Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

တင့်တယ် - ချစ်မိသည့်ဝန်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ချစ်မိသည့်ဝန်

          “ဆရာညှာ မဟုတ်ဘူးကွ၊ မင်းတို့ သူ့နာမည်ကို စာလုံးပေါင်း မှားပြီးနေလို့ပါ။ သူ့နာမည်အစစ်က ဆရာညာတဲ့ကွ။ မှတ်ထားကြ တစ်သက်လုံး.. ဟား.. ဟား.....”

          အာပေါင်အာရင်း သန်သန်နှင့် တစ်ယောက်ကပြော၍ ကျန်လူများက ဟားတိုက်၍ ရယ်လိုက်သောအသံကို ကြားရသည့်အခါတွင် ကျွန်တော့်မှာ ဆရာ့ အတွက် ဝမ်းနည်းပက်လက် ယူကျုံးမရကြီး ဖြစ်ရပါတော့သည်။

          ဤအဖြစ်ကို ကြုံရသည်မှာ စာရေးသူ ကျွန်တော် ခပ်ငယ်ငယ်ကဖြစ်သည်။ ယခု အသက်အရွယ်သို့ ရောက်၍လာသည့်တိုင်အောင် ကျွန်တော်သည် ဆရာညှာကို မမေ့သေး၊ အထူးသဖြင့် ယခုကဲ့သို့ စာမေးပွဲ အောင်စာရင်းများထွက်ချိန်၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မျိုးတွင် ကျွန်တော်သည် ဆရာရင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ဆရာညှာ၏အကြောင်းကို သတိပြန်၍ ရလာတတ်သည်။ သတိရတိုင်းပင်လည်း ဆရာညှာသည် ဆရာညာ”မဟုတ်ကြောင်းကို ပြန်ပြောင်းတွေးတောမိသည်။ ဆရာညာ မဟုတ်သည်သာမက ဆရာနာ” ဖြစ်ရရှာပုံကိုလည်း စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရ ပြန်သည်။

          ဤပုံပြင်ကလေးတွင် ပါဝင်ကြသော အချက်အလက်တို့မှာ ဒုတိယကမ္ဘာ စစ်ကြီးမဖြစ်မီက ခေတ်တွင် ဖြစ်ပျက်ခဲ့လေရာ၊ ယခုခေတ် အခြေအနေနှင့် နှိုင်းယှဉ် စဉ်းစားလိုက်မည်ဆိုပါက တစ်မျိုးတစ်ဖုံ ထူးခြားဆန်းကြယ်၍ နေလိမ့်မည်ဟုလည်း ကျွန်တော်ထင်မိသည်။ မည်သို့ပင်ဖြစ်စေကာမူ ယခုလောလောဆယ်မှာလို မိုးတွေ တဖြိုင်ဖြိုင်ရွာ၍နေသော မိုးရာသီ၌ စတင်ခဲ့သော ဆရာညှာ၏ အဖြစ်အပျက်သည် ကျွန်တော်၏ စိတ်ထဲတွင် တရေးရေး ပေါ်ပေါက်လာရပြန်သည်ဖြစ်၍ သူ၏ အဆုံးသတ်၍မရသော ပုံပြင်ကို ကျွန်တော် ယခုကဲ့သို့ ရေးသားနေမိခြင်း ဖြစ်ပေသည်။ ဪ... ဆရာညှာ..”

