Skip to product information
1 of 3

Other Websites

တင်မောင်မြင့် - မျှော်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နိဒါန်း

          နွေဦး ရောက်ပြီ ဆိုသည်နှင့် “လင်းကောင်း' တစ်ယောက် ငန်းဖြူ ရွာသို့ ပြန်လာစမြဲ ဖြစ်သည်။ ဇနီးလုပ်သူ ‘ရှေးယု' နှင့် ကွာရှင်းဖို့ ဖြစ်၏။ ဂူဂျီယာ မြို့နယ် တရားရုံး ရောက်လျှင်ပင် ရှေးယုက စိတ်ပြောင်းသွားသည်ချည်း။ တစ်နှစ်ပြီး တစ်နှစ် သည်အတိုင်းချည်း ဖြစ်ခဲ့သည်မှာ ကြာတောင့် ကြာရှည် ရှိခဲ့လေပြီ။ တစ်နှစ် တစ်ခါ မြို့သို့ သွားသည်။ မူလ လက်ထပ်စာချုပ်ကိုယ်စီ ကိုင်ပြီး ပြန်လာကြရသည်ချည်း။

          သည်တစ်ခါတော့ ကွာရှင်း ပြတ်စဲမှုကို အထောက်အကူဖြစ်မည့် စာတစ်စောင် လင်းကောင်း ယူလာခဲ့သည်။ မူဂျီမြို့ စစ်ဆေးရုံမှ တာဝန်ရှိသူ များ၏ ထောက်ခံစာ ဖြစ်သည်။ သူက မူဂျီဆေးရုံမှ စစ်တပ်ဆရာဝန်လေ။ သည်တစ်ခေါက်တော့ ကိစ္စပြတ်လိမ့်မည်ဟု ယုံကြည်စွာဖြင့် ချစ်သူ ဆရာမကလေး “မာနာ” ကို နှစ်သိမ့်ထားခဲ့သည်။

          အရာရှိတစ်ယောက်ဖြစ်၍ တစ်နှစ်ကို ခွင့်ဆယ့်နှစ်ရက် ခံစား - ရှိသည်။ ရွာအပြန်တွင် ရထားတစ်တန် ကားတစ်တန် အသွားအပြန်ဆို နုတ်လိုက်လျှင် ငန်းဖြူးတွင် နေချိန် ဆယ်ရက်သာ ရသည်။

          သည်တစ်ခေါက် အိမ်အပြန်တွင် လာရင်းကိစ္စ ချက်ချင်း ပြတ်ရည် - မှန်းထားသော်လည်း  ́ ရွာပြန်ရောက်ပြီး ခုနှစ်ရက်ကြာသည့်တိုင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲ။ မိန်းမကို ပြောဖို့ 'စတင်ရန် ခက်ပါဘိ" ဖြစ်နေသည်။ ဘယ်လို ဖြစ်တာပါလိမ့်။ ပြောမည် လုပ်တိုင်း စကားတစ်ခွန်းမျှ ထွက်မလာ ဘဲ ဖြစ်နေသည်။

          သူတို့၏ ရွှံ့အုတ်နှင့် ဆောက်ထားသည့် အိမ်ကလေးမှာ အသက် နှစ်ဆယ်ကျော်ပြီ။ သက်ကယ်မိုး။ လေးထောင့်စပ်စပ် ပြတင်းပေါက် သုံးပေါက် ( ပါသည်။ တောင်ဘက်သို့ မျက်နှာမူထား၏။ ပြတင်းပေါက်ကျည်းပေါင်တွေကို အပြာရောင်သင်္ဘောဆေး သုတ်ထားသည်။ လင်းကမှိုတက်နေသည့် စာအုပ်တွေကို နေပူ ထုတ်လှန်းနေသည်။ ရှေးယုက စာအုပ်ကို စိတ်မဝင်စား။ ဘယ်လို ထိန်းသိမ်းရမှန်း မသိဘူးလေ။ ခုအချိန်မှာတော့ ဒီစာအုပ်တွေ လင်းအတွက် အသုံးမဝင်တော့ပေ။ ကလေးတွေကို ပေးပစ်ဖို့ စိတ်ကူး လိုက်သည်။

