တာရာမင်းဝေ - အရှေ့မြို့ရိုးမှမိုးရေစက်များ
( ၁ )
“နားထောင်နော်...”
အဘိုးအို၏ အိုမင်းသေးသွယ်သော လက်ချောင်းများက သူ၏ ကြိုးတပ်တူရိယာကြီးပေါ်၌ လှုပ်ရှားပြေးလွှားနေသည်။ စူးရှသိမ့်ညောင်း သော ဂီတသံသည် ကြည်လင်စွာ ပျံ့ စီးကျလာသည်။
“အင်း...”
ဂျူနို မျက်လုံးအစုံကို မှိတ်လိုက်၏။ ဂီတသံစဉ်ထဲသို့ သူ့ကိုယ်သူပစ်သွင်းနားထောင်လိုက်သည်။ အာရုံထဲမှာ “အပြာရောင်ပျော့ပျော့” ကို ခံစားရသလိုရှိ၏။ ဂီတသံစဉ်အတိုင်း စီးမျောလိုက်ပါသွားရင်း...
“သိပြီ... သိပြီ... မြစ်ရေတွေစီးနေတယ်”
အဘိုးအိုက တဟားဟား အော်ရယ်၏။ တူရိယာကြိုးများပေါ် မှ သူ၏လက်ချောင်းများကို သွက်လက်စွာလှုပ်ရှားလိုက်ရင်း • •
“ ဟုတ်တယ်။ မြစ်ထဲမှာ လှေတစ်စီးရွက်လွှင့်နေတယ်။ ဆက် နားထောင်လိုက်ဦး”
ဂီတသံစဉ်က လွင့်ခတ်မေ့ရွေ့သွားသည်။ မူလသံစဉ်၏ အလျား အတိုင်း အခြားသံစဉ်တစ်ခုကပါ တိုးဝင်လိုက်ပါလာသည်။
ဂျူနို၊ ရှည်လျားသော သူ့မျက်တောင်ကြီးများကို တဖျတ်ဖျတ် ခတ်ရင်း. .
“ ရေထဲမှာမဟုတ်ဘူး... မဟုတ်ဘူး။ ရေအောက်မှာ တစ်ကောင် ကောင်ကူးလာသလား”
အဘိုးအိုက ချက်ချင်းမှာ ဘာမှပြန်မဖြေ။ ဦးခေါင်းကို ငဲ့ညွတ် တိမ်းစောင်းရင်း သူ့တူရိယာကြီးကိုသာ အာရုံစိုက် တီးခတ်နေသည်။
ခဏကြာမှ ••
“ ဟုတ်တယ်။ ရေအောက်ကနေ နဂါးတစ်ကောင် ရေပေါ်ကိုတက် လာတယ်။ လှေပေါ်က ခရီးသည်တွေကို ဒုက္ခပေးတော့မယ်။ ဟော...
