Skip to product information
1 of 1

Other Websites

တာရာမင်း‌ဝေ - ခေတ်နေအတွက်စာတစ်ရွက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ခရစ်နှစ် ၂၀၀၀ပြည့်နှစ် ဧပြီလ ( ၃ )ရက်မှာ မင်းကို မွေးခဲ့တယ်။

တရုတ်လူမျိုးတွေရဲ့ ရိုးရာယုံကြည်မှုအရဆိုရင် တော့ မင်းဟာ အလွန်ကောင်းတဲ့ “ရွှေနဂါး”နှစ်မှာ မွေးလာ တဲ့ သားဦးယောက်ျားလေးပေါ့ကွယ်။

မင်းကို မွေးတဲ့အချိန်မှာ ဖေဖေဟာ အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်နေတဲ့အချိန်ပေါ့။ ဖေဖေရဲ့အစ်ကို ဆိုလည်းဟုတ်၊ စီးပွားဖက်မိတ်ဆွေဆိုလည်းဟုတ်တဲ့

ကြောင်နှစ်ကောင်စာပေက ဘဘတို့ဇနီးမောင်နှံ အကူအညီနဲ့ မင်းကို မွေးခဲ့တယ် မိတ်ဆွေ နာမည်ကျော် ဗေဒင်ဆရာတွေကလည်း မင်းရဲ့ ဇာတာကို တက်ညီလက်ညီ တွက်ချက်ကြပြီး ထိပ်တန်းရောက်မယ့်ကလေး အဖေထက် သာမယ့်ကလေးလို့ ဟောကိန်းတော်ကြတယ်။ ဖေဖေဝမ်းသာပါတယ်ကွယ်။

အခု ဒီစာအုပ်ဟာ သားကို ရည်ရွယ်ပြီး ဖေဖေရေးခဲ့တယ်။ သားကို မွေးကတည်းက ဘာအမွေပေးရမလဲလို့ ဖေဖေစဉ်းစားခဲ့တယ်လေ။ ခက်တာက ဖေဖေဟာ စီးပွါးရေးသမားတစ်ယောက်မဟုတ် စာရေးဆရာတစ်ယောက်ဖြစ်နေတယ်။ အသိပညာအမွေကိုပဲပေးနိုင် တယ်။ အဲဒါကြောင့် "ဗျူဟာမြောက်သော အင်္ဂလိပ်စကား ပုံ” ဆိုတဲ့ ဒီစာအုပ်ကို ရေးလိုက်တယ်။

စကားပုံတွေဟာ ဘာထူးဆန်းသလဲလို့ထင်စရာရှိ တယ်။ဗျူဟာမြောက်တယ်ဆိုတဲ့ စကားကြောင့် အံ့သြ စရာ ဖြစ်ကောင်းဖြစ်မယ် ဒါပေမဲ့ ဖေဖေ ရဲရဲကြီးပြောခဲ့ပါ တယ်။ ဒီစာအုပ်ဟာ လောကကို မင်း ဘယ်လိုရင်ဆိုင်ရ မလဲဆိုတဲ့ နည်းဗျူဟာတွေဆီ မင်းကို လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်၊ ဖေဖေ နည်းနည်းကလေး ထပ်ရှင်းပြမယ်။

ခုလို ခရစ်နှစ် ၂၀၀၀ ကာလမှာ Pragmatism လို့ခေါ်တဲ့ “ပရက္ကမာဝါဒ'ဟာ ရေပန်းစားနေတယ်။ အမှန်တော့ ဒီဝါဒဟာ ၁၉၀၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်ခဲ့ တဲ့ ဝါဒပါ။ "လက်တွေ့အသုံးချဝါဒ”လို့ ခေါ်ကြတယ်။ လက်တွေ့အသုံးကျမှုနဲ့ ညှိနှိုင်းတည်ဆောက်ထားတဲ့ ဒဿန၊ လုပ်ငန်းအောင်မြင်ဖို့အတွက် သဘောတရား သက်သက်ထက် လက်တွေ့က ပိုအရေးကြီးတယ်လို့ ယူဆ တဲ့ ဝါဒပါ။