          ခြံထဲတွင် ကြက်တွေ တစ်ကောင်နှင့် တစ်ကောင် ရန်ဖြစ်နေသံ။ - ဘဲအော်သံတွေနှင့် ဆူညံနေသည်။ ကြက်ပေါက်စကလေးတွေက ခြံထဲတွင် လိုက်တမ်းပြေးတမ်း ကစားနေကြ၏။ အိမ်နောက်ဖေး ခြံထဲတွင် ပဲတိုင်ထောင်ပင်တွေ၊ ဘူးဖရုံ သခွာတွေ စင်ပေါ်မှာ စီရရီ၊ တွဲရရွဲ၊ မြေပေါ်တွင် စီတန်းနေသည့် ခရမ်းခင်းတွင် ခရမ်းသီးတွေ ပွတ်နေသည်။ ဆလတ်ပင်တွေ က ဖြောင့်တန်းစွာ စိမ်းစိုလျက်။

          ကြက်တွေ ဘဲတွေအပြင် ရှူးယုက ဝက်နှစ်ကောင်လည်း မွေးထား သေးသည်။ ပြီးတော့ နို့စားဆိတ်မတစ်ကောင်။ သူတို့၏ အညစ်အကြေးများက စားပင်များအတွက် မြေဩဇာ။ သည်အနံ့အသက်များကိုလည်း မခံစားနိုင်တော့ပါ။ ရှေးယု ချက်ပြုတ်နေသည့် မီးဖိုချောင်မှ အနံ့အသက်များကိုလည်း သူ သွားရည်မကျတော့ပါ။ နံဘေးအိမ်များမှ သစ်ပင်ရိပ်တွေ သူတို့ ခြံထဲသို့ အုပ်မိုးနေသည်။ အိမ်နီးနားမှ ခွေးအူသံတွေ ကြားနေရသည်။

          စာအုပ်တွေကို တစ်ဖက်သို့ လှန်ပြီးသည်နှင့် အိမ်ရှေ့ ခြံစည်းရိုး ဘက်ဆီသို့ လင်း လျှောက်လာခဲ့သည်။ ခြံစည်းရိုးက သုံးပေခန့် မြင့်သည်။ ဆူးပင်တွေကို သေသေသပ်သပ် ညှပ်ထား၏။ လင်း၏ လက်ထဲတွင်ထောင့်တွေ ကျိုးနေသည့် ရုရှားအဘိဓာန်တစ်အုပ် ပါလာသည်။ သူ အထက်တန်းကျောင်းတုန်းက ကိုင်ခဲ့သည့် စာအုပ်ဖြစ်၏။ '

          ဘာမှ လုပ်စရာမရှိသဖြင့် လင်းက ကြိတ်ဆုံပေါ် တက်ထိုင်ပြီး ၊ လက်ထဲမှ အဘိဓာန်စာအုပ်ကို လှန်လှောကြည့်လိုက်သည်။ အင်း၊ တော်တော်မှတ်မိသေးတာပဲ။ စာကြောင်း ဖွဲ့ကြည့်လို့တောင် ရနေသေးသည်။ သို့သော် သဒ္ဒါမှန်အောင် မရေးနိုင်တော့ စာအုပ်ကို ပိတ်ပြီး ပေါင်ပေါ် တင်ထားလိုက် သည်။ လေအဝှေ့တွင် စာရွက်တွေ တဖျတ်ဖျတ် လန်နေ၏။

          ဟိုးအဝေး ကွင်းပြင်ထဲတွင် အာလူးစိုက်နေသည့် ရွာသားများကို လှမ်းကြည့်လိုက်သည်။ ကိုယ့်လုပ်ငန်းနှင့်ကိုယ် ပေါက်တူး တဝင့်ဝင့်ဖြင့်။ ကွင်းတစ်ဖက်စွန်းတွင် အလံနီ ထောင်ထားသည်။ သူတို့ သည်နေ့ အရောက် သွားရမည့် ပန်းတိုင်။

