Skip to product information
1 of 4

Other Websites

တင်နိုင်တိုး - ပုဂံရွှေပြည်မှသူရဲကောင်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန

ညွှန်ကြားရေးမှူး၏ အမှာစာ 

တင်နိုင်တိုးသည် သမိုင်းစာအုပ်များကို ရေးသား ပြုစုနေသူ သမိုင်းသုတေသီတစ်ဦးဖြစ်၏။ သူက လူသိ နည်းသော သမိုင်းအကြောင်းအရာများ၊ မှတ်တမ်းမှတ်ရာများကို ရှာဖွေကာသုတေသနပြုဖော်ထုတ်နေသူလည်း ဖြစ်သည်။ ယခုလည်း ပုဂံခေတ် သူရဲကောင်းလေးဦးအကြောင်းကို အခြေခံ ၍ မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် စာတစ်အုပ် ရေးသားပြုစုထားသည်။ ။

ပုဂံခေတ်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူသော သူရဲကောင်းလေးဦး ပေါ်ပေါက်ခဲ့ဖူးကြောင်း မြန်မာရာဇဝင်ကျမ်းများက ဆိုကြသည်။ သို့သော် ယင်း သူရဲကောင်း လေးဦးထဲတွင် ၌ ဘုရင်ဖြစ်လာသူ ကျန်စစ်သား အကြောင်းကိုသာ သမိုင်းအထောက်အထား အခိုင်အမာဖြင့်ဖော်ပြနိုင်ကြ၏။ ကျန်စစ်သားအမည်ကိုပင် ကျောက်စာများ၌ ထီးလိုင်မင်းဟူ၍သာ တွေ့ရှိရသည်။ ကျန်သူရဲကောင်းသုံးဦး၏ အမည်များကိုမူ အထောက်အထား မတွေ့ရပေ။ သို့ကြောင့်

လည်း ပုဂံသူရဲကောင်းများဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ်၊ညောင်ဦးဖီးတို့သည် ဒဏ္ဍာရီပုံပြင်သဖွယ် ဖြစ်နေခဲ့ပါသည်။

ပုဂံခေတ်သူရဲကောင်းတို့၏ အမည်များကို ဦးကုလား ၏ မဟာရာဇဝင်တော်ကြီး၌ စတင်တွေ့ရှိရပြီးနောက် ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက် (၂၂) စက်တင်ဘာ ၁၈၇၅ ခုနှစ်တွင် ဆရာတော်ရှင်နန္ဒိယပြုစုပြီးစီးခဲ့သည့် ဝံသမေဒပကာသနီကျမ်း (ဒုတိယတွဲ) အလောင်းစည်သူမင်း - အကြောင်း၌ ငထွေရူးမြေး ရတနာပုံမိဖုရားဟု ဖော်ပြထား

သည်ကို တွေ့ရှိရသည်း ရတနာပုံမိဖုရားအမည်ကို (၂၂) ဧပြီ၊ ၁၁၄ဝ ခုနှစ်ထိုး ပုဂံတိုင်းချွတ်ဘုရားကျောက်စာ၌လည်း “စည်သူ မင်းကြီး၏ မိဖုရားရတနာပုံ တိုင်းချွတ်တွင် ဂူဘုရား ၍..“ စသဖြင့် ရေးထိုးထားပေရာ ပုံပြင်ဒဏ္ဍာရီများ နောက်တွင် သမိုင်းဖြစ်ရပ်မှန်အချို့ ကိန်းအောင်းနေဟန်ရှိ နေပေသည်။

အလားတူ ညောင်ဦးဖီး၏ အဆက်အနွယ်များ အကြောင်းကိုလည်း ကုန်းဘောင်ခေတ် ပုရပိုက်မှ မှတ်တမ်း တစ်စောင်၌ တွေ့ရှိရပြန်သည်။ ယင်းမှတ်တမ်းမှာ မင်းတုန်းမင်း လက်ထက်အဆောင်တော်မြဲနေမျိုးနန္ဒကျော်ထင် ပြုစုသည့် “မှန်ရှည်တပ် ဆွေတော်စည်" မှတ်တမ်းဖြစ်၏။ ယင်းပုရပိုက် တွင် နရပတိစည်သူမင်း၏ မိဖုရားတောင်ပြင်သည် အနော်ရထာ မင်းစောလက်ထက် သူရဲကောင်းညောင်အုပ်ဖီး (ညောင်ဦးဖီး) ၎င်းသား ဗိုလ်သူကြီး၊ ၎င်းသား ဝိစွေး၊၎င်းသမီး၊ (ညောင်ဦးဖီးမြစ်)ဖြစ်ပြီး သားသုံးယောက်မြင်မှ ထင်ရှားကြောင်း ရာဇဝင် တို့တွင်ဆိုသည်” ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိ၏။

တင်နိုင်တိုးက ပုဂံသူရဲကောင်းလေးဦးကို အတွေးသစ် အမြင်သစ်ဖြင့် ရေးသားထားရာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှ ပါသည်။

ကျော်ငြိမ်း

ညွှန်ကြားရေးမှူး 

တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန

 

အနော်ရထာမင်းနန်းတက်ပြီး (၁၃) နှစ်အကြာ မြန်မာ သက္ကရာဇ် (၄၅) ခု တွင်ပင် အနော်ရထာ မင်းမြတ်ကိုယ်တိုင် ဦးဆောင်လျက် သုဝဏ္ဏဘူမိသို့ စစ်ချီလေတော့၏။ ဘုရင် မင်းမြတ်နှင့်အတူ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်နှင့်ညောင်ဦးဖီးအမည်ရှိ သူရဲကောင်းလေးဦးတို့ လိုက်ပါကြသည်။ ကျန်စစ်သားသည် နှလုံးကွန့်ခေါင်အမည်ရှိ မြင်းကြီးကို လည်းကောင်း၊ ငထွေရူးသည် နှလုံးလျင်တိုင်း ဟူသော အမည် ရှိ မြင်းကြီးကိုလည်းကောင်း၊ ငလုံးလက်ဖယ်သည် လေမိုး ယဉ်ခေါင်အမည်ရှိ မြင်းကြီးကိုလည်းကောင်း၊ ညောင်ဦးဖီးသည် နှလုံးအတုမရှိဟူသော မြင်းကြီးကိုလည်းကောင်း စီးနင်း၍ လိုက်ပါကြ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)