Skip to product information
1 of 2

Other Websites

တက်တိုး - ကမ္ဘာကျော်သူလျှိုမယ် မာတာဟာရီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း ( ၁ )

          လွန်ခဲ့သော ကမ္ဘာစစ်ကြီးတွင် မာယာတစ်သိန်း အပလိန်း အနန္တ တို့ကိုရေလဲ အမျိုးမျိုးနှင့် အသုံးပြုကာ အလွန်ခက်ခဲလှသော သူလျှိုအလုပ်ကိုဆောင်ရွက်ခဲ့ရာတွင် နာမည်ကျော်ခဲ့သော မာတာဟာရီသည် အတ္ထုပ္ပတ္တိဆရာတို့အား လှည့်စားသည်ဟု ဆိုရပေမည်။ သူ့အတ္ထုပ္ပတ္တိကို အစီအစဉ်ကျအောင်ရေးနိုင်သော စာရေးဆရာ မရှိသေးချေ။ အကြောင်း သော် သူသည် ပန်းပွင့်ကလေးတစ်ပွင့်တစ်သို့ ကူးသွား၍သာ လိပ်ပြာကလေးကဲ့သို့ ဗက်တီးဘီးယား၊ ကိုင်ရို၊ ပဲရစ်၊ မဒ္ဒရာဇ်၊ လန်ဒန်မြို့များကို ကူးလူးပျံလွှားလျက်နေခဲ့လေသည်။ အတ္ထုပ္ပတ္တိဆရာသည် သူ့အားလန်ဒန်တွင် တစ်နေ့၌ တွေ့ရကြောင်း အမှတ်အသားကို တွေ့ရှိရပြီးသည်နှင့် အခြားမဲ့၌ ပဲရစ်တွင်ရောက်နေကြောင်း အမှတ်အသားတွေ့ရပြန်၏။ သို့နှင့် ပျောက်ချီးပေါ်သို့ ဖြစ်နေရကား၊ သူ့အတ္ထုပ္ပတ္တိကို အစီအစဉ်ကျကျရေးသားလိုသူသည် ခုန်ပျံမြူးတူးနေသော ပန်းလိပ်ပြာကလေးကို လိုက်လံဖမ်းသော သူငယ်ကလေးကဲ့သို့ ဖတ်ဖတ်မောရချေသည်တကား။ ။

          ဂျော့မီးဆူးရီးယားသည် သူ့အား ပြင်သစ်မြို့တော်ပဲရစ်မျိုးဘာသီလမ်း ဟော်တယ်ဆိုင်တစ်ဆိုင်၌ မာတာဟာရီကို ပထမစတင်၍တွေ့ရ၏။ ဟော်တယ်ရှင် 'ပါရိုးလ်သည် သူ့ဟော်တယ်ဆိုင်တွင် ပျော်ပွဲစားလာကြသော ပရိသတ်တို့အား ထူးဆန်းသောကသည် မလေးတစ်ယောက်ကို အသုံးတော်ခံစေ၏။ ထိုကသည်မလေး၏အမည်ကား လုံ့ရဲလ်ဖြစ်၏။ (ထို လုံးဆွရဲလ်ကား နောက် သူလျှိုရာဇဝင်တွင် နာမည်ကျော်ကြားသည့် မာယာသယ် မာတာဟာရီပင်ဖြစ်၏။)

          ပေါ်ရီးလ်၏ဟော်တယ်သည်ကား အခြားဟော်တယ်များနှင့်မတူ ကလပ်သဖွယ် ဖြစ်နေလေ၏။ လာရောက်စားသောက်ပျော်ပါးကြသူတို့မှာကား၊ ပန်းချီဆရာများ၊ စာရေးဆရာများသာဖြစ်၍ နေ့စဉ်နှင့်အမျှ ထိုသူများသာလျှင်လာကြသဖြင့် လူသစ်၊ လူစိမ်း၊ ခရီးသည်တို့ မလာရောက်ကြချေ။