          မြင်ကွင်းကို ကြည့်ပြီး ဒေါက်တာလင်း သဘောကျနေသည်။ သို့သော် စိုက်ပျိုးရေးလုပ်ငန်းကို သူ မကျွမ်းပေ။ ဆယ်တန်းရောက်ကတည်းက ရွာကို စွန့်ပြီး ဂူဂျီယာကို ရောက်ခဲ့သည် မဟုတ်လား။ အဲဒီတုန်းက သူ့အသက် 1 ဆယ့်ခြောက်နှစ်။

          လမ်းပေါ်တွင် စပါးနှံတွေ အမို့အမောက်တင်လာသည့် နွားလှည်း တစ်စီး မောင်းလာနေသည်။ လှည်းဆွဲလာသည့် နွားမတစ်ကောင်၏ နောက် ခြေထောက်တစ်ဖက်က ဆာတာတာ။ လှည်းပေါ်တွင် တင်လာသည့် စပါးနှံ တွေထဲတွင် တစ်ကိုယ်လုံး မြုပ်လုနီးပါး ထိုင်လိုက်လာသည့် မိန်းကလေး နှစ်ယောက်ကို လှမ်းမြင်လိုက်သည်။ တစ်ယောက်က သူ့သမီး ” မိန်းကလေးနှစ်ယောက် ပျော်ပျော်ပါးပါး သီချင်းဆိုလာကြသည်။ နွားလှည်း မောင်းလာသူက ခေါင်းစွပ်ဦးထုပ်နှင့် အဘိုးကြီးတစ်ယောက်၊ ပါးစပ်ထဲတွင် ဆေးတံခဲလျက်။ အထိုင် နွားထီးကြီး၏ တင်ပါးကို နှင်တံနှင့် တဖျတ်ဖျတ် ! ရိုက်ရင်း ခပ်သွက်သွက် မောင်းလာသည်။ လမ်းကြမ်းပေါ်တွင် လှည်းဖနောင့် သံသည် တဂျီးဂျီးမြည်လျက်။

          ခြံဝရောက်တော့ လှည်းထိုးရပ်သွားသည်။ ဟွာက ပြည့်ဖောင်းနေသည့် ဂုံနီအိတ်ကြီးတစ်လုံးကို တွန်းချပြီး လှည်းပေါ်မှ ခုန်ချလိုက်သည်။

          “ကျေးဇူးပဲ  ဦးလေးယန်' ဟု လှည်းသမားကြီးအား လှမ်းအော်ပြီး ဝတုတ်တုတ် သူ့အဖော် ကောင်မလေးကိုပါ တစ်ဆက်တည်း ပြောလိုက်သည်။

          “ညနေမှ တွေ့မယ်ဟေ့

          ပြီးတော့ သူ့ကိုယ်ပေါ်မှ ဂျုံနှံများကို လက်နှင့် ခါချသည်။ လှည်းသမားကြီးနှင့် ဖက်တီးမလေးက လင်းကို ပြုံးပြသည်။ ဘာမှတော့် မပြော။ လင်းက အဘိုးကြီးကို သိပ်မမှတ်မိ။ ကောင်မလေးကိုလည်း ဝါးတားတား။ ရွာဓလေ့အတိုင်း သူ့ကို ပဋိသန္ဓာရ မပြုကြကြောင်း လင်း သတိထားမိလိုက်သည်။ စစ်တပ်ယူနီဖောင်း ဝတ်ထား၍လားဟုလည်း တွေးနေသည်။

          ကြိတ်ဆုံပေါ်မှ ဆင်းပြီး သမီးလုပ်သူကို လင်း မေးလိုက်သည်။

          “ဘာအိတ်ကြီးလဲ သမီး”

