Skip to product information
1 of 1

Other Websites

တာရာမင်း‌ဝေ - စကားခုနှစ်ကြိမ်ကြားခဲ့ပြီးသည့်နောက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

နိဒိန်း

ထူးဆန်းသည်ဟုဆိုရမည်။ ထိုညက လက်ဖက်ရည်ဆိုင်ကလေး မှာ လူရှင်းနေသည်။ 

ခါတိုင်းက လူများသည်ဟုတော့လည်း မဆိုနိုင်ပါ။

လက်ဖက်ရည်ဆိုင်လေးက ထယ်ဝါမှု နည်းပါးလှသော ရွက် ကြမ်းရေကြိုဆိုင်ကလေးမျှသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သေချာ တာတစ်ခုတော့ ရှိသည်။

ထိုညက ထူးထူးခြားခြား လူရှင်းနေသည်။

”၀ါး”ဆိုင်ရှင်အဘိုးအိုက ပျင်းရိလေးတွဲစွာ သမ်းဝေလိုက်သည်။ ဆိုင်ထောင့်တစ်နေရာမှာ ငြိမ်သက်နေသော စားပွဲထိုးကလေးက….

“အဘ”

“ဘာလဲ” အဘိုးအိုက အေးတိအေးစက် ပြန်ပေးသည်။ 

“ဒီည လပြည့်ည မဟုတ်လား”

အဘိုးအိုက တစ်ချက်တွေဝေသွားပြီး... ။ “ ...ဟုတ်တယ်”

စားပွဲထိုးကလေးက အဝေးကောင်းကင်တစ်နေရာဆီ လက်ညှိုး ညွှန်ပြသည်။

“ဟိုးမှာ လထွက်နေပြီ"

ညဦးက လရောင်ရနံ့မူးမူးလေးဖြင့် လှပနေသည်။ ကြယ်ပြိုး ကြယ်ပြောက်များကတော့ စုံညီအောင် မလင်းတောက်ကြသေး၊လက်ဖက် ရည်ဆိုင်ရှေ့လမ်းက အဖြူလက်လက် ဝင်းပနေသည်။ လေကလည်း ငြိမ်နေသည်။

“လထွက်တာများ ဘာဆန်းလို့လဲ၊ ငါနဲ့ ဘာဆိုင်လဲ၊ မင်းနဲ့ရော - ဘာဆိုင်လို့လဲ”

အဘိုးအိုက ခပ်ဆတ်ဆတ်ပြန်ပြောသည်။ စားပွဲထိုးကလေးက နားရွက်တစ်ဖက်ကို ကုတ်ရင်း...။

“မဟုတ်ဘူးလေ အဘရဲ့၊ တော်ကြာဆိုရင် ဟိုဒင်း...သူ - သူ လာတော့မယ်""

“ဟေ...”

ထိုစကားကြောင့် အဘိုးအိုက တစ်စုံတစ်ရာကို သတိရသလို ဖြစ်သွားသည်။ ။

“ဪ...အေး၊ ဟုတ်သားပဲ” " နှစ်ယောက်သား စကားမဆက်ဖြစ်တော့ဘဲ ကိုယ့်အတွေးနှင့်

ကိုယ် ငြိမ်သက်သွားသည်။ ခုအချိန်မှာ သူတို့အာရုံထဲရောက်ရှိနေသည်က ထူးခြားသည့် အမျိုးသမီးတစ်ဦး

သူတို့ဆိုင်ကလေးတွင် လက်ဖက်ရည်လာသောက်လေ့ရှိသည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ အဖော်မပါဘဲ တစ်ယောက်တည်း လာ တတ်သည့်အပြင် မည်သည့်စကားကိုမှလည်း ဆိုလေ့မရှိဤဆိုင် ကလေးမှာ လာထိုင်ပြီး တစ်စုံတစ်ယောက်ကို မျှော်နေသည့်အသွင်သာ ရှိသည်။

" သူမ မျှော်လင့်သူကတော့ ရောက်မလာခဲ့။ နောက်ဆုံးမှာ သက်ပြင်းတစ်ချက်နှင့်အတူ တိတ်ဆိတ်စွာ ပြန်ထွက်သွားမြဲ။

ညတိုင်းလာလေ့ရှိသည်တော့လည်း မဟုတ်ချေ။ လပြည့်ညတွေ မှသာ ရွေးပြီး ရောက်ရောက်လာသည်။ လထွက်ပြီး မကြာခင် ဤဆိုင် ကလေးအတွင်းသို့ လရောင်နှင့်အတူ သူမ ဝင်လာလေ့ရှိ၏။

ဆိုင်ရှင်အဘိုးအိုနှင့် စားပွဲထိုးကလေးအတွက်မူ သူမသည် ပဟေဠိပုစ္ဆာဖြစ်၍ နေတော့သည်။

“ဥစ္စာစောင့်များလား မသိဘူးနော် အဘ” “ပေါက်ပေါက်ရှာကွာ” ““ဒါဖြင့် သူက ဘာတုန်း” “ဘယ်သိမှာတုန်းဟ”

ထိုသို့ပင် အဘိုးအိုနှင့် စားပွဲထိုးကလေးတို့ အတွေးအခေါ် ဗလုံးဗထွေးဖြစ်ခဲ့ကြသည်။

လပြည့်ညတွေ...လပြည့်ညတွေ၊ အို...အတော်တောင် များခဲ့ ချေပြီပဲ။ ဤဆိုင်ကလေးမှာ လပြည့်ညများစွာတိုင်အောင် စောင့်မျှော်သော် လည်း ထိုအမျိုးသမီးတွင် သက်ပြင်းတစ်စရယ်၊ မြေဝါလမ်းကလေးရယ်၊ နောက်ဆုံးမှာ တိတ်ဆိတ်စွာ လှည့်ပြန်သွားရမြဲ။