          ဟော်တယ်ဆိုင်ရှင် ပေါရီးလ်သည် ၁၉၁၀ ခုနှစ် နိုဝင်ဘာလ ညတစ်ည၌ ဖန်မောင်းကလေးကို ထုလိုက်လေ၏။ ထိုဖန်မောင်းကလေး၏သတ္တိကား တရုန်းရုန်း တဗြန်းဗြုန်းဆူညံနေသော အသံတို့ကိုကျော်လွှားနိုင်သော စူးရှသည့် အသံကိုဆောင်၏။ ထို ဖန်မောင်းကလေးကို ထုလိုက်ခြင်း၏ အဓိပ္ပာယ်ကား အခြားမဟုတ်၊ ဟော်တယ် ရှိလူများအား ပေါရီးလ်က တစ်ခုခုပြောကြားလို၍ ဖြစ်သည်။ ထိုစူးရှလှသော ဖန်မောင်း သံကလေးသည် ဆူညံနေသောအသံများပေါ်သို့ကျော်လွှားကာ မီးကိုရေဖြင့် ငြိမ်းသတ် လိုက်ဘိသကဲ့သို့ အပ်ကျသည်ကိုပင်ကြားရမလောက် ငြိမ်သက်သွားစေ၏။

          ပေါရီးလ်သည် တတိယအကြိမ် ဖန်မောင်းဖော်ပြီး သကာလ၊ ဤသို့ ပရိသတ် - အားစကားဆို၏။

          “မိတ်ဆွေတို့ ခင်ဗျားတို့ ကပွဲ မကြည့်ရတာ အတော်ဘဲကြာသွားပြီ၊ သုံးပတ် တောင်ရှိပေါ့”

          ထိုသို့ဆိုပြီးနောက် ပရိသတ်က မည်သို့ ပြန်ပြောမည်နည်းဟု ရပ်၍စောင့်သည့် အနေနှင့် စကားကို ရှေ့သို့ မဆက်သေးဘဲ ပြောကာထားလိုက်၏။ ပရိသတ်ငြိမ်လျက် ဖင်ရှိသဖြင့် ဆက်ပြော၏။

          “ကျွန်တော် လွန်ခဲ့တဲ့ စနေနေ့က မာဆေးလ်ကိုသွားတယ်” ဤစကားကိုကြားသော် ပရိသတ်သည် လူပျက် ပျက်လုံးကို သဘောကျ၍ရယ်လိုက်သကဲ့သို့ ဝါးကနဲ ရယ်၏။ ဤစကား၌ရယ်သွမ်းသွေးဘွယ်ရာ အဓိပ္ပာယ်ပါလေ သည်။ ဟော်တယ်ပရိသတ်သည် ပေါရီးလ် မာဆေးလ်သွားသည့်အကြောင်းကို မပြောဘဲ နှင့် သိကြကုန်၏။ ပေါရီးလ်သည် မာလ်၌ မယားငယ်တစ်ယောက်ထား၏။ အလုပ် အကိုင်နှင့် မယားကြီးတို့သည် ပဲရစ်မြို့၌ရှိရကား၊ မာဆေးလ်၌သူအမြဲမနေနိုင်ရှာချေ။ အလုပ်အကိုင်ကလူကိုပမ်း၊ မယားကြီးကစိတ်ကိုနွမ်းစေသော အခါ၌ စိတ်ပြေလက်ပျောက် ဆိုသလို မာဆေးလ်မြို့ကိုအလည်အပတ်သွား၏။ မယားကြီးသည် ဟော်တယ်တွင် စာရင်းကိုင်ငွေသိမ်းသဖြင့် လွတ်လပ်ခြင်းကို အလိုရှိသော ပေါရီးလ်သည် မင်းစအရာရာ ကျပ်တည်း ကျဉ်းမြောင်းလှသည်ကို တွေ့ကြုံရရှာ၏။ ထိုသို့ ကျပ်တည်းလှသည့် ဃရာဝါသသမ္မာဒမှ ပေါရီးလ်သည် တစ်လတစ်ပါတ်လောက် လွတ်မြောက်ပါရခြင်း၊ အကျိုးငှာ မာဆေးလ်သို့ ထွက်လေ့ရှိ၏။

