Skip to product information
1 of 4

Other Websites

တက္ကသိုလ်ဘုန်းနိုင် - သူ့ကျွန်မခံပြီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

ခရစ်နှစ် ၁၈၈၅ ခု၊ မေလ၏နောက်ပိုင်း မိုးသည်းထန်သော ညတစ်ည ဖြစ်သည်။

မိုးသံလေသံတို့ဖြင့် ဆူညံလျက် ဤသို့ အမှောင်မင်းမူနေသောညဝယ် ရတနာပုံနေပြည်တော်၏ အနောက်ပြင် “ကုလားမြို့ ” အပါအဝင် မေဃဂီရိရပ်ရှိ ငါးကျောထုထရံ ဝန်းကာအပ်သည့် အမိုးသုံးထပ်လည်ပေါ် တန်ဆာဆင်အပ်သော ဖရန်စစ်အရေးပိုင် အမ်းဖရက်ဒရစ်ဟတ်စ်(M.Frederik Hacts) နေအိမ်ခြံဝင်းတံခါး ရှေ့၌ နွားဆွဲဗီရိုလှည်းတစ်စီးသည် မြင်းစီးသူရဲ ဝဲယားအခြံအရံနှင့် ရုတ်တရက် ထိုးဆိုက်လာသည်။

ရထားထက်မှ ခေါင်းနှင့်ကိုယ်ပါ ဝတ်ရုံနက်များ ခြုံလွှမ်းထားကြသော လူသုံးဦး ဆင်းလာကြသည်။ ထိုအခိုက်တွင် ပင် မိုးသံလေသံတို့အားခွင်းလျက် သိန်းငှက်သံပမာ အသံတစ်ရပ်သည် စူးစူးရှရှ ထွက်ပေါ်လာသဖြင့် ရထားထက်မှ ဆင်းလားသူသုံးဦးမှာ ခြေလှမ်းတုံ့သွားကြသည်။ သို့ရာတွင် ခြံတံခါးအတွင်းဘက်မှ လှံစွပ်တပ်သေနတ်ကိုင် အစောင့်တစ်ဦးသည် ပေါ်လာ၏။

“တန်စမ်းပါ ကိုရင်ကျောက်လုံးရာ၊ ကိုရင့်ကင်းဝတ်က အရင်မဟုတ် လား၊ ကျုပ်တို့ အရင်ကျွေးပါရစေဦး” "

အခြားတစ်ဦးက ကွမ်းဖတ်များ ထွေးထုတ်ရင်း ပြန်ကြားသည်။

“ကွေးရင်လည်း ကွေးချေပေါ့ ကိုရင်ချစ်စံနယ်၊ ကျုပ်လည်း ကွေးချင်ကွေးမပေါ့၊ ရွှေနန်းတော်ကြီးထဲ အစောင့်အနေကျတာမှ မဟုတ်ဘဲ၊ ဒီကုလားဖြူသံတဲ လာလာအမှုထမ်းရတာ စိတ်တော့အကုန်သား၊ ထွီ”

ကျောက်လုံးဆိုသူကလည်း ကွမ်းတံတွေးထွေးရင်း ပြန်ပြောသဖြင့် ချစ်စံ ဆိုသူက "ကိုရင် နှုတ်လေးလည်း စောင့်စည်းပါ” ဟု သတိပေးသည်။

ကျောက်လုံးက တဟားဟား အော်ရယ်လျက် စကားကို ဆက်သည်။

“အစိုးရိမ်ကြီးရန်ကော ကိုရင့်နယ်၊ ကျုပ်က ပူစရာမရှိတာကို ပြောတာပါ။ . ဟိုအင်္ဂလိပ်အရေးပိုင် စိန့်ဘာဘီ(ST.BARBE)နဲ့ သူ့မျက်နှာဖြူခွေးကောင်တွေ , ဘုန်းတော်ကြီးဘုရားရဲ့ အရှိန်အစော် မခံနိုင်လို့ ပြန်ပြေးပြီးကတည်းက နေပြည်တော်မှာ မှုစရာ ဘယ်သူများ ကျန်သေးသတဲ့တုံး”

"တန်ပါလေ ကိုရင်၊ ကိုရင်က ထန်းရည်လေး နည်းနည်းထွေရင် - တယ်လေထွားလာတာကိုး၊ သဟာနဲ့ တောင်ပြောမြောက်ရောက်စကားတွေ , မှောက်မှောက်မှားမှား ရှိပါ့မယ်၊ တော်ပြီ၊ ကျုပ် သွားလှဲနေ့ဦးမယ်၊ နာရီစေ့ရင် နိုးသဟာပ” .

