Skip to product information
1 of 4

Other Websites

တက္ကသိုလ်လှကြွယ် - စိန်လောကနှင့် ဘာသာပြန်ဆောင်းပါးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ခေတ်ရေစီးကြောင်း

          နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်လာသောသမိုင်းကြောင်းအရ ခေတ်တွေအမျိုးမျိုးရှိကြ ၏။ကျွန်ုပ် တို့နိုင်ငံတွင်လည်း နိုင်ငံရေးခေတ်၊ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးခေတ်၊ နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးခေတ်၊ ဒီမိုကရေစီအခြေချသောခေတ် စသည်ဖြင့် ရှိခဲ့ကြ၏။ အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း သူတို့၏သမိုင်း ကြောင်းအရ ခေတ်တွေအမျိုးမျိုး ရှိကြမည်ဖြစ် ပေသည်။

          ယခုတင်ပြမည့်ခေတ်ဆိုသည်မှာ လူမှုရေး သိပ္ပံပညာရှင်တို့ ခွဲခြားသုံးသပ်ထား သောခေတ် ဖြစ်သည်။ လူမှုရေးသိပ္ပံပညာရှင်တို့က ကမ္ဘာနှင့် အဝန်းခြုံငုံ၍ ရာစု အလိုက်ခေတ်ကိုသတ်မှတ်ခြင်းဖြစ်လေသည်။ လူမှုရေးသိပ္ပံပညာရှင်တို့သုံး သပ်ချက်အရ ၁၉ ရာစုကို စိုက်ပျိုးရေးခေတ် (Agricultural Age)ဟု သတ်မှတ်၏။ ၁၉ ရာစုတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အခြေခံထားပေသည်။ ဓာတ်သတ္ထုစသည့် သဘာဝသယံဇာတတို့က တစ်ကြိမ်ထုတ်ယူပြီးပြီ ဆိုလျှင် ရင်းစားပြန်၍ရမည်မဟုတ်ချေ။ စိုက်ပျိုးရေးက ဤသို့မဟုတ် ယခုနှစ်က တစ်သိန်း စိုက်ပျိုးလျှင် နောက်ထပ်ဧကတစ်သိန်း ပြန်လည် စိုက်ပျိုးနိုင်၏။ ထိုပမာဏ သည် ပို၍လည်း စိုက်ပျိုးနိုင်၏။ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်သဖြင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုက စိုက်ပျိုးရေးကို အားထားရသောကြောင့် ၁၉ရာစုကို“စိုက်ပျိုး ရေးခေတ်”ဟု သတ်မှတ်ခြင်းဖြစ်သည်။

          ၁၉ ရာစုကိုကျော်လွန်၍ ၂၀ရာစုသို့ ချဉ်းနင်းဝင်ရောက်သောအခါ ကမ္ဘာ့လူဦးရေ လည်း ၁၉ရာစုထက် တိုးလာပြီဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့စိုက်ပျိုးထားသော သီးနှံထုတ်လုပ် ထားသော သဘာဝသယံဇာတတို့ကို လိုအပ်ရာသို့ အချိန်နှင့်တစ်ပြေး ညီ ပို့ဆောင်နိုင်ရန် မော်တော်ကားတွေ၊ မီးရထားတွေ၊ မီးသင်္ဘောတွေ လေယာဉ်ပျံတွေတီထွင်ထုတ်လုပ်လာရ၏။ ထို့ ကြောင့် ၂၀ရာစုကို “စက်မှုခေတ်” (Industrial Age) ဟု သတ်မှတ်သည်။

          ၂ဝ ရာစုနှောင်းပိုင်းနှင့် ၂၁ရာစုအစအဦး ပိုင်းသို့ ချဉ်းနင်းဝင်ရောက်လာသောအခါ အီလက်ထရွန်းနစ်ဆိုင်ရာပစ္စည်းများ (Electro -nic Gadget) တွေပေါ်ထွန်းလာ၏။ ဤ အီလက်ထရွန်းနစ်နည်းပညာအခြေပြု သည့် ကိရိယာတို့မှာ ကွန်ပျူတာ၊ ရေဒီယို၊ ရုပ်မြင် သံကြား၊ ဝက်ဘ်ဆိုက်(Website)၊ လက်ကိုင် ဖုန်း၊ ဂြိုဟ်တုဆက်သွယ်ရေး (Satellite Communication) တွေ ပေးလာ၏။ ထိုကဲ့သို့သော ပစ္စည်းများ ကြောင့် က အခြားတစ်နေရာမှ အကြောင်းအခြားတစ်နေရာမှ အလွယ် တကူ ချက်ချင်းသိနိုင်၏။ အီလက်ထရွန်းနစ် စာပို့စနစ် (Electronic Mail, e-mail) ကြောင့် အကြောင်း ကြားစာတို့ကို စက္ကန့်မဆိုင်း ကမ္ဘာ့တစ်နေရာမှ အခြားတစ်နေရာသို့ ပို့ဆောင် နိုင်၏။ ထို့ကြောင့် ၂၁ရာစုကို“သတင်းပြန်ကြားခေတ်” (Information Age) ဟု လူမှုရေးသိပ္ပံပညာရှင်တို့ကသတ်မှတ် ကြလေသည်။

