Skip to product information
1 of 1

Other Websites

တာရာမင်း‌ဝေ - ကျွန်းတော်မှအပြန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

၁။ ‘မြို့'

ရှင်းလင်းသောနေရောင်ခြည်အောက်တွင် မြို့ကလေးက တောင်သူတစ်ယောက်လို ဒူးထောက်ထိုင်နေသည်။ သစ်ပင်က လေးကိုင်း၊ သစ်ကိုင်းက မြားတံ၊ ဤမြို့ ကလေး၏ ခံတပ်က စပါးနှံ ဖြစ်သည်။

ညအခါ ကြယ်တို့က လှပစွာ ပျံသန်းလာ၏။ လေပြည်မြူခိုး တို့ကလည်း မြို့ ကို ဖြန့်မိုးကာကွယ်သည်။ ဖြူစင်မြင့်မြတ်သော စိတ် ဓာတ်တို့ကလည်း ဤမြို့တွင် တည်ကြည်ဆွတ်ပျံ့ နေခဲ့သည်။

ဤမြို့ တွင် မည်သူ၏အိပ်မက်ကမှ ခုတင်ပေါ်က လိမ့်မကျခဲ့။ ညသည် လှပသေသပ်သော ရင်ခွင်တစ်ခုဖြစ်သည်။ ထို့အတူ နေ့သည် လည်း ပျော်မွေ့ ယုံကြည်ဖွယ်ရာ ကျမ်းစာတစ်ရွက်ဖြစ်သည်။ ဤသို့ သော မြို့ ကိုမှ တစ်နေ့မှာ လူစိမ်းတစ်ယောက် ရောက်လာသည်။

၂။ ‘လူစိမ်း’

ထိုလူစိမ်းသည် သန့်ပြန့်သော ရုပ်ရည်ရှိသည်။ အရွယ်အားဖြင့် သက်လတ်ပိုင်းဖြစ်ပြီး စာပေကျမ်းဂန်များကို တတ်မြောက်ထားပုံရ သည်။ ပြုံးချိုသော မျက်နှာထားဖြင့် အားလုံးကို ဦးညွှတ်နှုတ်ဆက် တတ်လေသည်။

ထူးခြားသည်ကတော့ သူ့ကျောပေါ်တွင် အိတ်တစ်လုံး ပါရှိ ခြင်းဖြစ်သည်။ ထိုအိတ်သည် မကြီးမားလွန်းသည့်တိုင် မသေးငယ် လှ။ မြို့သူမြို့သားများက သူ့ကို မသိမသာ အကဲခတ်ကြ၏။ ထိုအိတ်ကို ထိုလူစိမ်း ဖွင့်လှစ်နေသည်ကိုလည်း မည်သူကမျှ မမြင်ဘူးကြ။ ထိုသို့ဖြင့် ဤမြို့ ကလေးသို့ ထိုလူစိမ်း ရောက်လာသည်မှာ ရက်အတန် ပင် ကြာသွားပါလေပြီ။

သူက အားလုံးကို ဖော်ရွေစွာ နှုတ်ဆက်တတ်သော်လည်း မည်သူနှင့်မျှတရင်းတနှီး စကားမဆိုချေ။ သူ့မျက်လုံးများက တစ်စုံ၊ တစ်ယောက်ကို ရှာဖွေနေသည်ဟု ထင်ရ၏။ မြို့သူမြို့သားများက

ရောက်စမှာ သူ့ကို စိတ်ဝင်စားကြသော်လည်း ကြာလာသည်နှင့်အမျှ ရိုးသွားကြသည်။ အထုပ်တစ်ခု ကျောပိုးထားသော သူ့ကို “ကျောပေါ် မှာဘို့ပါသောလူ” ဟု ရံဖန်ရံခါတွင် နောက်ပြောင်ပြောဆိုကြမည်။ “ဘို့ပါတာအကြောင်းမဟုတ်၊ “ချို” မပါရန်သာလိုသည်” ဟု အချို့ ကလည်းဆို၏။