အခု... သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လှေပေါ်ကလူတွေက ခုခံလို့ နဂါးနဲ့ တိုက်ပွဲဖြစ်ကြပြီ"
ဂီတသံစဉ်သည် ပြင်းထန်သော အသံလှိုင်းရိုက်ချက်များဖြင့် ထက် မြစွာ စီးလွင့်လာသည်။ ထိုတိုက်ပွဲရစ်သမ်ကို နားထောင်ရင်း ဂျူနိုရင်ထဲ မှာ သုန်သုန်မောမော ဖြစ်လာ၏။
“ ဟုတ်တယ်... တိုက်ပွဲ ... တိုက်ပွဲ ”
တိုက်ပွဲသည် ကြမ်းသည်ထက် ကြမ်းလာ၏။ ဂီတသံစဉ်က ဂျိုးဂျိမ့် တုန်ခါလာသည်။ ဂျူနို သူ့လက်ဖဝါးများကို ဆုပ်ချည်ဖြင့်ချည်လုပ်ရင်း ဂီတသံထဲမှာ ယိမ်းထိုးနေမိ၏။
ဂီတသံစဉ်က ပုံစံတစ်ခုဆီ ကူးပြောင်းသွားပြန်သည်။ အလျား လိုက်စီးဆင်းနေသော အသံလှိုင်းများကြားထဲသို့ ဒေါင်လိုက်ဆန်သော အသံလှိုင်းတစ်ခု ဆင်းဆင်းချလာ၏။
အဘိုးအိုက ••
“ လှေပေါ်မှာ သူရဲကောင်းတစ်ယောက်ပါလာတယ်။ သူရဲကောင်း က ကျန်သူတွေအတွက် အနစ်နာခံပြီး နဂါးကြီးရဲ့ ခံတွင်းထဲကို ခုန်ဆင်း သွားလိုက်တယ်။ သူ့ဓါးကိုမြှောက်ပြီး တစ်လှမ်းချင်းဝင်သွားလိုက်တယ်"
ဂျူနို စိတ်လှုပ်ရှားလာသည်။ နဂါးခံတွင်းထဲသို့ သူကိုယ်တိုင် တစ် လှမ်းချင်း ဝင်နေရသလို ခံစားလာရ၏။ ဂီတသံကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သူ့ကိုဆောင့်ဆွဲချနေသည်။
“ အိုး... လင့်ခ် ”
အဘိုးအိုလင့်ခ်၏ ခန္ဓာကိုယ်သည် တူရိယာကြီးကို တီးခတ်ရင်း တဆတ်ဆတ်တုန်ရင်လာသည်။ ဂျူနို အလန့်တကြားပင် အော်လိုက်မိ၏။ ဂီတသံက မြင့်မားလှိုက်ဟည်းသွားပြန်သည်။
အဘိုးအိုက တူရိယာတီးခတ်မှုထဲမှာ ဈာန်ဝင်နေရင်းက ဝမ်းခေါင် သံကြီးဖြင့်ပြော၏။
“ နဂါးကြီး ဓါးနင်နေပြီ။ သူရဲကောင်းကိုစားပြီး နဂါးကြီး ဓါးနပ်နေ ပြီ။ သူ... မြစ်ကြမ်းပြင်မှာ လူးလှိမ့်ခံစားနေရပြီ”
အဘိုးအိုက သီဝေသော မျက်လုံးများဖြင့် ဘယ်ဆီဘယ်ဝယ်မသိ သော အရပ်တစ်ခုကို မျှော်ကြည့်နေသကဲ့သို့ရှိ၏။ မျက်လုံးများကတော့ ငြိမ်မြောက်... တန့်ရပ်နေသည်။
တူရိယာပေါ်မှ သူ့လက်ချောင်းများတသာ နဂါးကို အကြေးခွံများ ဆွဲဆွဲခွါသလို ဆန့်မြှောက်လူးခတ်နေသည်။ ဂီတသံစဉ် မြင့်သည်ထက် မြင့်လာပြီး...
အမြင့်ဆုံးအရောက်မှာ... “ထောင်း..." ကြိုးပြတ်သွားသည်။ ဂီတသံရပ်သွား၏။ အဘိုးအိုသည် လျှပ်စစ်ဓာတ်ပြတ်တောက်သွားသော စက်ရုပ်ကဲ့သို့ လှုပ်ရှားလက်စ ပုံစံအတိုင်း ကြီးပင် ငြိမ်သက်သွားသည်။
ဂျူနိုလည်း တစ်စုံတစ်ခုထဲမှာ ရုတ်တရက် ကျွတ်လွတ်ထွက်လာ သလို ခံစားလိုက်ရ၏။ အယောင်ယောင်အမှားမှားဖြစ်နေသော အသက်ရှူ သံကို ပြန်ထိန်းချုပ်လိုက်ရ၏။
သို့သော်... အနိုင်နိုင်။
အဘိုးအိုက အတန်ကြာမှ မျက်လုံးများဖြင့် သက်ဝင်လှုပ်ရှားလာ သည်။ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချ၏။ ရင်ခွင်ထဲမှ တူရိယာကို ဖြည်းညင်းစွာ ဘေးသို့ချပြီး..
" ဂျူးနို....."