          စက်မှုခေတ်နှင့်သတင်းပြန်ကြား ခေတ်တို့တွင် မူမတူခြားနားချက်များစွာ ရှိပေ သည်။ စက်မှုခေတ်တွင် ဝင်ငွေအကောင်းဆုံးသော ပညာရပ်တို့မှာ ဆရာဝန်နှင့် အင်ဂျင်နီယာများဖြစ်ကြ၏။ သို့သော် သတင်းပြန်ကြားခေတ်တွင်ဆရာဝန်နှင့် အင်ဂျင် နီယာ တို့၏ ရေပန်းမစားနိုင်တော့ချေ။ အားကစားသမားများနှင့် စင်တင်ဖျော်ဖြေရေး ပညာရှင်များ ခေတ်စားလာကြသည်။ အားကစား ထူးချွန်သူတို့၏ ဝင်ငွေကို ဆရာဝန် နှင့် အင်ဂျင်နီယာတို့ လိုက်မမီနိုင်တော့ချေ။ ဘရစ်တနေစပီး ယားတို့လိုလေဒီဂါဂါတို့လို စင်တင်တေးဂီတ ဖျော်ဖြေသူတို့၏ တစ်ညတာသီဆိုဖျော်ဖြေမှုမှရ သော ဝင်ငွေမျိုးကို ဆရာဝန်နှင့် အင်ဂျင်နီယာတို့၏တစ်နှစ်စာဝင်ငွေကလိုက်၍မမီနိုင်တော့ချေ။

          စက်မှုခေတ်က အသက်အရွယ်ကြီးရင့်သူတို့ တွင် ဘဝအတွေ့အကြုံ၊ လုပ်ငန်း အတွေ့အကြုံ များပြား၍ တန်ဖိုးကြီး၏။ လူငယ်လူရွယ်တို့မှာ ဘဝအတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံနည်း တန်ဖိုးနည်း၏။ သို့သော် သတင်းပြန်ကြားခေတ်တွင်ပြောင်းပြန်ဖြစ်သွား၏ အသက်အရွယ်ကြီး ရင့်လေတန်ဖိုးနည်းပါးကျဆင်းလေ ဖြစ် ပြီးအသက် အရွယ်နုပျိုသူတို့က တန်ဖိုးမြင့် တက်လာနေပြီဖြစ်၏။

          စက်မှုခေတ်တွင် တိုးတက်ပြောင်းလဲဖွံ့ဖြိုးမှု နှေးကွေး၏။ သတင်းပြန်ကြားခေတ်တွင်တိုး တက်ပြောင်းလဲဖွံ့ဖြိုးမှုနှုန်းအရှိန်အဟုန်မှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင်လည်း မြန်ဆန်၏။ အဘယ့်ကြောင့်ဆိုသော် သတင်းပြန်ကြားခေတ်တွင် အကြောင်းကိစ္စကို ဖုံးဖိထား၍ မရနိုင်။ အလားတူပင် တစ်ဦးချင်းလွတ်လပ်မှု (Privacy)လည်း နည်းပါးသွားလေသည်။ မမြင် ကွယ်ရာ ဆိတ်ကွယ်ရာဟူ၍လည်း လုံခြုံမှုနည်းပါးသွားလေသည်။ ။ | ကွန်ပျူတာ၊ အင်တာနက်တို့ဖြင့် သိလိုရာကို ရှာဖွေနိုင်၏။ အတွေ့အကြုံရင့်ကျက် သည့် ပုဂ္ဂိုလ်များကိုချဉ်းကပ်မေးမြန်းရန်မလို။ ကွန်ပျူတာ အင်တာနက်တို့တွင် အပြည့်အဝထည့်သွင်းထားပြီးဖြစ်နေပြီ။ မိမိ၏ ကျန်းမာရေးကအစ မည်သို့ဖြစ်လျှင် မည်သည့်ဆေးကိုသောက်ဟူ၍ လမ်းညွှန်ပြနေပြီ။ အကောင်းဘက်ကအသုံးချ လျှင် လိုလေးသေးမရှိပြီးပြည့်စုံနေ၏။

