Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

တင့်တယ် - မေတ္တာအသင်္ချေ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
အခန်း (၁)
ရွက်နုချိန်

          သူသည် အလှပြင်စားပွဲတွင်မှီ၍ ရင်ချီလိုက်ပြီးလျှင် နံရံတွင် ကပ်၍ ထားသော ရွှေပေါင်ကွပ်မှန်ကလေးမှ သူ့ကိုယ်သူကြည့်လိုက်လေသည်။ သူ့ရုပ်ရည်ကို အဘယ်မျှပင် ကြိမ်ဖန်များစွာ အကဲခတ်သော်လည်း ကိုယ့်၏ ရုပ်ရည်လက္ခဏာကြန်အင်မှ ထူးခြားသမျှတို့ကို စုံစီစွာမြင်နိုင်ဖို့ ခက်ခဲကြောင်းကို သူသည် တွေးတောကာ စိတ်ထဲ၌ ခပ်ဆန်းဆန်းဖြစ်၍နေပေ သည်။ သို့သော် နှာတံကလေးမှာ သေးသွယ်ဖြောင့်တန်း၍ ခပ်တိုတိုရှိ၏။ ဤနှာတံကလေးသည်သာလျှင် မှန်ထဲတွင် ကြည့်လိုက်တိုင်း မပြောင်းလွဲဘဲ နေသရောင်ထင်၏။ အခြားသော ရုပ်လက္ခဏာတို့မှာကား စိတ်ပြောင်းသည်နှင့်အမျှ လိုက်၍ပြောင်းလွဲနေသည်ကို ယခုမှပင် သတိထားမိပေ သည်။ သို့သော် အထက်နှုတ်ခမ်းကလေးမှာ ပါးလွှာ၍ ကော့ပြန်နေပေသည်။

          အောက်နှုတ်ခမ်းမှာကား ပြောင်းအိ၍ မြင်ရသူစွဲမက်စဖွယ် ဖြစ်နေပေသည်။ မဟာနဖူးမှ သွယ်ကျ၍နေသော ဆံခွေတစ်ခွေကို ဘီးနှင့်ပြီးလိုက်၏။ ထို ဆံယဉ်ခွေမှာ အဝါရောင်ပြေး၍နေပေသည်။ သို့သော် သူ၏ပခုံးပတ်လည် တွင်ဖွာ၍ကျနေသော ကျန်ဆံနွယ်ခွေအချို့မှာကား ညိုမှောင်သောအရောင်ရှိတင့်တယ် ပေသည်။ သူ့မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်၍ ပြာညိုညိုရှိ၏။ ကြည်လင် ၍ စူးရှကာ အရောင်တောက်ပြောင်လျက်ရှိကြပေသည်။ သူ့မျက်လုံးများ ကြည့်ပုံမှာရွှင်ပျ၍နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ယနေ့အဖို့၌ ဝမ်းသာနေသောကြောင့်ဖြစ်ပေသည်။

          သူသည် စိတ်ထဲက မလုံမလဲဖြစ်လာသဖြင့် ကြည့်မှန်၏လက်ယာ ထောင့်ဆီသို့ မျက်လုံးကစားလိုက်၏။ ဤတွင်မှ သူ့အား သေသေချာချာ အကဲခတ်နေသော ၁၅ နှစ်ရွယ် ညီမဖြစ်သူ အယ်နီ၏အရိပ်ကို မြင်လိုက်မိ ပေသည်။

          အယ်နီသည် လှမ်း၍ကြည့်နေရာက သူ့အစ်မဖြစ်သူ မေရီအား မျက်တောင်ဖွင့်လျက် မမဟာ အင်မတန် အရှက်အကြောက်ကြီးတယ်လို့ မေမေကတော့ ပြောတာပဲ။ ဒါပေမဲ့ ဝတ်စားထားပုံကတော့ ရင်သားမပေါ် လွန်းဘူးလား ... ဟု စူးရှသော အသံဖြင့် ပြောလိုက်လေသည်။

