Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

တက်တိုး - ကံယုံသည်ဆိုရာဝယ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မျှော်လင့်မှုနှစ်သွယ်

          မျှော်လင့်မှုမရှိသောဘဝသည် အချည်းအနှီးတည်းဟု အဆိုရှိ သည်။ မျှော်လင့်မှု၌ နှစ်မျိုးရှိ၏။ “မျှော်လင့်တောင့်တမှု”နှင့် “မျှော်လင့်စောင့်စားမှု”ဟူ၍ ခွဲခြားအပ်ပေသည်။ မဖြစ်သေးသည်၊ မရသေးသည်။ မရောက်သေးသည်တို့ကို ဖြစ်မည်၊ ရမည်။ ရောက်လာမည်ဟု ထင် သည့်အလျောက် အဖြစ်၊ အရ၊ အလာတို့ကို စောင့်စား၏။ ယင်းစောင့် စားရာ၌ ယုံကြည်မှုအားသည် ဝင်လျက်ရှိ၏။ ယုံကြည်မှု အားပျော့ ခြင်း၊ အားရှိခြင်းတို့ကို မူတည်၍ ခွဲခြားနိုင်သည်။ “မျှော်လင့်တောင့် တမှု”၌ ယုံကြည်မှု အားပျော့သည်၊ မယုံရဲသလို ဖြစ်လာသည်မှာ ဖြစ် လာ၊ ရလာ၊ ရောက်လာမှုတို့အပေါ်တွင် မသေချာသော ပျော့ကွက်ရှိ နေသည်။ (အင်္ဂလိပ်လို “မျှော်လင့်တောင့်တမှုပြုသည်”ကို Hope ဟု ခေါ်ဆိုသည်။) မျှော်လင့်ရာတွင် တောင့်တမှုထက် ဖြစ်လာ၊ ရလာ၊ ရောက်လာမှုတို့အတွက် သေချာသည် သို့တည်းမဟုတ် သေချာသလောက် ဖြစ်သည် သို့တည်းမဟုတ် သေချာသည်ဟု ထင်သည်ဆိုလျှင် မျှော်လင့် စောင့်စားမှုပြုသည်။ (အင်္ဂလိပ် Expect ဟုဆိုသည်။)

          မျှော်လင့်တောင့်တသည်ဟူရာ၌ ဖြစ်လာပါစေ၊ ရလာပါစေ၊ ရောက်လာပါစေ ဟူ၍ ဆုတောင်းမှု ပါဝင်သည်။ ကင်ဆာရောဂါ ကျွမ်း နေပြီဖြစ်သော လူနာကို မိတ်ဆွေက “မသေနိုင်ပါဘူး” “သေမှာ မဟုတ် ပါဘူး”ဟု အားပေးစကားပြောရာတွင် ရောဂါရှင်က အားပေးသူကို မျက်လွှာလှန်ကြည့်ပြီး အင်္ဂလိပ်လို Thope soဟု ပြောလိုက်လေသည်။ သူ့ခမျာ နေရတော့မည် မထင်သော်လည်း ကံကောင်းထောက်မ၍ သေကံမကြုံသေးသည့် အဖြစ်မျိုးကို ရောက်ပါစေဟု ဆုတောင်းသံသည် ထိုစကားလုံး သုံးလုံးထဲတွင် သဲ့သဲ့ကလေးဝင်နေလေသည်။ မျှော်လင့် ချက်မရှိမှန်း သိပါလျက်နှင့် ဘဝကို ခုံမင်ရှာလွန်း၍၊ သံယောဇဉ်ကြီး လွန်း ၍ မျှော်လင့်ချက်မရှိခြင်းကို အတိုက်အခံပြုကာ တောင့်တခြင်းဖြင့် မျှော်လင့်လေတော့သည်။ ။

          လူ့ဘဝသည် ဒုက္ခတွေ ဝေဝေဆာလျက် ရှိ၏။ မဖြစ်လိုသည်တို့ ဖြစ်လာသည်။ ရလိုရာတွေ မရဖြစ်ရသည်။ ရောက်လာစေချင်သော ချစ်သောသူတို့ မရောက်လာ ဖြစ်ရသည်။ ယင်းသို့ မလိုလားရာတွေ ဖြစ်သဖြင့် စိတ်ဆင်းရဲခြင်း ဖြစ်လျက်ရှိရာ မည်းမှောင်လျက်ရှိသော တိမ်တောင်ကြီး နှုတ်ခမ်းသား၌ တောက်ပြောင်နေသော အလင်းရောင် ကို ကြည့်ပြီး ဖြေသိမ့်ရသလို ဆန္ဒမပြည့်သည့် မျှော်လင့်ချက်ကို နောက် ထပ်မျှော်လင့်ချက် တစ်ခုဖြင့် ကျနေသော စိတ်ဓာတ်ကို ဆွဲတင်ရန် ကြိုးစားကြသည်။ လူသားတို့သည် မျှော်လင့်ချက်ရှိနေမှသာ ဘဝ၌ နေသာချေသည်။ လင် မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မျှော်လင့်ချက်ထား ကြရသည်။