ထိုသို့ဖြင့် ဤမြို့ကလေးသို့ လူစိမ်းရောက်ရှိခဲ့သည်မှာ တစ်လတင်းတင်း တိုင်ခဲ့ပါပြီးနောက်တစ်လခန့်ကြာလျှင် လယ်ခင်းတွေပင် အရေခွံလဲကြတော့မည်။ အစိမ်းရောင်ပျောက်၍ ရွှေဝါရောင်တောက် ဝေကြတော့မည်။

သို့သော် ဤကြားထဲမှာ ထူးဆန်းသော ဖြစ်ရပ်တစ်ခုသည် လူစိမ်းကို အခြေပြု၍ ဖြစ်ပွားခဲ့၏။ ဤမြို့ကို ကုန်သည်ကြီးတစ်ယောက် ထပ်မံရောက်ရှိလာစဉ်မှာဖြစ်သည်။

၃။ ကုန်သည်

ကုန်သည်ကြီးကတော့ ဤမြို့ကလေးနှင့် မစိမ်းပါချေ။ ဤမြို့ ကလေးသို့ ယခင်နှစ်များကလည်း ဝင်ထွက်သွားလာဖူးသော ပုဂ္ဂိုလ် ကြီးဖြစ်၏။ သူသည် နိဗ္ဗာန်ကုန်များကို အရောင်းအဝယ်လုပ်သူဖြစ် သည်။ သူ၏သွင်ပြင်မှာလည်း လူကြားထဲတွင် ထင်ရှားလေသည်။

သူ့ရုပ်ရည်က ကြမ်းတမ်းသော်လည်း ခံ့ညားသည်။ သူ့အသံက ဩရှသော်လည်း မာန်ပါသည်။ လူ့သက်တမ်းတွင် ပြက္ခဒိန်ခြောက် ဆယ်ကျော်ကို ဖြတ်သန်းခဲ့ရသော်လည်း ယခုတိုင် ကြံ့ခိုင်သည်။ အနေအထိုင် တည်ကြည်သော လူကြီးလူကောင်းတစ်ယောက်အဖြစ် အားလုံးက အသိအမှတ်ပြုထားရလေသည်။

ဤမြို့ကလေးသို့ ကုန်အရောင်းအဝယ်ကိစ္စတစ်ခုနှင့် ပတ်သက် ပြီး ရိုးရိုးစင်းစင်း သူ ရောက်လာခြင်းပဲဖြစ်သည်။ မြို့လယ်မှ ကျော်ကြားသော စားသောက်ဆိုင်တစ်ဆိုင်တွင် ထမင်းစားပြီး ကုလား ထိုင်ပေါ်မှာ ထိုင်နေခိုက် .. ပြဿနာက ဝင်ရောက်လာခြင်း ဖြစ်ထိုပြဿနာသည် ကျောကုန်းပေါ်မှာ ဘို့တစ်လုံးထမ်း၍ လူ ယောင်ဆောင်ကာ ရောက်လာခြင်းဖြစ်လေသည်။

၄။ တွေ့ဆုံခြင်း

လူစိမ်းကလည်း သူ့ဘာသာ ထမင်းစားသောက်ရန် ရောက် လာခြင်းဖြစ်ပါသည်။ စားပွဲမှာ ဝင်ထိုင်ပြီးကာမှ ကုန်သည်ကြီးကို လှမ်းမြင်သည်။ သူ့မျက်လုံးတွေ ဓူဝံရောင်ဖြာဝေသွားသည်။ စားပွဲ ထိုးလာချပေးသည့် ထမင်းဟင်းလျာခွက်များကို လုံးဝဂရုမပြုတော့ ဘဲ ကုန်သည်ကြီးကို အသာငမ်းငမ်းတက်ကာ ခြေဆုံးခေါင်းဆုံး ကြည့်နေပါတော့သည်။

လူစိမ်း၏ ရူးမူးထန်ရိုင်းသောအကြည့်ကို ကုန်သည်ကြီးက လည်း တစ်ခဏအတွင်းမှာပင် သတိထားလိုက်မိ၏။ သူက ပြန်ကြည့် လိုက်၍ မျက်လုံးချင်းဆုံမိသောအခါ လူစိမ်းက အားရပါးရ ရယ်ပြပါ သည်။

ထို့နောက် ... သူ့ကျောကုန်းပေါ်မှအိတ်ကြီးကို အောက်ချလိုက်၏။ ဖွင့်၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)