ဂျူးနိုက သူမ၏ လှပသော မျက်လုံးဝိုင်းများဖြင့် အဘိုးအိုကို ၊ ကြည့်အံ့မောလျက်။
" အရမ်းကောင်းတဲ့တီးလုံးပဲ”
ဂျူးနို့စကားအဆုံးမှာ အဘိုးအိုက ကျေနပ်အားရစွာ တိုးတိုးညင် ညင် ရယ်၏။
ဂျူနို သက်ပြင်းချရင်း ထိုင်ရာမှထသည်။
“နောက်လည်း တီးပြဦးနော် အဘိုး”
“တီးပြမယ် တီးပြမယ် ခု ပြန်တော့မလား”
“ဟုတ်ကဲ့”
“အေးလေ၊ နောက်လည်း ကြုံရင်ဝင်ခဲ့ပေါ့”
“ဟုတ်ကဲ့။ ခု သွားပြီနော် လင့်ခ်”
“အေးအေး... ကောင်မလေး။ သွား”
ဂျူနို လင့်ခ်အဘိုးအိုထံမှ ထွက်ခွါလာခဲ့၏။ သို့သော် အဘိုး အို၏ ဂီတသံစဉ်က သူမနှင့်အတူ လိုက်ပါလာဆဲ။ သူမလည်း မြစ်ရေထဲ မှာ လှေတစ်စီးကဲ့သို့ မေ့ရွေ့နေ၏။
သူမ၏နောက်မှ နဂါးတစ်ကောင် ကူးခတ်လိုက်ပါလာသလို...
ဝိုးတဝါး ခံစားသိမြင်နေမိလေသည်။
( ၂ )
ပွဲတော်ခန်းမတွင်းမှာ မည်သူမှမရှိ။ အတွင်းတံခါးကို တွန်းဖွင့်ကာ နောက်တစ်ခန်းကို ဖြတ်ကျော်လိုက်သည်။
စာဖတ်ခန်းမထဲမှာ လူကြီး၊ လူငယ်အချို့ ကွန်ပျူတာဖြင့် စာထိုင် ဖတ်နေကြသည်။ ဂျူးနို့ကိုမြင်သောသူတစ်ယောက်က လက်ညှိုးထောင်ပြ ပြီး အသံတိတ်နှုတ်ဆက်၏။
ဂျူးနို လက်ညှိုးကလေး ပြန်ထောင်ပြလိုက်ရင်း တုံ့ပြန်နှုတ်ဆက် ခဲ့သည်။
“ပညာခန်းမ' ထဲမှာ ဆရာတစ်ဦးက အတဗေဒဆိုင်ရာ ကျောင်း သားများအား ပို့ချချက်တစ်ခုကို ပို့ချနေသည်။
ဂျူနို့ ကိုမမြင်ကြ။ သူတို့အလုပ်ထဲမှာသာ သူတို့အာရုံရောက်နေကြ သည်။ နောက်ဘက်ကျကျ ခုံတစ်လုံးမှာ နို တွယ်ကွယ်လျှိုလျှို ဝင်ထိုင် လိုက်၏။
ဆရာဖြစ်သူ၏ ပို့ချချက်များကို ကျောင်းသားတစ်ယောက်လို လိုက် နားထောင်နေလိုက်သည်။
“၂ဝ ရာစုနောက်ပိုင်းမှာ အနုပညာနဲ့ပတ်သက်တဲ့ ပုံစံသစ်၊ သဘောတရားသစ်တွေ ပေါ်လာတယ်၊ အကဟာလည်း အခြားအနုပညာတွေနည်းတူပဲ။ ပုံစံအသစ်အဆန်းတွေကို ဖော်လာတယ်၊ သဘောတရား အသစ်အဆန်းတွေကို ခေါ်လာတယ်” ။
ကျောင်းသားများ စိတ်ဝင်တစား နားထောင်နေကြ၏။ ဆရာက ၂၀ရာစုမှသည် လက်ရှိ ၂၃ရာစုအထိ အနုပညာ ပြောင်းရွှေ့ ပုံများကို ထဲထဲဝင်ဝင် ရှင်းပြနေသည်။
“ နောက်တော့ ကမ္ဘာဟာ ရွာတစ်ရွာလို ဖြစ်လာတယ်။ နိုင်ငံတွေ ဟာ ဒေသသဘောလောက်ပဲ ဆောင်လာတယ်။ ဆိုင်ဘာနက်တစ် ရိုတွေ တစ်ပညာတွေနဲ့ တိုးတက်ဖြစ်ထွန်းမှုအရ လူနေမှုပုံစံတွေလည်း ပြောင်း လာတယ်။ ထူးခြားတဲ့အလေ့အထသစ်တွေ ပေါ်လာတယ်။ ဒီနေရာမှာ ဆရာပြောချင်တာကတော့ နှစ်သစ်ကူးပွဲတော်ကိုပဲ...”
