Skip to product information
1 of 3

Other Websites

တင်မောင်မြင့် - အချစ်ဝေဟင် တိမ်ခိုးဆင်သည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

( ၁ )

          ခရစ္စမတ်ရာသီနီးလေ ဆန်ဖရန်စစ္စကိုတွင် ဈေးဝယ်သူတွေ ကြိတ်ကြိတ်တိုးစည်ကားလေ ဖြစ်လာ၏။ ကုန်တိုက်ကြီးများတွင် တိုးမပေါက်လောက်အောင်ပင်။ သို့သော် အခါကြီးရက်ကြီးမို့ သူတို့တစ်တွေ အထူး ယဉ်ကျေးနေကြ၏။ တစ်ယောက်နှင့်တစ်ယောက် တိုးမိတိုက်မိလျှင် ချိုသာ ယဉ်ကျေးစွာ တောင်းပန်ကြ၏။ အခါလွန်လျှင်မူ ဒုံရင်းပြန်ရောက်ကြမည်မှာ မုချ။

          လမ်းထောင့်မှ ခရစ္စမတ်ဘိုးဘိုး အရုပ်ကြီးက အကြွေစေ့ကလေး များ ထည့်လိုက်တိုင်း ဂလိုင်လှုပ်ပြသည်။ လမ်းတစ်လျှောက်တွင် သစ်ကြား သီးလှော်အနံ့ဖြင့် မွှေးကြိုင်နေ၏။ ပြည်ထောင်စုပန်းခြံထဲတွင် ကလေးများ က ဖွဲဖွဲကလေးရွာနေသည့် ဆောင်းနှင်းမိုးကို မမှုဘဲ ခရစ္စမတ်တေးတွေ တကြော်ကြော်နှင့် .....။

          စီးပွားရေးရပ်ကွက်မှ ရုံးအဆောက်အအုံကြီးများတွင် အစောကြီး လူရှင်းနေပြီး ညနေ ၆ နာရီခွဲတွင် မီးတွေအားလုံးပိတ်ပြီး သန့်ရှင်းရေးအလုပ်သမများ အိမ်ကို သုတ်ခြေတင်ကြပြီ။

          လေးဆယ့်တစ်ထပ်မှ မိုးပျံရုံးခန်းကြီးများထဲတွင်မူ လူတစ်ယောက် ပြတင်းပေါက်မှ အပြင်သို့နေ၏။ ဆွေးဆွေးမြေ့မြေ့ထိုင်ပြီး မောနေ -ခြင်းမျိုး၊ တစ်လောကလုံး လှုပ်လှုပ်ရွရွ ပျော်ရွှင် နေကြချိန်တွင် မာတင်ရို့သ် တစ်ယောက်မြို့ကို လွှမ်းခြုံစပြုနေသော အမှောင်ထုထဲသို့ အထီးကျန်စွာ ငေးမောနေခြင်း ဖြစ်၏။

          ဘဝဆိုတာသည်အတိုင်းပဲ၊ နေနှင့်ည ကူးပြောင်းချိန် ဆည်းဆာ လို တဒင်္ဂပါလား။ သက်ပြင်းတစ်ချက်ချသည်။ ဆန်ဖရန်စစ္စကိုနှင့် ဥက္ကလန် ကို ဆက်စပ်ပေးထားသည့် တံတားကြီးဆီ စိုက်ကြည့်နေမိပြန်သည်။ ဧရာမ စွန်ကြီးတစ်ကောင် အတောင်နှစ်ဖက်ကို ဖြန့်ကြက်ထားသည်နှင့် တူလှ၏။ သည်တံတားကြီး၏ ခန့်ထည်ကြီးမားပုံသည် မြင်ရသူတိုင်းအား ခွန်အား ဖြစ်စေသည်ဟု ဆိုကြ၏။ မာတင်ရို့ သ်အတွက်မူ သည်ည ပြောင်းပြန် အဓိပ္ပာယ် ထွက်နေသည်။

          ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ခွန်အားကြီးမားသည်ဟု ထင်နေ ကြစေကာမူ ရင်ထဲမှ ဆန္ဒအစွဲအလမ်းတစ်ခုကို ချိုးနှိမ်ဖို့ကြတော့ အားနည်း ဆ တတ်ကြပါကလားဟူသည့် လောကအမြင်ကို ဆင်ခြင်မိသည်။ သည်မနက်ပင် ကိုယ့်ဘဝကိုယ် ကျေနပ်နှစ်သိမ့်နေခဲ့သေးသည်။ ဘာမျှ လိုလေသေး မရှိသည့် ဘဝ။ ခုံတော့ တည်ငြိမ်အေးချမ်းသည့် ဘဝရေမျက်နှာပြင်သည် ဂယက်လှိုင်းများ ရုတ်ချည်းထကာ အကျည်းတန်သွားချေပြီ။

          ဂျင်နီမက်ဘွိုင်းနှင့် လုံးဝမမျှော်လင့်ဘဲ ပြန်လည်ဆုံစည်းရခြင်း ကြောင့် ငယ်အိပ်မက် မလွင့်ပြယ်သေးကြောင်း အံ့သြစွာ တွေ့ရသည့်နေ့။ သည်တော့မှ သည်ကလေးမကို ဘယ်၍ဘယ်မျှ ချစ်ခဲ့ကြောင်း၊ ရင်မှာ တွယ်တာခဲ့ရကြောင်းကို နားလည်ရ၏။

          နှစ်ဆယ့်ငါးနှစ်ကြီးများတောင် ကြာမြင့်ခဲ့ပြီပဲ၊ ငယ်ဘဝတို့ `အရောင်ပြယ်သင့်ပြီပေါ့၊ မေ့ဖို့ ကြိုးစားခဲ့ပါသည်။ အချိန်၏ ကုစားမှုဖြင့်မေ့နိုင်ပြီဟူ၍လည်း ထင်ခဲ့၏။ ဆိုခဲ့သလို ငယ်အိပ်မက်ပမာ ရေးရေးမျှသာ ထင်ကျန်တော့သည့် ချစ်ပုံပြင်ကလေးတစ်ခု၊ အဲ... မနေ့က အထိ ဆိုပါတော့ .... ။

          ဖြန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ မွေးရှည် ကော်ဇောကြီးပေါ်တွင် နှင်းပြီး နံရံတစ်ဘက်မှ မှန်ဆီသို့ လျှောက်သွားသည်။ သောကကို ကြိတ်မှိတ်ခံစားနေရသည့်မျက်နှာကို မှန်ထဲတွင် တွေ့ရသည်။ အရောင် အဆင်းမရှိတော့သလို ဖြူရော်နေ၏။ မှန်ထဲမှရုပ်သွင်ကို မာတင်ကြည့် နေသည်။ ငါးဆယ့်သုံးနှစ်အရွယ်တွင် နုပျိုနေဆဲဟု အမြဲထင်ခဲ့၏။ ဝမ်းဗိုက် သားတွေ ချပ်ချပ်ရပ်ရပ်ရှိနေဆဲ။ ယခုတော့ ရုတ်ချည်းအိုမင်းရင့်ရော်သွားခဲ့ လေပြီး ၊

          ဂျင်နီကို ဆုံးပြီးကတည်းက ကိုယ့်ကိုကိုယ်ထိန်း၍ ဘဝကို တည့်တည့်မတ်မတ်၊ အခွံအခိုင် တည်ဆောက်ခဲ့သည်။ မိဘလုပ်ငန်းကို ဦးစီးပြီး မိဘပေးစားသည့် မိန်းကလေးနှင့်လက်ထပ်ကာ သားသမီးတွေ ပွားစည်းခဲ့သည်။

.           ဂျင်နီနှင့် ပြန်တွေ့ပြီးမှ မိနစ်ပိုင်းအတွင်း ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်မရှိဟု မြင်လာခြင်း။ အချစ်ဟောင်းနှင့် အမှတ်မထင် ပြန်တွေ့ကြ ခြင်း ဖြစ်သည်။ အချိန်ကာလ၏တိုက်စားမှုကို မခံရသလို ဂျင်နီတစ်ယောက် လှနေဆဲဖြစ်၏။ အိုင်ယာလန်သွေးကို ဖော်ကျူးသည့် ပယင်းရောင်မျက်လုံး များက အရောင်လက်ဆဲ၊ သကာရောင်ဆံပင်တွေကလည်း လွန်ခဲ့သည့် နှစ်အစိတ်အတိုင်းပင်။ မယုံနိုင်စရာ ပါကလား၊ လေးဆယ်ကျော်အရွယ်တွင် ဂျင်နီသည် ဟိုးငယ်ငယ်ကထက်ပင် ပိုလှနေသည် ။