          လူ့ဘဝ၏ ကောင်းကျိုးအတွက် တီထွင်မှု အထွေထွေတွင် ကောင်းဆိုးနှစ်ဖြာ ပါဝင်နေ၏။ ဤသတင်းပြန်ကြားခေတ်တွင် ကွန်ပျူတာ၊ အင်တာနက်တို့တွင်မိသားစု အတွင်းမမြင်အပ်၊ မကြည့်အပ်သည့် အကြောင်းရာတွေ၊ ပုံရိပ်တွေပါဝင်နေ၏။ ထို့ကြောင့် သတင်းအချက်အလက်ခေတ်ကြီးသည် အံ့သြဖွယ်ကောင်းသလို ကြောက် မက်ဖွယ် လည်းကောင်းလှပေသည်။

          ခေတ်ရေစီးကြောင်းသည် လူတို့၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဤ ခေတ်ရေစီးကြောင်းကို လူတို့မတားဆီးနိုင်ချေ။ ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်လျောညီထွေစွာလိုက်ပါသွားကြဖို့သာရှိပေသည်။ ၁၉ရာစု စိုက်ပျိုးရေး ခေတ်သည် ရိုးရှင်း၏။ ၂၀ရာစုစက်မှုခေတ်သည် ဆန်းပြား၍ အကျိုးပွား၏။ ၂၁ရာစုသတင်းပြန် ကြားခေတ်သည် အံ့ဩစရာ ထိတ်လန့်စရာတွေနှင့် ပြည့်လျက်ရှိပေသည်။ လူ့ခေတ်တို့ သည် မရပ်တန့်၊ အစဉ်တစိုက်ပြောင်းလဲလျက်ရှိနေပေသည်။ ကောင်းဆိုးနှစ်ထွေ ရောပြွန်းနေသော သတင်းပြန်ကြားခေတ်ကြီးတွင် ကျွန်ုပ်တို့သည် ကန်တော်မင်း ကျောင်းဆရာတော်၏ လောကသာရပျို့တွင်ပါသည့် “ကောင်းမှုမြတ်နိုး၊ ကောင်း အောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟူသော ဆုံးမလမ်းညွှန်ချက်အတိုင်း နေထိုင်ကြပါစို့။

အဖေကြီးဆောင်းတဲ့ဦးထုပ်

          ကျွန်မ ငယ်ရွယ်စဉ်က ကျွန်မ၏ဖခင်သည် သူ၏အဆင့်အတန်းနိမ့်ကျလှသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်ကို ပြောပြရန်ရှက်ဟန်တူပါသည်။ နှစ်ပေါင်း များစွာကြာသောအခါ ကျွန်မသည် အဖေအလုပ်လုပ်ရသည့် စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုသောအခါ ကျွန်မသည် အဖေ့အတွက် ဂုဏ်ယူစရာတွေ တွေ့ရှိလာရပါသည်။

          အဘယ်ကြောင့် ကျွန်မ၏ဖခင်သည် ကျွန်မတို့မိသားစုကို လုပ်ကိုင်ကျွေးမွေးရသည့် သူ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို မသိစေချင်ခဲ့ပါသနည်း။ | အဖေသည် အမေရိကန်ပြည်ထောင်စု ကလိဗလင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ မှစက်ပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် လုပ်ကိုင်သူဖြစ်ပါသည်။ အဆိုပါ စက်ရုံသည် အီးရီးရေအိုင်ကြီး၏ ကမ်းခြေတွင် တည်ရှိပြီး ဤစက်ရုံတွင်းသို့ အဖေသည် နံနက်မိုးသောက်ကာလတွင် ဝင်ရောက်လုပ်ကိုင်ပြီး ညနေနေဝင်ရီတရောအချိန်ကျမှစက်ရုံမှပြန်ထွက်လာရလေ့ရှိသည်။ ထိုအချိန်တွင် ကျွန်မသည် ကလေးနှစ်ယောက် မိခင်ဖြစ်နေပါပြီ။ ကျွန်မ၏ မိခင်သည် ကျွန်မကိုရော ကျွန်မ၏ ကလေးနှစ်ယောက် ကိုပါ ခေါ်ကာ အီးရီးရေအိုင်ကြီး၏ ကမ်းခြေ ကျွန်မတို့ မိသားစုအိမ်ရှိရာ အက်ရှ ကာဘူလာအရပ်မှ နေ့စဉ်လမ်းလျှောက်အပန်းဖြေလေ့ရှိပါသည်။ ကျွန်မတို့သည် အိုဟိုင်းဟိုးပြည်နယ်ရှိ အီးရီးရေအိုင်ကြီး၏ ကမ်းခြေတွင် နေထိုင်သူများဖြစ်သဖြင့်အဝေးကမ်းခြေတစ်နေရာမှ စက်ရုံ၏ မီးခိုးခေါင်းတိုင်များကို ညွှန်ပြပါသည်။ မီးခိုး ခေါင်းတိုင်မှ မီးခိုးတို့သည် လေတိုက်ရာသို့လွင့် ပျောရွေ့လျားလျက်ရှိနေသည်ကို တွေ့ရ၏။ ဤ စက်ရုံတွင် ကျွန်မအဖေအလုပ်လုပ်ကိုင်လျက်ရှိ ပါသည်။

