Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

တင်မောင်သန်း - မြန်မာတို့အလှူ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

မြန်မာတို့အလှူ

          လူက ကုလားထိုင်ဆီသို့ မရောက်သေးမီမှာပင် လက် ကိုင်အိတ်ကြီးကို ဆိုဖာပေါ်သို့ ဘုတ်ခနဲမြည်အောင် ဒေါ်စိန်မမ ပစ်ချလိုက်သည်။ “ဟွန်း”ခနဲ သက်ပြင်း လည်းမဟုတ်၊ အမောလည်းမဟုတ်သော အသံတစ်သံ က နှုတ်မှ ခုန်ထွက်လာပြီးနောက် ကိုယ်ခန္ဓာ အိအိဖိုင့် ဖိုင့်ကြီးသည်လည်း ဆိုဖာကုလားထိုင်ပေါ် ပိပုံကျသွား လေသည်။

         ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်လေးများသည် လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက် ကြမိလျက်သား ဖြစ်သွားကြသည်။ “အအေးတစ်ဘူး ယူခဲ့စမ်း” ဒေါ်စိန်မမ၏ အတွင်းရေးမှူး အမျိုးသမီးလေးသည် ရေခဲသေတ္တာထဲမှတွေ့ရာ အအေးတစ်ဘူးကို ကပျာကသီ ဆွဲ၍ ဒေါ်စိန်မမ၏ရှေ့မှာ ချပေးလိုက်၏ ။

        “နင်ဟာလေ အသုံးကို မကျဘူး။ ဘယ်မလဲ ဖန်ခွက်”

         အတွင်းရေးမှူးမလေးခမျာ ဖျာခနဲ ဖြစ်သွားရှာ လေသည်။ ဖန်ခွက်ပြေးယူနေချိန်မှာပင် ဒေါ်စိန်မမ သည် ကိုကာကိုလာဘူးကို ဖောင်းခနဲမြည်အောင် ဖောက်လိုက်၍ ဂွတ်ခနဲ မော့ချလိုက်လေ၏။ ဖန်သား မျက်နှာပြင် စားပွဲပေါ်သို့ “ကုတ်” ဘူးကို ဒေါက်ခနဲ ပြန်ချလိုက်သည်နှင့် ဒေါ်စိန်မမ၏နှုတ်မှလည်း “အသုံးကို မကျဘူး” ဟူသော စကားသည် အန်ထွက် လာပြန်လေ၏။

            “မြောင်းထဲသွားပစ်လိုက်တာမှ ဘတ်ခနဲမြည်သံ ကြားရဦးမယ်။ ခုတော့ ငွေငါးသိန်း ဘာသံမှကို မကြား လိုက်ရဘူး”

          အတွင်းရေးမှူးမလေးသည် ငွေငါးသိန်းဟူသော ပမာဏကို ကြားလိုက်သည်နှင့် မျက်စချီသွားပြီး...

          “ငွေငါးသိန်း ဘာဖြစ်လို့လဲဟင် မမ” ဟု မေးမိ လျက် ဖြစ်သွားလေသည်။

           ဒေါ်စိန်မမသည် အတွင်းရေးမှူးမလေးကို မျက်လုံးကြီးပြူးလျက် ကြည့်လိုက်၏။

           “နင်ဟာလေ အသုံးကိုမကျဘူး။ ဟိုတစ်နေ့က နင်နဲ့ငါ သွားလှူတဲ့ ငါးသိန်းဟေ့ - ငါးသိန်း။ ခု အဲဒီအလုပ် တို့မရတော့ဘူး”

          ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူ ဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည်မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်း သည်လည်း ဒါနပါရမီ၌ ပါဝင်သည်ပင်ဖြစ်၏။ အမှန်အားဖြင့် အနစ်နာခံခြင်း ဟူသည်မှာလည်း မြင့်မြတ်သူများသာ လုပ်နိုင်သော လုပ်ငန်းဖြစ်၍ ပါရမီသဘောကိုဆောင်ကြောင်းမှာ အငြင်းပွားစရာ မလိုသောအချက် ဖြစ်၏။ ဒါနကိုပြရာ၌ ဒါနသည် ပါရမီမြောက်ပါလျှင် အခြားပါရမီများသည်လည်း ပါဝင်နိုင်သည်ပင် ဖြစ်၏။

          ဒုစရိုက်တို့မှ စင်ကြယ်သောစိတ်ထားဖြင့် လှူခြင်းဖြစ်ပါက သီလပါရမီသည်လည်း “ဒါန ပါရမီ” ၌ ပါဝင်၏။ ဒါနပြုရာ၌ ပစ္စက္ခအကျိုး၊ တမလွန်အကျိုးကို မျှော်ကိုးခြင်းမရှိဘဲ လောက