          ဖန်ခွက်ထဲတွင် ရေခဲတုံးလေးများခံပြီး ဝီစကီနှင့်ဆိုဒါရောထည့် သည်း အားရပါးရ မော့လိုက်ပြီး စားပွဲတွင်ပြန်ထိုင်သည်။ ဘုရားသခင် ... ဘုရားသခင် အချိန်တွေ ဘယ်လိုကုန်သွားကြပါလိမ့်။ သည်မျှရှည်လျား လှသောနေ့ရက်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့ပါလိမ့်။ .... .

          မာတင်ရို့သ်ကို ဆန်ဖရန်စစ္စကိုတွင် အချမ်းသာဆုံး ဂျူးမိသားစုမှ မွေးဖွားခဲ့သည်။ ဇနီးဖြစ်သူ ဆီဗီယာမှာလည်း အမျိုးတူအလွှာတူးဘာသာဘု ဖြစ်သည်။ ဆီဗီယာလို မိန်းကလေးနှင့်လက်ထပ်ဖို့ ဖြစ်လာတော့ ငြင်းစရာ တစ်ကွက်မှရှာမရခဲ့။ ဆီဗီယာသည် အလွန်ပြည့်ဝသည့် ဇနီးကောင်း တစ်ယောက် ဖြစ်ခဲ့သည်။

          ဂျင်နို့ကို မမေ့သေးဘဲ နှစ်ပေါင်းများစွာ ကိုယ့်ကိုကိုယ် လှည့် ခဲ့ကြောင်း ယနေ့မှ သိလာရခြင်းဖြစ်၏။ ဂျင်နီသည် မိမိ၏ အဟံဘဝ လိပ်ပြာမယ်အဖြစ်မှလွင့်ပြယ်ခဲ့ပြီဟု ထင်စားခဲ့ခြင်းမှာ တိမ်သလ္လာဖုံးနေသည့် အမြင်တုမျှသာ ပါတကား။ -

          ကြာသပတေးနေ့မှာ ဆီဗီယာ မြို့ထဲသို့ ဈေးဝယ်ထွက်သည့်နေ့ ဖြစ်သည်။ သစ်တောရပ်ကွက်နေအိမ်မှ ထွက်လာပြီး လင်တော်မောင်နှင့် အတုတု နေ့လည်စာ စားလေ့ရှိသည်။ ပြီးမှ ဝယ်စရာရှိသည်ကို ထွက်ဝယ် ကာ အိမ်ပြန်လေ့ရှိသည်။ ကျန်သည့်ရက်များမှာတော့ ဧည့်သည်တွေကို အိမ်တွင် ညစာဖိတ်ကျွေးလေ့ရှိသည်။ ဧည့်ခံပွဲများသို့ သွားသည့်အခါ သွားသည်။ ရုပ်ရှင်နှင့် ကဇာတ်များလည်း ကြည့်လေ့ရှိသည်။ ထုံးစံအတိုင်း နေ့လည်စာစားပြီး စိန့်ဖရန်စစ် ဟိုတယ်ထဲမှ အပြင်သို့ ထွက်ခဲ့ကြသည် ပြည်ထောင်စုပန်းခြံထဲတွင် ကလေးတွေစုပြီး ခရစ္စမတ်သီချင်းဆိုဖို့ ပြင်ဆင် နေကြသည်။ ဆီဗီယာကို ချစ်လင်ကို အနမ်းဖြင့် နှုတ်ဆက်ရင်း ....

