တင့်တယ် - ဝထ္ထုတို ၅ ပုဒ်
အရေးကြီးတာကလားရှင်... ကိုယ်ခန္ဓာ အကောင်ပုပ်ဆိုတာကို ကျွန်မ တရားထိုင်တာ ကြာပြီဖြစ်တဲ့အတွက် တရားပေါက်ခါနီးနေလို့ သိပြီး ဖြစ်ပါသည်။ တရားသဘောတွေပေါက်လွန်းလို့ အုပ်ဘေဂါပီတိတွေ ဘာတွေကို အများကြီးခံစားခဲ့ဖူးပြီပေါ့ရှင်... ဒါကြောင့် ကတော်စုံ ညီလာခံပျော်ပွဲ စားဖို့ တောရတစ်ခုမှာ ရက်ချိန်းရှိတဲ့အတွက် ဗိုလ်ချုပ် ဈေးသို့ လုံချည်တစ်ထည်ဝယ်ရန် ကိုကိုကားနှင့်ရောက်ခဲ့ပါသည်။
ဆိုင်ရှင်များကလည်း အတော်ပင်ဖော်ရွေကြပါသည်။ ကိုအား ဆိုင်ရှင်ကုလားကြီးက တစ်အူထုံဆင်း ညီအစ်ကိုအရင်းမက ခင်မင်ပါ သည်။ “ဝန်မင်းပါရဲ့ လား”ဆိုတာကို အထပ်ထပ်မေးပါသည်။ ကျွန်မ အား လက်ဖက်ရည်တွေဘာတွေမှာပြီး တိုက်ပါသေးသည်။ (ဒု) ညွှန် ကြားရေးဝန်ကတော်လေးမို့ပေါ့ ရှင့်... (ပ) ညွှန်ကြားရေးဝန် ကတော် ကြီးသာဆိုရင် ကိတ်မုန့်ရော ဘာရောစားရမှာသေချာပါသည်။ နိုင်ငံ ခြားသားတွေဟာ ကျွန်မတို့လွတ်လပ်သော မြန်မာများကို ယခင်က ထက် လေးစားရမှန်းသိ၍လာသည်မှာ လိုင်စင်ခေတ် ကောင်းကတည်း ကဖြစ်ပါသည်။ ထို့ကြောင့် “ကမ္ဘာမှာဗမာဟေ့” လို့ နိုင်လွန်လက်ပြတ် ဝတ်ထားသဖြင့် အတွင်းသားအဝင်းသားပေါ်နေတဲ့ လက်ရုံးပျော့ဖတ် ဖတ် ဝတုတ်တုတ်ကိုဆန့်တန်းပြီး ခပ်ကြမ်းကြမ်းကလေးပဲ ကြွေးကြော် လိုက်ချင်ပါတော့တယ်ရှင့် ..။ အဲ... အဲ... လုံချည်ဝယ်ပြီးတော့ကာ ရုံးဆင်းချိန်လည်း နီးနေတာနဲ့ ကျွန်မကိုအိမ်အရောက် ကားနဲ့တစ် ခေါက် အပိုပြန်အပို့မခိုင်းတော့ဘဲ ကိုကိုရုံးသို့ လိုက်သွားပါ၏။ ဤ အကြိမ်သည် ပထမဦးဆုံးအကြိမ် သူ့ရုံးခန်းသို့လိုက်သွားခြင်း ဖြစ်ပါ သည်။
ပထမတော့ ကျွန်မကားပေါ်က စောင့်နေပါသည်။ ခဏကြာ တော့ ပျင်းလာပါ၏။ ထို့ကြောင့် တစ်ခါမျှမရောက်ဖူးသေးသော ရွှေကိုယ်တော်၏ရုံးခန်းကို ရောက်ဖူးအောင် မြင်ဖူးအောင် တွေ့ ဖူးအောင် ကားဒရိုင်ဘာကိုလမ်းပြခိုင်းပြီး ကိုယ်တော့်အခန်းကို လိုက်သွားမိပါ ၏။
ကျွန်မရဲ့ ကိုကို လင်တော်မောင် ကိုတင်မြင့်၏ အခန်းမှာ အဝေးက မြင်နေရသည်ပင် အတော်စမတ်ကျပါ၏။ ဆင်နားရွက်တံခါးနှင့် ... တံခါးပြင်ဘက်တွင် ခွေးခြေနှင့်၊ ခွေးခြေပေါ်တွင် ကောင်ကလေး တစ်ယောက်(မင်းဒလင်ဆိုလား မယ်ဒလင်ဆိုလား)နှင့်.. ပြီးတော့.. ဖိုင်တွဲတွေကိုင်ကာ ဝင်လိုက်ထွက်လိုက်နေကြသော စာရေး စာချီများ နှင့် ပြီးတော့လည်း တိန်တိန်နဲ့မြည်တဲ့ ခေါင်းလောင်းသံနှင့် စမတ်ကို ဂွမ်နေပါတော့သည်ရှင့်၊ အဟဲဟဲ... ပျော်စရာ ဂုဏ်ယူစရာကောင်း လိုက်ပါဘိ၏ရှင့်။