          အရယ်တိတ်သောအခါ ဆက်လက်၍ ပေ နီးလ်က ပြော၏။

          “ကျွန်တော် မာဆေးလ် ရောက်တော့ ဟော်တယ်ဆိုင် တစ်ဆိုင် သွား တယ်၊ ဟော်တယ်မှာ ကချေသည်မလေးတစ်ယောက်ကိုတွေ့တယ်” ။

          ပါရီးလ်သည် ဤနေရာ၌ တန်ရပ်တန့်နေပြန်၏။ ယခုအခါ၌ကား ပရိသတ် ထံမှ စကားကိုကြားလိုလှ၍မဟုတ်၊ သူ့ဘာသာ သူသဘောကျ၍ ပီတိသောမနဿဖြစ် နေသောကြောင့် မျက်စိကို အသာမှေးပြီး လက်နှစ်ဘက် ရှေ့သို့ ဟန်ပါပါနှင့် ဆန့်တန်း ကာ တစ်မိနစ်မျှ နေလေ၏။

          “ကျွန်တော်က ကောင်မလေးကို ထိန်းထားတဲ့သူဆီ သွားပြီးတယ်၊ ငှားတော့ သူက အတော် ဈေးကြီးကြီးဆိုလိုက်တယ်၊ ကျွန်တော်က ဈေးကြီးတာနဲ့ မငှားဘဲနေမလို့ ပါဘဲ။ ဒါပေမယ့် ကောင်မလေးမျက်စိက တစ်မျိုးပဲဗျာ၊ သူက ကျွန်တော်နဲ့သူ့လူ စကားပြောနေတဲ့ဆီကို လှမ်းကြည့်လိုက်တယ်ဆိုလျှင်ပဲ ကျွန်တော်ဘယ့်နှယ်ဖြစ်သွားတယ် မပြောတတ်ဘူးဗျာ၊ ငှားချင်စိတ် သိပ်များလာတာဘဲ၊ ဒါနဲ့ ဈေးကြီးကြီးနဲ့ပဲ လာခဲ့ရ တယ်၊ ကဲ... ဒီမယ် သူပဲ”

          ဤသို့လျှင် ပေါရီးလ်သည် ဈေးသယ်ပီပီ စကားကို ရွှန်းရွှန်းဝေအောင် ပြော တတ်ပါပေ၏။ ပြောပြီးလျှင်ပင် ပေါရီးလ်သည် တီးဝိုင်းသို့သွား၍ တီးစေ၏။

          တူရိယာ စလိုက်သည်နှင့် တပြိုင်နက်၊ ကန့်လန့်ကာသည် ဘေးဘက်သို့ ရုတ်၍သွားကာ၊ ဇာတ်ခုံပေါ်တွင် တင်ပလ္လင်ချိတ်ထိုင်နေသော သူငယ်မ တစ်ယောက်ကို ပရိသတ်တို့မြင်ကြရလေ၏။ မြင်စ၌ တွင်မထူးခြားလှပေ။ ပေါရီးလ်၏ လေလုံး ထွားပုံကို သိပြီးဖြစ်၍ မည်မျှပင် သိတင်စေကာမူ၊ ထူးထူးခြားခြားမရှိလှဟု မှတ်ထင်မိ ၏။