          ဒါတင်မကသေးဘူး တကယ်တော့ လက်တွေ့လုပ်ဆောင်မှုကသာ လောကမှာ အဆုံးအဖြတ်ပေးနိုင်မယ် လို့ ယူဆကြတယ်။ အဲဒီလို လက်တွေ့လုပ်ဆောင်မှု အတွက်လည်း လူသားဟာ အဓိကကျတယ်လို့ သတ်မှတ် ကြတယ်။ ချားပ့ါ ဝီလျံဂျိမ်းနဲ့  ဂျွန်ဂျူဝီတို့လို ထင်ရှားတဲ့ ဒဿနပညာရှင်တွေက ဒီဝါဒကို စတင်ဆောင်ဖော်ထုတ် ခဲ့ကြတယ်။ အခုတော့ ရစ်ချတ်ရော်တီဆိုတဲ့ ဒဿန ပညာရှင်ကြီးက ဆက်လက်ဖြန့်ဖြူးနေတာပေါ့ကွယ်။

          ဒဿနတွေ အယူအဆတွေရဲ့ လက်တွေ့အသုံး ကျမှုကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ စကားပုံတွေဟာ အရေးပါလာတော့တယ် သား အင်္ဂလိပ်ဘာသာနဲ့ရေးထား လို့ အင်္ဂလိပ်စကားပုံလို့ ဖေဖေ ခေါင်းစဉ်တပ်ခဲ့ပေမဲ့ ဒီစာအုပ်ထဲမှာ လူမျိုးအသီးသီးရဲ့ စကားပုံတွေ ပါဝင်တယ် တိုင်းပြည်အသီးသီးက ပညာရှိအသီးသီးရဲ့ ဘဝနဲ့ စပ်လျဉ်း တဲ့အယူအဆ၊ လောကနဲ့စပ်လျဉ်းတဲ့အယူအဆတွေပဲပေါ့။

သူတို့ဟာ သူတို့ အကြိမ်ကြိမ်အမှားခံပြီးမှ ရခဲ့တဲ့ အမှန်လေးတွေကို အသိတရားတစ်စုံတစ်ရာအဖြစ် နောက် လူတွေဆီ လက်ဆင့်ကမ်းခဲ့ကြတယ်။ နောက်လူတွေ အတွက် အဖိုးမဖြတ်နိုင်အောင်တန်တဲ့ အကြံဉာဏ်တွေပေးသွားကြတယ်။ သူတို့ရဲ့ အကြံဉာဏ်တွေကို ကိုင်စွဲပြီး လောကကြီးထဲမှာ သားအောင်မြင်နိုင်ဖို့အတွက် အလုပ်တွေ မအားလပ်တဲ့ကြားထဲကနေ ဒီစာအုပ်ကို ရေးတာပဲ။

ဖေဖေရဲ့ ရှင်းလင်းချက်အတိုလေးတွေကိုလည်း ထည့်ပေးလိုက်တယ်။ အကျယ်ပြောရင် ကုန်ဆုံးဖို့မလွယ်လို့ အကျဉ်းလောက်ပဲ ပြောခဲ့တာပါကွယ်။ ဒါပေမဲ့ ဒီလောက်နဲ့တင် သား မျှော်မြင်တွေးဆမှုတွေ ဆက်လုပ်နိုင်ပါတယ်။အဖေနဲ့သားချင်း ကြွားစရာမလိုပါဘူး။ ဒီစာအုပ်ကလေးဟာ ဖေဖေပြောခဲ့သလို ဗျူဟာမြောက်မြောက် ဖတ်ကြည့် နိုင်တဲ့တစ်နေ့မှာ သားသိလာမှာပါ။

ကဲ...စလိုက်ကြရအောင်။

Do not cry out for no purpose.

