တာရာမင်းဝေ - တေးသွားနံပတ်၁၀၀၁
( က )
ကျွန်တော် ငယ်ငယ်တုန်းက ကျောင်းမှာ ဆရာမေးတဲ့ ပုစ္ဆာကို တလွဲပြန်ဖြေပြီးတော့ မှန်သွားဖူးတယ် ။
အဲဒီလို ပြောလိုက်တော့ ကြားရတာ နားထဲ တစ်မျိုးဖြစ်သွားကြ မှာပဲနော်။ လိမ့်ပတ်လည်အောင် ပြောရဦးမှာပေါ့...။
ဒီလိုပါ။
တစ်နေ့မှာ ဆရာက “ရေမပြည့်တဲ့ အိုးတွေ ဘောင်ဘင်ခတ် တယ်" ဆိုတဲ့ စကားပုံလေးကို လူ့သဘာဝတွေနဲ့ တွဲပြီး သင်တယ်လေ။
ဒီစကားပုံတစ်ခုတည်းတော့ မဟုတ်ပါဘူး။ တခြား စကားပုံ တွေလည်း ပါပါတယ်။ ပြီးတော့ အဲဒီစကားပုံတွေကို အလွတ်ပြန်ရေး ခိုင်းတယ် စကားပုံက ရတဲ့ သင်ခန်းစာတွေကိုလည်း ရေးခိုင်းတယ်။
သူ့စားပွဲပေါ်မှာ လာထပ်တဲ့ စာအုပ်တွေကို အမှားအမှန်ခြစ်ပေး မင်း...ကျွန်တော့်စာအုပ်ကိုလည်း ဖတ်ရော မျက်မှောင်ကြီး ဖြတ်သွား တယ်။
"ကောင်လေး...”
ကျွန်တော်လည်း နှပ်ကလေး ရှုံ့သွင်းရင်း ဘောင်းဘီတို့ကို ခါးပေါ်ပြန်မ,တင်ရင်း...သွားကျဲလေးနဲ့ ရယ်ပြရင်း ပြန်ထူးရထိပေါ့။
"ဂျာ”
မူလတန်းကျောင်းသားကြီးဆိုတော့ (အခြေအနေအရ) စကားက ပီချင်တဲ့အခါ ပီပြီး၊ မပီချင်ရင်လည်း မပီဘူးလေ..။
ဆရာက ကျွန်တော့်ကို မျက်မှန်ကြီးနဲ့ စိုက်ကြည့်တယ်။
“ဖြေစမ်း...ရေမပြည့်တဲ့အိုးတွေ ဘာဖြစ်သလဲ"
“ဘောင်ဘင်ခတ်ပါတယ် ဆရာကြီး”
"အေး...အဲဒီတော့ ဘယ်လိုအိုးတွေက ဘောင်ဘင်မခတ်ဘူးလဲ"
“အဟဲ..."
** ကျွန်တော်လည်း အစွမ်းကုန်ရယ်ပြလိုက်တယ်။
“ဆရာကြီးကလည်း ဆရာကြီး သီလျက်သားနဲ့...”
ဆရာ့မျက်လုံးကြီးက ပြုးထွက်လာတယ်။
“ငါသိလို့ မင်းကို သင်ထားတာပေါ့။ ငါမေးတာက ခု... ဒီမှာ မင်း ဘယ်လိုဖြေထားလဲ”
ကျွန်တော်လည်း အင်တင်တင်အမူအရာကို မျက်နှာသေလေးနဲ့ လုပ်ပြရင်း...
“ ဆရာကြီးကလည်း ဟုတ်တာပဲဟာကို သား ဖြေထားတာ လည်း မှန်တာကြီးပဲဟာကို..."