ကိုကို့အခန်းဆီကို ကျွန်မလျှောက်လာခဲ့တော့ စာရေးစာချီများနှင့် တူသော စားပွဲကိုယ်စီ ကုလားထိုင်ကိုယ်စီနှင့် လူများက တိတ်တိတ် ခိုးကြည့်ကြပါသည်။ ကျွန်မမှာ အသက် ၂၄ နှစ်သာရှိသေးပြီး သား သမီးမမွေးလေတော့ အဟီး... အဲလေကြည့်ကြတာပေါ့ရှင်... ပိုးတွန့် လုံချည်များဟာ တယ်ပြီးအသုံးဝင်သနော်... စကတ်ချုပ်ရိုးကလေး တွေဖူးဖူးကြွကြွနေစေချင်ရင် ပိုးတွန့်လုံချည်ဝတ်ကြပါရှင့် ဗိုလ်ချုပ်ဈေး က ဘိုင်ကြီးက ကြော်ငြာခိုင်းလို့ ကြော်ငြာပေးရပါသည်ရှင့်။
မျက်လုံးနီကြောင်ကြောင်တွေ ပင်လယ်ဝေနေတဲ့အကြားက ခါးကလေးတနွဲ့နွဲ့ ကျွန်မလျှောက်လာတော့ တချို့က မသိမသာပြုံးကြ တယ်လေ၊ ခွာမြင့်ဖိနပ်ဘယ်နှရန်များ ကျွန်မလျှောက်တဲ့လမ်းအတိုင်း ကိုကို့ရုံးခန်းကိုလျှောက်ပြီး ဆင်နားရွက်တံခါးက ဝင်သွားခဲ့ဖူးလေ သလဲ၊
ဒါကြောင့်များ ဒင်းတို့တစ်တွေ ပြုံးကြတာဖြစ်မှာပဲ... လို့ ရင်ထဲ မှာ ထွေးခနဲ ပူလောလောအတွေးတစ်ခု ပေါ်လာပါ၏။ မင်းဒလင်ကလေးက ဆင်နားရွက်တံခါးကို တွန်းပြီးဖွင့်ပေးပါ၏။ တံခါးကိုဖွင့် လည်း ဖွင့်လိုက်ကရော ....
“အမတ်မင်းခင်ဗျာ နိုးနိုး နေဦး... အဲ.. အမတ်မင်း ဦးဖိုးကြာ ခင်ဗျား.. ပေးပို့လိုက်သော မေတ္တာရပ်ခံစာအရ.. ကျွန်တော်များလည်း အဲ-အဲ လည်းကိုဖျက် ကျွန်တော်များဌာနမှ တွံတေးသို့ အမတ်မင်းတို့ စဉ့်အိုးလုပ်ငန်း လေ့လာရန်နှင့် မြေသားပထဝီ သုတေသန အဏုမြူ လုပ်ငန်း ဟိုက်ဒရိုဂျင်ဗုံးလုပ်ငန်းများ စူးစမ်းရန်သွားဖို့ တောင်းဆိုသော မော်တော်ယာဉ်ကို စီစဉ်ပေးလိုလှပါသည်။ သို့သော် အဲ... သို့သော် ဘာတဲ့ပြန်ဖတ်စမ်း အင်း... အင်း... သို့သော် ယခုအခါ၌ မော်တော် ယာဉ်ပြင်သောဌာနတွင် တင်၍ထားရသောယာဉ်စင်းရေမှာ အဟွတ်.. အဟွတ် ဟော... ဟော.. လာ.. လာ.. ခင် ဘယ်နှယ့်မလာစဖူး...” ဟူသောအသံများကို ကြားရပါ၏။
လက်စသတ်တော့ ကျွန်မလင်တော်မောင် ကိုကိုတင်မြင့်မှာ လက်ရေးတို စာရေးမတစ်ဦးအား စာတစ်စောင်ကို ပါးစပ်မှ ရွတ်ပေးနေ ပါသည်။ ကျွန်မကို မြင်လိုက်သောအခါ၌ အူယားဖားယားထိုင်ရာမှ ထ၍ပြေးလာပါသည်။ ချစ်ထာ ချစ်ထား...
ဒါပေမဲ့ ကျွန်မ၏စိတ်ထဲတွင် ထင့်ခနဲဖြစ်သွားပါ၏။ အဘယ် ကြောင့်ဆိုသော်... သူ ပါးစပ်ကပြောသမျှကို ပဲတီပင်ပေါက်များဖြင့် လိုက်၍မှတ်နေသော ကောင်မလေးမှာ အသက် ၁၈ နှစ်အရွယ်လောက် ရှိပါပြီ။ ၁၈ နှစ်ရုံမျှဖြင့်ဆိုလျှင် ကိစ္စမရှိပါ။ နှုတ်ခမ်းကလေးကွဲပြီး အသားကလေးမည်းမည်းနှင့် ကျောက်ပေါက်မကလေးသက်သက် ရှိကာ ပိန်ကပ်ကပ်ကလေးဆိုလျှင် တော်ပါသေးသည်။ ခုတော့ လှ သည်.. လှသည်... ဪ.. လှပ်လှနိုင်ရက်တော့သည်လို့ ဆိုသော သီချင်းထဲကလို ကောင်မလေးကသိပ်လှပါ၏။ မျက်တောင်ကော့ကြီး