Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

တက်တိုး၊နုယဥ် - သမီးအပျိုစင်သို့

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

မင်္ဂလာပါ အပျိုစင်

          ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် “အပျိုစင်”အမည်ဖြင့် အမျိုး သမီးမဂ္ဂဇင်း ထုတ်ဝေတော့မည်ဖြစ်၍ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ကျွန်မတို့ထံလာ၍ အပျိုစင်မဂ္ဂဇင်းအတွက် မိန်းမပျိုလေးများ အသိ ဉာဏ်တိုး၍ အနာဂတ်အကျိုးရှိစေမည့် ဆောင်းပါးမျိုး ပါဝင်ကူညီ ရေးပေးပါရန် တောင်းဆိုလာပါသည်။

          အမျိုးသမီးမဂ္ဂဇင်း ရှားပါးနေသောအခါဖြစ်၍ ကျွန်မတို့ အားရ ဝမ်းသာ ရှိကြသည်။ အမျိုးသမီးမဂ္ဂဇင်းစစ်စစ် သီးသန့်ထွက်စေချင်သော ဆန္ဒ ကျွန်မတို့ရင်ထဲမှာ အမြဲရှိနေခဲ့ကြသည်။ အထူးသဖြင့် အမျိုးသမီးငယ်ဖြစ်သော “အပျိုစင်လေး”များအတွက် ကိုယ်ကျင့်တရား နှင့် မြန်မာ့ယဉ်ကျေးမှု မပျက်ပြားစေဖို့နှင့် မြန်မာအမျိုးသမီးတို့၏ အမျိုးမာန်၊ အမျိုးဟန်များ မပျက်ပြားစေလိုသော စေတနာကို မြန်မာ အမျိုးသမီး အပျိုစင်ကလေးများ ခံယူတတ်ကြစေဖို့ရာ စဉ်းစားမိ၍ “အပျိုစင်မဂ္ဂဇင်းမှာ ကျွန်မတို့ လွတ်လပ်စွာရေးသား၍ ဖြစ်ပါ့မလား၊ ချုပ်ချယ်သောမူမျိုး ချထားခြင်းများ ရှိပါသလား”ဟု မေးရပါသည်။

          တောင်းဆိုသူက “အပျိုစင်လေးများအတွက် အကျိုးရှိရာ ရှိကြောင်း ရေးသားပေးပါရန်နှင့် လွတ်လပ်ခွင့် ရှိ၊ မရှိကို ပြောစရာပင် မလိုပါ။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရေးနိုင်ပါသည်”ဟု လွတ်လပ်စွာပင် ပြောဆိုပါသည်။

          ထို့ကြောင့် မဂ္ဂဇင်းတစ်စောင်က စာရေးဆရာအား ယုံကြည်စွာ လွတ်လပ်ခွင့်ပေး၍ နှင်းအပ်လာသော စာပေတာဝန်တစ်ရပ်ကို ကျွန်မ တို့က ဝမ်းသာစွာလက်ခံပြီးလျှင် မြန်မာမိန်းကလေး မိန်းမငယ်တို့၏ လူ့ဘဝ စတင်ချိန်မှစ၍ အမျိုး၊ ဘာသာ၊ ပညာနှင့် သက်ဆိုင်ရာ ဗဟု သုတ အထွေထွေကို သင့်လျော်အောင် ညွှန်းဆိုပြောပြရမည့် အကြောင်းအရာများကို စတင်စဉ်းစားနေခဲ့ကြရပါသည်။

          စာပေဟူသည် လွတ်လပ်ခွင့် ရှိမှသာလျှင် တိုးတက်မှုရှိနိုင် သည်။ လွတ်လပ်စွာ တွေးတောကာ လွတ်လပ်စွာရေးသားနိုင်သည့် ခံယူချက်ရှိနေသော အပျိုစင်မဂ္ဂဇင်းတွင် ကျွန်မတို့ လွတ်လပ်စွာ၊ မှန် ကန်စွာ တွေးတောလျက် ယုံကြည်ချက်စေတနာဖြင့် စတင်ရေးသားခဲ့ ရာတွင် ယနေ့ သုံးနှစ်ကျော်လာခဲ့သည့်တိုင်အောင် ကျွန်မတို့ ၏ ရေးသားပေးပို့သမျှ စာများကို စာလုံးလေးတစ်လုံးမျှ ဖြတ်တောက်ပယ် ချခြင်း မရှိခဲ့ဘဲ အရှိကိုအရှိအတိုင်းသာ ထည့်သွင်းခဲ့သည်ကို သိရှိရပါ သည်။

