Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

တင်ထွေး - မိုးမြင့်မြင့်ထွား

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

          လိုအပ်သည်ဟု ယုံကြည်သဖြင့် ဤအမှာစာကို ရေး သားခြင်းပြုရပါသည်။

        တကယ်တော့ ဤဝတ္ထုနှင့်ပတ်သက်၍ ကျွန်တော့် အနေဖြင့် ရှင်းလင်းတင်ပြစရာ အချက်အနည်းငယ် ရှိနေ ပါသည်။

          “မိုးမြင့်မြင့်ထွား’ ကို ကျွန်တော်သည် ၁၉၅၆ ခုနှစ် ကတည်းက ရေးသားပြီးစီးခဲ့သည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် စာအုပ်တစ်အုပ်အနေနှင့် မထွက်ပေါ်နိုင် ခဲ့ဘဲ ယခုမှသာ စာအုပ်တစ်အုပ်အနေနှင့် ထွက်ပေါ်လာနိုင် လေတော့ပြီ...။

          ထို့ကြောင့် ဟိုတုန်းက ရေးခဲ့သော “မိုးမြင့်မြင့် ထွား” သည် ယခုအခြေအနေတို့နှင့် ဆက်စပ် ထင်ဟပ် ချင်မှ ထင်ဟပ်ပေမည်။ ကွဲလွဲချက်များ ရှိကောင်းရှိမည်။ ဥပမာ၊ ၁၉၅၆ ခုနှစ်ဆီက ရန်ကုန်တက္ကသိုလ်ဝယ် ကျင့်သုံးခဲ့သော အခမဲ့ပညာရေးစနစ်နှင့်ပတ်သက်၍ ဝေဖန်ရေး သားခဲ့သည်။ တက္ကသိုလ်ပညာရေးသည် ထိုအခမဲ့စနစ်ကြောင့် ထိခိုက်၊ ချွတ်ချော်၊ နိမ့်ပါးခြင်းများ ဖြစ်ခဲ့ရသည်ဟု အပြစ်တင်ခဲ့သည်။ ယခုမူ အထက်တန်းများအထိသာ အခမဲ့ပညာရေးစနစ် ကျင့်သုံးပြီး တက္ကသိုလ်များနှင့် ကောလိပ်များတွင် ထိုအခမဲ့ပညာရေးစနစ်သည် မရှိ တော့...။

          ထိုအခါ စာဖတ်သူတို့၏ စိတ်ထဲတွင် အခြေအနေ ချင်း မဟပ်မိ၍ စနိုးစနောင့် ဖြစ်သွားမည်ကို စိုးရိမ်လာမိ သည်။ သို့သော် “မိုးမြင့်မြင့်သွား” နှင့်ပတ်သက်၍ ကျွန်တော့်တွင် အဓိကဖြစ်သော ရည်ရွယ်ချက် စေတနာ တစ်ရပ် ရှိထားသည်။ ထို့ကြောင့်လည်း ယခုမှ စာအုပ် အဖြစ် ထုတ်ဝေရသော “မိုးမြင့်မြင့်ထွား” ကို ကြိုက်သလို ပြန်လည်ပြင်ဆင်ရေး နိုင်ပါလျက် ကျွန်တော်က ပြုပြင်ခြင်း မလုပ်တော့ဘဲ “လွှတ်” လိုက်ခြင်း ဖြစ်သည်။

         တကယ်တော့ တစ်ခါက ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားလှုပ်ရှားမှုဖြစ်ရပ်များကို မှတ်တမ်းတင်ခြင်း ပြုလိုသည်။ အတိတ်မှ ပန်းချီကားတစ်ချပ်ကို ထင်းခနဲ တင်ပြလိုသော ဆန္ဒရှိသည်။

        ထို့အပြင် “မိုးမြင့်မြင့် ” နှင့်ပတ်သက်၍ ဝန်ခံ လိုချက်တစ်ခုမှာလည်း ရှိနေသေးသည်။

        ၁၉၅၆ ခု တစ်ဝိုက်ဆီတွင် မာလာဆောင်၌ ဒီအက်စ် အိုမလေး မခင်ချို (အချို) နှင့် မန္တလေးဆောင်တွင် တပ်ဦး ခေါင်းဆောင် ကိုကိုလတ်တို့ ရှိခဲ့ပါသည်ဟု တစ်စုံတစ်ယောက်က ဆိုလာလျှင် မတော်တဆ တိုက်ဆိုင်မှုကြောင့်သာ ဖြစ်ပါသည်ဟု ရိုးသားစွာ ဝန်ခံခြင်းပြုပါ သည်။

          စင်စစ်မူ ကျင်လည် ကျက်စားခဲ့ရသော ပတ်ဝန်းကျင် ကို တစေ့တစောင်း ” ကြည့်ခဲ့ခြင်းမျှသာ ဖြစ်ပါသည်။

တင်ထွေး

၆-၇-၆၃