ဆရာက နဖူးကြောရှုံ့ပြီး ငြိမ်သွားပြန်တယ်။ စဉ်းစားနေတာ အတော်ကြာတယ်။ ။
နောက်တော့ ဘာမှ ဆက်မပြောတော့ဘူး၊ ကျွန်တော့်ရဲ့ အဖြေကို အမှန်ပဲ ခြစ်ပေးတယ်။
ကျောင်းဆင်းခါနီးကျမှ ကျွန်တော့်ကို လာကြည့်ပြီး မအီမလည် ပြုံးတယ်။ သူ့အပြုံးက ဘယ့်နှာကြီးမှန်းမသိပါဘူး။
မိုနာလီဇာ မောင့်ကြက်သရေ ခေါင်းပေါင်းကြီး ပေါင်းပြီး ရှေ့တည့်တည့်က လာပြီးပြနေသလိုပဲ...။
ဆရာက
' ရေပြည့်သောအိုးသည် ဘောင်ဘင်ခတ်၏” ဆိုတဲ့ စကားပုံအရ 'ရေပြည့်သောအိုးသည် ဘောင်ဘင်မခတ်' ဆိုတဲ့ သင်ခန်းစာလေးကိုထပ်ရေးခိုင်းတာပါ။
အဲဒီတုန်းက ကျွန်တော်ဖြေခဲ့တဲ့ အဖြေက ရိုးရိုးလေးပါ။ ဆရာရေး ခိုင်းသလို မရေးတာက လွဲရင်...တကယ့်ကို ရိုးရိုးလေးပါ။
"ရေမရှိသော အိုးသည် ဘောင်ဘင်မခတ်”လို့ ရေးလိုက်တာ အဟဲ...။ ဆရာက အမှန်ကို အပြီးတိုတိုနဲ့ ခြစ်ပေးလိုက်တယ်။
နှစ်ပေါင်းများစွာ ကွဲသွားကြပြီး အဲဒီဆရာနဲ့ ကျွန်တော်... ဟို | တစ်လောက မြို့ထဲမှာ ပြန်ဆုံတယ်။ မှတ်မိကြပါတယ်။ တွေ့တွေ့ချင်း
နှစ်ယောက်လုံး ပြုံးစေ့စေ့ဖြစ်သွားကြလေရဲ့။
ဆရာက
“အေး...အခုနေ ပြန်စဉ်းစားတော့ မင်းဖြေတဲ့ အဖြေကတောင် ငါတို့ သတ်မှတ်ထားတဲ့ အဖြေထက် ပိုမှန်နေသေးတယ်”...တဲ့။
ပြီးတော့ “မင်း...အခု ဘာလုပ်နေသလဲ”လို့ မေးတယ်။ ကျွန်တော် သွားလေးနဲ့ပဲ ဖြေပြန်ပါတယ်
“အဟဲ...ကျွန်တော် စာလေးပေလေး ရေးနေပါတယ် ဆရာ” ဆရာက ဟိုတုန်းကလို ပြုံးပြန်ပါတယ်။
( ခ )
ပြောချင်တာက ကျွန်တော့်ရဲ့ ငယ်ငယ်ကတည်းက 'ဇ'ကိုပါ။ ကျွန်တော့်ရဲ့ ဘဝမှာ အဲဒီလို အစွမ်းအစမျိုးတွေ ကပ်ကပ်ဖဲ့ဖဲ့ ပြသခဲ့ရ တာလည်း ခဏခဏပေါ့။
ဆားမပါဘဲ ကြက်ဥပြုတ်စားရတဲ့အခါလည်း တွေးမိသေးတယ်။
''ဒီ.. ကြက်မနှယ်၊ ကြက်ဥထောင့်ဘက်မှာ တစ်ခါတည်း ဆား လေးပါ ထည့်ဥပေးလိုက်ရင် ပြီးရော...”လို့၊ ကြက်မသာ သိရင် ဘယ်လောက် အသည်းနာလိုက်မလဲ မသိဘူးနော်..
