Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

တင့်တယ် - ရွှေချစ်ငွေချစ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

          ကြမ်းတမ်းလှသော လေဝဲကြီးများကို တွေ့တိုင်း ဖြုန်းခနဲ နိမ့်ကျသွားလိုက်၊ ဘေးသို့ စောင်းသွားလိုက်၊ ပြန်၍ တည့် မတ်လာလိုက်၊ အပေါ်သို့ ထိုးတက်လိုက်ဖြင့် အတော်ပင် အသွားအလာ မူပျက်လာခဲ့လေ၏။ သို့တိုင်အောင် တက်မ ကိုင်လျက်ရှိသော လေတပ်ဗိုလ်ကြီးမှာ ဣန္ဒြေမပျက်လှဘဲ ခပ်အေးအေးပင် မောင်းနှင်နေလေရာ မာလာဆန်းဒါးမှာ ရင်တဖိုဖိုနှင့် လေတပ်ဗိုလ်ကြီး၏ အမူအရာကိုကြည့်ကာ အားတင်းနေရလေ၏။

          ဤသို့ မသက်မသာ ပျံသန်းလာရခိုက်တွင် လေယာဉ် ပျံသည် ကြီးမားသော လေဝဲကြီးတစ်ခုအတွင်းသို့ ထိုးဝင် သွားရာသို့ ထိုးဝင်သွားမိသည်နှင့် တစ်ပြိုင်နက် ဖြုန်းခနဲ နိမ့် အကျတွင် လေယာဉ်ပျံစက်ခေါင်းမှ ဝုန်းခနဲ မီးထ၍တောက် လေတော့၏။ ဓာတ်ဆီများနှင့် စက်ဆီများသည် လေယာဉ် ပျံဦးပိုင်းထဲသို့ ပန်း၍ဝင်လာလေရာ လေတပ်ဗိုလ် ကြီးမှာ ချက်ချင်း မီးလုံးကြီးသဖွယ်ဖြစ်၍ သွားလေတော့၏။ မီးလောင်ခြင်းဒဏ်ကို ခံ၍နေရာမှ လေတပ်ဗိုလ်ကြီးသည် သွေး ရူးသွေးတန်းဖြင့် ခါးနှင့် ထိုင်ခုံကို ပူးတွဲ၍ ပတ်ထား သော ထိုင်ခုံခါးပတ်ကို အယောင်ယောင်အမှားမှား ဖြုတ်နေ ရာတွင် ဖြုတ်၍မရလေလေ ရုန်းကန်လေလေ မီးရှိန်ပြင်းလေ လေဖြင့် ငရဲခံနေရသူပမာ လျှပ်တစ်ပြက်မျှ အချိန်အတွင်း တွင် မြင်ရလေရာ မာလာဆန်းဒါးမှာ မကြည့်ရက်တော့သည့် အတွက်တစ်ကြောင်း၊ ကိုယ်တိုင်မှာလည်း မီးကူးလုဆဲဆဲ ဖြစ်နေ၍လည်းကောင်း၊ တက်မကိုင်သူမရှိ၍ ဘေးသို့ လေ ယာဉ်ပျံ စောင်းထိုးအသွားတွင် လဟာပြင်ထဲသို့ ကြောက်အားလန့်အားနှင့် အရမ်းခုန်၍ ချလိုက်မိလေတော့၏။ ထို နောက်တွင်မူ မာလာဆန်းဒါးသည် ရင်ထဲ၌ ဆို့တက်လာ၍ကျောရိုးတစ်လျှောက်၌ စိမ့်ခနဲအေးကျင်၍သွားပုံ၊ ရင်ဘတ် ဆီ၌ရှိသော လေထီးချက်ကြိုးကိုဆွဲ၍ ဖြုတ်လိုက်မိပုံ၊ လေ ထီးခွသိုင်းကြိုးများ တင်းခနဲ ဖြစ်သွားပုံတို့ကို ရေးရေးမျှသာ သိလိုက်ရပြီးနောက် အိပ်ပျော်သကဲ့သို့ တဖြည်းဖြည်း သတိ လွတ်ကင်းသွားရှာလေတော့၏။