          မေရီသည် အာဖရိကတိုက်မှလာသော ပိုးထည်ဖြင့် ချုပ်လုပ်ထား သည့် သူ့ဂါဝန်ကို စေ့စေ့စပ်စပ့်၍ ကြည့်လိုက်မိပေသည်။ ထိုဂါဝန်မှာ သူကိုယ်တိုင် ပုံစံထုတ်၍ ချုပ်လုပ်ထားသော ဂါဝန်ဖြစ်၏။ ဂါဝန်လည်ပင်း မှာ ပခုံးစွန်းအထိ လျှော့ချထားပေသည်။ အင်္ကျီလက်မောင်းအိုးမှာ ခပ်ပွပွ ကလေးဖြစ်၏။ သူ့ကိုမြင်သူတိုင်းက မိန်းမချော မိန်းမလှတစ်ယောက်ဟု ပြောလေ့မရှိ၊ သို့သော် ရုပ်ကောင်းသည်ဟူ၍ကား အမြဲချီးမွမ်းခံခဲ့ရပေသည်။ သူ၏ အထူးခြားဆုံးသော အလှကြန်အင်္ဂါများမှာကား လက်မောင်းများနှင့် ပခုံးသားများပင်ဖြစ်လေသည်။ သူ၏ရင်သားမှာ လုံးဝန်းပြောင်းအိ၍ ထိရက် စရာမရှိအောင် လှပပေသည်။ ရင်ညွန့်တွင်လည်း ညှပ်ရိုးမပေါ်အောင် ပေါ်နိုင်သောချိုင့်များမရှိ။ ပြည့်ဖြိုးသော အသားမှာ ဝင်းဝါ၍နေ၏။ ထို့ကြောင့်ပင် လက်စင်တန်တစ်မြို့လုံး၌ အလှဆုံးရင်ညွန့်ပိုင်ရှင်ကလေးဟု သူ့အား လူတိုင်းက ချီးကျူးခြင်းခံခဲ့ရပေသည်။

          မှန်ထဲက ကြည့်လိုက်ပြန်ရာ သူ့ညီမ အယ်နီသည် သူ၏ရင်သိမ်း ဘော်လီကို မကျေမချမ်း စမ်းသပ်ကြည့်ရှုနေသည်ကို မြင်ရပေသည်။

          မေရီသည် ညီမအား ပြုံး၍ကြည့်လိုက်ကာ မျက်တောင်ဖွင့်လျက် သိပ်ပြီးတော့ အပျိုဖြစ်ချင်မနေစမ်းနဲ့ ညီမရဲ့ ။ တစ်နေ့ကျတော့ ငါ့ညီမရင်သားတွေဟာလည်း ထွက်ပြီးတော့ လှလာမှာပါ” ဟု ပြောလိုက်လေ သည်။

          အယ်နီက အခုညတော့ စွဲအောင်သာ ကြိုးစားပေတော့ မမ မေရီရေ။ မေမေကတော့ ခုညမှ မမမေရီ မစွန်ရင် ဘယ်တော့မှ စွန်မှာမဟုတ်ဘူးလို့ ပြောနေလေရဲ့ ။ အခုည ကျင်နီကခေါ်ရင် အဆိုမခံရအောင် ကြိုးစားပေတော့ ဟု လှမ်းပြောလိုက်လေသည်။

          မေရီသည် အယ်နီ၏ ခနဲ့စကားကြောင့် ချာခနဲလှည့်၍ ကြည့် လိုက်ရင်း မေမေက ဒီစကားမျိုးကို ပြောမယ်မဟုတ်ပါဘူး အယ်နီရဲ့ ဟု ပြန်၍ပြောလိုက်လေသည်။

          မေရီ အသံမှာ ခပ်တိုးတိုးဖြစ်၏။ သို့သော်လည်း တင်းမာ၍နေ သည်။ သူ၏ပါးများတွင် ရှက်သွေးများ တက်လာသဖြင့် နီမြန်းနေ၏။ ထို့နောက် မေရီက ဆက်လက်၍ ပို၍တိုးတိတ်သောအသံဖြင့် ငါ့ညီမ နားကြားလွဲလို့ဖြစ်ပါလိမ့်မယ်ကွယ်။ မေမေက အခုညလုပ်မယ့် ညစာစားပွဲမှာ ငါ့သမီးကလေး စုံလိမ့်မယ်လို့ ပြောတာဖြစ်ပါလိမ့်မယ်ဟု ပြောလိုက်လေ သည်။

          ငါ့ ညီမကြိုက်သလိုပဲ ထားလိုက်ပါတော့ကွယ်။

          စွဲမယ်လို့ ထင်ရတာနဲ့ ရွံဖို့မျှော်လင့်ရတယ်ဆိုတာနဲ့ အတူတူပဲ မဟုတ်ဘူးလား မမရဲ့ ဟု အယ်နီက ခပ်ထေ့ထေ့ မေးလိုက်လေ၏။

          မေရီသည် နောက်ဖေးဘက်ပန်းဥယျာဉ်နှင့် မြင်းရထားရုံကို ရပ်၍ မြင်သာသည့် ပြတင်းပေါက်သို့လျှောက်၍ လာခဲ့ပေသည်။ ပန်းဥယျာဉ်မှ နေ၍ မြက်ခင်းလည်း ပါးလျားစွာပြေဆင်းသွားပြီးလျှင် တောင်ကုန်းကလေး ၏ အောက်ခြေရှိစမ်းချောင်းသို့ တိုင်အောင်ပြန်ဆင်းသွား၍ နေပေသည်။ အနောက်ဘက်ကောင်းကင်သို့ လှမ်းမျှော်၍ ကြည့်လိုက်သောအခါ ဆည်းဆာ ရောင်တောက်၍နေ၏။ မြို့တည်ရာ ကြက်လျှာစွန်းသဏ္ဌာန်ရှိသော ဆက်ဟွန်း မြစ်ငယ်၏ အထက်ဆီ၌ကား ကောင်းကင်ဘက်တွင် ခရမ်းရောင်သန်း၍ နေလေသည်။

          မေရီသည် သူ့အကြောင်းကို သူပြန်၍ တွေးနေမိလေသည်။ သူ့မှာ မိခင်ရင်းနှင့်နေရသည်မဟုတ်၊ မိထွေးဖြစ်သူ ဘက်ဆီးဟန်ဖရီး(စ်)နှင့် နေရသူ ဖြစ်လေသည်။ သူ့မိထွေးအား မေမေဟု ခေါ်ရသည်။ မိထွေးဖြစ်သူကို မေမေဟုခေါ်ရခြင်းမှာ အောင့်သက်သက်နိုင်လှပေသည်။

          မေရီသည် သူတို့ညီအစ်မ ၄ ယောက် တစ်ဦးနှင့်တစ်ဦး အစစအရာ ရာ ကွဲခြားပုံကို တွေးတောနေမိပြန်လေသည်။ သူ့အစ်မ အကြီးဆုံးမှာ အယ်လီဇဘက်ဖြစ်၏။ ယခုအခါ အိမ်ထောင်ကျ၍ အိမ်လီးနိုအစ္စနဲ(လ်) စဖရင်းဖီး(လ်)မြို့တွင် နေထိုင်လျက်ရှိပေသည်။ အယ်လီဇဘက်သည် မိခင် နှင့်အလွန်တူ၏။ ခင်မင်တတ်၏။ အမြဲတစေ တပြုံးပြုံးနှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်လေသည်။ အက်လီဇဘက် ၇ နှစ်သမီးအရွယ်က မိခင်ဖြစ်သူ အနိစ္စရောက်ခဲ့သည်။ အသက်အရွယ် အလွန်ငယ်သေးသည့်တိုင် အောင် အယ်လီဇဘက်သည် ညီမငယ်များအား မိခင်ကြီးတစ်ဦးသဖွယ် ယုယစွာ ပိုက်ထွေးထိန်းသိမ်းခဲ့၏။ မေရီ၏ ဒုတိယအစ်မမှာကား ဖရန်စစ်(စ်) ဖြစ်၍ စဖရင်းဖီး(လ်)မြို့တွင် အယ်လီဇဘက်နှင့်အတူနေထိုင်လျက်ရှိပေသည်။ ဖရန်စစ်(စ်)သည် အလွန်ဣန္ဒြေကြီးနှင့် မျက်နှာထားတင်းမာ၏။ အလွန် လျှို့ဝှက်တတ်၏။ စိတ်ထဲ၌ တစ်ခုခုဖြစ်လျှင် မျက်နှာ၌မဖုံးနိုင်၊ မကွယ်နိုင် ပေါ်လွင်၍လာတတ်သောကြောင့် မေရီနှင့် လုံးဝတူသူမဟုတ်ပေ။

          မေရီသည် သူ့ညီမ အယ်နီ၏အကြောင်းကို တွေးမိပြန်၏။ အယ်နီ သည် မိမိနှင့်အတူ မိထွေးအိမ်တွင် နေထိုင်ရလျက်ရှိ၏။ အယ်နီသည် စကားတစ်လုံးလျှင် အထအနကောက်၍ ပြီးနိုင်တော့သောသူ မဟုတ်ပေ။