( ဂ )
ကျွန်တော် ငါးတန်းရောက်တော့ ကျောင်းမှာလုပ်တဲ့ ကျောင်းကပွဲ | တစ်ခုကို သွားရှုပ်ဖူးသေးတယ်။ တစ်ကျောင်းလုံးရဲ့ ကျောင်းသားလေးတွေ ကြောက်နေရတဲ့ ဆယ်တန်းက မော်နီတာကြီးတစ်ယောက် ဘီလူး က ကနေတုန်းမှာပေါ့။
ဒီကျောင်းသားကြီးဟာ လူကောင်လည်းကြီး၊ မျက်နှာပေါက်လည်း | ဆိုးတယ်။ ကြိမ်းဝါးခုန်ပေါက်ပြီး သူ ဘီလူးက ကတော့ တချို့က ကြောက်စိတ်တောင် ဝင်ကြတယ်။
ကျွန်တော်ကတော့ မကြောက်ပါဘူး...။ လက်ကလေးနောက်ပစ် ပြီး ဒီကောင်ကြီး ဘာဖြစ်နေတာပါလိပ်လို့ ကြည့်နေမိတယ်၊ (ကျွန်တော် က ဇာတ်ခုံပေါ်ကနေ ကြည့်နေတာ)ကနေတဲ့ ဘီလူးက လက်သီးကို မြှောက် ဖနောင့်ကို ပေါက် နဲ့ မာန်ဖီအော်ဟစ်လိုက်တဲ့အခါ... အူယားလာပါတယ်။ ဝင့်ဝင့်ကြွားကြွားနဲ့ ကြောက်စရာကောင်အောင် သူ ဆင်ထားပုံကိုလည်း ကြည့်နေရင်းကပဲ မျက်စိနောက်လာမိ တယ်။
အဲဒါနဲ့...စင်ရဲ့ ဟိုဘက်မှာ ဘီလူးကြီးကနေကုန် သူ့နောက်ကိုကျွန်တော် ကပ်သွားလိုက်တယ်။
စင်အောက်က ပရိသတ်ကလည်း ကြောင်သွားတာပေါ့။ ဇာတ်ခုံ ထောင့်က ကလေးတစ်ယောက် ဘီလူးနောက်ကို ခြေဖျားထောက်ပြီး ကပ်လာတော့ တစ်ရုံလုံး “အင်း..." "အဲ.." ဖြစ်ကုန်ကြတယ်။
"ဟ...ဘာဖြစ်ကုန်တာလဲဟ”လို့ ထအော်သူက အော်တယ်။
ဘီလူးကလည်း (သူ့နောက်ကို ကျွန်တော်ရောက်နေတာ မသိဘဲ) ကနေတာ ရပ်သွားတယ် ။
အဲဒီမှာပဲ ကျွန်တော်က သူ့နောက်ကျောကို ပြေးဖက်လိုက်ပြီး...
"ကလိကလိ...ကလိကလို.
မျိုသိပ်ထားရသမျှ ဖွင့်အန်ပြီး ဘီလူးကြီးကို အားရပါးရ ကလိ ထိုးပစ်လိုက်တယ်။
"အား...ဟီး...ဟီး... .ယားတယ်၊ ဟေ့.ဟီဟီး... ဘာလုပ်တာလဲ...ဟဲ...ဟဲ...အဲ"
ကံဆိုးချင်တော့ သူကလည်း သိပ်ယားတတ်တဲ့ဘီလူး ဖြစ်နေ တယ်။ ခြေကားရား၊ လက်ကားရားနဲ့ ဟားဟားဟီးဟီး ရုန်းကန်ရင်း ကော့ကွေးနေတော့တာပေါ့...။
စင်အောက်က ပရိသတ်လည်း အစကတော့ ကြောင်ကြည့်နေပြီး နောက်တော့ ဝုန်းခနဲ ရယ်လိုက်ကြတာ အူတွေ ဘာတွေ နှိပ်လို့ ။
ဘီလူးကနဲ့ ဖျော်ဖြေခန်းကြီးလည်း ပျက်သွားတာပေါ့။ အဲဒီ ဘီလူးကလည်း ကျွန်တော့်ကို မကြည်ဘူးလေ။ ။
နောက်တစ်နေ့ ကျောင်းပြန်တွေ့တော့ သူ့လက်သီးဆုပ်ကြီးနဲ့ ထုမယ်တကဲကဲ လုပ်နေတယ်။ '
“လုပ်လိုက်ရ...သေသွားတော့မယ်"...တဲ့။
အားလုံးက ဝိုင်းမေးကြပါတယ်။
အားလုံးက ဘီလူးက ကနေတာကို ဘာဖြစ်လို့ အဲဒီလို သွားလုပ် ရတာလဲ...တဲ့။ အဲဒါတော့ ကျွန်တော့်ဘာသာ ကျွန်တော်လည်း မသိဘူး၊ သူက ဘီလူးဆိုပြီး လုပ်နေတော့ ကလိသိပ်ထိုးချင်တာနဲ့ မအောင့်နိုင်ဘဲ သွားထိုးလိုက်တာ...
