စိတ်ကူးချိုချိုစာပေ
တက်တိုး - တောမီး
တက်တိုး - တောမီး
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
တောမီး
ကောင်းကင်၌ မိုးသားများ ပို၍မည်းနက်လာပြီး၊ ထိုတောအုပ် ကြီးပေါ်သို့ လွှမ်းခြုံသွားတော့၏။ ဆားဖျော့နှင့် ဘာလိုနယ်များရှိ
မျှော်စင် ၅ ခုစလုံးမှ မျှော်စင်စောင့်များသည် ထိုမိုးသားများကို ဂရုပြု၍ ကြည့်နေရတော့၏။ ညနေ ၄ နာရီအချိန်ဖြစ်ရာ၊ ထိုမိုးသားများကို အဆိုပါ နယ်များမှ မျှော်စင်စောင့်များက ဘေးတိုက် ကောင်းစွာမြင်ရ၏။ လပ်ဗားစ်လိ၊ ဟော့စ်-မောင်းတိန်း စသော နယ်များပေါ်၌ မိုးသားများ ဖြတ်၍ သွားနေရာ၊ ကြည့်ရင်းကြည့်ရင်း ပို၍မည်းလာသဖြင့် မိုးကြီး အကြီးအကျယ် ရွာချတော့မည်ကဲ့သို့ ရှိနေလေသည်။ စယ်ရိုဂေါ်ဒိုတွင် မူကား ဂျူဒစ်သည် ထိုမိုးသားများကို မျှော်ကြည့်ရင်း ငေး၍နေမိလေ သည်။ ထိုတိမ်တိုက်အတွင်းမှ မိုးပေါက်များ ရွာချလိုက်သော်လည်း
အောက်မှ လေက ပြန်၍ ပင့်တင်လိုက်သဖြင့် မြေသို့မကျဘဲ ကောင်းကင် ပြင်တွင်သာ ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။ ဤနည်းအားဖြင့် ကောင်းကင် ၌ လျှပ်စစ်ဓာတ်အားဖြစ်ပေါ်လာလေရာ၊ အပေါ်ယံ လေထုက ဓာတ်ဖို ဖြစ်၍၊ အောက်မှ လေထုက ဓာတ်မ ဖြစ်လေသည်။ အောက်ပိုင်းမှ လေက အပေါ်ပိုင်းရှိ ဓာတ်ဖိုအားကို မြေပြင်သို့ရောက်အောင် ဆွဲဆောင် နေသည်ဖြစ်ရာ၊ အောက်ပိုင်းလေထု တိုက်ခတ်နေရာဖြစ်သော မြေပြင်ရှိ တောတစ်လျှောက် တောင်တစ်လျှောက်တွင် လျှပ်စစ်ဓာတ်ဝင်၍ နေလေ
မိုးသားများမှာ တဝုန်းဝုန်း ထစ်ချုန်းကာ၊ လေယူရာသို့ ပါ၍လာ လေလေ၊ အခြေအနေမှာ ပို၍ဆိုးလေဖြစ်လာ၏။ တောကြီးတစ်လျှောက် ၌ လျှပ်စစ်ဓာတ်မှာ ဗို့အား သန်းပေါင်းများစွာဖြစ်ပေါ်၍နေချေပြီ။
တောင်တန်းများဆီ၌ ထိုမှဤမှ လျှပ်ပြက်လာပြီကို တွေ့ရပြီး နောက်ဆုံး၌ တစ်တောလုံး တစ်တောင်လုံး ဟိန်း၍သွားသော မိုးကြိုးပစ်သံကြီးကို ကြားလိုက်ရ၏။ ထိုအသံကြီးကို ကြားရပြီးလျှင် အလင်းရောင်ကို//
ရုတ်တရက် တွေ့လိုက်ရသဖြင့် ဂျူဒစ်မှာ မျက်စိများ ပြာပြီး၊ မိုက်ခနဲ ဖြစ်သွားလေ၏။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်၍ လာပြီးနောက် မိုးကြိုးလွှဲလွဲသော ခုံကလေးပေါ်သို့ ပြေးတက်မိရှာလေသည်။ မနီးမဝေး ဆီမှ သစ်ပင်ကြီးတစ်ပင် ဝုန်းခနဲ လဲ၍ သွားသံကို ကြားလိုက်ရာ မိုးကြိုး ပစ်သော နေရာမှာ မိမိနှင့်ကပ်၍ နေကြောင်းကို ကောင်းစွာ သိရလေ၏။