ချစ်စံက တဲအတွင်းသို့ ဝင်သွားသဖြင့် အခြားနှစ်ယောက်မှာလည်း ထလိုက် သွားသည်။ အပြင်ဘက် မီးပုံဘေးတွင် ကျောက်လုံးနှင့် အဖော်တစ်ယောက်သာ ကျန်ခဲ့၏။

ကျောက်လုံးက ပျင်းရိဟန်နှင့် သီချင်းတစ်ပုဒ်ကို ကောက်ကာငင်ကာ ဆိုသည်။

“မွေးမေလေး ...သူ မသနားလို့ ရွှေသားကို ထည့်လိုက်လေ၊ ဒီရေက တိုးသနဲ့ ထိုင်းနိုင်ငံ၊ ဒီမိုးရယ် ဒီလေတွေနဲ့ဟယ်””

“ဘယ့်နှယ် ထိုင်းနိုင်ငံလဲ ကိုရင့်နှယ်၊ ဒီတစ်ခါ ချီတော်မူရင် ရန်ကုန် , ဟံသာဝတီ မဟုတ်လား"

သူ့အဖော်က ထောက်လိုက်သဖြင့် အတွင်းမှ ချစ်ငံ၏သံသည် ပေါ်လာ ရပြန်၏။

“ကိုရင်တို့ ကိုရင်တို့၊ နှုတ်လေးများလည်း စောင့်စည်းကြပါ" ကျောက်လုံးက ပမာမပြုဘဲ သူသန်ရာ ဆက်ပြောနေသည်။

“အေး...ဟုတ်သဟ၊ ဒီတစ်ခါ ချီတော်မူရင် ရန်ကုန် ဟံသာဝတီ၊ ဒီဘင်္ဂလားမြို့ရဲ့ ကုလားဖြူတပ်တွေကို ပင်လယ်ထဲ မောင်းထုတ်ရမယ်၊ မွေးမေလေး သူမသနားလို့ ရွှေသားကိုတဲ့ ထည့်လိုက်တယ်”

“ထည့်လိုက်တယ်...ဟေ.. ဟေ" ။

ဘေးမှအဖော်သည် ညာသံပေးရင်း မီးပုံဘေး ဖျာကြမ်းပေါ်သို့ အိပ်ချလိုက် သည်။ ကျောက်လုံးကသာ ဆွေးဆွေးမြည့်မြည့် ဆက်ဆိုနေ၏။

“ရန်ကုန် ဟံသာဝတီ၊ ဒီမိုးရယ် ဒီလေနဲ့၊ သေပေစေ မွေးမေထည့် တယ်၊ လွမ်းပေါင်ကွယ့်လေး.. လွမ်းပေါင်ကွယ့်လေး”

အုတ်ပေါင်နှင့် ရေစည်ကြားမှ လူနှစ်ဦးမှာ ခေါင်းပြု၍ အရိပ်အကဲကို ခတ်ကြပြန်သည်။ လက်ယာဘက်၌ လူရိပ်သူယောင် မတွေ့ကြရ။ တဲအတွင်း၌လည်း မိမိတို့ရှိရာ ဘေးတိုက်ပေး၍ ကိုယ့်ဘေး၌ကိုယ် ကြည်နူးနေသော ကျောက်လုံး တစ်ယောက်သာ ရှိတော့သည်။

ထို့ကြောင့်ပင် နောက်တစ်ကြိမ် လျှပ်ပြက်ပြီးလျှင်ပြီးချင်း နှစ်ဦးသားသည် ကိုက်အစိတ်ခန့်ဝေးသော သံတဲ၏ အရိပ်ဆီသို့ သွက်လက်စွာ ကူးလာခဲ့ကြပြန်သည်။

သံတဲမှာ ခြေတံရှည်ဖြစ်၍ အောက်ထပ်မှ လူတစ်ယောက် ကောင်းစွာ ရပ်နိုင်သည်။

ခြံတွင်းမှလူသည် ဗိုလ်မှူးအား မှောင်မည်းနေသော ဤအောက်ထပ် အရှေ့တောင်အစွန်သို့ ဦးဆောင်ခေါ်ငင်သွား၏။ တစ်နေရာသို့ရောက်သော် ရပ်လိုက်ကြ ပြီး ဦးဆောင်ခေါ်ငင်လာသူသည် အဆင်သင့်ထားခဲ့ဟန်တူသော ခုံငယ်တစ်ခုပေါ် တက်၍ ကြမ်းပြင်ကို ဓားရှည်နှင့် ကန့်လန့်ခွာလိုက်၏။ ထို့နောက် ကွာလာသော ကြမ်းပြင်အား လက်နှစ်ဖက်နှင့် မပြ၏။ လူတစ်ယောက် ဝင်သာရုံအပေါက်တစ်ခု ဟလာသည်။