          “ပိုးစာပင်တွေပါ”

          “ ပိုးကောင်တွေကို ကျွေးဖို့လား'

           'ဟုတ်ကဲ့”

          ဟွာက အဖေနှင့် စကားပြောဖို့ ရှိုးတိုးရှန့်တန့် ဖြစ်နေသည်။ အိမ်နောက်ဖေးတွင် ဧရာမ ခြင်းတောင်းကြီး သုံးလုံးဖြင့် ပိုးကောင်တွေ မွေးထားသည်။

          'အိတ်က အလေးကြီးလား”

           “ဟင့်အင်း၊ မလေးပါဘူး'

          “ပေးလေ၊ အဖေ သယ်ပေးမယ်”

          အိမ်ထဲ မဝင်ခင် တစ်စုံတစ်ရာ ပြောလေမလားဟု လင်း စောင့်နေ သည်။ သို့သော် ကလေးမက ဘာမှ ထူးထူးထွေထွေ မပြောဘဲ “ရပါတယ်” ဟု ဆိုကာ လက်နှစ်ဖက်ဖြင့် မယူပြီး အိတ်ကြီးကို ပခုံးပေါ် တင်ကာ အဖေကို မျက်လုံးရွဲကြီးများဖြင့် တစ်ချက်ကြည့်၍ အိမ်နောက်ဘက်သို့လျှောက်သွားသည်။ ဟွာ၏ လက်မောင်းတွေ နေလောင်ထားသည်ကို လင်း သတိထားလိုက်မိသည်။ သည်နှစ် အရပ် ထွက်လာသည်။ ယာထဲတွင် တပင်တပန်း အလုပ် လုပ်နိုင်နေပါပြီကော။

          အဖေ့ကို သမီး ကြည့်သည့် အကြည့်က ခပ်စိမ်းစိမ်း။ အင်း သူ့အမေနဲ့ ကွာရှင်းဖို့ လုပ်နေတာ ‘ဟ္မာ' သိနေလို့ ထင်ပါရဲ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါလေ။ သည်နှစ် သည်အကြောင်း ပြောမှ မပြောရသေးတာပဲ။ သမီး အေးစက်စက်ဖြစ်နေတာကို ကြည့်ပြီး လင်း စိတ်မသက်မသာ ဖြစ်နေသည်။ ငယ်ငယ်တုန်းကတော့ ဖအေကို ဟွာ ချစ်ခဲ့ပါသည်။ အဖေ ပြန်လာ၍ အတူတူ ကစားပြီး ပျော်နေတတ်သည်လေ။ အရွယ်ကလေး ရလာမှတဖြည်းဖြည်း အေးစက်သွားခြင်း ဖြစ်သည်။ | သူ ငါ့ကို တကယ် မုန်းနေတာလား။ လင်း စိတ်မသက်မသာဖြင့်တွေးနေသည်။ အင်းလေ၊ သူ အပျိုပေါက်ကလေး ဖြစ်နေပြီပဲ။ မကြာခင် သူ့အိမ်ထောင်နှင့် သူ ဖြစ်တော့မှာပဲ။ ငါလို အဘိုးကြီးတစ်ယောက် သူ့အတွက် မလိုအပ်တော့ပါဘူး။ F. လင်းကောင်းသည် သူ့အရွယ်နှင့်စာလျှင် အရွယ်တင်သူ ဖြစ်ပါသည်။ .