          ကသည်မလေး၏ အောက်ပိုင်းတွင်ကား တူရကီ ဘောင်းဘီရှည် ဝတ် ဆင်လျက်ရှိ၏။ ခါးအထက်၌ကား အရောင်တောက်နှင့် အရောင်မှိန် နှစ်မျိုး တစ်လှည့် စီရှိသော အဝတ်တန်ဆာကို ဆင်ယင်လျက်ရှိသည်ဟု ထင်ရ၏။ မဲမဲနှင့် ပြောင်ပြောင် တစ်ကွက်စီ ကြားသကဲ့သို့ ဖြစ်နေ၏။ သူသည် မတ်တတ်ရပ်ကာ ထိုးဆတ်တန်ဆာ ကို ကိုယ်မှ လည်တွင်ပတ်ထားသော မာလာကို ခွာသကဲ့သို့ ခွာလိုက်ရာ ပြောင်နေသားအရာကား၊ အခြားမဟုတ် မြေကြီးဖြစ်နေကြောင်းကို ပရိသတ်တို့ သိကြရ၏။ မြွေကြီး အရေသည် မီးရောင်အောက်တွင် တောက်ပြောင်လျက်ရှိ၏။%မကခင် ကိုယ်မှ ဖြေလိုက်သော မြွေလိမ္မာကြီးကို လည် မျိုးမှ ကိုင်၍ ပရိသတ်ဘက်နဲ့ မျက်နှာမူကာ မြွေကြီး၏ လျှပ်စီးပျက်သလို အရောင် တလက်လက်နှင့် ထွက်ချီဝင်ချီဖြစ်နေသော လျှာကလေးကို သူ့လျှာနှင့်တို့ကာ နမ်းပြလိုက်သေး၏။ အကမှာလည်း အရှေ့တိုင်း အကမျိုး ဖြစ်၏။ ပုဏ္ဏားမကနည်းမျိုးဖြစ်ပေသည်။

          မဆူးရီးယားသည် ပန်းချီဆရာဖြစ်၏။ မြွေကိုယ်ကို တစ်ပတ်ပြီး တစ်ပတ် နေသော ကသည်ကို မြင်သော် မိမိရေးဆွဲနေသော ကိုယ်လုံးကျွတ်ရုပ်ပုံများအတွက် အဆက်က်ကျသော ကိုယ်ကာယကို မျက်စိရှေ့တွင်မြင်ရလေသောကြောင့် အထူးပင် စိတ်ဝင်စားလာလေ၏။

          ကသည်မလေး၏ ထူးခြားချက်တစ်ခုကား၊ အခြားကချောသည်မများကဲ့သို့ အကတွင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကသည်မဟုတ် သူ့အကမှာ ဓိပ္ပာယ်တစ်မျိုးပါပေသည်။ သူကပုံနှင့် သူ့မျက်နှာထားကိုကြည့်ခြင်းအားဖြင့် သူသည် လောကကြီးကို ပျက်ရယ် ပြုလိုသည့် ဆန္ဒရှိကြောင်း သိရ၏။ ဆန္ဒရှိယုံမျှမက၊ ပျက်ရယ်ပြုနေသည်မှာ အမှန်ပင် ဖြစ်တော့၏။ အပျော်အပါးကို ခုံမင်နေကြကုန်သော လူဆိုသည့်သတ္တဝါတို့၏ အပြုသူထုံးတမ်းတို့ကို မသိမသာမဲ့ရွဲသော နှုတ်ခမ်းကလေးဖြင့် ကြည့်၏။ သရော်သော မျက် နှာထားနှင့်ကြည့်၏။ ကြည့်ရင်းကြည့်ရင်း ညင်သာ ယဉ်ကျေးစွာက၏။

          ဆချလိုက် ဓာတ်မီးကြီးများ အားကုန်ထွန်းထား၍ အလင်းရောင်ထူပြောသော နေရာတွင်ရပ်၍ နေသော ကချေသည်မကလေး၌ လူတို့ မက်လောက်သည့် သေသလေး တစ်ခုရှိ၏။ သူ့အက ညက်ညာ၍လား၊ မဟုတ်လှပါ။ လှလွန်း၍လော၊ လှလွန်း၍လည်း မဟုတ် သို့သော် သူ့ဝယ် ယောက်ျားတို့၏ အသဲနှလုံးကို ယူကြုံးဆွဲငင်နိုင်သော စာဖြင့်၊ စကားဖြင့် မဆိုသာ၊ မပြောသာ၊ ဖေါ်မပြသာသည့် သတ္တိထူးကလေးရှိလေသည်။