          “ဒီည ဂရန့်တို့လင်မယားလဲ ပါမှာနော်၊ မောင် ကောင်းကောင်း မွန်မွန် ဆက်ဆံပါကွယ်.... နော်”

          အလို... မောင်ဘယ်တုန်းက ရိုင်းရိုင်းပျပျဆက်ဆံလို့လဲ"

          ' ရိုင်းတော့ မရိုင်းပါဘူး၊ ဒါပေမယ့် မောင်က စိတ်မပါက် မပါ သလို နေတတ်လို့ပါ။ ပြီးတော့ နိုင်ငံရေးတွေ မပြောကြပါနဲ့ကွယ်၊ ဆီဗီယာ ကို စိတ်ညစ်လွန်းလို့'

          “မောင် ကြိုးစားပါ့မယ်လေ”

          ဆီဗီယာ ပြုံးသည်။

          “မောင်ဟာလေ သိပ်ကို ချစ်ဖို့ကောင်းတာ စိတ်ပါလက်ပါ ရှိတဲ့ အခါ ပြောတာ' .

          ဆီဗီယာ ထွက်သွားလို့ လမ်းတစ်ဘက်သို့ ကူးမည့်ဆဲဆဲတွင် ဂျင်နီ ကို လှမ်းမြင်လိုက်ခြင်း ဖြစ်၏။ ပထမတော့ အိပ်မက်များလားဟု ကြောင်နေ မိသေးသည်။ ရင်တွေ တဒိုင်းဒိုင်းခုန်ပြီး ကြက်သေ သေနေသည်။ အတန် i, ကြာမှ သတိရပြီး မီးစိမ်းသည်အထိ မစောင့်တော့ဘဲ ကားတွေ ရှုပ်ပွေနေ သည့် ကြားထဲမှ လမ်းတစ်ဘက်ကို အတင်းဖြတ်ပြေးခဲ့သည်။

          'ဂျင်နီ.... ဂျင်"

          နောက်မှ အော်ခေါ်ပြီး ပြေးလိုက်သွားသည်။

          မယုံရဲ ယုံရဲဖြင့် ဂျင်နီနောက်သို့ လှည့်ကြည့်သည်။ ဘုရားသခင် .... ဘုရားသခင်၊ လူတောထဲတွင် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်မိကြသည်။

          “တကယ်မှ ဟုတ်ရဲ့လားဟင်”

          ဂျင်းနီ နှုတ်မှ အမှတ်မထင် ထွက်သွားသည့် စကားလုံးများ မာတင်က ခေါင်းယမ်းပြီး .....

          “ ကြည့်စမ်း၊ စက္ကန့်ဝက်လောက်သာ နောက်ကျသွားရင် တွေ့တော့ မှာ မဟုတ်ဘူး”

          “ နောက်ကနေတွေ့တာတောင် မှတ်မိနေတယ် ဟုတ်လား'

           “ဒီလမ်းလျှောက်ပုံကို ဘယ်သူမမှတ်မိပဲ နေမလဲကွယ်"

          “ ဒါလောက်ကြာခဲ့ပြီးမှလေ'

           'ဘယ်လောက်ကြာကြာပါ ဂျင်နီ၊ မင်းဘာမှ မပြောင်းလဲသေးဘူးနော်”

          ဂျင်နီရယ်သည်။

          “မဟုတ်တာကွယ်၊ သိပ်ပြောင်းလဲတာပေါ့။ အစ်ကိုကတော့ နုတုန်း ပဲနော်'

          'ဟုတ်လား၊ ကျေးဇူးပဲ ဂျင်နီရယ်၊ အစ်ကို တကယ်ပြောတာ မင်းကို ကြည့်ရတာ လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်ကို ပြန်ရောက်သွားသလိုပဲ”

          “အို ... မဟုတ်တာပဲ အစ်ကိုရယ်၊ အားလုံး အဆင်ပြေပြေပဲ မဟုတ်လား၊ အစ်ကို့ဘဝက အဆင်မပြေစရာ မရှိပါဘူးလေ”

          “အင်း ..... ဆိုပါတော့၊ မင်းကောဟင် ဂျင်နီ”

          ခု ..... လောလောဆယ်တော့ လွင့်နေတာပဲ၊ ခရီးတွေ ဆက်တိုက် ထွက်ဖြစ်နေတယ် အစ်ကို'

          “ခု ဆန်ဖရန်စစ္စကိုမှာ ဘာလုပ်နေလဲဟင်"

          ဂျင်နီ ခဏတွေသွားသည်။

          “ဂျင်နီ အလုပ်လုပ်နေတဲ့ ကုမ္ပဏီကိစ္စနဲ့ ဂျပန်ကို သွားမလို့လေ”

