Skip to product information
1 of 6

Other Websites

တင်စိန်(ဆေး၁) - တွေးမိတွေးရာအပိုင်း(၄)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အငယ်တွေကို

ကိုယ့်စကား နားထောင်စေချင်ရင်

 

အဆို အက မော်ဒယ်လ် သရုပ်ဆောင်တွေက အရမ်းလန်း တယ် အစ်ကိုရယ်…...

ညီမလေးလည်း သူတို့လို ဖြစ်ချင်လိုက်တာ၊ ဘယ်ဟာ လုပ် ရင် ကောင်းမလဲ အစ်ကို ….

ညီမလေး ဘဝမှာ ညီမလေးက အရေးကြီးဆုံးလူဆိုတော့ ညီမလေး ဘာလုပ်ချင် လုပ်ချင်၊ လုပ်ချင်တာကို အစ်ကို ကြိုက် တာ၊ မကြိုက်တာ ဘေးချိတ်ပြီးအားပေးမယ်လေ။ အဲဒါတွေ နည်းနည်းစီ တတ်ထားရင်လည်း ချက်ချင်းလူသိများပြီး ကိုယ်အလုပ်လုပ်တဲ့နေရာမှာ တော်တော်အသုံးတည့်တော့ဝါသနာအရသင်ထားမယ်

ဆိုရင်လည်း ကောင်းပါတယ်၊ ညီမလေး ဘာလုပ်ချင်လဲ ပြော ၁၀ အစ်ကိုကိုယ်တိုင် လိုက်ပို့ပေးပြီး ညီမလေးနဲ့ အဖော်လုပ်ပြီး လိုက်ဆို လိုက်ကပေးမယ်လေ။ အစ်ကိုလိုက်မလုပ်နိုင်တာမျိုးဖြစ်ခဲ့ရင်တော့ ဘေးကမတ်တပ်

ရပ်ပြီး အားပေးနေမယ်လေ။ ညီမလေးက ထင်ပေါ်ကျော်ကြားအောင်မြင် ချင်တာဆိုတော့ သူများထက်သာပြီး ထူးချွန်ဖို့လိုမှာ သေချာပါ တယ်။

ဒီတော့ ညီမလေး ဘာနဲ့ ထူးချွန်နိုင်မလဲဆိုတာ အရင် ကြည့်ရအောင်။

 

ပထမဆုံး မေးချင်တာက

ညီမလေး အဆို အက သရုပ်ဆောင်ထဲမှာ ဘယ်ဟာ ပါရမီ ပါသလဲ။

ညီမလေးကိုယ်တိုင် သိသလား ဒါမှမဟုတ် ညီမလေး မိဘ တွေက ညီမလေး ငယ်ငယ်တုန်းက ဘာလုပ်တာ ထူးခြားပြီး ထူးချွန်တယ်လို့ ပြောဖူးသလဲ။

ကြိုးစားတာချင်းတူရင် ပါရမီရှင်တွေက ပိုထူးချွန်တတ်ပါ တယ်။ ဒါ့အပြင် ဘာလုပ်ရင် အကျိုးပေးသလဲဆိုတာရော သတိ ထားမိသလား။ လူတစ်ယောက်စီရဲ့ ကြိုးစားနိုင်တာချင်းက အရမ်းကြီး မကွာတတ်တော့ ကိုယ် ပါရမီပါတာနဲ့ အကျိုးပေး လေးတွေကို ရွေးပြီး ကြိုးစားမိရင် ခရီးပိုရောက်တာပေါ့။

 

ဒုတိယ မေးချင်တာက

ဘယ်အရာကို မအိပ်မစားဘဲ နေနိုင်လောက်အောင် တစ်စိုက် မတ်မတ် ကြိုးစားလုပ်နိုင်သလဲ။ အောင်မြင်ဖို့အတွက် ကာယကံ ရှင်က လုပ်လို့ရတဲ့ အရေးကြီးဆုံးအချက်က ဒီအချက်ပါပဲ။ အက ကတာမျိုး၊ အထူးသဖြင့် လူငယ်တွေကြား ခေတ်စားတဲ့ hip hop တို့လိုအကမျိုးက အရမ်းပင်ပန်းပါတယ်။ တကယ်ရူးသွပ် crazy ဖြစ်မှ ထူးချွန်မှာပါ။