          ကျွန်တော်တို့ မြို့ကလေးသည် မြန်မာပြည်၏ ဂျပန်ပြည်”ကလေးဟုခေါ်ဆို ထိုက်ပါသည်။ အကြောင်းမှာမူကား ကျွန်တော်တို့မြို့သည် ပိုးထည်လုပ်ငန်း ထွန်းကားသော မြေလတ်ပိုင်း မြို့ကလေးဖြစ်သည်။ ပိုးထည်လုပ်ငန်းတွင် လောပိုး၊ တရုတ်ပိုး စသော ပိုးရိုင်းအခင်များကို နိုင်ငံခြားမှဝယ်ယူ၍ ပိုးထည်ချောများအဖြစ်သို့ရောက် အောင် ပြုပြင်ဖန်တီးကြရပေရာ၊ ပိုးပြုတ်၊ပိုးလျှော်၊ ပိုးလှန်း၊ ပိုးဆိုး၊ ပိုးချ၊ ရက်ကန်းရှည်။ လိပ်တုံးသွင်း၊ နှပ်ကော်၊ ကော်စီတွဲ၊ ပင်စာတင်၊ ကြောတင်၊ ရက်ဖောက်ယောက်၊ ရက်ကန်းခတ် အစရှိသော အိမ်တွင်းအလုပ် ပေါများပါသည်။ ထို့ကြောင့်ပင်လည်း ကျွန်တော်တို့၏ မြို့၌ ငါးနှစ်သား ငါးနှစ်သမီးအရွယ်ကို ရောက်ပြီဆိုလျှင်ပင် ဝင်ငွေ ရနိုင်သော မြို့ဖြစ်နေပါသည်။ သို့ဖြစ်၍ ကျွန်တော်တို့မြို့ကလေးကို မြန်မာပြည်ရှိ ဂျပန်ပြည်ကလေးဟု” စောစောက ကျွန်တော်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ကလေးအရွယ်က စ၍ စီးပွားရေး ဉာဉ်သန္ဓေတည်ခဲ့စေနိုင်သော ထိုမြို့ကလေးတွင် ရင်နာဖွယ်ရာ အဖြစ် တစ်ခုကို ကြုံတွေ့ခဲ့ရဖူးပါ၏။ မိုးတဖြိုင်ဖြိုင်ရွာ၍နေသော ဤရာသီတွင် ၎င်းအဖြစ် အပျက်ကလေးကို ကျွန်တော်စာတင်လိုသည်။ ကမ္မာဝစရကုသိုလ်ကံ အကျိုးပေး အတိုင်း ပျော်ရာတွင် မနေရဘဲ တော်ရာတွင် နေရသော်လည်း ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်လည်၍ လွမ်းဆွတ်သောစိတ်သည် ကိုယ့်မြို့ ကိုယ့်ရွာက အဖြစ်အပျက်ကလေးများ နှင့် ရှေးဟောင်းနှောင်းဖြစ် အကြောင်းသနစ်များကို ပြန်လည် တွေးတောမိစေလျက် ရှိခြင်းကပင် ဤပုံပြင်ကလေးကို ရေးသားမိပါ၏။ မှတ်မိသော အချက်အလက်များမှာ မှုန်ဝါးဝါးမဟုတ်၊ လက်ငင်း မျက်မှောက်တွင် မျက်ဝါးထင်ထင် မြင်၍နေရဘိသကဲ့သို့ လည်း ရှိလှချေသည်။ ယခုမှစ၍ ကျွန်တော်သိသော ပုံပြင်ကလေးကို ပြောပြချင်သည်။

          စာဖတ်သူကိုယ်တိုင် ‘မြေလတ်ရက်ကန်းမြို့”ဟု ဆိုကာမျှနှင့် ဘယ်မြို့ဖြစ်သည် ဟု အလိုလို သိနိုင်မည်ဖြစ်သောကြောင့် မြို့အမည်ကို ကျွန်တော် ထုတ်ဖော်ရန်လိုမည် မထင်ပါ။