ဂျူနို... ခေါင်းကို ပုဝပ်လိုက်မိ၏။ သူမကို မည်သူကမှ သတိ မထားမိတာ သေချာသည့်တိုင် စိတ်ထဲမှာ မလုံလှချေ။ ဘေးဘီကို မျက်လုံးကစားမိ၏။ ကျောင်းသားများက ဆရာ့စကားမှာ စိတ်ဝင်စားနေ ကြသည်။
“နှစ်ဟောင်းရဲ့ နောက်ဆုံးည ဆယ့်နှစ်နာရီမှာ နှစ်သစ်ကိုကြိုဆို တဲ့ “မီးအိမ်ထွန်းပွဲတော်” ကို ကချေသည်နဲ့ ကျင်းပခဲ့ကြတယ်။ ကမ္ဘာ့ အကောင်းဆုံး ကချေသည်က အဲဒီမီးအိမ်ကို မီးထွန်းညှိရတယ်။ နှစ်သစ် ကို သူရဲ့အကနဲ့ကြိုဆိုပြီး အဲဒီနှစ်သစ်ရဲ့ အလင်းရောင်တွေကို ဖော်ကျူး ယူဆောင်တဲ့သဘောနဲ့ မီးအိမ်ကို ထွန်းညှိရတာပဲ။ လွန်ခဲ့တဲ့သုံးနှစ်က စပြီး ကမ္ဘာ့အကောင်းဆုံး ကချေသည်ကို ရွေးချယ်ခဲ့ကြတယ်။ နှစ်သစ်ကူး မီးအိမ်ကို ပထမဆုံးထွန်းညှိခွင့်ရတဲ့ ကချေသည်ကတော့ “ဖော်မယ်တော့”
ဆရာက... လက်ထဲမှ ရီမုတ်ကွန်ထရိုးကို ခလုတ်နှိပ်လိုက်၏။ ဆရာ့နောက်ဘက် ပိတ်ကားပေါ်တွင် “ဖော်မယ်ဟော့' ၏ ရုပ်ပုံပေါ်လာ သည်။
“ဖော်မယ်ဟော့ဟာ... မျက်လှည့်ပညာနဲ့ ရောစပ်ထားတဲ့ ကကြိုး ကကွက်တွေကို အလွန်ပိုင်နိုင်သူဖြစ်တယ်။ အဲဒီကကွက်တွေက လည်း သူတီထွင်ထားတဲ့ ကကွက်တွေပဲဖြစ်ပါတယ်။ ဥပမာ ကြည့်ကြ"
ဆရာ့လက်ချောင်းများက ခလုတ်ကို ပြောင်း၍နှိပ်လိုက်သည်။
ပိတ်ကားထက်မှာ ဖော်မယ်တော့သည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်၍ လှပစွာတနေ၏။
အနီရောင်ဝတ်ရုံကြီးကို လွင့်ဝဲထွက်သွားအောင် သူမ၏ကိုယ်ကို လှည့်လိုက်၏။ ပရိသတ်ဘက် မျက်နှာမူသောအခါ ဝတ်ရုံသည် အညို ရောင်သို့ ကူးပြောင်းသွားသည်။
သူ့ပါးစပ်ထဲမှာလည်း ပန်းတစ်ပွင့်ကို ကိုက်လျက်သား။ ဖော်မယ် ဟော့က တီးလုံးနှင့်အတူ ကိုက်ထားသောပန်းကလေးကို ဖြုတ်ယူ၏။ ပန်းကလေးကို ငုံ့အနမ်းမှာ...
