တင်မြင့်(တက္ကသိုလ်) - တွယ်တာတယ်ဆိုတာဝေဒနာ
“မဝတီရေ အယ်ဒီတာချုပ်က တွေ့ချင်လို့ ရုံးခန်းကိုခဏလာ ခဲ့ပါလို့မှာလိုက်ပါတယ်”
မြန်မာပြည်အထက်ပိုင်း မှုခင်းဂျာနယ်တိုက်ခွဲဖြစ် သော မှုခင်းမျက်မှန်ဂျာနယ်တိုက်၏ အယ်ဒီတာချုပ်က မိမိအား တွေ့လိုကြောင်း ရုံးအကူတစ်ဦးမှလာ၍ အကြောင်းကြားသည်။ ရေဝတီ ခေါင်းညိတ်လိုက်၏။ ပြီး သူမ၏ စားပွဲမှ ထသည်။ ဘော(လ်)ပင်နှင့်စာအုပ်အလွတ်တစ်ခု ကောက်ယူလိုက် ၏။ အံ့သြဖို့ကောင်းသည်။ မိမိသည် မှုခင်းမျက်မှန်ဟုခေါ်သော ဂျာနယ်တိုက်ကြီးတွင် တာဝန်ထမ်းဆောင်းနေသော်လည်း မှုခင်း သတင်းထောက်မဟုတ်ခဲ့။ ပြောရလျှင် မှုခင်းဂျာနယ် အယ်ဒီတာ ချုပ်နှင့် နေ့စဉ်တွေ့ဆုံရန်မလိုသည့် ငွေစာရင်းဌာနဝန်ထမ်းတစ်ဦး။ ငွေစာရင်းဌာနဆိုတာက ရုံးလုပ်ငန်းအရ ဂျာနယ် တိုက်၏ ငွေစာရင်းကိစ္စအဝဝကိုသာ ဆောင်ရွက်ပေးရခြင်းသာဖြစ် သည်။ စီမံရေးရာပိုင်း၊ သတင်းပိုင်း၊ ဂျာနယ်ဖြန့်ချိရေးပိုင်းတွေ နှင့် ရေဝတီ ပတ်သက်စရာမရှိ။ အယ်ဒီတာချုပ်၏ အရေးတယူ . ခေါ်တွေ့ဆုံစရာမလို။ ဘာပဲဖြစ်ဖြစ် အကြောင်းကိစ္စ တစ်စုံတစ်ခုကြောင့် သာ မိမိအား ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်မှာတော့ သေချာနေပါပြီ။ ကော်ဇောခင်းထားသော လှေကားအတိုင်း တစ်ထစ်ချင်း နင်းကာ သူမ တက်ခဲ့၏။ နေရာတိုင်းတွင် မှန်ပြတင်းပေါက်ကြီးများ တပ်ဆင် ထားသည်။ အလင်းရောင်က မှန်မှတိုးဝင်နေခဲ့သည်။ တစ်ဆစ်ချိုး အကွေ့တွင် ရေဝတီရပ်ကာ မှန်ပြတင်းမှ ကြည့်မိသည်။
မန္တ လေးနေခြည်သည် မှုန်ပျပျနှင့် မှိုင်းသလိုဖြစ် နေပါ၏။ မှန်များက အရောင်ခံပါသည်မို့ အပြင်အပမှ နေရောင် ခြည်များ မှုန်ပျပျမှိုင်းနေသလားတော့မပြောတတ်။ ဟိုးအဝေးဆီမှ ရန်ကင်းတောင်ကို သူမ ငေးကြည့်မိသည်။ အတွေးထဲမှာ ကိုကို နောင်ကို တွေးမိလိုက်၏။ “ကိုကိုနောင်”( ဘာသာရေရွတ်လိုက်ပြီးမှ . “အို . သူ .. သူ ငါနဲ့ ဘာမှမဆိုင်တော့ဘူး၊ ကျော်မိုးနောင်ဆိုတာ ငါ့ဘဝထဲမှာမရှိသည့်တော့ဘူး၊ တစ်ချိန်တုန်း ကငါနဲ့သူ ရန်ကင်းတောင်ပေါ်အတူတူတက်ခဲ့ကြဖူးတယ်၊ ဘုရားဖူးခဲ့ကြဖူးတယ်၊ အခု ဘာမှမဆိုင်တော့ဘူး၊ ငါ့ဘဝမှာ ကိုကိုနောင်ဆိုတာ သေပြီ”ရေဝတီ အတွေးကိုဖြတ်သည်။ သူမ ဆက်၍လျှောက် ခဲ့သည်။ ဒုတိယထပ်တွင် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊သတင်းစုဆောင်းခြင်း စသည့်ဌာနခွဲတွေရှိသည်။ ဌာနခွဲတိုင်းမှာ | တာဝန်ထမ်းဆောင်သူတွေက စကားပြောခြင်း၊ ဆူညံနေခြင်းမျိုး မရှိ။ မိမိတို့ဆိုင်ရာတာဝန်များကို ဆောင်ရွက်လုပ်ကိုင်နေခဲ့ကြ သည်။ အပေါ်ဆုံးအထပ်သို့ သူမ ဆက်တက်ခဲ့၏။ အပေါ်ဆုံးထပ်သို့ သူမ ရောက်သွားခဲ့သည်။ အလင်း အားနည်းသောနေရာများတွင် မီးလုံးများထွန်းထား၏။ အလင်း ရောင်က မှိန်ပျပျသာ။ ထို့ကြောင့် သူမအမြဲတမ်းတပ်ဆင်ထားလေ့ရှိသောမျက်မှန်ကိုလမ်းလျှောက်ရင်းချွတ်လိုက်ရသည်။
ရုံးခန်းမှန်တံခါးကို တွန်းဖွင့်ကာ ရေဝတီ ဝင်ရောက် လိုက်သည်။ ရုံးခန်းက အတွင်းတွင် နှစ်ထပ်ရှိနေခဲ့သည့် ရုံးခန်းပဲ ဖြစ်သည်။ ဒုတိယအယ်ဒီတာချုပ်မလေး၏ ဖော်ရွေစွာပြုံးပြလိုက် သည့်အပြုံးကို တွေ့ရသည်။ သူမစားပွဲရှေ့တွင် ရေဝတီ ဝင်ထိုင် လိုက်သည်။ ဒုအယ်ဒီတာချုပ်မလေး၏ စားပွဲပေါ်တွင် တယ်လီဖုန်း သုံးလုံးရှိသည်။ အနီ၊ မီးခိုးရောင်နှင့် အမည်းရောင်တစ်လုံးပဲဖြစ် သည်။ ဒုအယ်ဒီတာချုပ်မလေးက ရေဝတီ၏အသွင်အပြင် ကို မသိမသာအကဲခတ်ကြည့်သည်။ ရေဝတီ သိပါ၏။ ဒုအယ်ဒီတာ ချုပ်မလေး၏ အကြည့်များမှာ သူမနှင့် ရေဝတီသည် မိန်းမသား ချင်းတူညီပါလျက် ကွာခြားချက်ရှိနေသောကြောင့်ဖြစ်ပါ၏။
ဒုအယ်ဒီတာချုပ်မလေး ဝတ်စားဆင်ယင်ထားသည့် `ပုံမှာ ဆံကေသာမှအစ ခြေဖဝါး၊ ဖိနပ်တိုင်အောင် အကောင်းစား ချည်းဖြစ်နေသည်။ လိမ်းခြယ်ထားသည်မှာ သူ့နေရာနှင့်သူ အဆင် ပြေလွန်းနေပါ၏။ မိန်းမသားတစ်ဦး၏အလှကို ထင်းခနဲတွေ့နေ ရသည်။ ရေဝတီကို ကြည့်ပါလေဦးတော့။