          ကျွန်တော်တို့မြို့ကလေးသည် မလုပ်ချင်ကာမှသာ နေလေရော့၊ စစ်ကြိုခေတ်က အလုပ်အကိုင် အလွန်ပေါခဲ့သည်။ ငါးနှစ်သားအရွယ်သို့ ရောက်ပြီဆိုလျှင်ပင် တညင် လုံး၌ ရစ်ပြီးဖြစ်သော (ချပြီးဖြစ်သော) ပိုးများ ချည်များကို ရက်ကန်းထောင် သူဌေးအိမ် သို့ သွားပို့ပေးကာမျှဖြင့် ပိုက်ဆံတစ်ပဲရနိုင်သော မြို့ကလေးဖြစ်သည်။ လူကြီးလူငယ် မရွေး အလုပ်ရှိသည်။ ငွေစကလေး ရွှင်ကြသည်။ လှလှပပ စားဝတ်နေရေး ဖူလုံကြ သည်။ ယုတ်စွအဆုံး ပိုးလုံချည်ကို ရက်ကန်းတစ်တန်း ရက်လုပ်ပြီးစီးတိုင်း အပိုထွက် ၍လာသော ဖြတ်စများကိုစပ်၍ စပ်လုံချည် ရောင်စုံလုပ်ကာ ဝတ်နိုင်ကြသည်။ ပိုးပုဆိုး ကို ခါးပေါ်မှမချသော မြို့ဟုလည်းခေါ်နိုင်ပေသည်။ မြို့ပတ်ဝန်းကျင်တွင် အသီးအနှံ သန်စွမ်းသော လယ်ကွင်းကြီးများရှိသည်။ မြို့လယ်၌ ဖြတ်၍စီးဆင်းနေသော ချောင်း ကြီးတစ်ချောင်းရှိသည်။ မိုးတွင်း၌ ရေလျှံသည်။ (ချောင်းရေတက်သည်) ဟု ခေါ်ပါ သည်။ ချောင်းရေကျသွားသောအခါ ချောင်းဘေးတစ်ဖက်ရှိ မြေပြန့်၌ နုန်းနှစ်များ တင်ကျန်ရစ်ခဲ့၍ ဆောင်းအခါ၌ စားပင်သောက်ပင်များ ဖြစ်ထွန်းကြွယ်ဖြိုးလှသည်။ ချောင်းရေရှိနေသဖြင့် ကြက်၊ ဝက်၊ နွားမွေးမြူရေး အဆင်ပြေသည်။ ဧရာဝတီမြစ်ကမ်း ဘေးဖြစ်၍လည်း ငါးပေါသည်။ မြေလတ်ပီပီ ငှက်ပျော၊ အုန်း၊ သရက်၊ မာလကာ စသည့်သီးပင်များလည်း ထွန်းကားလှသည်။ သဘာဝ အနေအထားအားဖြင့် ကျွန်တော်တို့၏ မြို့ကလေးမှာ အစားအသောက် အဝတ်အထည် ပေါသည်။ တစ်ဖန် ကျွန်တော်တို့ မြို့ကလေးသည် ပဲခူးရိုးမတောင်စွယ် တစ်ခုလာ၍ ဦးတိုက်နေသောမြို့ ဖြစ်သဖြင့် သစ်ဝါးပေါ်ပြန်သည်။ မြန်မာ့ရိုးရာ ဆေးဝါးပစ္စည်းပေါသည်။ တစ်ဖန် ကျွန်တော်တို့၏ မြို့ကလေးမှာ ခရိုင်မြို့ကြီး မဟုတ်သော်လည်း (Township) မြို့တစ်မြို့ဖြစ်ရာ ဝန်ထောက်ရုံးစိုက်သည်။ L.M.P ဆရာဝန်ဦးစီးသော ဆေးရုံလည်း ရှိသည်။ တကယ် အရေးကြီးသော လူနာပါရှိကလည်း ရှစ်မိုင်သာဝေးသော ခရိုင် မြို့ကြီးရှိ ဆေးရုံကြီးသို့သွားနိုင်သည်။ ပညာရေးနှင့် ပတ်သက်၍မူ ကျွန်တော်တို့မြို့၌ အခလွတ် စာသင်ပေးသော ဘုန်းကြီးကျောင်းများရှိသည်။ ပထမတက္ကသိုလ်သပိတ် ကြီး၏ အမွေအနှစ်ဖြစ်သော နေရှင်နယ်ကျောင်းတစ်ကျောင်း၊ အစိုးရဖွင့်ထားသော အလယ်တန်းကျောင်းတစ်ကျောင်း၊ မြူနီစီပယ်အဖွဲ့ က ဖွင့်ထားသော မြူနီစီပယ် မိန်းကလေးကျောင်းတစ်ကျောင်းတို့လည်း ရှိပြန်သေးသည်။ စည်ကားသိုက်မြိုက်သော ဈေးလည်းရှိသည်။ အစားအသောက်ပါသည်။ အဝတ်အထည်မှာလည်း လက်ဖြစ် ဖြစ်သည်။ အနေအထိုင်မှာ ပဲခူးရိုးမ တောင်စွယ်မှ အလျှံပယ်ရသည်။ ကျန်းမာရေးအတွက် မပူရ၊ ဆရာဝန်ရှိသည်။ ရှစ်မိုင်အဝေးတွင် ဆရာဝန်ကြီးရှိသည်။ ပို၍ အရေး ကြီးလျှင် ညကိုးနာရီထွက်လာပါက ရန်ကုန်ဆေးရုံကြီးသို့ နံနက်ငါးနာရီရောက်အောင် ကားရော မီးရထားပါ ရနိုင်သည်။ ပညာရေးအတွက်ကား ဆိုခဲ့သည့်အတိုင်း အစိုးရ ကျောင်း သုံးကျောင်းရှိသည်။ ဘုန်းတော်ကြီးကျောင်းများကို ထည့်၍မတွက်သေး။