          အပြင်ဘက်ကျသော အခန်းမကြီးထဲတွင် နှေးကွေးစွာသွားလာနေ သည့်ခြေသံတစ်ခုကို ကြားရလေသည်။ ခြေသံသည် တံခါးပေါက်အနီးသို့ တဖြည်းဖြည်းလျှောက်သွားပြီး မာမီဆယ်လီသည် တံခါးကို ဖွင့်လိုက်လေ သည်။ မာမီဆယ်လီသည် ပုံပျက်လောက်အောင် ဝဖြိုး၍နေသော မိန်းမကြီး တစ်ယောက်ဖြစ်ပေသည်။ မဟာနဖူးကြီးကျယ်သည်နှင့်အမျှ ဆံပင်များကို နောက်ဘက်သို့ သိမ်းဆွဲစုရုံးကာ ထုံး၍ထားပေသည်။ မာမီဆယ်လီသည် အောက်သွားများ အပြည့်အစုံရှိသော်လည်း အပေါ်သွားများမရှိပေ၊ မာမီ ဆယ်လီသည် မေရီနှင့်တကွ ညီမအားလုံးတို့ကို မွေးကတည်းက ထိန်းသိမ်း စောင့်ရှောက်၍ ချီပိုးယုယလာခဲ့ရသောသူ ဖြစ်လေသည်။ စင်စစ်တွင် မာမီ ဆယ်လီသည် မေရီတို့သာမကသေး မေရီတို့၏မိခင်ကိုပင် စောင့်ရှောက်လာခဲ့ရသောသူပင် ဖြစ်လေသည်။ မေရီတို့၏မိခင်အမည်မှာ အယ်လီဇာပါ ကတော့(ဒ်)ဖြစ်လေသည်။ မေရီတို့၏ မိခင်အယ်လီဇဘက် လက်ထပ်သော အခါ၌ မေရီတို့၏ဘွားအေဖြစ်သူ ဘွားဘွားပါကာက မာမီဆယ်လီအား မင်္ဂလာလက်ဖွဲ့ပစ္စည်း အဖြစ်ဖြင့် အပိုင်ပေးခဲ့လေသည်။ ထိုခေတ်က နီဂရိုး လူမျိုးငွေဝယ်ကျွန်များကို သားသမီးများ လက်ထပ်လျှင် မင်္ဂလာလက်ဖွဲ့ ပစ္စည်းအနေနှင့် အပိုင်ပေးလေ့ရှိခဲ့ကြပေသည်။

          အိုမင်းလှပြီးဖြစ်သော နီဂရိုးမကြီးမာမီဆယ်လီသည် အခန်းထဲသို့ ဝင်လာသောအခါ၌ မေရီ၏ဂါဝန်ကို ကြည့်ကာသဘောကျသည့်အသွင်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်၍နေလေသည်။ မေရီ၏ ဂါဝန်ကိုခါးတွင်သိမ်အောင် ဆီးထားပြီး အောက်ခါးပိုင်းတင်တစ်လျှောက်၌ ပွပွရွရွနေသည်ကိုလည်း သေသေချာချာကြည့်ကာ မာမီဆယ်လီသည် သဘောကျ၍နေပုံရပေသည်။

          မာမီဆယ်လီက ကလေးဝတ်ထားတာ တယ်ပြီးတော့ လှတာပဲ ကွယ်ဟု ချီးကျူးလိုက်၏။ ထိုအခါ မေရီက မေရီဂါဝန်ကို မာမီဆယ်လီ သဘောကျတယ်ဆိုရင် မေရီဝမ်းသာပါတယ်။ မေရီလေ နယူးအော်လင်မြို့က ဖေဖေအပြန်မှာ ဝယ်ခဲ့တဲ့ပုလဲကုံးကို ဆွဲမယ်နော်ဟု ပြောလိုက်လေသည်။

          မာမီဆယ်လီက အေး ... အေး ဆွဲတာပေါ့ ကလေးရဲ့ ။ ကဲ .. ကဲ ငါ့မြေး အချစ်ဦးကြီးက အသက်ကြီးလွန်းလှသကွယ်၊ အသက်သာငယ်ရင် ငါ့မြေးကို ခုညလက်ထပ်ခွင့်တောင်းမှာသေချာတယ် ဟဲ . ဟဲ ဟု ရယ်ကာ မောကာ ခပ်ရွှန်းရွှန်းပြောလိုက်လေသည်။

          မေရီသည် အားရပါးရ ရယ်လိုက်၏။ သူ့စိတ်ထဲတွင် လွန်ခဲ့သော ၈ နှစ်ခန့်က အဖြစ်အပျက်တစ်ရပ်ကို ပြန်လည်၍ပေါ်ပေါက်လာခဲ့ပေသည်။ လွန်ခဲ့သော ၈ နှစ်အချိန်က မေရီမှာ ၁၂ နှစ်သမီးအရွယ်သာ ရှိလေသေး သည်။ ထိုစဉ်က မေရီ၏ဖခင်သည် ဖောင်းဝတ်ရောင် မြင်းတစ်ကောင်ကို သမီးအတွက်ဝယ်၍ ပေးခဲ့ပေသည်။ မြင်းကို ရပြီးနောက် ရက်အနည်းငယ် ကြာသောအခါ မေရီသည် လမ်းမကြီးအတိုင်း တစ်မိုင်ခွဲခန့် မြင်းစီးပြီးနောက် အက်(ရှ်)လင်းရပ် အက်(ရှ်)လင်းရပ်ကွက်ရှိ ဟင်နရီကလေး၏ နေအိမ်သို့ ရောက်သွားခဲ့လေသည်။ ထိုအချိန်တွင် မစ္စတာကလေးသည် အလွန်အရေး ပါအရာရောက်သော နိုင်ငံရေးသမားပုဂ္ဂိုလ်ကြီးများနှင့် ညစာစားလျက်ရှိ၏။