အဖြူရောင်ချည်ထည်ရင်ဖုံးအကျီ ထူထူပွပွကို ဝတ် ထားသည်။ ထဘီကလည်း မီးခိုးရောင်ပြောင်ထဘီဖြစ်သည်။ ရေဝတီမျက်နှာက မိတ်ကပ်ဝေး၍ ပေါင်ဒါသနပ်ခါးမရှိ။ ပင်ကို အသားအရောင်က ဖြူဝင်း၍သာတော်တော့သည်။ ရေဝတီ၏ ကိုယ်ခန္ဓာအလှမှာလည်း ထူပွပွအင်္ကျီအောက်မှာ မပေါ်လွင်ပါလေ တော့။ ရေဝတီက ဆံပင်ကို အုန်းဆီရွှဲရွှဲလိမ်းပြီး ပြီးပြီးရော ဆိုသည့်ဟန်ဖြင့် အုံကောင်းရှည်လျားသည့်ဆံပင်ကို ပလပ်စတစ်ဘီး အမည်းတစ်ချောင်းခံထားကာ ပတ်ထားခဲ့သည်။
ပြီးတော့ နေကာမျက်မှန်အမည်းကြီး တည်ထားခဲ့၍ ရေဝတီ၏မျက်ခုံးမျက်လုံး၊ နှာတံအလှတို့ ငုပ်လျှိုးသွားခဲ့ရပါ၏။ “ကျွန်မ ရေဝတီပါ၊ အယ်ဒီတာချုပ်ခေါ်တယ်ဆိုလို့ လာတာပါ၊ ငွေစာရင်းဌာနကပါ” ။ “ဪ.. ဟုတ်ကဲ့ ခဏလေးနော်၊ အယ်ဒီတာချုပ် ခေါ် ထားတာမှန်ပါတယ်၊ ဒါပေမဲ့ အယ်ဒီတာချုပ် ရုံးခန်းထဲမှာ ဧည့်သည်တစ်ဦးရောက်နေပါတယ်။ ဒီဧည့်သည်ရှိနေတုန်း မှာ မရေဝတီကို ဆရာ တွေ့မှာလားဆိုတာ မေးပါရစေဦးနော်”(ဒုအယ်ဒီတာချုပ်မလေးကကုပ်ဝဲကိုဖာခန်ခါခနဲဖြစ်အောင်ဦးခေါင်းကိုလှုပ်ခါပြောရင်းစားပွဲပေါ်မှ အင်တာကွန်း ခေါ် အတွင်းအပြင်ဆက်သွယ်ထားသည့် ခလုတ်ကို နှိပ်လိုက်သည်။“ငွေစာရင်းဌာနက မရေဝတီဆိုတဲ့ ..” “လွှတ်လိုက်ပါ၊ ချက်ချင်းလွှတ်လိုက်ပါ”သူမ စကားပင်မဆုံးလိုက်။ အထဲမှ လိုလားစွာဖြင့် ပြောသံကြားလိုက်ရသည်။ ဒုအယပ်ဒီတာချုပ်မလေးက ရေဝတို့ကို ခေါင်းညိတ်ပြလိုက်ပါ၏။
ရေဝတီ ဣရစွာဖြင့် အယ်ဒီတာချုပ်၏ရုံးခန်းမှန် တံခါးကို တွန်းဖွင့်ဝင်ရောက်လိုက်သည်။ ရေဝတီ၏ နောက်ကျော ပိုင်းကို သူမ ကြည့်လိုက်မိသည်။ မိန်းမသားချင်းမို့ ခန္ဓာကိုယ်အချိုး ကျလှပကြောင်း သိနေမိ၏။ အတင်းအရင်းတွေ အဖောင်းအချို့တွေ ပြီးတော့ ပြည့်ဖြိုးသည့်ပေါင်တံအလှတွေရှိပါလျက်နဲ့ အဘွားအို တစ်ဦးလို သံခေတ် ကြေးခေတ်ထဲကမိန်းမသားတစ်ဦးလို ပြင် ဆင်ထားရသည်က ဘာကြောင့်ပါနည်း။ မိန်းမသားဆိုသည်မှာ လှချင်လွန်းသည်ဆိုသော သီအိုရီ မှားများမှားနေပြီလားမသိတတ် နိုင်ပါလေတော့။