          သို့ဖြစ်ရာ ကျွန်တော်တို့မြို့ကလေးသည် အစစအရာရာ၌ ဖူလုံပြည့်စုံသော မြို့ကလေးဖြစ်သည်ဟု ရဲရဲတင်းတင်း ဆိုဝံ့ပါ၏။

          ဤကဲ့သို့ စား၊ ဝတ်၊ နေစရာ၊ ပညာ၊ ကျန်းမာဟူသော လူတို့၏ လိုလားချက် ငါးချက်နှင့် ကံအားလျော်စွာ ပြည့်စုံ၍ နေသော ကျွန်တော်တို့မြို့ကလေး၌ ရင်နာစရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါသည်ဟုဆိုလျှင် ယုံကောင်းမှ ယုံကြပေမည်။ သို့သော် ရင်နာစရာကောင်းသော အဖြစ်အပျက်ဟူသည် သြကာသလောကတစ်ခွင် လုံး၌ နေရာမရွေး အမြဲတစေ ဖြစ်ပျက်တတ်စမြဲရှိရာ ပတ်ဝန်းကျင် အခြေအနေကောင်းမွန်လှသော ကျွန်တော်တို့၏ မြို့ကလေးတွင် ရေးသားဖော်ပြရမည့် အဖြစ်သည် တစ်မြို့လုံး ယူကျုံးမရလောက်အောင်ပင် ပေါ်ပေါက်ခဲ့ရဖူးပါ၏။

          “ကိုင်း... တော်လောက်ပြီထင်တယ် မောင်ချို.. ရက်ကလည်း ကျောင်းဖွင့်စ ရက်ပဲရှိသေးတယ်ကွာ.. ဒီကနေ့တော့... မင်းတို့ အတန်းမှာ သင်ရတဲ့ ဘာသာရပ်တွေ ရဲ့ အကျယ်အဝန်းကို သိရရုံလောက်နဲ့ ကျေနပ်ပေဦးတော့ ဟုတ်လား၊ နောက်တော့မှ အသေးစိတ်သွားကြတာပေါ့”

          ဆရာညှာက ဤကဲ့သို့ ပြောလိုက်သောအခါတွင် သူ့တပည့် မောင်ချိုသည် ဆရာညှာကို လေးစားရိုသေသော မျက်လုံးများဖြင့် ကြည့်ရာက... ။

          “ကောင်းပါပြီ ဆရာ... ကျွန်တော် ပြန်ပါတော့မယ်...” ဟု ပြောပြီးနောက် သူ့စာအုပ်များကို လွယ်အိတ်ထဲသို့ထည့်သွင်း၍ နေ၏။ ။

          “အေး... အေး... ပြန်ပေတော့... လမ်းမီးတွေလည်းရှိ၊ လ,ကလေးကလည်း သာ... မင်းဘာမှ ကြောက်စရာမလိုပါဘူးကွာ.. ဒါပေမဲ့.. စက်ဘီးကိုတော့ မှန်မှန် နင်းသွားနော်...”

          ဆရာညှာက ထပ်၍မှာကြားနေပြန်၏။ “ဟုတ်ကဲ့ဆရာ.. ကျွန်တော့် စက်ဘီးမှာ မီးလည်းပါပါတယ်၊ ပြီးတော့ သိပ်ပြီးဝေးတာမှ မဟုတ်ဘဲဆရာ...”