(ဃ)
ကျွန်တော်က အဲဒီလို ကောင်မျိုးပေါ့။ ပြောရရင် ရာဇဝင်မနံ ၊ နဲ့ လှသူပါ။ ငယ်ငယ်က ဘောလုံးကန်ဖို့ ဝါသနာပါပြီး၊ ကြီးလာတော့ အနုပညာသမားတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ။
ဒါပေမယ့်...မဖြစ်မြောက်လှပါဘူးလေ။ အဲဒီအနုပညာဆိုတဲ့ ကဝေမလေးကို ကျွန်တော့်မှာဖြင့် ချစ်လိုက်ရတာ နှလုံးသားတောင် လျှာထွက်နေပြီ။ သူကတော့ အသိအမှတ်မပြုလှပါဘူး။
ဒါပေမယ့် ကျွန်တော်ကတော့ ကြိုးစားဦးမှာပါပဲ။ ဘီလူးကို ကလီထိုးဖူးတဲ့ လက်နဲ့ပဲ စာတိုပေစတွေ ဆက်ရေးနေပါရဲ့။ (တချို့တွေ ယက္ခဣန္ဒြေပျက်ကြမှာကိုလည်း အားတော့ နာပါရဲ့ ...။
ဒါပေမယ့် မတတ်နိုင်ဘူးလေ...။ မကောင်းသူထိပ်၊ ကောင်းသူ ထိပ်ပေါ့နော်။
( င )
“ ခုတော့လည်း.. ဘဝမှာ တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီ။ တစ်ယောက်ပြီးတစ်ယောက် သံဖိနပ်တွေနဲ့ တက်လျှောက်သွားလို့ ကျွန်တော်ရဲ့ ကျောပြင်လည်း ဗွက်အိုင်တောင် ပေါက်ပြီးကိုယ်ယုံကြည် "ရာကို ဆုပ်ကိုင်ရင်း အချိန်တွေလည်း ကုန်ခဲ့ပေါ့။
ခုတလော...ကျွန်တော့်စိတ်ထဲမှာ ဟာတာတာဖြစ်နေတာကတော့ တယ်လီဗေးရှင်း မကြည့်ရတဲ့ကိစ္စပါ။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ် ဆိုတာ သိပ်မသိဘူးဖြစ်နေတယ်။
ကျွန်တော်တို့အိမ်မှာက တယ်လီဗေးရှင်း မရှိပါဘူး။ ရှိရင်လည်း ကြည့်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်နေတဲ့ မြို့သစ်ကလေးက အင်မတန် မှ မီးပြတ်ပါတယ်။
အဲဒီလိုနဲ့ တစ်နေ့ခင်းမှာ စာအုပ်တွေကို ခေါင်းအုံးအိပ်ရင်း စဉ်းစား ဖြစ်တယ် လူတွေအကြောင်းနဲ့ လောကကြီးအကြောင်းကို ပိုင်နိုင်အောင် ဘယ်လိုလုပ်ရပါ့မလဲပေါ့..။
အဲဒီလို စဉ်းစားနေရင်းက အိမ်ရှေ့ကုက္ကိုလ်ပင်မှာ နားနေတဲ့ ကျီးကန်းကို မြင်မိတာပါပဲ။
ကျီးကန်းကတော့ ကြည့်ရတာ အားရစရာပါပဲ။ ညောင်နာနာမဟုတ်ဘဲ ရိုးပအစ်နေတယ်။ ခေါင်းခါခါ၊ လည်ခါခါနဲ့ အရပ်ရှစ်မျက်နှာ ကို ကြည့်နေတယ်။ အကြည့်က လျင်မြန်သလောက် စူးရှပုံလည်း ရတယ်။ လောကကြီးမှာ ဘာမှ စိတ်မချနိုင်သူတစ်ယောက်လို နိုးကြား ပြနေပုံက ကျွန်တော့်ကို စိတ်ဝင်စားလာစေတယ်။
အဲဒါနဲ့...ကျွန်တော်ကပဲ စတင်မိတ်ဖွဲ့လိုက်တယ်။
“ဒါ့..ကိုရွှေကျီးညို"
( စ )
သူ...ထိပ်ဖျာသွားသလို ဘေးဘီကို လှည့်ပတ်ကြည့်တယ်။ ကျွန်တော်ခေါ်တာလို့တော့ ထင်မိပုံ မရဘူး။
“ ကိုရွှေကျီးညို...ကျွန်တော် ခေါ်တာပါ။ အိမ်ထဲကပါ...”