“ဟေ့”

“သူလာပြီ”

လရောင်အောက်တွင် အမျိုးသမီးတစ်ယောက် လာနေ သည်။သွယ်ကျစ်လျစ်သော သူမ၏ခန္ဓာကိုယ်က ညံ့သော စွမ်းအင် များနှင့် ထုဆစ်ထားသလို ရှိသည်။ ဆိုင်ကလေးထဲသို့ သူမ ဝင်ရောက် လာပြီဖြစ်သည်။

ဆိုင်ထောင့်မှာ သူမ ထိုင်နေကျ စားပွဲကလေးရှိသည်။ ထိုစားပွဲမှ နေ၍ အပြင်လမ်းမဆီသို့ သူမ မျှော်ကြည့်နေကျ။

ထုံးစံအတိုင်း စားပွဲထိုးကလေးက သူမ သောက်နေကျလက်ဖက်ရည်ခါးခါးကို သွားချပေးသည်။ လက်ဖက်ရည်ခွက်ကို စိတ် မဝင်စားသလို တစ်ချက်ငဲ့ကြည့်ပြီး၊ အဝေးသို့ သူမ ငေးနေတော့သည်။ တစ်ဆိုင်လုံးတွင် လက်ဖက်ရည်လာသောက်သူဟူ၍ သူမ တစ်ယောက်တည်း ရှိနေသည်။ အဘိုးအိုက ကောင်တာမှာ ငူငူကြီး ထိုင်လျက် စားပွဲထိုးကလေးက ဆိုင်တွင်းတစ်နေရာမှာ နံရံကို ကပ်ထိုင် လျက်။ ပြီး...သူမက လမ်းဆီမျှော်လျက်။ လက်ဖက်ရည်ဆိုင်လေးက လရောင်အောက်မှာ တီးခတ်သူမဲ့ စန္ဒရားတစ်လုံးလို တိတ်ဆိတ်လျက်။

လဝန်းက ကောင်းကင်အမြင့်မှာ တက်ပွင့်ရန် အားယူနေသည်။ ဒီနေ့ ဆိုင်ကို လက်ဖက်ရည်လာသောက်သူ ကျဲပါးလွန်းလှသည်။ ပျင်းရိထိုင်းမှိုင်းဖွယ်ရာလိုလို လွမ်းဆွတ်ဆွေးမြေ့ဖွယ်ရာလိုလို လပြည့်ညက မစူးရှ ဖြစ်တည်နေသည်။

လေပြည်တစ်ချက်အဆွတ်မှာ ပန်းရနံ့တချို့ ညွတ်ခနဲ ပါလာ၏ ထို့အပြင် လေပြည်ထဲမှာ ကဗျာရွတ်သံတစ်ခု စီးမျောလိုက်ပါလာသည်။

အ၀ေးကြီး၀ေးစေရမယ်

ပင်လယ်က

သူ့တစ်ကိုယ်လုံးကိုဖွင့်ပြီးပြေးတယ်။

မီးပြတိုက်က

ကဆုန်ပေါက်ပြီးပြေးမလိုက်ပါဘူး။

သူ့ရဲ့ အလင်းမှုန်နဲ့

ပင်လယ်သားပေါက်လေးရဲ့ ဖွင့်ပွဲကို

…. ပြည်စုံစေခဲ့တယ်။

ကဗျာရွတ်သံက လက်ဖက်ရည်ဆိုင်လေးဆီ ဦးတည်မျောရွေ့ လာခြင်းဖြစ်သည်။ ကဗျာအဆုံးမှာ ဆိုင်ရှေ့သို့ လူတစ်ယောက် ရောက်လာ ပြီဖြစ်သည်။ အမျိုးသမီးသည်လည်းကောင်း၊ အဘိုးအိုနှင့် စားပွဲထိုးကလေး သည်လည်းကောင်း ထိုလူ့ကို စိမ်းစိုသောအကြည့်ဖြင့် ပြိုင်တူကြည့်လိုက် ဒီကြ၏။

ဤအရပ်ဒေသမှ မဟုတ်သော လူစိမ်းတစ်ဦးပင် ဖြစ်လိမ့်မည်။ ရှည်ကိုင်းသောအရပ်အမောင်း နီညိုသောအသားအရေတို့ဖြင့် သူတို့၏ မျက်စိထဲတွင် ထိုလူက အမြင်ဆန်းနေသည်။ “လက်ဖက်ရည်ဖန်ဖန်လေး တစ်ခွက်လောက်ဗျာ”

အဘိုးအိုနှင့် စားပွဲထိုးကလေးတို့ အသက်ဝင်လာကြသည်။ စားပွဲထိုးကလေးက လူစိမ်းကို လက်ဖက်ရည်ခွက် သွားချပေးရင်း အမျိုး သမီးကိုလည်း မသိမသာ အကဲခတ်လိုက်၏။

အမျိုးသမီးကိုယ်စား သူကပင် ပင့်သက်တစ်ချက်ကို စပ်ရှားရှားရှိုက်သွင်းလိုက်သေး၏။ ထိုလူသည်လည်း အမျိုးသမီးမျှော်လင့်နေသည့်သူ

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)