Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

တင်မောင်သန်း - အကျိုးရှိအချိန်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

တစ်ယောက်ချင်းစီရဲ့ အရေးအကြီးဆုံး ပြဿနာလို့ ပြောခဲ့ရင် ဒါဟာ အလွန်အကျွံ ပြောရာမရောက်ဘူးလို့ ထင်ပါတယ်။

အကျိုးရှိတယ်ဆိုတာ ဘာလဲ

          “အကျိုးရှိ” ဆိုတဲ့ စကားလုံးလေးမှာ ရလဒ်ဆိုတဲ့ အဓိပ္ပာယ်ပါ ပါတယ်။ တစ်စုံတစ်ရာသော အကျိုးကို ရတယ်ဆိုတာ ရုပ်အားဖြင့် ဖြစ်စေ၊ စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ့်ရှိဆဲ အခြေအနေထက် အပြုသဘော၊ အကောင်းသဘောဆောင်တာ တစ်ခု ထပ်ရလာတဲ့ သဘောပါ။ ဒါကြောင့် အကျိုးရှိအချိန်လို့ ဆိုလိုက်တာ နဲ့ အဲဒီရလဒ်ကို မျှော်ကိုးပြီးတော့ ဆောင်ရွက်တဲ့အချိန် လို့ ပြောရပါလိမ့်မယ်။

          ဒါပေမဲ့ လူတွေက တစ်ယောက်နှင့်တစ်ယောက် တူကြတာမဟုတ်တော့ မျှော်မှန်းထားတဲ့ ရလဒ်ခြင်းဟာ လည်း တူကြမှာ မဟုတ်ပါဘူး။ ဆိုပါစို့ရဲ့။ ရလဒ်ကို မျှော်မှန်းပြီး တစ်ခုခုလုပ်နေတဲ့ အချိန်တွေ ရှိပါတယ်။ ဘာရလဒ်မှ မမျှော်မှန်းဘဲ အလိုက်သင့် အလျားသင့် အချိန်ကုန်သွားတဲ့လူတွေလည်း ရှိပါတယ်။ ဒီတော့ အကျိုးရှိတယ်ဆိုတဲ့ ကိစ္စဟာ လူတစ်ယောက်ချင်းနဲ့ပဲ ပတ်သက်တဲ့ကိစ္စ။ တစ်နည်းပြောရရင် တစ်သီးပုဂ္ဂလကိစ္စပါ။

          ဘေးပတ်ဝန်းကျင်ကိုပဲ ကြည့်ကြည့်၊ ကျွန်တော် တို့ကိုယ် ကျွန်တော်တို့ပဲ ပြန်ကြည့်ကြည့် တစ်စုံတစ်ရာသော အကျိုးမျှော်မှန်းပြီး အချိန်သုံးလိုက်တဲ့ အခါတွေ ရှိသလို ဘာရယ်မဟုတ် ကြုံသလိုကျသလို ကုန်လိုက် တဲ့ အချိန်တွေလည်း ရှိတာတွေ့ရပါလိမ့်မယ်။ အကျိုး ရှိအချိန်ဆိုတာ ကြုံသလိုကျသလို ကုန်တဲ့ ဝေလေလေ အချိန်တွေ မပါပါဘူး။

           အကျိုးရှိခြင်းဆိုတာ မိမိရဲ့ ကိစ္စ တစ်သီးပုဂ္ဂလ ကိစ္စ လုံးလုံးဖြစ်တဲ့အတွက် ကိုယ့်ဘဝ ဘယ်ကိုသွား နေသလဲ။ ကိုယ် ဘာကိုလိုချင်သလဲ၊ ကိုယ်တန်ဖိုးထား တာက ဘာလဲဆိုတာတွေ မသိရင် အချိန်ကို အကျိုး ရှိရှိ သုံးရာရောက်မှာ မဟုတ်ပါဘူး။

        ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် သိဖို့ ပထမ ဦးဆုံး လိုတယ်လို့ ဆိုရပါလိမ့်မယ်။ ရှေးဂရိပညာရှိ တစ်ပါးက ပြောခဲ့ဖူးတဲ့ စကားလေး ရှိပါတယ်။ (Know Yourself) “ကိုယ့်ကိုယ်ကိုယ် သိပါ” တဲ့။ ဒါကြောင့် ပထမဆုံး ကိုယ့်ကိုယ်ကိုယ်သိဖို့ အချိန်ပေးရ ပါလိမ့်မယ်။