“ဗိုလ်မှူး ဒီခုံပေါ်တက်ပြီး ခုလိုမ,ထားပါ၊ ကျွန်တော် တက်နှင့်ပါ့မယ်၊ အပေါ်က ကျွန်တော်က ကြမ်းဆွဲမ,ထားမှ ဗိုလ်မှူး တက်ခဲ့ပါ”

ဗိုလ်မှူးက နားလည်သည့်ဟန် ခေါင်းညိတ်သည်။ မကြာမီ နှစ်ဦးစလုံး ချောမောစွာနှင့် အပေါ်သို့ တက်ခဲ့ကြသည်။ “ပိုင်နိုင်သေသပ်လှပါပေတယ် သွေးသောက်ကြီး”

အပေါ်ထပ်သို့ ရောက်လျှင်ရောက်ချင်း ဗိုလ်မှူးကြီးက ဦးဆောင်ခေါ်ငင် လာသူ၏ ပခုံးပေါ်လက်တင်၍ ချီးမွမ်းသည်။

“ဒီအခန်းဟာ အရေးပိုင်ဟတ်(စ်)ရဲ့ အတွင်းခန်းနဲ့ အနီးဆုံးပဲ၊ အပေါ်ကနေ ဒီဘက်အဆောင်ကို သူနဲ့ သူ့လက်ထောက်တွေကလွဲလို့ ဘယ်သူမှ လာခွင့်မပြု ဘူး၊ လား...လာ ဗိုလ်မှူး၊ ဟိုပြတင်းနား သွားကြမယ်”

သွေးသောက်ကြီး အခေါ်ခံရသူက ပြောပြောဆိုဆိုနှင့် မလှမ်းမကမ်းရှိ ပြတင်းတစ်ခုဆီသို့ လျှောက်သွားသဖြင့် ဗိုလ်မှူးလည်း ခြေကိုဖော့ကာ လိုက်သွား သည်။

အခန်းမှာ လေလုံသဖြင့် အပြင်မှ မိုးသံတို့ကို ယုံသို့သာ ကြားရ၏။

နှစ်ဦးသား ချဉ်းကပ်လာသည့်ပြတင်း၌ တရုတ်ကပ်တံခါး တပ်ထားကာ တစ်ဖက်အတွင်းမှ ဖိတ်ခန်းဆီးအထူတစ်ရပ်ချကာထား၏။ ခန်းဆီးမှလွှဲကာ မီးရောင် သည် ဤမှာဘက်သို့ ပျော့ပျော့ခွင်းလာနေ၏။ သွေးသောက်ကြီးက ဓားမြှောင်နှင့် တရုတ်ကပ်ကြားမှလျှိုလျက် ခန်းဆီးအား အနည်းငယ်ရွှေ့ရုံ ဆွဲဟလိုက်သည်။

တစ်ဖက်အခန်းတွင်း၌မူ ဖယောင်းတိုင်ကြီးများ အရောင်ကြောင့် လင်းထိန် နေသည်။

တစ်ဖက်ခန်း၏ ကြမ်းပြင်တွင် အမွေးထူ ကြက်သွေးရောင် ပြင်သစ် ကော်ဇာကြီး နှစ်ချပ်အား ဗဟိုတွင် ကြမ်းပြင်ပေါ်အောင်ခွာလျက် ခင်းထားသည်။ အခန်းတွင်းသို့ဝင်ရာ တံခါးမကြီး၌ အစိမ်းရင့်ရောင် ကတ္တီပါခန်းဆီးကြီးတစ်ခု ရှိ၏။ ဖြူစင်သော နံရံများတွင် ရွှေရောင်တောက်နေသော ဖယောင်းတိုင်စိုက်အမ်တိုင် များ ကပ်ချိတ်ထား၏။ နံရံကပ်တိုင်တွင် 'ငွေပန်းကွပ် ပြောင်းတိုသေနတ်များအား လည်း အလှချိတ်ထားသေး၏။ ဤမှာဘက်ခန်းမှ ချောင်းကြည့်နေသူများ၏ လက်ဝဲ ဘက်ရှိ နံရံဗဟို၌မူ ခံ့ညားသော မျက်နှာဖြူကြီးတစ်ဦး၏ ရွှေပေါင်ကွပ်ထားသည့် ပန်းချီကားတစ်ချပ် ရှိ၏။ ပန်းချီကား၏ အောက်ခြေတွင် အနောက်နိုင်ငံသုံး ဆို့(ဒ်) ခေါ် ဓားရှည်နှစ်လက်ကို အိမ်မှထုတ်၍ ကြက်ခြေခတ် တန်ဆာဆင်ကပ်တွယ်ထား သည်။