အဲဒီတော့မှ သူ ကျွန်တော့်ကို လှည့်ကြည့်ပါတယ်။
“မင်း...ခေါ်တာလား”
“အင်း...ဟုတ်တယ်၊ လာပါဗျ...အိမ်ထဲဝင်ပါဦး၊ စကားလေး ဘာလေး ပြောရအောင်"
သူက ပြတင်းပေါက်ဘောင်မှာ လာနားပါတယ်။ ကျွန်တော့်ကို ခေါင်းစောင်းကြည့်ပြီး---
“ဪ...ခင်ဗျားက အရပ်ရပ်ကို မပြတ်တမ်း လှည့်ပတ်ကြည့် နေတာ ဘာဖြစ်လို့များလဲ...၊ ကျွန်တော် အဲဒါကို သိချင်လို့ပါဗျာ...။ ခင်ဗျား ပြောနိုင်ရင် ပြောစမ်းပါ"
သူက ဘေးဘီကို လှည့်ကြည့်ပြန်ပါတယ်။ ပြီး...
“ငါပြောရင် မင်း နားလည်ပါ့မလား မဆိုနိုင်ဘူး”
သူက ကျွန်တော့်ဘေးက စာအုပ်တွေကို အကဲခတ်သလို ကြည့်ပါတယ်။ ပြီးတော့မှ
“အင်း မဆိုးပါဘူး မင်းနဲ့ငါ ဆွေးနွေးလို့ဖြစ်မယ် အေး.. ဒီလို
“ဟုတ်ကဲ့” “ဘဝဆိုတဲ့အရာကြီးကို ငါ...မသင်္ကာဖြစ်နေတာ ကြာပြီ"
“အင်...အဲ...ဘာဖြစ်လို့လဲ” ရွှေကျီးညိုက ချောင်းဟန့်ပါတယ်။ ပြီးမှ
“ဘာဖြစ်လို့လဲဆိုတာ ပြောရရင်တော့ အကြောင်းတွေ အများ ကြီးပဲ။ မနေ့က ဟိုဘက်တိုက် ခြံစည်းရိုးမှာနားရင်း ငါ.. စဉ်းစားမိသေးတယ်"
“ ဘဝကို ငါ မသင်္ကာဖြစ်တာ မှန်တယ်လို့ဘာဖြစ်လို့လဲဆိုတော့ “ဘကုန်းက ကြာသပတေးနံ-၅ ၊ ဝလုံးက ဗုဒ္ဓဟူးနံ-၄ ၊“ဘဝ”ဆိုတဲ့ စာလုံးကို ဂဏန်းနဲ့ရေးရင် ၅၄ ရတယ်။ ၅၄ ဆိုတာကိုက မသင်္ကာသူ ပုဒ်မနံပါတ်ကြီးကွ "
ကျွန်တော်လည်း ခေါင်းကုတ်လိုက်မိတယ်။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။ သိချင်တာကို ထပ်မေးလိုက်တယ်၊