          မျှော်လင့်ချက် မရှိမှန်းသိသည့်တိုင်အောင် ကံကို အားကိုး၍ မမျှော်လင့်ဘဲ ဖြစ်လာနိုင်ကောင်း၏ဟု သဘောထားကာ မျှော်လင့်ချက် ကို ခပ်ယိုယ့်ကလေး ရင်ထဲမှာ ထားကြရသည်။ မျှော်လင့်ချက်ထား၍မရနိုင်လောက်အောင် အခြေအနေ ဆိုးနေစေကာမူ လူတို့၏ ဖြစ်ရာ ဘဝကို ခုံမင်၍ နီးစပ်ရာတို့အပေါ် သံယောဇဉ်ကြီးသော သဘာဝ၏ တိုက်တွန်းသောကြောင့် မရေရာသော လူ့ဘဝ၌ မျှော်လင့်ချက် ဟူသော မှုန်မှေးသော အလင်းရောင်ကလေးကို လှမ်းကြည့်ပြီး အားကိုးမှုပြုကြရ သည်။ မျှော်လင့်ချက်သည် မရေရာသော ဘဝအခြေအနေကို ရေရာလေ ဟန်ဖြင့် ဒုက္ခတွေ စုဝေးသည့် အထဲမှာ ရေနစ်နေခိုက် မျောလာသော ကောက်ရိုးဖုတ်ကလေးသဖွယ် ဖြစ်လာတော့သည်။

          “မနက်ဖြန်သည် ယနေ့ထက် ပိုကောင်းပါလိမ့်မည်” ဟူသော စကားရပ်သည် မျှော်လင့်ချက်ထားရှိခြင်းကို သရုပ်ဖော်သော စကား ဖြစ်ပေသည်။ လူတို့သည် မျှော်လင့်ချက်ကို ရှေ့မှာထားပြီး လုပ်ကြ ကိုင်ကြရသည်။ လှော်ရင်းနစ်နိုင်သည်။ ပြေးရင်း လဲနိုင်သည်။ လုပ်ရင်း ပျက်နိုင်သည်။ ခွက်ထဲမှ အရည်ကိုသောက်ရန် ပါးစပ်ထဲသို့ ရောက် အောင် လက်ဖြင့်ကိုင်၍ မရာ၌ နှုတ်ခမ်းနှင့်ခွက်တို့ကြားတွင် ချော်ကျနိုင် သော အခွင့်အလမ်းတို့သည် တစ်ထောင်ရှိ၏ဟူသော အဆိုရှိ၏။ ယင်း အဆိုသည် သင်္ခါရဓမ္မကို ဖော်ညွှန်းသောစကား ဖြစ်ပေသည်။

          ယင်းသို့သော မသေချာ၊ မရေရာသော အဖြစ်တို့ဖြင့် ပြည့်လျှမ်း နေသော ဘဝ၌ မျှော်လင့်ချက်မထားရှိလျှင် နေနိုင်ဖွယ်ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် မျှော်လင့်ချက်သည် သင်္ခါရဓမ္မ၏ အပျက်တရား ကို လက်ခံရမည်ဖြစ်သည့်အလျောက် ကံစီမံမှုကို လှမ်းမျှော်ရင်း အလုပ် ဆက်လုပ်နိုင်ရန် ထိန်းကျောင်းပေးသော ဆန္ဒနှောသော စိတ်ကလေး ဖြစ်သည်။ လောကီရေးရာကို လောကီဘောင်သားတို့ ရှောင်လွှဲသွေဖည် ၍ မရချေ။ မသေသေးမီအခိုက်တွင် လှုပ်ရှားနေရမည်သာ ဖြစ်သည်။ ထို့ကြောင့် လောကီအလုပ်ကို လုပ်ခိုက်တွင် “မပျက်စီးနိုင်သေး”ဟူသော အတွေးကို မိမိနှင့် သင်္ခါရတရားတို့ကြားတွင် ခုထားရပေမည်။ လောကုတ္တရာ