ပန်းချီကား၏ အောက်တည့်တည့်တွင် ကြမ်းဝယ် အဝတ်အုပ် ကုလား ထိုင်ကြီးနှစ်လုံး ရင်ပေါင်တန်းလျက်ရှိရာ ၄င်းတို့ထက်၌ ထိုင်နေကြသူ ပုဂ္ဂိုလ်နှစ်ဦးမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်သည်။ လက်ယာဘက်တွင် ထိုင်နေသူမှာ ဆိတ် မုတ်ဆိတ်မွေးခွန်၊ ကော့ပျံသော နှုတ်ခမ်းမွေး၊ ခံညားသော်လည်း ပြုံးချိုသော မျက်နှာသွယ်သွယ်နှင့် အညိုရောင် သိုးဆောင်းဝတ်စုံ ဆင်ယင်ထားသည့် ပြင်သစ် အရေးပိုင်မင်းကိုယ်တိုင် ဖြစ်သည်။ ၄င်း၏ လက်ဝဲဘက်တွင် ထိုင်နေသူမှာ ပိုးအင်္ကျီ ကိုယ်ကြပ် ရွှေဖလားရောင် တောင်ရှည်အချိတ်ပုဆိုးနှင့် အသက်လေးဆယ် မြန်မာ လူမျိုးတစ်ဦး ဖြစ်သည်။ ၄င်းပုဂ္ဂိုလ်မှာ အရပ်ပြတ်ပြတ် တောင့်တင်းခိုင်မာသောကိုယ်ထည်ရှိ၍ ဟန်ပန်မှာ အမိန့်ပေးလေ့ရှိသူတစ်ဦး၏ မြင်ရုံနှင့် ရွံ့ကြောက်ရိုသေဖွယ် သဏ္ဍန်ပေါ်နေ၏။

ဤအခိုက်တွင်မူ ၄င်းပုဂ္ဂိုလ်မှာ ရှေ့သို့ အတန်ကိုယ်ညွှတ်စောင်းလျက် ကြမ်းပြင်တွင် ဖုံတစ်ခုစီထက် ဒူးယှက်ထိုင်နေသူလူနှစ်ဦးအနက် တစ်ဦးအား တစ်စုံ တစ်ခု လှမ်းမေးနေဆဲဖြစ်သဖြင့် မျက်နှာအား ဤဘက်ခန်းမှ ချောင်းကြည့်နေသူများ သည် တိုက်ရိုက်မမြင်ရ၊ သို့ရာတွင် လည်ကုတ်ပေါ်တွင်မူ ဆေးနှင့် ထိုးနှံထားသော နဂါးရုပ်ကြီးကို ထင်ရှားစွာ တွေ့နိုင်သည်။

ဗိုလ်မှူးနှင့် သွေးသောက်ကြီးမှာ တစ်ဦးမျက်နှာတစ်ဦး။ လှည့်ကြည့်မိကြ သည်။ သွေးသောက်ကြီးက သူ၏လည်ကုတ်ကို သူပြန်စမ်းပြရင်း မျက်လုံးများသည် ဗိုလ်မှူး၏ လည်ကုတ်ဆီ ရောက်သွားသည်။ ဗိုလ်မှူး၏ လည်ကုတ်တွင်လည်း နဂါးရုပ် ရှိနေ၏။

“လှေသင်းအတွင်းဝန်မင်း ကိုယ်တော်တိုင်ပါလား”

ဗိုလ်မှူး၏ပါးစပ်မှ တိုးတိုးထွက်လာသည်။ သွေးသောက်ကြီးမှာမူ သိသိ သာသာ တုန်လှုပ်သွားသည်။ ထိုအခိုက်တွင် အတွင်းဝန်မင်းမှာ တည့်တည့်ပြန်ထိုင် လိုက်သဖြင့် ၄င်း၏သိန်းငှက်မျက်နှာကို ထင်ထင်ရှားရှား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးသောက်ကြီးမှာ ကျောတစ်လျှောက်၌ စိမ့်ချမ်းသွားသည်။ လှေသင်း အတွင်းဝန်မင်းဆိုလျှင် ရွှေနန်းတော်ကြီးတစ်ခုလုံး အထက်ဆုံး၊ အခက်ထန်ဆုံး။ သီပေါဘုရင်၏ အယုံဆုံး စစ်သူကြီးတစ်ပါးအဖြစ် သွေးသောက်ကြီးမှာ သိပြီးဖြစ်