          မောင်ချိုပြောသည့် အတိုင်းပင်မှန်သည်၊ ဆရာညှာနေသော အိမ်နှင့် မောင်ချိုတို့ အိမ်မှာ နှစ်ဖာလုံလောက်သာဝေးလေသည်။ လမ်းတစ်လျှောက်တွင်လည်း လမ်းထောင့် လက်ဖက်ရည်ဆိုင်၊ ဆေးရုံ၊ ဗိုလ်တဲ၊ ဂါတ်တန်းလျား၊ ရုပ်ရှင်ရုံ၊ ညဈေး စသည်တို့သည် စီတန်း၍နေလေရာ မောင်ချို၏ အိမ်ပြန်လမ်းမှာ ဘာမျှ ကြောက်စရာမရှိ၊ မီးထိန်ထိန် လင်း၍နေသည်။ လူသွားလူလာ မပြတ်လှ၊ သို့သော် ဆရာတို့၏ ဝတ္တရားအတိုင်း လာမည့်ဘေးကို ကာဆီးရမည့်အတိုင်း ဆရာညှာက ဆုံးမ၍နေခြင်းသာ ဖြစ်လေ၏။

          “ကိုင်း ညီမလေးရေ.. မောင်ချိုကို လှေကားအဆင်းမှာ မီးခွက်လိုက်ပြလိုက်ပါ။ ဒီလှေကားအတက်အဆင်းကိုလည်း ဓာတ်မီးတစ်လုံးတော့ အိမ့်ရှင်ကို အဆင်ခိုင်းဦးမှပဲ”

          ဆရာညှာက ဤသို့ ပြောလိုက်သောအခါ၌ ဆရာညှာ၏ နှမငယ်ဖြစ်သူ မခင်တင့်သည် သူ့အခန်းထဲတွင် အလုပ်များနေရာက “ဟုတ်ကဲ့ အစ်ကိုကြီး” ဟုဆိုကာ ရေနံဆီမီးခွက်ကလေး တစ်ခွက်ကို ထွန်းညှိ၍ မောင်ချိုအား အိမ်ပေါ်ထပ်မှ အောက် ထပ်လှေကားအဆင်းအထိ မီးတိုင်ခွက်ကိုင်ကာ လိုက်၍လမ်းပြပေးသည်။ မောင်ချို လည်း အောက်ထပ်မြေပြင်သို့ ရောက်သောအခါ၌ “သွားတော့မယ် မမတင့်” ဟု နှုတ်ဆက်ကာ တိုင်တစ်တိုင်တွင်မှီထားသော သူ့စက်ဘီးကိုယူ၍ ထွက်သွား၏။ မခင်တင့် လည်း ဝင်းအဝအထိ မီးတိုင်ခွက်ကိုပြကာ လိုက်ပို့သည်။ မောင်ချို လမ်းမပေါ်သို့ ရောက်၍ စက်ဘီးကို မီးခွက်ထွန်းကာ ထွက်သွားမှ မခင်တင့်သည် ဝင်းတံခါးကိုပိတ် ကာ အိမ်ပေါ်ထပ်သို့ ပြန်တက်လာခဲ့လေသည်။

          မခင်တင့်သည် လှေကားအံဖုံးကိုချ၍ ကလန့်ထိုးကာ ပိတ်လိုက်ပြီးနောက် ဘေး၌ ချထားသော ရေနံဆီမီးခွက်ကို ခနဲမှုတ်၍ ငြှိမ်းသတ်လိုက်သည်။

          “မောင်ချို ကောင်းကောင်းမွန်မွန် ပြန်သွားပြီလား ညီမလေး...”

          ဆေးတံတွင် ဆေးသိပ်ရင်း ဆရာညှာက မေးလိုက်၏။

 “ဟုတ်ကဲ့.. အစ်ကိုကြီး... ပြန်သွားပါပြီ...”

“အေး... ဒါတောင်မှ.. မောင်ချို ရုပ်ရှင်ရုံဘက်များ ဝင်နေဦးမလား မသိဘူး.....”

          မခင်တင့်သည် သူ့အစ်ကိုအနီးတွင်သွား၍ ကျုံ့ကျုံ့ကလေးထိုင်ရာက “အစ်ကို ကြီးကလည်းလေ.. မောင်ချိုကို ဒါလောက် စိုးရိမ်မနေပါနဲ့။ အခုပဲ ဆယ့်ငါးနှစ်သား ရှိနေပြီ။ သူ့ကိုယ်သူ ထိန်းနိုင်တဲ့အရွယ်ပါ အစ်ကိုကြီးရဲ့” ဟု ပြုံး၍ဆိုလိုက်၏။

          ဆေးတံကို ညှိနေသော ဆရာညှာက တစ်ဖွားနှစ်ဖွာ ဖွာလိုက်ရင်း မီးခြစ်ကို