          အမေက သမီးအဖေကို ဒီကနေပြီး လက်ဝှေ့ရမ်းပြလိုက်ကြ”ဟု ပြောသဖြင့် ကျွန်မ ၏ ကလေးနှစ်ယောက်က သူတို့အဘိုး အလုပ်လုပ်ရာ အဝေးဆီမှ စက်ရုံဆီသို့ ကြည့်ပြီး သူတို့၏လက်ကလေးများဖြင့် ဝှေ့ရမ်းပြကြပါသည်။

          ကျွန်မသည် ထိုစဉ်ကပင် ဤစက်ရုံ၌ အဖေ ဘာလုပ်သည်ကို မသိရပါ။ အဖေသည်အသက် ၃၄နှစ်အရွယ်ရှိပြီဖြစ်ပြီး စက်ရုံတွင် အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင် ကာကျွန်မတို့မိသားစုကို ပြုစုပျိုးထောင်ပေးခဲ့သည်။ သူ့ပခုံးတွင် ဒဏ်ရာရခဲ့၍ ခွဲစိတ် ကုသမှုခံယူခဲ့ရ၏။ သူ၏ လက်မောင်းသူ၏ ကျောပြင်၌လည်း လုပ်ငန်းမှ မတော်တဆ ထိခိုက်ဒဏ်ရာရမှုတွေနှင့် မကင်းချေ။ အဖေအသက် ၄၈နှစ်အရွယ်တွင် နှလုံး ခွဲစိတ်ကုသမှုကို ခံယူခဲ့ရ၏။ အဖေသည် ၁၉၉၃ ခုနှစ်တွင် အလုပ်ခွင်မှ အနားယူလိုက် ရပါသည်။ ထိုနှစ်မှာပင် ကျွန်မ၏ မောင်အငယ်ဆုံး တက္ကသိုလ်မှ ဘွဲ့ယူနိုင်ခဲ့ပါသည်။ အဖေ့၏ နှလုံးရောဂါကို ကုသသော်ငြားလည်း အဖေ့ရောဂါက ကျွမ်းနေပြီဖြစ်သည်။ နှစ်အနည်းငယ် အကြာတွင် ခွဲစိတ်ဆရာဝန်တစ်ဦးက အဖေ့သွေး လွှတ်ကြောအတွင်း သို့ ဆေးကိုသွင်းကုသပေးပါသည်။ နောက်တစ်ကြိမ် နှလုံးရောဂါတိုးလာပြီး နောက် အဖေ အသက် ၆၉နှစ်အရွယ်တွင် နှလုံးရောဂါဖြင့်ပင် ကွယ်လွန်သွားခဲ့ပါသည်။

          အဖေအလုပ်လုပ်နေစဉ်က အဖေ၏စက်ရုံလုပ်ငန်းခွင်သို့ ကျွန်မ တစ်ကြိမ်ရောက်ခဲ့ ဖူးပါသည်။ ထိုနေ့က အဖေအချိန်ပိုအလုပ်ဆင်းရသဖြင့် ကျွန်မက ညစာအတွက် ထမင်းပို့ရင်း ရောက်ရှိခဲ့ပါသည်။ အဖေက သူ၏အချိန်ပို အဆိုင်းပြီးပြီဆိုလျှင် သူ့ ကိုယ်ပေါ်၌ တင်ကျန်နေသော ကျပ်ခိုးမှုန်တွေ၊ ချွေးတွေကို ရေချိုးသန့်စင်လေ့ရှိ ပါသည်။ အဖေသည် ဘရိုင်ကလင်း ခေါင်းလိမ်းဆီကိုသုံးလေ့ရှိသဖြင့် အလုပ်ရုံမှကြေးမျှော်တို့ ကင်းစင်ပြီး သန့်ပြန့်မွှေးကြိုင်နေပါသည်။

          ကျွန်မ ထမင်းပို့သည်ညက အဖေအချိန်ပို ဆင်းရသဖြင့် အဖေအလုပ်စခန်းမှ ထွက်လာသောအခါ အတစ်ကိုယ်လုံး ချွေးတွေရော၊ ကျောက်မီးသွေးမှုန့်တွေပါ ကပ်တင်လျက်ရှိသည် ကိုတွေ့ရပါသ်ည။ အဖေက အလုပ်ကြမ်းသမားဆိုတော့ ဒီလိုပဲပေါ့ဟု ကျွန်မသဘောပေါက်ရပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)