          ယောက်ျားများ စွဲမက်၍ သူ့နောက်သို့ တကောက်ကောက်လိုက်စေတတ်သော ဤသတ္တိထူးကလေးသည်..... -၁၉၁၀ ခု၊ နိုဝင်ဘာလ၊ ထိုနေ့ညတွင် ပေါရီးလ်၏ဟိုတယ်တွင် ကပြအသုံးတော်ခံသော အချိန်အa၌၊ အထူးသဖြင့် ပေါ်လွင်နေလေသည်။ သူ၏ အဖြစ်အပျက် အကြောင်းအရာကို မည်သူမျှ မသိချွမ်နိုင် သူ့ကို မန်းမြင်း တည်းဟူသောဘရုံကလေးက တလျှောက်လုံးအဖုံးလွှမ်းလျက်ရှိ၏။ သူ့နောက်ကို တကောက်ကောက် လိုက်ကြကုန်သော ငနဲတို့သည်လည်း မကြာမီပင်မျက်ခြေပြတ်၍ ငါ၍ကော ၍ ကျန်ရစ်ဘဝသို့ သက်ဆင်းကြရရှာ၏။ သူ၏ဘ၀သည်ကား၊ ပေါ်ချီပျောက်နေရ သော ဘဝဖြစ်ချေ၏။

          ပထမတစ်ချီ ကပြီးလျှင်ပင်း တီးလိုက်ကြသော လက်ခုတ်သံသည် ငြင်းဆန် ၍သွား၏။ ဖန်ခွက်ခေါက်သံ စားပွဲကို လက်နှင့်ပုတ်သံ၊ ကြောင်အော်သလို အော်သံ မှစ၍ အားလုံးသောအသံများကို ကြားရ၏။ ဖရိသတ်မှာကား သာမန်ပရိသတ်မဟုတ်ကြောင်းသတိမူရာ၏။ စာရေးဆရာပရိသတ်နှင့် ပန်းချီဆရာပရိသတ် ဖြစ်ချေ၏။ စာရေး ဆရာနှင့် ပန်းချီဆရာတို့ကား သူမတူ ရူးတတ်သောသတ္တဝါများသာ ဖြစ်ကြကုန်၏။

          ပေါရီးလ်ကလွဲဆောန်ရလ်သည် ထိုနေ့ညအဖို့ နောက်ထပ်ကတော့မည်မဟုတ် ကြောင်းထွက်၍ပြောသောအဒါ၊ဟု ဘာလို့ မကရမှာလဲ၊ ကရမယ်၊ နောက် ထပ်ကပါ၊ နောက်ထပ်က

          " အင်း ကိုး”

          ဟူသောအသံတို့သည်မိုးမွှန်၍သွားလေ၏။ အဖို့ကား နောက်ထပ်မကစေလိုရလ် ကသွားသည်မှာ အလွန်စွဲမက်လောက်၏။ သူ့ကို ထပ်မံ၍ကြည့်ရင် မြင်ပါများတော့ ငယ်ဆိုသလို အစွဲပေါ့ပျက်ပျက်ဖြစ်သွားမည်စိုးလှ၏။

          အချို့သော လက်မြန်ခြေမြန်တို့သည် ဇာတ်ခုံပေါ်သို့ ပြေးတက်ကာ ပေါရီ ကို အတင်းဆွဲဖယ်ပြီးလျှင် ကန့်လန့်ကာကိုဆွဲဖွင့်ကြ၏။ ကန့်လန့်ကာပွင့်လာသော လို့ဆောန်ရလ်ကိုမတွေ့ရချေ။ သူနှင့် သူ့မြွေကြီးရော မြွေခြင်းကြီးပါပျောက်သွား လေတော့၏။ ကပွဲကိုတော်ကြည့်သူတို့သည် ကြည့်ချင်ဇောနှင့် ပေါရီးလ်လား ဘယ်မလဲ။ ကချေသည်မလေး၊ ဘယ်ပျောက်သွားသလဲဟုမေးကြသော်လည်း၊ ပေါရီးလ်သည် တုံဏိဘော လုပ်၍ အကြောင်ရိုက်ကာနေလေ၏။