မိနစ်ဝက်ခန့် ကြာသွားမှ အကြောက်ပြေကာ မိုးကြိုးပစ်ချသော နေရာကို ကိရိယာကလေး၌ ရှာပြီး မှတ်တမ်းတွင် ရေးမှတ်ထားလိုက်၏။ သို့ရေးမှတ်နေစဉ်ပင် ခပ်ဝေးဝေးမှ နောက်ထပ် နှစ်ကြိမ်တိုင်တိုင် မိုးကြိုး ပစ်သံ ကြားလိုက်ရပြန်လေ၏။ အဝေးသို့ မျှော်ကြည့်လိုက်သောအခါ မိုးမင်းမှာ စိတ်ကျေနပ်သွားသည့်အလား ကောင်းကင်တွင် အနည်းငယ် ကြည်လင်လာ၍ မိုးများရွာချနေသည်ကို တွေ့ ရလေ၏။ မိုးရွာနေသော နေရာမှာ အရှေ့ဘက်ဆီတွင် ဖြစ်လေသည်။
သို့ရာတွင် အန်နီယံချောင်း တောင်ဘက်ကမ်းရှိ၊ ဟိုးဝဲလ်တောင် ဆီသို့ မိုးသားများ ပို့ပြီးတက်လာပြန်၏။ ထိုနေရာတွင် ဂျက်ဖရေးပိုင်း” ခေါ် အကောင်းစား ထင်းရှူးပင်များ သန်စွမ်းစွာ ပေါက်၏။ ဟိုးဝဲလ်
တောင်စောင်းတွင် ဂျက်ဖရေးထင်းရှူးပင်ကြီးတစ်ပင်မှာ အခြားအပင်များ ထက် မြင့်မားစွာ ကောင်းကင်သို့ ထိုးတက်နေသည်ဖြစ်ရာ ထိုအပင်ထိပ် ဖျားမှာ ညိနေသောမိုးသားများသို့ ထိလုနီးပါးရှိနေ၏။ အထက်၌ ဖော်ပြခဲ့ပြီးသည့်အတိုင်း ကောင်းကင်မှ လျှပ်စစ်ဓာတ်မှာ ထိုတောတောင် တစ်ကြောရှိ မြေ၌ ဓာတ်လိုက်နေပြီဖြစ်ရာ၊ ထိုသစ်ပင်ကြီးသည်
ကောင်းကင်နှင့် မြေပြင်ကို လျှပ်စစ်ဓာတ် ဆက်သွယ်၍ ပေးနေသလို ရှိတော့၏။
မျက်စိတစ်မှိတ်အတွင်း ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး တုန်ဟည်း ၍သွားပြီးနောက် ဝင်းခနဲ မြင်လိုက်ရပြန်လေသည်။ ဒုတိယအကြိမ်//
မိုးကြိုးပစ်ပြန်လေပြီ။
စယ်ရိုဂေါ်ဒိုမျှော်စင်စောင့်မကလေး ဂျူဒစ်သည် စက်ကလေး ကို တစ်ဖန် ပြန်၍လှည့်ပြီး မိုးကြိုးပစ်ချသောနေရာကို ရှာရပြန်၏။ နေရာကို တွေ့သောအခါ “ဆယ်မိုင်ဝေးသည်။ အချိန် ၄ နာရီ ၁၂ မိနစ် ဒီဂရီ ၆၅”ဟု မှတ်တမ်းစာအုပ်၌ ရေးမှတ်ထားလိုက်၏။ သို့ရေးနေ စဉ်ပင်၊ အပြင်၌ မြေပြိုတော့မလို တဝုန်းဝုန်း မိုးသံတွေ ဆူညံနေလေ သည်။ နောက်မှ တဖြည်းဖြည်း မိုးခြိမ်းသံများစဲသွားပြီး ငြိမ်၍သွား၏။ ဂျူဒစ်သည် ထိုအခါမှ စီးကရက်ကလေးတစ်လိပ်ကို မီးညှိ၍ ဖာနိုင်ရှာ လေတော့သည်။ တစ်နာရီကျော်ကျော် ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး နောက်၊ မိုးသံငြိမ်ပြီး အကြောက်ပြေသွားသောအခါ ခြေကုန်လက်ပန်း ကျ၍ သွားရှာလေတော့သတည်း။
မိုးကြိုးအပစ်ခံရသော သစ်ပင်ခြေရင်းတွင်ကား၊ သစ်ကိုင်း ခြောက်များကို မိုးကြိုးလက်နက်ဖြင့် မီးစွဲလေပြီ။ သစ်ကိုင်းခြောက်များ စုဝေးနေရာမှာ လေကြောင်းတည့်နေပြန်သောကြောင့် မီးနှင့်လေ အဆင် သင့်နေရာ မီးတောက်ပင် မထသေးစေကာမူ တငွေ့ငွေ့ဖြင့် မီးခိုးတလူ လူထနေ၏။ ထိုအငွေ့ကလေးမှာ စီးကရက်တိုကလေးကို တော်ရာသို့ လွှင့်ပစ်လိုက်ရာတွင် သေလုနီးမီးမှ ထ၍လွန့်တက်သော မီးခိုးညွန့် ကလေး ပမာဏမျှသာ ရှိလေသည်။
Share