          လေးဆယ်ကျော်လာပေမယ့် လူငယ်လေး တစ်ယောက်လိုပင် ဖျတ်လတ်သွက်လက်နေဆဲ။ နှာတံစင်းစင်း၊ မျက်နှာသွယ်သွယ်နှင့် လူချောတစ်ယောက် ဖြစ်၏။ မျက်မှန်တပ်ထားသဖြင့် ခန့်ညားသည်။ ပညာတတ်တစ်ယောက်မှန်း သိသာသည်။ ဇနီးလုပ်သူ ရှေးယုက သူနှင့် တခြားစီ သေးသေးညှက်ညှက်နှင့် အဘွားကြီးအိုပေါက်စလေးနှင့် တူနေသည်။ သေးကွေး ပိန်လှီသော လက်နှစ်ဖက်က အင်္ကျီလက်မောင်းအိုးထဲတွင် ချောင်ကျယ်ကျယ် ဖြစ်နေ သည်။ အဆိုးဆုံးမှာ ရှေးယုသည် ခြေသေးမတစ်ယောက် ဖြစ်နေခြင်းပင်။ မျက်လုံးအစုံက လှသော်လည်း နှုတ်ခမ်းက ချိုင့်ဝင်နေသဖြင့် အကြည့်ရ ဆိုးနေသည်။ ဘယ်လိုပဲ ကြည့်ကြည့်၊ သူတို့လင်မယား ရှေ့သွားနောက်လိုက် မညီနိုင်ပါ။

          ညစာစားပြီးမှ လင်းက မိန်းမကို မေးရသည်။

           'တို့ ကွာရှင်းဖို့ကိစ္စ ပြောကြရအောင်လား ရှူးယု”

          ဟွာက စာကျက်ဖို့ သူငယ်ချင်းတွေနှင့် ထွက်သွားပြီ။ ဟာဘင်မြို့ ကုန်သွယ်ရေးသင်တန်းကျောင်းတက်ဖို့ ဝင်ခွင့် စာမေးပွဲဖြေရန် စာကျက် နေချိန် ဖြစ်သည်။

          “ပြောလေ"

           ထုံးစံအတိုင်း ယုက ခပ်အေးအေး ပြန်ပြောသည်။

          “မနက်ဖြန် မြို့သွားကြမလား”

          " သွားလေ”

          “အင်း ဟိုရောက်တော့ မင်း စိတ်ပြောင်းသွားဦးမှာလား၊ ဒီတစ်ခါ မင်း : တတိတည်ရမယ်နော်"

ရှေးယု ငြိမ်သွားသည်။ သူတို့လင်မယား ဘယ်တုန်းကမှ ရန်မဖြစ်ဖူးကြေး ဌေးယုက ယောက်ျားပြုသမျှ နုသည့် မိန်းမမျိုး။

          'ယုရယ်၊ မင်း သိပါတယ်ကွာ၊ ငါ တပ်ထဲမှာ အိုးနဲ့ အိမ်နဲ့ နေချင်ပြီလေ၊ တစ်ယောက်တည်း နေရတာ မလွယ်တော့ဘူး၊ ငါ့အသက် လည်း မငယ်တော့ဘူး”

" ရှုးယု ခေါင်းညိတ်သည်။ ဘာမှတော့ မပြော။

          “ဒီတစ်ခါ တရားသူကြီးမေးရင် ဟုတ်ကဲ့လို့ ပြောမယ် မဟုတ်လားဟင် "

          “ဟုတ်ကဲ့"

          အခန်းထဲတွင် တိတ်ဆိတ်သွားပြန်သည်။ လင်းကတော့ သတင်းစာ . တစ်စောင်ကို ဆက်ဖတ်ရင်း လက်ချောင်းကလေးတွေနှင့် စားပွဲထိုခေါက်နေသည်။