 

တတိယ မေးချင်တာက

ညီမလေး လုပ်ချင်တာကို လုပ်ဖို့ ကျန်းမာဖို့လိုတော့ အခု ညီမလေး လုပ်ချင်တဲ့အထဲက ညီမလေးနဲ့ ဘယ်ဟာက အသင့် တော်ဆုံး ဖြစ်မလဲ။ ဥပမာ အက က ပင်ပန်းပါတယ်။ တော်တော် ကျန်းမာမှ ကလို့ရတာပါ။

 

 

 

 

နောက်ဆုံးအချက်က

အချိန်နဲ့ငွေကြေးပါ။ ဘယ်ဟာကိုလုပ်ဖို့အချိန်နဲ့ငွေကြေးအကုန်ခံနိုင်လဲ?ညီမလေးပြောတာ

တွေက ရေရှည်လုပ်ရမှာဆိုတော့ အချိန်ပေးနိုင်ဖို့နဲ့ ငွေကြေးအကုန်အကျ တတ်နိုင်ဖို့ လိုလာ ပါတယ်။ အဆင့်တစ်ခုအထိတတ်မြောက်လာရင်အဲဒီအတတ်ပညာနဲ့ငွေပြန်ရှာလို့ရပေမဲ့ဘဝတစ်ခုရပ်တည်နိုင်

အောင်မရတတ်တာကြောင့် တခြားအသက်မွေးဝမ်းကြောင်း အလုပ် တစ်ခု တွဲလုပ်ဖို့ လိုတတ်ပါတယ်။ ရန်ကုန်

မှာ ကားကျပ်ပုံက ဝါသနာတစ်ခုကို အောင်မြင်အောင် အားထုတ်ဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အိမ်နီးမှ လုပ်လို့ ရမှာပါ။ နောက်တစ်ခုက ဝါသနာပါတာကို ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့လဲပြီး အားထုတ်ရ မှာပါ။

ကဲ ... ဘာလုပ်မလဲ ရွေးပြီးရင် ဘယ်နေရာမှာ သင်လို့ ရသလဲ ပြောကြည့်မယ်လေ။

 

အဆို

တကယ်စနစ်တကျသင်ပြီး နိုင်ငံတကာ ချပြဖို့ အဆင့်မျိုး လောက်မှန်းရင် အိမ်မှာ ရေချိုးရင်း သီချင်းညည်းသလောက် ကာရာအိုကေမှာ ဆိုနိုင်သလောက်က အဆင်မပြေပါဘူး။ စနစ် တကျသင်ဖို့ လိုပါတယ်။ အသံ အနိမ့်အမြင့် သူ့ကီးနဲ့ သူ့အသံ တိုင်ပင်မှန်မှန်ဆိုနိုင်ဖို့က ကိုယ်တိုင်လေ့လာလို့ရပေမဲ့ ဆရာရှိရင်တော့ ပိုမြန်ပါတယ်။ ရန်ကုန်မှာတော့ အစိုးရကဖွင့်တဲ့ ယဉ်ကျေးမှုတက္ကသိုလ်က အကောင်းဆုံးပါ။ ပုဂ္ဂလိက သင်တန်း ထဲမှာတော့ ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းက ဂီတမိတ်သင်တန်းက အကောင်းဆုံးနဲ့ အကြီးဆုံးပါ။ အဲဒီသင်တန်းကို အမေရိကန် တစ်ယောက်က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဂီတမျိုးစေ့ ချခဲ့တာပါ။ အခုမှ မြန်မာနိုင်ငံက ဆရာတွေက ဦးစီးပြီး အဆို အက အတီးမျိုးစုံ စနစ်တကျ သင်ကြားပေးနေပြီး သင်တန်းကြေး လည်း မများပါဘူး။ ဒါ့အပြင် နိုင်ငံတကာက အနုပညာရှင်များက မကြာမကြာလာပြီး ယဉ်ကျေးမှုဖလှယ်တာ၊ သင်တန်းပို့ချတာ၊ အတူပူးတွဲ ဖျော်ဖြေတာ လုပ်တတ်တာကြောင့် နိုင်ငံတကာ ဗဟုသုတလည်း ရနိုင်ပါတယ်။ တကယ်လို့ သင်ကြားတတ်မြောက်ပြီး တကယ်လက်တွေ့ဆိုချင်ရင်တော့ သူတို့မှာ အဆက် အသွယ်ရှိပါတယ်။ စားသောက်ဆိုင်ပွဲတွေမှာ စနစ်တကျ သေချာ ဆိုတာဆိုရင် ဂီတမိတ်သင်တန်းထွက်လို့ ပြောလို့ရအောင်ပါပဲ။