          "ဘယ်မှာ တည်းနေလဲ"

          “ဖဲယားမောင့် ဟိုတယ်မှာ 'ဘယ်လောက် ကြာကြာနေဦးမှာလဲ"

           “မနက်ဖြန် အထိပဲ၊ ည ခုနစ်နာရီမှာ လေယာဉ်ပျံထွက်မယ်လေ'

          `ဟုတ်လား၊ ဒါဆို မနက်ဖြန်နေ့ခင်းပိုင်း အတူတူစားကြ သောက်ကြရအောင်လား ဂျင်နီ"

 

          “ အစ်ကိုက အဲဒီလို လုပ်သင့်တယ် ထင်တယ်လား၊ သင့်တော်ပါ့ မလား  အစ်ကိုရယ်'

          ' ဘာမသင့်တော်စရာ ရှိလဲကွယ် ကြုံတောင့်ကြုံခဲ ဆုံတုန်း ကိုယ်တွေ့ပါရစေနော် ဂျင်နီ'

          “ ပြစ်မှုကျူးလွန်ရာတော့ မရောက်ကောင်းပါဘူးနော်"

          “ဘယ်နာမည်ကို မေးရမှာလဲဟင်”

          ' ဂျင်နီမက်ဘွိုင်းပါပဲ အစ်ကို၊ အစ်ကိုနဲ့ တွေ့စက နာမည်အတိုင်း ပဲ၊ ပြန်တွေ့ရတာ သိပ်အံ့သြစရာကောင်းတာပဲနော်”

          ရင်ခွင်ထဲသို့ ဆွဲပွေ့ထားလိုက်ချင်၏။ သို့သော် 'အစ်ကို လာခဲ့ မယ်နော်'ဟုသာ ပြောပြီး လူချင်းခွဲလိုက်ရသည်။ ကုန်တိုက်ကြီး တစ်ခုထဲသို့ ဂျင်နီ ဝင်သွားသည်။ ရုံးသို့ ဘယ်လိုပြန်ရောက်လာမှန်း မာတင် မသိလိုက် ဝက်သစ်ချတံခါးရွက်ကြီး ရှေ့တွင်ရပ်ပြီး နာမည်ဆိုင်းဘုတ်တွေကိုကြည့် နေ၏။ မိမိနာမည်ကို သည်နေရာတွင် အဖေထည့်ပေးစဉ်က မာတင်တစ်ယောက် ဝေခွဲမရဖြစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ကိုးဆယ်က တည်ထောင်ခဲ့ သည့် ဘိုးဘွားပိုင်ကုမ္ပဏီကြီး။

          သည်အသိုက်အဝန်းတွင် မိမိလူဖြစ်မလာလျှင် ဒါမှမဟုတ် “ရို့သ်” ကမ္မကြီး၏ အမွေစားအမွေခံဖြစ်မလာလျှင်၊ ပြီးတော့ ဂျင်မီ မက်ဘွိုင်းသည် သာ အယူသည်းသည့် အိုင်ယာလန်ဘရင်ဂျီဘာသာဝင် မဟုတ်ခဲ့လျှင် ဘဝ အပ္ပာယ်သည် တစ်မျိုးတစ်ဖုံဖြစ်လေမည် မုချ ဂျင်နီနှင့်ပြန်လည်ဆုံစည်း ရခြင်းကြောင့် မိရိုးဖလာအိမ်ထောင်ရေး လမ်းကြောင်းကို ဆက်လျှောက်ဖို့ အဟန့်အတားသဖွယ် ဖြစ်လေမည်လား။ မိမိ၏ ဒုတိယအသံကို ကြား ယောင်လာသည်။