          ရှုးယုက သမီးအတွက် အင်္ကျီ ချုပ်နေသည်။ ကတ်ထူပြားတွေနှင့် လုပ်ထားသည့် မျက်နှာကြက်မှ တွဲလောင်းကျနေသော ၂၅ တိုင်အား မီးလုံး | ပတ်ပတ်လည်တွင် ပိုးဟပ်နှစ်ကောင် ပတ်ချာလည် ပျံသန်းနေသည်။ ထုံးသုတ်ထားသည့် နံရံတွင် တွဲလောင်းကျနေသည့် မီးကြိုးအရိပ်ထင်နေသည်။ အုတ်စီထားသည့် အိပ်ရာပေါ်တွင် နှီးချောဖျာ ခင်းထားသည်။ ဖျာပေါ်တွင် ဧရာမပေါင်မုန့်ကြီးတွေနှင့် တူသည့် ခေါင်းအုံးသုံးလုံးပေါ်တွင် ဂွမ်းကပ်နှစ်ခု ခေါက်တင်ထားသည်။ ရွာတောင်ပိုင်း ရေကန်ဆီမှ ဖားအော်သံတွေ ကြားနေရ၏။ ပုရစ်အော်သံတွေလည်း ဆူညံနေ၏။ ကုန်ထုတ်လုပ်မှု ရုံးခန်းဆီမှ ခေါင်းလောင်းထိုးသံ ထွက်လာသည်။ ဘုံရိပ်သာအဖွဲ့ဝင်များအား အစည်းအဝေးခေါ်ခြင်း ဖြစ်၏။

          ၁၉၆၂ ခုနှစ်က ရှန်ယန်းမြို့ ဆေးကျောင်းတွင် လင်း ကျောင်း တက်ခဲ့စဉ်က သူ့အသက်မှာ နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသည်။ နွေရာသီ တစ်ရက်တွင် အဖေ့ထံမှ စာရောက်လာသည်။ အမေ နေမကောင်းကြောင်း၊ သူက ဘုံရိပ်သာပိုင် လယ်ထဲတွင် အချိန်ပြည့် အလုပ် လုပ်နေရသဖြင့် အိမ်ကို ပြန်မကြည့်နိုင်ကြောင်းများ ရေးထားသည်။ အဖေက လင်းကို အိမ်ထောင် ချပေးချင်နေပြီ။ မိန်းမကို ပြုစုဖို့ ချွေးမ မရှိလျှင် မဖြစ်တော့သည့် အခြေ အနေသို့ ရောက်နေပြီ။ နောက်ဆုံးတွင် ချွေးမရှာပေးဖို့ အဖေ့ကို လင်း သဘောတူလိုက်ရတော့သည်။ ။

          ရွာလူကြီးတွေက လီယပ်စ်မိသားစုမှ အကြီးဆုံးသမီးနှင့် စေ့စပ်ပေး ကြသည်။ လိုကူးဘက်မှ ငန်းဖြူရွာသို့ ပြောင်းလာသည့် မိသားစုဖြစ်သည်။ သတို့သားက ကျောင်းပြီးလျှင် ဆရာဝန်ဖြစ်မည့်သူ၊ အရာရှိဖြစ်မည့် သူမို့ ( သတို့သမီး၏ မိဘများက တင်တောင်းဖို့ ဥစ္စာပစ္စည်း ငွေကြေးတစ်စုံတစ်ရာ မတောင်းဆိုခဲ့ပေ။ လင်း၏ မိဘတွေက ရှေးယု၏ အဖြူ အမည်း ဓာတ်ပုံ တစ်ပုံ လင်းဆီ ပို့ပေးလိုက်ကြသည်။ ရိုးရိုး တောသူကလေး တစ်ယောက် ဖြစ်၍ လင်းက သဘောတူလိုက်သည်။ ထိုစဉ်က ရှေးယု၏ အသက် နှစ်ဆယ့်ခြောက်နှစ်။ လင်းထက် တစ်နှစ်ငယ်သည်။

          ထိုနှစ် ဆောင်းတွင်းတွင် လင်း ရွာပြန်လာသည်။ သည်တော့မှ ဇနီးလောင်းကို လူကိုယ်တိုင် မြင်ဖူးခြင်းဖြစ်သည်။ လင်း စိတ်ပျက်သွားသည်။ရှုးယုသည် အသက်လေးဆယ်အရွယ် မိန်းမတစ်ယောက်နှင့် တူနေသည်။ မျက်နှာတွင် အရေးအကြောင်းတွေ ပေါ်နေပြီ။ အဆိုးဆုံးကတော့သူ့ခြေထောက်တွေ၊ ခြေထောက်ကလေးတွေမှာ လေးလက်မသာ ရှိသည်။ အဖေနှင့် အမေ့ကို စေ့စပ်ထားတာ ဖျက်ပေးဖို့ လင်း ပြောပါသေးသည်။ သည်မိန်းကလေးကို ဘယ်လိုမှ လင်း လက်မခံနိုင်ပါ။ သို့သော် ရွာဓလေ့အရ ဖျက်လို့ မရတော့ပြီ။ ။