          အခြား ကသည်မများနှင့်မတူသည်ကို ချော့ရိပ်မိလေ၏။ အခြားကချေသည်။ များသည် ယခုကဲ့သို့ပရိတ်သတ်သဘောကျ ကလိုက်မိလျှင်၊ ပွဲပြီးသည်၏အခြားမဲ့၌ မမှီတမှီ ထားသောအမဲတုံးကို သရေဟများများနှင့်မျှော်နေကြသောပမာ မိမိတို့၌မက်သူ ကချေသည်မထံသို့ သူ့ထက်ငါစုရုံးလာကြကုန်သော ယောက်ျားပရိတ်သတ်အားကောင်းမွန်စွာ ပြောဆိုရောနှော၍ သူတို့၏ပိုးကြေးပန်းကြေးတည်းဟူသောအရက်များ အစား အတော်များကိုသောက်စားပြီးမှသွားလေသည်။ယခုကချေသည်မကလေးသည်ကား ထူးဆန်းလှ၏။ ကိုယ်ပျောက်အတတ်ကိုရသည့်အလား ပွဲပြီးပါပြီဟုပေါရီးလ်ပြော၍မှ မဆုံးမီပင် အစအန ရှာ၍မရတော့ချေ၊ ထိုထူးဆန်းချက်သည် ၏စိတ်ကိုဝင်စားစေ၏။

          'ပြောစမ်းပါအုံး ကိုယ့်လူရ။ ဒီကောင်မလေးဘယ်မှာနေသလဲ၊ အခုဘယ်ဘက် တံခါးကထွက်သွားသလဲဟင်”

          ဟု သူတစ်ယောက်ငါတစ်ယောက် မေကြသော်လည်း ပေါရီးလ်မှာ ရေ ရာရာဖြေဆိုခြင်းမရှိဘဲ၊ အူကြောင်ကြောင်လုပ်နေလေ၏။ ။

          သူငယ်မလေးနေထိုင်ရာကိုမေးမရသောကြောင့် စိတ်ပျက်ကာ ပြန်သွားမည် မထင်လေနှင့်။ စာရေးဆရာပန်းချီဆရာဆိုသောသတ္တဝါတို့သည် သူတကာထက် အကဲပိုတတ်ရကား...။

          “နို့နေပါအုံး ပေါရီးလ်ရ။ ဒီကောင်မကလေးကိုဘယ်လိုတွေ့လာတာတုန်း သူ့ကို ဟာဗျာ ခင်ဗျားကြီးမလိုပါဘူး။ ကောင်မလေးကိုစွဲနေပြီထင်တယ်”

          ဟု ပြောကာပေါရီးလ်အား လှုံ့ဆောန်ရလ်နှင့်တွေ့ပုံမှ ပဲရစ်သို့ခေါ်ဆောင်လာပုံတို့ကို ခရေစေ့တွင်း ကျမေးကြကုန်၏။

          ပေါရီးသည် ဟော်တယ်ပိုင်ရှင်သဘာဝ စကားအလွန်များလှ၏။ စာရေးဆရာ၊ ပန်ချီဆရာနောက်ပိုးတို့သည်လည်း လှုံ့ဆောန်ရလ်၏အကြောင်းကို ပေါရီးလ်အား လက် တတို့တို့မေးကြသည့်အလျောက် ပေါရီးလ်ကလည်း သူ ဆာန်ရလ်ကိုတွေ့ခဲ့ရပုံကိုပြော၏။

