Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

တက်တိုး - မောင်တို့မယ်တို့တိုးတက်စေဖို့

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အသိစိတ် ရှိရမယ်

          အတတ်ပညာရှင်နဲ့ အသိပညာရှင်တို့ရဲ့ သဘာဝနဲ့စရိုက်ကို ပြောချင်တယ်။ အတတ်ပညာရှင်က သွက်လက်ချက်ချာတယ်၊ သူ့ဉာဏ် က အပေါ်ယံမှာသာ ကျက်စားတာမို့ သွက်တယ်၊ အကဲခတ်မြန်တယ်၊ အလိုက်သိတယ်၊ “အတွင်းရေးမှူး”တို့လိုပါပဲ။ အုပ်ချုပ်ကွပ်ကဲရာမှာ coas: Osos Geosu 1 22.99 qoscoso pas ją Intelligentsia လို့ သူတို့တစ်တွေကို ခေါ်တာပေါ့။ သူတို့မှာ Intelligence ရှိတယ်။ အတတ်ပညာရှင် အမျိုးမျိုးရှိတယ်။ သူတို့ဟာ အင်မတန် အသုံးဝင်တယ်၊ တိုင်းပြည်မှာ သူတို့ရှိလို့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ အရေးကြီးကိစ္စတွေဟာ အလုပ်ဖြစ်နေကြတာပေါ့ ။ သူတို့ဟာ လက်တွေ့ သမားများပဲ။

          Intellectualဆိုတဲ့ လူကတော့ ဉာဏ်နှေးတယ်။ ဘာမဆို အပေါ်ယံကြောကိုကျော်ပြီး အတွင်းသန္တာန်ကို သူ့စိတ်ကူးဉာဏ်နဲ့ ထိုးထွင်းပြီး ရှုတယ်။ ကြည့်တာနဲ့ ရှုတာ မတူဘူး။ 'ကြည့်တယ်ဆိုတာ အပေါ်ယံအမြင်ကို ကြည့်တာ။ ရှုတာကတော့ အတွင်းကျကျ လေ့လာတာ။ Intellectualတွေဟာ များသောအားဖြင့် ကျောင်းမှာ မတော်လှ ဘူး။ သိပ္ပံပညာရှင်ကြီး “အိုင်းစတိုင်းဟာ ဉာဏ်ထိုင်းတယ်တဲ့။ တီထွင်မှု တွေ အများကြီးလုပ်သွားတဲ့ ‘အက်ဒီဆင်’လည်း ဒီလိုပဲ။ ကမ္ဘာကျော် ပြဇာတ်ဆရာကြီး “ဘားနဒ်ရှောလည်း ဒီလိုပဲတဲ့။ အချုပ်ဆိုရင် အတတ် ပညာရှင်တွေဟာ အလုပ်သမားတွေပဲ။ အသိပညာရှင်တွေကတော့ အတွေးသမားတွေ။ လူတွေထဲမှာ လူငယ်ဘဝကတည်းက လူငယ် ချင်းချင်း စရိုက်ချင်း မတူကြဘူး။ အများအားဖြင့်တော့ ဆရာသင်ပေးတဲ့ အတိုင်း မှတ်ထားပြီး လေ့ကျင့်ခန်းတွေ လုပ်တတ်ကြတယ်။ သူတို့ထဲမှာ တွေးနေနေတဲ့ လူငယ်တစ်ယောက်တလေ ပါလာတတ်တယ်။ သူက ဆရာသင်တာကို နားထောင်ရင်း တွေးတောဆင်ခြင်လေ့ရှိတယ်။ လေးတယ်ဆိုတော့ သွက်တဲ့လူတွေလောက် အတန်းထဲမှာ အထင်မကြီး ကြဘူးပေါ့။ ဒါပေမဲ့ ကျောင်းကထွက်ပြီး လူတောထဲမှာ အကြီးအကဲ ဖြစ်လာတဲ့ လူတချို့ဟာ ကျောင်းမှာတုန်းက စာမေးပွဲအောင်တော့ အောင် ပါရဲ့၊ ဂုဏ်ထူးတွေ တသီကြီး မရခဲ့ဘူး။ ကမ္ဘာကျော် အတွေးအခေါ် ပညာရှင်ကြီးတွေဟာ ဒဿနဆိုတဲ့ အတွေးအမြင်ဘက်မှာ ထူးခြား ပေမဲ့ ကျောင်းမှာတော့ သာမန်ပဲဖြစ်တာ များတယ်။ ကျောင်းမှာ ရော၊ ကျောင်းအပြင်ဘက်မှာရော တော်တဲ့လူတွေလည်းရှိပါတယ်။ အဲဒီလို စွယ်စုံပညာရှင်ကတော့ ရှားပါတယ်။ သင်