အဆိုတော်လုပ်မယ်ဆိုရင်တော့ အဆိုပြိုင်ပွဲဝင်ပြီး အနိုင်ရဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အောင်မြင်တဲ့အဆိုတော် ဖြစ်လာသူအားလုံးနီးပါးဟာ အဆိုပြိုင်ပွဲမှာ အနိုင်ရသူတွေ ဖြစ် နေပါတယ်။ ဥပမာ နီနီခင်ဇော်၊ အောင်ထက် စသည်တို့ပါ။ အရင်ကလို ငွေရှိလို့ ကိုယ်တိုင်ဆို ကိုယ်တိုင်ထုတ်ပြီး အောင်မြင် သွားတဲ့အဆိုတော်တော့ မရှိတော့ပါဘူး။ လက်ရှိအောင်မြင်သွား တဲ့ အဆိုတော်အများစုရဲ့ဝင်ငွေကေ သီချင်းခွေထုတ်လို့ မဟုတ်ဘဲ ပွဲနဲ့ ကြော်ငြာပေါ် အဓိက မူတည်နေလို့ပါ။

 

အက

အခုနှစ်နောက်ပိုင်းမှာ မြန်မာအကအပြင် ခေတ်ပေါ်အက Hip hop, Latin dance စတာတွေ ခေတ်စားလာပါတယ်။ အထူး သဖြင့် ကြော်ငြာတို့၊ တေးဂီတဖျော်ဖြေပွဲတို့မှာ နောက်ခံက ပေးတာတို့ကို နိုင်ငံခြားအကတစ်မျိုးမျိုးနဲ့ တင်ဆက်လာတာ က ဖက်ရှင်လို ဖြစ်နေပါပြီ။ အထူးသဖြင့် hip hop ပါ။ ဒါကြောင့် hip hop ကနိုင်တဲ့သူက လူငယ်တွေကြားမှာ လူရာဝင် ခေတ်မီ တယ်လို့ ပြောရမှာပါ။ hip hop အကသင်ချင်ရင် ကန်တော်လေး ၉၃ လမ်းက Life & Dance Dance School ရှိပါတယ်။ သူက လက်ရှိ မြန်မာပြည်မှာ အအောင်မြင်ဆုံး သင်တန်းပါ။ ပွဲတွေမှာ အများဆုံးကရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ သင်တန်းကြေးလည်း မများသလို သင်တန်းတက်ပြီး ပွဲလိုက်ကချင်လည်း စီစဉ်ပေး တတ်ပါတယ်။

 

မော်ဒယ်လ်

မော်ဒယ်လ်ကတော့ တင်မိုးလွင်ရဲ့ Talent International Model & Talent Agency ရှိပါတယ်။ သူတို့မှာသင်တန်းမျိုးစုံရှိပါတယ်။မော်ဒယ်သင်တန်တွေအပြင်personalgroomingဘယ်လိုဝတ်စားနေထိုင်ရသလဲဆိုတာ သင်ပေးတဲ့ သင်တန်းတွေလည်း ရှိပါတယ်။ အဲဒါက တော်တော်အရေးကြီးပါတယ်။ လူတွေမှာ ငွေရှိပြီး လေရှိဖို့ လိုပါတယ်။ မြန်မာ့ ထုတ်ကုန် တော်တော်များများက အတွင်းက ပစ္စည်းအရည်အသွေးကောင်း ပေမဲ့ ထုပ်ပိုးပစ္စည်း packing မကောင်းလို့ ကမ္ဘာ့ ဈေးကွက်မှာမရောင်းရတာလို့ပြေကြပါတယ်။Gloomulosusil Talents & Models Agency က လူတစ်ယောက်ကို packing ကောင်းကောင်းနဲ့ ထုတ်ပေး

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)