          အဖေက မျက်နှာထားတင်းတင်းနှင့် ဆိုသည်။ “ရုပ်ချောတာထက် အိမ်အတွက် အသုံးဝင်ဖို့ ပိုအရေးကြီးတယ်” အမေကလည်း နားချသည်။ “

          ဒါလောက် စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မိန်းကလေးမျိုး မင်း ဘယ်မှာမှ မရနိုင်ဘူး သား၊ သား သဘောတူမယ်ဆိုရင် အမေ သေပျော်ပါပြီကွယ်”

          အားလုံး စီစဉ်ထားပြီးဖြစ်၍ လင်း လက်လျှော့လိုက်ရသည်။ သို့သော် မိမိ အလုပ် လုပ်နေသည့် စစ်ဆေးရုံကို ခေါ်သွားဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် လက်ထပ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကြာသည့်တိုင် ယောက်ျား အလုပ် လုပ်နေ သည့်မြို့ကို ရှေးယု မရောက်ဖူးခဲ့ပေ။

          သမီးလေး ဟွာကို မွေးပြီးနောက် ဆယ့်ခုနစ်နှစ်ရှိပြီ။ သူတို့ လင်မယားလို မနေကြတော့ပေ။ ရွာကို ပြန်လာသည့်အခါ တစ်အိပ်ရာစီ အိပ်သည်။ အချစ်မပါဘဲ အိမ်ထောင်ပြုခဲ့ရခြင်းဖြစ်၍ လင်းက မိန်းမကို ချစ်လို့ မရနိုင်ပါ။ မုန်းလည်း မမုန်းခဲ့ပါ။ နှမတစ်ယောက်လို ဆက်ဆံခဲ့သည်။

          ခုတော့ လင်း၏ မိဘတွေ ဆုံးရှာကြပြီ။ ဟ္မာတစ်ယောက်လည်း အလယ်တန်းအောင်သဖြင့် ကုန်သွယ်ရေးသင်တန်းကျောင်း တက်ဖို့ ပြင်နေပြီ။ လင်း၏ စိတ်ထဲတွင် သူတို့သားအမိသည် သူတို့ဘာသာ သီးခြား ဖြစ်နေပြီး သူ၏ အထောက်အပံ့ မလိုတော့သလို ဖြစ်နေသည် ထင်၏။ သည်တော့ ဘဝတစ်ခုစပြီး တစ်အိုးတစ်အိမ် ထူထောင်သင့်ပြီပေါ့။ မည်သို့ဖြစ်စေ ရင်ခုန်စရာမရှိသည့် သည်အိမ်ထောင်မှ ရုန်းထွက်ဖို့ အချိန်တန်ပြီ။

          နောက်တစ်နေ့ မနက်တွင် ကျေးရွာဘုံရိပ်သာပိုင် ဆန်စက်အတွက် ဒို့တက်ပြီး မော်တာတစ်လုံးဝယ်မည့် လယ်ထွန်စက် ကြုံသဖြင့် သူတို့ လင်မယား ဂူဂျီယာသို့ လိုက်လာခဲ့ကြသည်။ ရှေးယု၏ မောင် ဟင်နှုန်းပါ လိုက်လာသည်။ သုံးယောက်သား လယ်ထွန်စက် ဝက်တွဲပေါ်တွင် ထိုင်လိုက်လာကြသည်။ ဘင်နှုန်းက ကျေးရွာ ကုန်ထုတ်လုပ်မှုတပ်ရင်းမှထွန်စက်ဆရာက တရားရုံးများတွင် သူတို့ကို ချပေးသည်။ နယ်မြို့ တရားရုံးလေးဖြစ်၍ လင်ကွာ မယားကွာကိစ္စ နည်းပါးလှသည်။