          ပျံ့ပျံ့ကလေးမျှသာ တသင်းသင်းမွှေးထုံနေသော ရနံ့ ကလေးတစ်ခုသည် မာလာ၏ နှာညွန့်သို့ လာ၍ခိုက်နေလေ၏။ သနားစဖွယ် ဖွဲ့နွဲ့ တွန်ကျူး၍နေသော ငှက်ငယ် တစ်ကောင်၏ တေးသံကလေးတစ်ခုကိုလည်း ခပ်ဝေးဝေးမှ မပီတစ်ချက် ပီတစ်ချက်ဖြင့် ကြားရတစ်ခါ မကြားရတစ်ခါ သဲ့သဲ့မျှ ကြားရလေ၏။ သူ၏လက်မောင်းတွင် ခပ်နွေးနွေး ကလေးဖြစ်နေသည်ကိုလည်း မာလာ၏ အသိဉာဏ်တွင် ဝိုးတိုးဝါးတားမျှသာ ပေါ်၍နေလေ၏။ ဤသည်တို့မှာ အလွန်တရာ လေးလံနေသော မျက်ခွံများကို ပင့်တင်၍ မျက် လုံးကို မဖွင့်နိုင်မီ ရှေးဦးစွာ မထင်မရှားမျှ မာလာ ခံစားရ သော အာရုံများဖြစ်၏။

          သို့ခံစားနေရင်း မိမိ လေယာဉ်ပေါ်မှ ခုန်ချလိုက်ရပုံမှာ မာလာ၏ အသိဉာဏ်တွင် ရေးရေးကလေးမျှ ပေါ်၍ လာ လေ၏။ ဤတွင်မှ မိမိ၏ အဖြစ်ကို သတိကောင်းစွာမူမိ တော့ကာ “ဪ... ငါတော့ လေယာဉ်ပျံပျက်ကျပြီး ပင်လယ်ထဲမှာ ရေနစ်သေလို့ ဘဝကူးခဲ့ပြီးတော့ ကောင်းကင်ဘုံသို့ ရောက်နေပြီထင်ပါရဲ့” ဟု ရုတ်တရက် တွေးလိုက်မိလေ ၏။

          ပြီးမှ မာလာသည် သူ့မျက်ခွံများကို အနိုင်နိုင်ဖွင့်၍ ကြည့်လိုက်ရာ ရှေးဦးစွာ ဖြူဖြူအရာတစ်ခုကို ဝိုးတိုးဝါးတား မျှ မြင်လိုက်ရလေ၏။ မျက်လုံးကို ပြန်၍ မှိတ်ပြီးမှ နောက် တစ်ကြိမ်အားယူ၍ သေချာစွာ ကြည့်လိုက်သည်တွင် သူမြင် ရသော ဖြူဖြူအရာဝတ္ထုမှာ ဖြူဖွေးသော ဇာခြင်ထောင် အမိုး ဖြစ်၍နေသည်ကို တွေ့ရလေ၏။ ထို့နောက် ဘေးဘက်သို့ မျက်လုံးကို အသာစောင်းငဲ့၍ ကြည့်လိုက်သည်တွင်မူ ဖျော့ တော့သော နေရောင်ခြည်တန်းကလေးတစ်ခုသည် ဇာခြင်ထောင်ကို ဖောက်ထွင်း၍ ဝင်ရောက်လာပြီးလျှင် သူ၏ လက်မောင်းပေါ်သို့ ခပ်နွေးနွေးကလေး သက်ဆင်းကျရောက် နေသည်ကို တွေ့ရလေ၏။ ဤတွင်မှ “ဟင်... ငါ ဘယ်ကို များရောက်နေပါလိမ့်၊ ကောင်းကင်ဘုံဆိုရင်လည်း ပန်းမွေ့ရာ ပေါ်မှာ လဲလျောင်းပြီးတော့ ပီတိအရသာကို ခံစားနေရ သတဲ့။ ခုတော့-ခုတော့” စသည်ဖြင့် တွေးကာ ဘေးပတ် ပတ်လည်ကို စောင်းငဲ့၍ ကြည့်လိုက်မိပြန်ရာ မာလာသည် မိမိကိုယ်မှာ သန့်ရှင်းဖြူဖွေးသော ဇာခြင်ထောင် တစ်လုံးထဲ သို့ ရောက်နေ၍ မိမိ၏ ကိုယ်ပေါ်တွင်လည်း သိုးမွေးစောင် အဖြူပါးပါးတစ်ခုကို လွှမ်းခြုံ၍ ပေးထားသည်ကို တွေ့ရ လေ၏။ မိမိ၏ ရင်ဘတ်ပေါ်တွင်လည်း လက်ကိုင်ပဝါဖြူ တစ်ထည်ကို ထောင့်တစ်ထောင့်တွင် အလုံးကလေး တစ်ခု ထုံးထား၍ ထိုအထုံးကလေးမှ အိုဒီကလုံး ရေမွှေးနံ့ကလေး