          သားကို ခွင့်လွှတ်ပါ ဖေဖေသားကို ဖေဖေ အားမလို အားမရခဲ့ ဘာတွေ အများကြီး ရှိတယ်ဆိုတာ သားသိပါတယ် ဒါပေမယ့် ဂျင်နီနဲ့ ပတ် သက်လို့ ဖေဖေတို့ စိတ်တိုင်းကျ သားလိုက်နာခဲ့ပါတယ် သား တစ်ချိန်က သူ့ကို စွန့်ပစ်ခဲ့ပြီးပါပြီ။ ဒီအမှားမျိုးကို သားနောက်ထပ် မကျူးလွန်ပါရစေနဲ့၊ သားကို ခွင့်လွှတ်ပါ ဖေဖေ၊ သားရဲ့ ဘဝမှာ အကြီးမားဆုံးဆန္ဒကို အကောင် အထည်ဖော်ဖို့ အခွင့်အရေးရှိတယ်လို့ သဘောပေါက်လာပါပြီ။ ဘယ်သူ့ကို မှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက တွန်းကန်အားကို ကျွန်တော် မတားဆီးနိုင်တော့ပါဘူး ဖေဖေ ..... ။

          အတွေးစကို ဇွတ်ဖြတ်ပြီး တံခါးမကြီးကို ဖွင့်ကာ ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။ ရုံးတွင် အလုပ်တွေကို တိုတိုတုတ်တုတ်ဖြတ်ကာ ထိုင်ငိုင်နေသည်။ ညနေ ခြောက်နာရီ ထိုးပြီ။

          “ ကျွန်မ ဘာလုပ်စရာရှိသေးလဲ ဆရာ”

          အင်း... ခရစ္စမတ် အဖိတ်နေ့ပဲ သူပြန်ချင်ရောပေါ့။

           " ပြန်လေ ..... မင်းဘာလို့ စောင့်နေသလဲ”

          နန်စီက ပြုံးပြီး ...

          ` အလုပ်ကလေးတွေ မပြတ်သေးလို့ပါ ဆရာ၊ ဒါဖြင့် ကျွန်မပြန် မယ်နော်၊ ပျော်စရာခရစ္စမတ်ဖြစ်ပါစေ ဆရာ”

          မာတင်ကလည်း အလားတူ ဆုတောင်းလိုက်သည်။ နန်စီထွက် သွားသည်။ ဖန်ခွက်ထဲမှလက်ကျန်ကို တစိမ့်စိမ့်သောက်နေသည်။ အပြင် တွင် လုံးဝမှောင်သွားမှ နှင်းကာအင်္ကျီကို ဆွဲကာ ရုံးခန်းထဲမှ ထွက်ခဲ့သည် ခုနစ်နာရီခွဲမှ အိမ်ပြန်ရောက်သည်။ ဆီဗီယာက မိတ်ကပ်လိမ်းနေရင်း

          “မောင်ကလဲ နောက်ကျလိုက်တာကွယ်”

           “ဟုတ်တယ် ဆီဗီယာ ကိုယ်တောင်းပန်ပါတယ်ကွာ”

          'နောက်ကျမယ်ဆိုရင်လဲ ဖုန်းလေးဘာလေး ဆက်ရောပေါ့'

          “မင်းပြောတာ ဟုတ်ပါတယ်၊ ကိုယ်တောင်းပန်ပါတယ် ဆိုနေ

          'ကဲ.... ဒါဖြင့် လုပ်လေ၊ အဝတ်လဲဖို့ မိနစ်နှစ်ဆယ်ပဲ အခြိန် ရမယ်၊ အဝတ်အစားတွေအားလုံး အသင့်လုပ်ထားတယ်''

          လင်တော်မောင် အဝတ်လဲနေသည်ကို စောင့်ကြည့်ရင်း ဆီဗီယာ သနားသွားသည်။ သူ့ခမျာ သိပ်ပင်ပန်းနေပုံပဲ။ ချော့မြူသည့် အသံဖြင့်

          “ဝီစကီ နည်းနည်းသွားစပ်ပေးမယ်နော်၊ မောင်သောက်မယ် မဟုတ်လားဟင်"

          `ကောင်းတာပေါ့ကွာ”

          လောလောဆယ်တစ်ခွက်လောက် ချချင်နေသည်နှင့်အတော်ပင်း၊ ဒါမှ စိတ်ငြိမ်သွားမည်။ ဆီဗီယာဟာ ငါ့ဇနီး၊ ငါ့ချစ်သူဆိုတာ မမေ့မလျော့ ကြိုးစားရမည်။ ဂျင်နီဆိုတာက ပျော်စရာမကောင်းလှတဲ့ အိပ်မက်စ်ခုပဲ။ ပြီးတော့ ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံမျှ ကြာခဲ့ပြီလေ။ ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)