          ရောက်လာလျှင် တရားသူကြီးက ကွာရှင်းဖို့ထက် ပြန်ပေါင်းထုပ်ဖို့ တရားဟောလေ့ ရှိ၏၊ တရားသူကြီးမှာ ရဲဝတ်စုံဝတ်ထားပြီး အသက် ငါးဆယ်ဝန်းကျင် ဖြစ်သည်။ သူတို့နှစ်ယောက်ကို မြင်တော့ မျက်မှောင် တုတ်ပြီး ခေါင်းယမ်းကာ “အင်း... လာကြပြန်ပြီ" ဟု တီးတိုး ရေရွတ်သည်။ ခပ်လှမ်းလှမ်းမှ ရဲမေတစ်ယောက်ကို မှတ်တမ်းရေးဖို့ လှမ်းခေါ်သည်။ အားလုံး နေရာယူပြီး ထိုင်လိုက်ကြစဉ် လင်းက ယူလာသည့် ထောက်ခံစာ ပေးဖို့ တရားသူကြီးဆီ လျှောက်သွားသည်။

          တရားရုံး လုပ်ထုံး လုပ်နည်းများကို ဆောင်ရွက် ပြီးစီးသည့်အခါ တရားသူကြီးက လင်းအား အမှုအကြောင်း ပြောခိုင်းသည်။

          လင်း စကားစသည်။

          “ တရားသူကြီးမင်း ခင်ဗျား၊ ကျွန်တော်တို့နှစ်ယောက်ကြားမှ ချစ်ခြင်း မေတ္တာတို့၊ တပ်မက်မှုတို့ ဆိုတာတွေ မရှိတော့ပါဘူး၊ ကျွန်တော်တို့ လင်မယား အတူမနေတာလည်း ဆယ့်ခုနှစ်နှစ် ရှိပါပြီ၊ အဲဒီကာလ တစ်လျှောက်လုံး ကျွန်တော်ဟာ ဇနီးမယားအပေါ်ကို တာဝန်ကျေ..."

          တရားသူကြီးက လင်းစကားကို ဖြတ်ပြီး “ကဲ တိုတိုပြောကြရအောင်၊ ခင်ဗျားက နှစ်ဦးသဘောတူ ကွာရှင်းခွင့် လျှောက်ထားခြင်းလို့ ရေးထားတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ ထောက်ခံစာက ခင်ဗျားတစ်ယောက်တည်းအတွက် ရေးထားတာ၊ ခင်ဗျားမိန်းမဘက်ကရော ကွာရှင်းခွင့် လျှောက်ထားမှာလား”

          “အဲဒီလို မဟုတ်ပါဘူး ခင်ဗျာ၊ ကျွန်တော့်ဘက်က လျှောက်ထားတာပါ "

          ဒီအမှုကို တရားသူကြီးက အလွတ်ရနေပြီး၊ မူဂျီဆေးရုံတွင် ဒေါက်တာ လင်းကောင်း ချစ်သူရှိနေပြီ ဖြစ်ကြောင်းလည်း သိထားပြီး ဖြစ်၏။ ထို့ကြောင့် ဘာမှ ဆက်မမေးတော့ဘဲ ယုဘက်သို့ လှည့်လိုက်သည်။

          “မင်းယောက်ျား ပြောသွားတာတွေက အမှန်ပဲလား' ရှူးယု ခေါင်းညိတ်ပြီး တိုးတိုးလေး ဖြေသည်။ "

           “ဟုတ်ကဲ့"

          “မင်းတို့လင်မယား အတူ မနေတာ ဆယ့်ခုနစ်နှစ် ရှိပြီဆိုတာ ဟုတ်သလား”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)