“ဖောင်း...”
ပန်းကလေးထံမှ လှပသော မီးရှူးမီးပန်းများ ပေါက်ကွဲလွင့်ဖြာ ထွက်လာသည်။ တီးလုံးကလည်း အလွန်တရာမြူးကြွသော သံစဉ်ဆီသို့ ကူးပြောင်းသွား၏။ မီးရှူးမီးပန်းများနှင့်အတူ ဖော်မယ်တော့လည်း ပျံဝဲရွေ့ လျားသွား၏။ မြူးကြွသော တီးလုံးနှင့်အတူ မြူးကြွေစွာ ကလေတော့သည်။
“အဲဒါ ဖော်မယ်တော့်ရဲ့ အတွက်ပဲ။ အတပညာကို မျက်လှည့် ပညာတွေနဲ့ ရောစပ်ထားတယ်"
ကျောင်းသားများ ခေါင်းတဆတ်ဆတ်ညိတ်နေကြ၏။ ပိတ်ကား ထက်မှာ ဖော်မယ်တော့်၏ရုပ်ပုံ ပျောက်ကွယ်သွားပြီ။
ဂျူနိုရင်ထဲမှာ တွေးနေမိ၏။ ထိုကဲ့သို့ အကပညာထဲတွင် မျက် လှည့်ပညာများ ထည့်သွင်းရောစပ်လိုက်ခြင်းသည် ဖော်မယ်တော့်ကို ထင်ရှားအောင်မြင်စေခဲ့သော အချက်ပင်ဖြစ်၏။ သို့သော်... အားသာချက် ရှိသည့်အလျောက် အားနည်းချက်လည်း ရှိသည်ပင်။
သူ့ဝတ်ရုံက သူ့ကိုချုပ်နှောင်ထားလေသည်။ သူ၏ မျက်လှည့် ကိရိယာများသည် ထိုဝတ်ရုံထဲတွင် အကန့်လိုက်ထည့်ထားရ၏။ သူ့ လှုပ်ရှားမှုကို မလွတ်လပ်အောင် ဖန်တီးထားသည်။
သူ... လွတ်လပ်စွာ က၍မရချေ။ ထို့ကြောင့် နောက်နှစ်တွင် “အိုဗာရွန်” က သူ့ကို ကျော်ဖြတ်သွားခြင်းဖြစ်၏။
ဆရာက အိုဗာရွန့်အကြောင်း ရှင်းပြနေသည်။
“အိုဗာရွန်ကကျတော့ သူ့ရဲ့ကကွက်တွေကို ကျွမ်းဘားပညာဆန် ဆန် ဖော်ထုတ်ပြတယ်။ နမူနာ နည်းနည်းကြည့်လိုက်ရအောင်..."
ပိတ်ကားထက်မှာ အိုဗာရွန်ခုန်ပျံကျော့ရှင်းစွာ ပေါ်လာ၏။ လူး လွန့်နေသော မီးအလင်းအမှောင်များကြားမှာ လိပ်ပြာလေးတစ်ကောင်လို လှုပ်ရှားနေ၏။ သူမ၏ခန္ဓာကိုယ်သည် စက်ဝိုင်းထဲမှာ ပိတ်မိနေသည့် မျဉ်းဖြောင့်တစ်ကြောင်းအလား ပရိသတ်ကို အသိအာရုံထွေပြားလှိုက်မော စေသည်။
ကျောင်းသားများ စိုက်ကြည့်နေစဉ်တွင် ဆရာက ခလုတ်ပိတ် လိုက်၏။
“ကဲ... မင်းတို့အားလုံး သဘောကျကြရဲ့လား”
ကျောင်းသားများထံမှ ရယ်သံခပ်အုပ်အုပ်ထွက်လာသည်။ နို