          စာရေးဆရာနှင့် ထုတ်ဝေသူတို့ ယုံကြည်မှုအရင်းခံလျက် ဆက်ဆံလာကြရာတွင် ရရှိသော အကျိုးအမြတ်သည်ကား ထိုစာပေ များ အစဉ်အမြဲတိုးတက်ကာ စာဖတ်သူတို့ကလည်း ယုံကြည်မြဲ၊ နှစ် သက်မြဲ၊ စွဲလမ်းတောင့်တမြဲရှိနေကာ စာပေမှ အလိမ္မာစိတ် ရရှိနေသော အကြောင်းကို သိရှိလာရခြင်း ဖြစ်ပါသည်။

          ကျွန်မတို့သည် အပျိုစင်လေးများ၏ ငယ်ဘဝကို ဦးတည်ချက် ထားပြီး စဉ်းစားမိသောအခါ တရွေ့ရွေ့ အသက်ရကာ ကြီးပြင်းလာကြ ရဦးမည့် သူတို့၏ မိန်းမသားဘဝကို လှမ်းမျှော်၍ တွေးမိလာပါသည်။လိမ္မာသော အပျိုစင်သည် အရွယ်ရ၍ မိန်းမဘဝ ပီပီသသ ဖြစ်လာရသောအခါ ငယ်ဘဝမှာထက်ပို၍ တန်ဖိုးရှိကာ လူ့လောကမှာ နေပျော် ထိုင်ပျော်ရှိသော အခြေအနေမျိုး ရရှိနိုင်တော့မည်မှာ မလွဲသာဟု ဆက် လက်၍ စဉ်းစားမိလေသည်။

          ထို့ကြောင့် အပျိုစင်များအတွက်သာဟု သီးသန့်မရှိတော့ဘဲ အပျိုစင်မှ အရွယ်ရမိန်းမဘဝ အမျိုးမျိုးကို လေ့လာတွေးတော သုံးသပ် ဝေဖန်ကာ မိမိကြုံခဲ့ရ၊ ကြုံခဲ့ပြီး၊ ကြုံရဆဲ ပတ်ဝန်းကျင်ရှိ မိန်းမဘဝ ဖြစ်ထွေများကို အလျဉ်းသင့်သလို တင်ပြရခြင်းသာ ဖြစ်ပါသည်။ မိန်းမတို့၏ ဘဝဖြစ်ထွေကို တင်ပြရာ၌ ဓမ္မဓိဋ္ဌာန်ဖြင့်သာ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိထားပြီ ဖြစ်သောကြောင့် ပွင့်လင်းလွတ်လပ်စွာ ရေး သားရ၍လည်း စာရေးသူမှာ ကျေနပ်မှုရရှိနေပါသည်။

          အပျိုစင်လေးများအဖို့ အဆုံးအမကဏ္ဍအဖြစ် သီးသန့်နာမည် ထည့်သွင်းထားသည်ကို ဘဝင်မကျစရာ ရှိခဲ့ရပါသည်။ အကြောင်းမှာ ကျွန်မတို့လူကြီးများအနေဖြင့် မိုက်မဲသူကို တွေ့ရလျှင်သာ ဆုံးမရမည် ဖြစ်ရာ အပျိုစင်တို့မှာ မိုက်မဲသူများ မဟုတ်ကြ။ အသိအလိမ္မာနည်း၍ မလိမ်မိုးမလိမ္မာကလေးတွေသာ ဖြစ်ကြရာ သူတို့ကို စိတ်ထားတတ် ပြီး အစစအရာရာမှာ ယဉ်ကျေးစွာ မြော်မြင်မှု ရှုတတ်ကြစေဖို့ လမ်းညွှန်သင်ပြရမည်သာ ဖြစ်ပါသည်။ အမေက မသွန်သင်တတ် လျှင် သမီး မိုက်မဲသွားတတ်သည်သာပင်။ မလိမ်မိုး မလိမ္မာ အပျိုဖြစ် စ စင်ကြယ်သော အပျိုစင်ကလေးများသည် ပင်ကိုက မိုက်မဲလာကြ ရခြင်း မရှိပါ။ ပတ်ဝန်းကျင်ကြောင့်သာ အတွေးမှား ခံယူချက်မှားတို့ကြောင့် လမ်းမှားရောက်ဖို့ မိုက်မဲသွားကြခြင်းသာဟု ထင်မြင်တွေး တောမိပါသည်။ ယခု ကျွန်မတို့ လေ့လာသုံးသပ်မိလေသမျှသော အပျိုစင်တို့မှာ မမိုက်ကြပါ။ သူတို့ကို ဆုံးမဖို့ပင် မလိုပါ။ သို့ရာတွင် အမှားနှင့်အမှန်ကို သိနိုင် တွေးတောနိုင်ကြဖို့ကိုတော့ လူကြီးများကလမ်းပြသွန်သင်ဖို့ ရှိနေပါသည်။