          "ဒီလိုဗျ ကျုပ် မာဆေးလ်ရောက်သွားတော့မြို့စွန်မြို့ ဖျားက ဟော်တယ်ဆိုင် ကလေးတဆိုင် လမ်းကြုံတာနဲ့ရောက်သွားတယ်။ ဟော်တယ်ကလဲ ညစ်ပတ်လိုက်တာဗျာ မပြောပါနှင့်တော့၊ ဟော်တယ်ထဲကလူတွေကလ် သင်္ဘောသားတွေနဲ့ တူပါတယ်၊ နားရွက် မှာ နားသံသီးကြီးတွေနဲ့ ပင်လယ်ဓါးပြတွေလိုပဲ အသားဖြူ၊ အသား၊ အသားဝါတွေ ပေါ့။ လူမျိုးစုံပါရော။ ဟော်တယ်မှာ တီးဝိုင်းလဲ မရှိဘူး၊ နောင်တစ်ချောင်မှာတော့ ပီယာနို ခပ်ဟောင်းဟောင်းတစ်ခုရှိတယ်။ ပီယာနိုတီးတဲ့လူကလဲ နွှဲရာပါဗျာ၊ ဆေး တွေပါးစပ်ထဲငုံလို့ မကြာခင်ဘဲ ဆန်ရလ် တံခါးပေါက်တစ်ပေါက်က ဝင်လာပြီး မြေကြီးပေါ်ထိုင်လိုက်တယ်၊ သူ့မြွေကြီးပတ်လို့ပေါ့။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပါဘဲဗျာ မြွေကြီးကို သူ့ကိုယ်ကဖြေပြီးကတာပဲ၊ ဟော်တယ်က ကောင်တွေက သူ့ ဂရုစိုက် မကြည့်ပါဘူး၊ သူတို့က သင်္ဘောနှင့် ကမ္ဘာလှည့်နေရတဲ့လူတွေနဲ့ အရပ်ရပ်ရောက်ကြပေ တာကိုး၊ ဒီလိုအကမျိုး သူတို့ ကြည့်ဘူးကြတာပေါ့၊ ဘာထူးဆန်းတော့မှာလဲ။ ဆောန်ရလ် ဟာ လှတာတော့မဟုတ်ဘူးဒေါ့။ ဒါပေမဲ့ တမျိုးပဲ၊ သူ့မှာခွဲ စရာအချက်ကလေးတော့ အမှန်ဘဲပါတယ်ဆရာတို့ရဲ့။ ။

          ကျုပ်ကတော့ သူကတာထူးဆန်းလို့ ပွဲပြီးတော့ ဟိုတယ် အတွင်းခန်းထဲဝင် မေးတာပဲ။ ဟော်တယ်ပိုင်ရှင်က သူရှိရာကို လိုက်ပို့တယ် သူ့မှာ ကလေးတစ်ယောက် ရှိတယ်ဖို့ သူဘယ်ကလာသလဲလို့ မေးတော့ ဟိုတယ်ပိုင်ရှင်က အိန္ဒိယပြည်၊ ပွန်ဒီ နာရီမြို့က သင်္ဘောတစ်စင်းနဲ့ပါလာသတဲ့။ ဒီကလေး ဘယ်သူ့ကလေးလ်ဆိုတော့ သူက ဟော်တယ်ပိုင်ရှင်လက်ကိုလိုက်ပြီး ခေါင်းရမ်းပြတယ်။ မပြောရဘူးဆိုတဲ့ အဓိပ္ပာယ် ပေါ့ ။ ကျုပ်က ပဲရစ်လိုက်မလားလို့ မေးတော့ ခေါင်းညိတ်ပြတယ်။ သူစကားအပြော တတ်သားပါဗျာ။ ဒါပေမဲ့ မပြောဘူး။ သူက ကျုပ်ကို စိမ်းစိမ်းကြီး ကြည့်လိုက်ရင်ပဲကျပ်ဗျာ ပြောလို့ပြောတာ မဟုတ်ပါဘူး စိတ်တစ်မျိုး ဖြစ်သွားပြီး မငှားဘဲမနေနိုင် လောက်အောင် ဖြစ်သွားတာပဲ။ ဒါနဲ့ သူ့ကို ကြေးကြီးကြီးနဲ့ပဲ ငှားခဲ့ရတယ်။ ကိုယ့်မိတ် ဆွေတွေ ကြည့်ကြပါစေ ဆိုတဲ့စေတနာနဲ့ပါ။”