေးရဲ့ စကားသံက အတော်နားထောင်လို့ကောင်းတယ်။
သူ အဆိုတင်သွင်းလာတာက နှံပြည်စုတ်အကြောင်း။ "ဟဲ. နှံပြည်စုတ်အကြောင်းကော နင်ကြားပြီးပြီလား”
"ဟင့်အင်း မကြားဖူးဘူး၊ ဘာဖြစ်လို့လဲ"
သူတို့ငှက်အကြောင်း ပြောဆိုနေကြတာကလည်း ရပ်ကွက်ထဲက လူတွေအကြောင်း ပြောဆိုနေတာကျနေတာပဲ။ 'ပြန်ရင် ငါ လှည့်ဝင် လိုက်ဦးမယ်” ဆိုတာမျိုးများ ပါလာဦးမလား မသိဘူး။ ။
“နှံပြည်စုတ်က အကောင်လေးကြည့်တော့ ပိစိညှောပ်တောက်နဲ့”
“အေး ဘာဖြစ်တုန်း"
“မိန်းမတွေ အများကြီးယူတယ် တဲ့”
“အင်း...”
“ပြီး၊ အဲဒီမိန်းမအားလုံးကို အသိုက်တစ်လုံးစီမှာ ထားတယ်တဲ့”
“အောင်မယ်၊ အဲဒီအသိုက်က သူ့ဘာသာ သူယက်တာလား"
“အေးပေါ့၊ သူ့ဘာသာ ယက်တာပေါ့”
“ဪ... သူကလည်း အလာကြီးပါလား”
“ခိခိ..."
ရယ်ကြပြန်တယ်။ ပြီး ဆက်ပြောကြတယ်။
“သူ လူပါးဝတာ တစ်ခုရှိသေးတယ်”
“ဘာလဲ"
“ကလေးတွေ မွေးလာရင်တော့ သူက လုံးဝ လှည့်မကြည့်ဘူးတဲ့”
"ဟယ်... အမကပဲ စောင့်ရှောက်ရတာလား”
“ အေး”
“ဟင်...ဒါဖြင့် သူက ကလေးစရိတ်လည်း မထောက်ဘူးပေါ့”
“မထောက်ပါဘူး၊ သူ့အလုပ်နဲ့သူတောင် မအားဘူး"
“အောင်မာ... သူက ဘာလုပ်နေလို့လဲ"
“ခုနက ပြောပြီးပြီလေ အိမ်တွေတစ်လုံးပြီးတစ်လုံး ထပ်ထပ် ဆောက်နေတာပေါ့"
“အော... မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ထပ် ယူနေတာပေါ့"
“အစစ်ပေါ့”
“တော်တော်လူပါးဝတဲ့ နှံပြည်စုတ်''
သူတို့ တခိခိရယ်ကြပြန်ပါတယ်။ သူတို့နဲ့အတူ ကျွန်တော်လည်း ရယ်ချင်လာတယ်။ သူတို့စကားက မဆုံးသေးဘူး။ နှံပြည်စုတ်ကို လက်နက် စွဲကိုင်ဖြေရှင်းဖို့အထိ ကျယ်ပြန့်လာတယ်။
“ဒါဆို အဲဒီနှံပြည်စုတ်ကို အမြောက်နဲ့ ချိန်သင့်တယ်”
“ဟေ့အေး၊ အမြောက်နဲ့တော့ မချိန်သင့်ဘူး” “ဘာဖြစ်လို့လဲ”
“ယူသမျှမိန်းမကို အိမ်တစ်ဆောင် မီးတပြောင်ထားပေးနိုင်တဲ့ အရည်အချင်းကိုတော့ အသိအမှတ် ပြုသင့်ပါတယ်ဟ”
“ကောင်မ၊ အဲဒါဆိုရင်လည်း အဲဒီနှံပြည်စုတ်ကို နင်ပဲ ယူတော့”
ရယ်ကြပြန်ပါတယ်။ ဒီတစ်ခါရယ်တာက တော်တော်နဲ့မပြီးကြပါ ဘူး။ လက်က နာရီကို ငုံ့ကြည့်လိုက်တော့ သွားဖို့အချိန်တန်ပြီဆိုတာ သိလိုက်တယ်။ ဒီအချိန်ဆိုရင် မြကျွန်းသာမှာ ထက်မိုး ရောက်နေလုပြီ။
ခုံကထ အထွက်မှာ ကျွန်တော်နောက်ဘက် လာတွတ်ထိုးတဲ့ နှံပြည်စုတ်နဲ့ စာမရီကိုလည်း တစ်ချက်လောက်ငဲ့ကြည့်လိုက်သေးတယ်။
စာမရီကတော့ စကားတွေ တွတ်ထိုးနေတုန်းပဲ။ ခေါင်းတညိတ်ညိတ် နားထောင်ရင်း နှံပြည်စုတ်က ကျွန်တော့်ကို မျက်လုံးထောင့်ကပ်ကြည့်တယ်။
အတော်လှတဲ့ ကောင်မလေးပါ။ အဲဒီနှံပြည်စုတ်မလေးအတွက် ကျွန်တော် အိမ်တစ်လုံးဆောက်ပေးသင့်တယ်လို့တောင် ထင်ပါသေးတယ်။
(သူက အမြောက်ခဲ့ချိန်ပြီး ခိုင်းလာရင်ပေါ့လေ)။
မြကျွန်းသာရောက်တော့ ထင်တဲ့အတိုင်း ထက်မိုးက စားပွဲ တစ်လုံးမှာ မိန့်မိန့်ကြီးထိုင်နေတယ်။ ကျွန်တော့်ကို ဆီးမေးတယ်။
"မင်း အခုမှ ကျောင်းထဲရောက်တာလား”
"ရောက်နေတာကြာပြီး စာကြည့်တိုက်ထဲမှာ စာသွားဖတ်နေတာ”
စားပွဲထိုးလေးက အနားရောက်လာတယ်။
"အစ်ကို ဘာသုံးဆောင်မလဲ”
"စိုးမြင့်ကျော် တစ်ပွဲပေးကွာ”
စားပွဲထိုးလေးပြန်ထွက်သွားတယ်။
“စိုးမြင့်ကြော်'ဆိုတာ စိုးမြင့် ဆိုတဲ့လူကြီး တီထွင်ခဲ့တာထင်ပါရဲ့။ အသီးအရွက်နဲ့ အသားနည်းနည်း ကို ကျော်ပြီး ထမင်းပါအုပ်ပေးတာပါ။ ထမင်းပေါင်းလိုပါပဲ။ ဒါပေမယ့် ထမင်းပေါင်းလိုတော့ ကော်ရည်မပါဘူးပေါ့။
ကျွန်တော်တို့တတွေ စားရင်းသောက်ရင်း ကျောင်းစာအကြောင်း ကို လူကြားကောင်းအောင် ပြောကြတယ်။ ပြီးတော့ လွယ်အိတ်ထဲက စစ်တုရင်ဘူးကို ထုတ်ပြီး သူရယ် ကျွန်တော်ရယ် စစ်တုရင်ကစားကြတယ်။
ကျွန်တော်နဲ့ ထက်မိုး နှစ်ယောက်လုံးဟာ မြန်မာ့လက်ရွေးစင် စစ်တုရင်သမားတွေပါ။ အဲဒါကြောင့် ကျွန်တော်တို့ ကစားရှိန်ရလာ ချိန်မှာ တခြားပိုင်းကလူတွေ စုအုံလာတယ်။ ဘေးကထိုင်ကြည့်ကြတယ်။
Share
