Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

တက်ဘုန်းကြီးသခင်သိန်းဖေ - လက်ငင်းတို့တာဝန်

Regular price 500 MMK
Regular price Sale price 500 MMK
Sale Sold out
လက်ငင်းတို့တာဝန်
(၁၉၄၀ ခု)

          တက်ဘုန်းကြီး သခင်သိန်းဖေအမည်နဲ့ ဆရာသိန်းဖေ မြင့် ရေးသားတဲ့စာအုပ်ဖြစ်ပါတယ်။ အသင်းသားတွေကို အလကားဝေငှပြီး အပြင်လူ ၂ ပြားနဲ့ ရောင်းချပါတယ်။

          “စိတ်တွင်ရိုးတိုးရွတဖြစ်အောင်၊ လူတစ်စုက ဆိုင်းတီး ပေးသောကြောင့် ကြားရသူ လူတစ်စုသည် ဆိုင်းရှေ့သို့လာ ရောက်၍ ကကြကုန်၏။ ဘာပြီး ဘာက၊ ဘယ်လိုကပြီးလျှင် ဘယ်လိုဆို၊ ဘယ်ဇာတ် ဘယ်သို့ စီကာပတ်ကုံးပြဟူ၍ သွန် သင်ညွှန်ပြမည့်သူတို့ကားမရှိသဖြင့်ပြောက်သောက်ထင်သလို က,ကြလေ၏။ အားလုံး မကြာမီ က,ရင်း၊ ကရင်း မောကြ၊ လက်ပန်းကျကြကုန်၏။ ဇာတ်ကွက် အရည်မလည်၊ အဆုံး မသတ်ဘဲရပ်လိုက်ရလေ၏။ ယနေ့လက်ရှိနိုင်ငံရေးကိုစဉ်းစားကြည့်လိုက်လျှင် ကြားရသူတို့ထ၍ ကလိုက်ချင်အောင် တီးနိုင် သူ ခေါင်းဆောင်ကား များပေ၏။ဇာတ်ကွက်အရေလည်လည် နှင့် အဆုံးကောင်းအောင် က,နိုင်၊ ပြနိုင်ရန် စီစဉ်ပေးနိုင်သည့် ခေါင်းဆောင်ကား ရှားလှသည်”ဆိုတဲ့ ဦးညာဏရဲ့ စာလေးနဲ့ စတင်ရေးသားတယ်။

          လယ်သမားတွေလယ်မြေကိုသပိတ်မှောက်ပြီး လိုလား ချက်တွေ တောင်းဆိုဖို့ မြို့ကို ချီတက်လာကြတယ်။ အလုပ် သမားတွေလည်း အလုပ်ခွင်ကိုသပိတ်မှောက်ပြီး တောင်းဆိုနေ ကြတယ်။ ရေနံမြေသပိတ်ဆိုရင် မိုင်လေးရာကျော်ခြေလျင်ချီ တက်လာပြီး ရန်ကုန်မြို့ကို ရောက်နေပြီ။ ကျောင်းသားတွေ လည်း သပိတ်မှောက်ပြီး သူတို့တောင်းဆိုချက် မရရအောင် လုပ်ငန်းတွေ လုပ်နေကြတယ်။ အဲဒီအရေးတွေဘယ်လိုအဆုံး သတ်မလဲ...။ အဆုံးတစ်နေ့မှာတောင်ထိပ်ရောက်မည်လော...။ ချောက်ထဲကျမည်လော...။