လူတွေရဲ့တုံ့ပြန်လှုပ်ရှားမှုမှာ ဉာဏ်ဦးဆောင်တဲ့ တုံ့ပြန်မှု Head answer နဲ့ ခံစားချက်ဦးဆောင်တဲ့ တုံ့ပြန်မှု (Heart answer)တို့ ရှိကြတယ် အရာရာကို ဉာဏ်နဲ့ ယှဉ်ပြီးလှုပ်ရှားနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွယ်။ ဒါပေမဲ့ လောကဓံရဲ့ ဓါးရှစ်လက်ကြားမှာ နေနေရတဲ့တို့လို လူသားတွေအတွက် ခံစားချက်ဟာ ဘယ်လိုမှ မကင်းနိုင်တဲ့ အရာပေါ့။ ခံစားချက်ကို ဦးစားပေးလွန်းရင် မှားတတ်တယ်။ ဒါကြောင့်လည်း ခံစားချက်ကို တတ်နိုင် သမျှသိုဝှက်ထိန်းချုပ်ရတယ်ကိုယ်အတတ်နိုင်ဆုံး အနေ အထားအထိ ထိန်းချုပ်ရတယ်။ စကားပမာ ပြောပြမယ်။ မှတ်ထား သား...။ “ရည်ရွယ်ချက်မရှိဘဲ မငိုပါနဲ့...”

 

A dead bee make no honey.

အလုပ်တစ်ခုကို အကောင်အထည်ဖော်ဖို့ပဲဖြစ်ဖြစ် တိုက်ပွဲ တစ်ပွဲကို ရင်ဆိုင်ဖို့ပဲဖြစ်ဖြစ် ထပ်ခါထပ်ခါသော လူရွေးချယ် မှုတွေကို သားဘဝမှာ လုပ်နေရဦးမှာပဲ။ ကိုယ်တိုင်က လူမှုအဆောက်အဦးရဲ့ အစိတ်အပိုင်းဖြစ်နေတော့ ဒီအလုပ် ဟာ မသေမချင်းလုပ်သွားရမယ့် အလုပ်ပါပဲ အသင့်တော် ဆုံးဖြစ်အောင် လိုက်ဖက်မှန်ကန်မှုရှိအောင် OpinonPools လို့ခေါ်တဲ့ "တွေးခေါ်ရွေးချယ်မှု”ကို သာ စနစ်တကျ သုံးရလိမ့်မယ်။ ဒီနေရာမှာ ပြတ်သားဖို့လည်း လိုတယ်။ မှတ်ထား သား...။ “သေနေတဲ့ပျားတွေဆီက ပျားရည်ချို မရဘူး”

တစ်စုံတစ်ခုအတွက် သား တွေးကြံတယ် ဆိုပါစို့၊ ပထမ အကြံတစ်ခုကို သားရလိမ့်မယ်။ မထင်မှတ်တဲ့အချိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ ဒုတိယအကြံတစ်ခုကို မထင် မှတ်ဘဲ ထပ်ရနိုင်တယ်။ အားစိုက်ထုတ်စရာမလိုဘဲ သူ့အလိုလိုဖြစ်လာတဲ့ သဘာဝလေးတစ်ခုပါ။ဖေဖေ့ဘဝ မှာတော့ အဲဒါမျိုးတွေကို အများကြီးကြုံခဲ့ရတယ်။ တန်ဖိုးရှိ တဲ့အောင်မြင်မှုတွေကိုလည်း ရခဲ့ဖူးပါတယ်။ အဲဒီ ဒုတိယ အတွေး ဒုတိယအကြံတွေဟာ ကိုယ် ချင့်ချိန်သုံးသပ်နေတဲ့ ကိစ္စကို အခြားသောရှုထောင့်က တွေ့မြင်ချက် (Other point of view) ဖြစ်နေတတ်တယ်။နောင်သားလည်း ကြုံတွေ့လာရမှာပါ။ သတိရှိရှိနဲ့ တန်ဖိုးထားရမယ့်ကိစ္စလေးမို့ဖေဖေ ထည့်ပြောလိုက်တယ်။ ဒုတိယအတွေးဟာ အကောင်းဆုံးပါ”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)