          အတတ်ပညာရှင်တွေထဲက အထူးလေးစားအပ်တဲ့ အသိပညာ ရှင်ကြီးတွေ ပေါ်ထွက်လာတတ်ပါတယ်။ သူတို့ဟာ အတတ်ပညာတတ် တယ်။ ဒါပေမဲ့ လုပ်တတ်၊ ကိုင်တတ်တာထက် အလုပ်ရဲ့ သဘော သဘာဝကို လေးလေးနက်နက် စိစစ်ဝေဖန် ဆင်ခြင်သုံးသပ်တတ်ကြလို့ အတွေးအမြင်မှာ ထူးချွန်ကြပေတယ်။ ဒါကြောင့်မို့ သိပ္ပံ၊ ဝိဇ္ဇာပညာရှင် ကြီးတွေဟာ သူတို့ရဲ့ အတွေးအမြင်တွေ ဖော်ပြရာမှာ ဖတ်ရသူတွေသိနားလည်ဖို့ ခက်တာလည်း ရှိတယ်။ ဖတ်သူ တွေထဲမှာလည်း အကြောင်းအကျိုး ဆက်စပ်ဝေဖန်တတ်သူတွေရှိတော့ အတွင်းသဘော ကို ထိုးထွင်းမြင်တတ်ကြပါတယ်။ အဲဒီ ဖတ်သူတွေဟာလည်း မ ထင်ရှားပေမဲ့ အသိစိတ်ဓာတ်ရှိလို့ အသိပညာရှင် ဖြစ်မှန်းမသိ ဖြစ်နေ ကြတယ်။

          မင်းတို့ လူငယ်တွေမှာလည်း ဉာဏ်သွက်တဲ့သူတွေရှိ သလို ဉာဏ်လေးတဲ့လူတွေ ရှိမှာပါ။ ဉာဏ်လေးတယ်လို့ ပြောတာ ဉာဏ်ထိုင်းတယ်လို့ ဆိုတာ မဟုတ်ဘူး။ ဉာဏ်ထိုင်းသူတွေကတော့ ညံ့လို့ပေါ့။ သူတို့လေးတာ၊ ထိုင်းတာနဲ့ အသိပညာရှင် ဖြစ်မယ့် သူတို့ ဉာဏ်လေးတာချင်းမတူဘူး။ ဆရာသင်ပေးတာကို နားမလည်တာ မဟုတ်ဘူး၊ နားလည်တယ်။ သူများထက် ပိုပြီးတောင် နားလည်သေးတယ်။ ဒါပေမဲ့ ဆရာပြောတာ ပြောတဲ့ အတိုင်း မှတ်လိုက်ရုံမဟုတ်ဘူး။ ဆရာ့စကားရော၊ ဖတ်ရတဲ့ စာမှာ ပါတဲ့ ဖော်ပြချက်ကိုရော သူက လေ့လာပြီးတော့ သူ့ကိုယ်ပိုင် ဉာဏ်နဲ့ အဆုံးအဖြတ်လုပ်လေ့ရှိတယ်။

          ကလေးပုံပြင်တွေကိုပဲ ဥဒါဟရုဏ်အဖြစ် ပြောပါဦးမယ်။ ‘ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ်သွားကြတယ် ဆိုတဲ့ ပုံပြင်ကလေးကို လေးငါးခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ကြားရတဲ့အခါ ရွှေယုန်က ရွှေကျားကို သူ့ အကောက်ဉာဏ်နဲ့ အမျိုးမျိုး “ချောက်တွန်း” တာကို သတိပြုပြီး ရွှေယုန်နဲ့ ကောက်ကျစ်ယုတ်မာတဲ့ သဘာဝကို မှတ်သားထားလိုက်တယ်။ သူဟာ ကောင်းတာ၊ ဆိုးတာ၊ ရိုးတာ၊ ယုတ်တာကို ခွဲခြားသိတဲ့ အသိကလေး ရလိုက်တယ်။ ကလေးချင်းချင်း ကစားကြတဲ့အခါ ယုတ်မာကောက်ကျစ်တဲ့ ကလေးတစ်ယောက်ပါလာ ရင် သူ့အပြောနဲ့ အလုပ်ကိုကြည့်ပြီး ဒီကောင် မကောင်းဘူးလို့ သိလိုက်တယ်။ သူနဲ့ ကစားချင်စိတ် မရှိတော့ဘူး။

          အခုပြောတာကို မင်းတို့ သေသေချာချာ စဉ်းစားကြည့်စမ်း။ အဲဒီလို အတွေ့အကြုံကလေးမျိုး၊ တွေ့ကြုံခံစားရတာမျိုး ရှိချင်ရှိနိုင် တယ်။ အဲဒါ ငယ်ငယ်ကတည်းက ဇာတိပြ” ဆိုတာမျိုးပေါ့။ “အသိ ပညာအသိပညာရှင်ဆိုတဲ့ စကားတွေဟာ ကြီးကျယ်လှပါ တယ်။ ရိုးရိုးဆိုရရင် အသိစိတ်ရှိဖို့၊ သိတတ်ဖို့လိုတယ်။ အမှတ် တမဲ့မနေဘဲ စဉ်းစားဆင်ခြင်ရင် အသိစိတ်ပေါ်မယ်။

          အသိစိတ်ဓာတ် ပျိုးထောင်ပြုစုမှု လိုအပ်တယ်။