          အဲဒီဖြစ်ရပ်တွေဟာဓနရှင်ကြီးတွေနဲ့ ဓနရှင်ကြီးတွေကို ကာကွယ်ပေးထားတဲ့ကိုလိုနီအစိုးရကြောင့် ဖြစ်ပေါ်ရတာဖြစ် တယ်။ ဒီတော့ဓနရှင်ဝါဒနဲ့ ကိုလိုနီအစိုးရကိုတိုက်ဖျက်တော် လှန်နိုင်မှ အဲဒီအရေးကိစ္စတွေ ငြိမ်းအေးဖွယ်ရာ ဖြစ်သွားပေလိမ့် မယ်။ အဘယ်ပုံအဘယ်နည်း တော်လှန်တိုက်ဖျက်ကြမလဲ..။ ဓနရှင်ဇာဘုရင်စနစ်ကိုတော်လှန်ခဲ့တဲ့ လီနင်၊ စတာလင်တို့ရဲ့ အတွေ့အကြုံတွေ သိရှိနေဖို့လိုတယ်။ မြန်မာနိုင်ငံနဲ့ လူဦးရေ တူညီတဲ့အီဂျစ်ပြည် အင်္ဂလိပ်လက်အောက်မှလွတ်မြောက်လာ တဲ့အရေးကို သိရှိနေဖို့ လိုအပ်တယ်။

          ဒါပြင့် ဓနရှင်၊ ကိုလိုနီနယ်ချဲ့ကို တော်လှန်တိုက်ဖျက်ပြီး ဘယ်စနစ်နဲ့ နိုင်ငံကို ထူထောင်ကြမလဲဆိုတာလည်း လေ့လာဆန်းစစ်ထားဖို့ လိုတယ်။ မာ့က်စ်ရဲ့ ဘုံဝါဒသဘော တရားတွေကိုနားလည်ကျေညက်အောင်လေ့လာထားကြရမယ်။ လီနင်ရဲ့ အလုပ်သဘောလုပ်ဆောင်ချက်တွေကို လေ့လာမှတ် သားကြဖို့ လိုအပ်တယ်။

          ဒီတော့နိုင်ငံရေးသမားတွေရဲ့ လက်ငင်းလုပ်ကိုင်ကြရ မယ့်တာဝန်တွေကတော့ “စာဖတ်ဖို့ပင် ဖြစ်၏။ စာဖတ်သူပါ များအောင် တိုက်တွန်းဖို့ဖြစ်၏။ စာဖတ်သည်ဆိုရာ၌ သာမန် အမြန်ဖတ်သွားသည်ကို မဆိုလို။ စာကို လေ့လာဆည်းပူးမှုကို ဆိုလိုသည်။ စာဖတ်သည်ကို ထမင်းစားသည်နှင့် နှိုင်းရမည်။ ထမင်းစား၍ အစာမကြေလျှင် လူကို ဥပါဒ်ရောက်စေသည်။ စာကို ကျေလည်အောင် မဖတ်တတ်လျှင် အစာမကြေသူနှင့် အတူတူပင်ဖြစ်ပါသည်။ အစာစားရာ၌လည်း အားဖြစ်စေသည်။ Vitaminသြဇာဓာတ်များသောအစာကိုစားမှ အရေးရောက် သကဲ့သို့ စာဖတ်သောအခါ၌လည်း ဓနရှင်စနစ်ကို ဖျက်နိုင် သော စာကိုဖတ်မှ ငါတို့ အရေးတော်ပုံ အောင်မည်ဖြစ်၏။

          စာဖတ်ရုံနှင့်မပြီးသေး ဖတ်ပြီး ကြံကြ၊ ကြံပြီး ဆွေးနွေး ကြ၊ ဝိုင်းဖွဲ့၍ စာအုပ်ပါ အကြောင်းများကို ဆွေးနွေးခြင်းသည် အကြံဉာဏ်ပွားပြီး တစ်ယောက်နှင့်တစ်ယောက် အထင်လွဲမှု ပျောက်၍ ရဲဘော်ချင်း ခင်စိတ်မင်စိတ် ပေါက်လာမည်။ ဤ လက်ငင်းတို့တာဝန်ကို ဆောင်ရွက်ပြီး အဓိကလုပ်ငန်းကြီးကို ငါတို့သည် အပြီးအပြတ်လုပ်ကြကုန်အံ့သတည်း”လို့ တင်ပြ ရေးသားထားပါတယ်။