          ထိုအချက်အလက်များကို စဉ်းစားမိရာတွင် စာပေသည် လူကြီး မိဘတို့၏ နှုတ်ဖြင့်သွန်သင်ကြရခြင်းထက် အစွမ်းထက် အရာရောက် ပါသည်။ အမေက တစ်ခွန်းပြော၊ နှစ်ခွန်းပြော ပြောသည်ကို နားညည်းလာနိုင်သော်လည်း စာဖတ်၍နေရသော အပျိုစင်တို့မှာ ဖတ်၍မဝနိုင်၊ ခံစား၍မဝနိုင်၊ မှတ်သား၍မဝနိုင်သော အခြေအနေကို ရရှိစေပါသည်။ စာပေ၏အနုပညာအလှသည် မည်မျှထိအောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်ကို စာဖတ်နေသူကိုယ်တိုင် သိချင်မှသိပေမည်။ သို့ရာတွင် သူ ဖတ်နေရသော စာပေကို သူ စွဲလမ်းနှစ်ခြိုက်လျက်ရှိကာ ထိုစာပေကို အပြတ်မခံနိုင်လောက်အောင် သူ့စိတ်ထဲမှာ ခံစားနေလျက် ရှိပေသည်။

          စာဖတ်သူ အပျိုစင်သည် တွေးတောမြော်မြင်တတ်သော အသိ ဉာဏ် ရင့်သန်နေကာ မိုက်မဲမည်မဟုတ်ပါ။ သူဖတ်နေသောစာထဲမှ အသိဉာဏ်ပေး အနုပညာက သူ့ကို မမိုက်ဖို့ရာ အမြဲသတိပေးလျက် ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် အပျိုစင်မဂ္ဂဇင်းတွင် ကျွန်မတို့ လူကြီးများအနေဖြင့် လူငယ်များအတွက် ရေးသားရသော စာတို့မှာ ဖျော်ဖြေမှုမပါဘဲ အသိဉာဏ်များ ပွင့်လင်းကြရန်ကိုသာ ဦးစားပေးကာ ဖွဲ့ဆိုရသော “စာလေးများ”ဖြစ်ပါသည်။ ထို “စာလေး”များကို စာပေ အရသာ ခံယူတတ်သော စာဖတ်သူတို့မှာ အပျိုစင်လေးများသာ ဖြစ်နေ ပေသည်။ စာဖတ်ရာတွင် ဖျော်ဖြေမှုအတွက်သာ မဖတ်ဘဲ ပညာရဖို့ ကိုသာ ရည်ရွယ်၍ ထိုစာလေးများကို ဖတ်ကာ မှတ်ကာ မွေ့လျော်နေ ကြသော အပျိုစင်တို့မှာ စာထဲမှာ အလိမ္မာရှာတတ်သူများသာ ဖြစ်နေ တတ်ကြောင်း သိရှိရပါသည်။ အလိမ္မာစာမှာရှာဆဲ၊ နောက်လည်း ဆက်လက်၍ ရှာယူဆည်းပူးလိုကြသော အပျိုစင်တို့က မှတ်၍နေချင် လျက် ရှိကြောင်းကို အလျဉ်းသင့်၍ သူတို့ထံမှ ကျွန်မတို့ထံ အပျိုစင် မဂ္ဂဇင်းမှတစ်ဆင့် ပြောကြသည်များကို မှတ်မိသမျှ အောက်တွင်