အတွင်းဝန်မင်းသည် အရေးပိုင်ဟတ်(စ်)၏ မျက်လုံးများအား တည့်တည့် ရင်ဆိုင်လျက် စကားစပြောသည်။ စကားသံမှာ လူသဏ္ဌာန်ကဲ့သို့ မာကျောစူးရှပေ သည်။

“ကျွန်ုပ်ကိုယ်တိုင် သင်၏သံတဲသို့ အချိန်မဲ့ ထွက်လာခဲ့သည်ကိုထောက်၍ ယခုပြောအပ်မည့်စကားသည် လွတ်တော်တွင်း၌ပင် ရုတ်တရက် မပေါက်ကြားအပ် သည်ကို သိပါလေ။ ဤအရေးကြီးသော စကားရပ်ကို ကျွန်ုပ်မဖွင့်ဟမီ ကျွန်ုပ်သိလို ချက်တို့အား မေးပါအံ့။ သံကြီးတမန်ကြီး ပီသစွာ ချစ်ကြည်သော မဟာမိတ်၏ ကျင့်ဝတ်နှင့်အညီ တော်တည့်မှန်ကန်စွာ ဖြေပါလေ”

အတွင်းဝန်မင်း စကားဆုံးသောအခါ ကော်ဇောထက်ဖုံဝယ် ထိုင်နေသူ တစ်ဦးသည် ပြင်သစ်ဘာသာဖြင့် စကားပြန်သည်။

သွေးသောက်ကြီးက ဗိုလ်မှူးအား အသောလက်တို့၍ စကားပြန်လုပ်သူအားညွှန်ပြသည်။ ထိုသူမှာ ပိန်ပိန်သွယ်သွယ် သွေးမျက်လုံးနှင့် ကောက်သောနှာတံ၊ မောက်သောနဖူး ရှိသည်။

“ဒီလူကို သိပ်မသင်္ကာချင်ဘူး ဗိုလ်မှူး၊ သံတဲကိုလည်း မကြာခဏလာ၊ ဝိုင်အရက် သောက်လေ့ရှိတယ်။ ဘွန်ဘွိုင်ဇင်(Bon Vision)လို ဖရန်စစ်လူလည်တွေနဲ့ လည်း သိပ်တွဲတယ်” ။

ဗိုလ်မှူးက အသာခေါင်းညိတ်လျက် စကားပြန်မှတစ်ဆင့် အတွင်းဝန်မင်း နှင့် ပြင်သစ်အရေးပိုင်တို့၏ အပြန်အလှန် ပြောဆိုချက်ကို စူးစိုက်စွာ နားထောင်နေ သည်။

ဟတ်စ်သည် ကိုယ်ကို အနည်းငယ်စောင်း၍ ရှေ့သို့ ယဉ်ကျေးရိုကျိုးစွာ ညွတ်ရင်း ပြန်ကြားသည်။

“အတွင်းဝန်မင်းဘုရားကြီးကိုယ်တော်တိုင် ကြွရောက်လာခဲ့သဖြင့် ကျွန်ုပ် မှာ များစွာဂုဏ်ယူမိပါသည်၊ အမေးကိုဖြေရသော် ကျွန်ုပ်တို့ ဖရန်စစ်တိုင်းကြီးသည် အိမ်နီးချင်း လက်နက်နိုင်ငံကြီးဖြစ်သော အင်္ဂလန်ကျွန်း၏ အငြိုအငြင်ကိုခံ၍ အင်းဝ ရွှေနန်းရှင် ဘုန်းတော်ကြီးဘုရား၏ အကျိုးတော်ကို ထမ်းရွက်ရန် ရွှေလမ်း ငွေလမ်း ခင်းခဲ့သည်ကို မင်းဘုရားကြီး အသိပင်၊ မေးလိုသည်ကို အမိန့်ရှိပါ၊ ကျွန်ုပ် သိသမျှ အရေးပိုင်သမျှ ဖြေကြားပါမည်”

လှေသင်းအတွင်းဝန်မင်း၏ မျက်နှာမှာ ပိုမိုတည်ကြည်သွားလျက် ပြင်သစ် အရေးပိုင်၏ မျက်နှာမှတစ်ဆင့် စိတ်အား အကဲခတ်သည့်ဟန် စက်စွာ စိုက်ကြည့် လျက် တိုတောင်းသော မေးခွန်းတစ်ရပ်ကို ပြုသည်။

“ကျွန်ုပ်တို့၏ အကြည်တော် သင်တို့တိုင်းကြီး၏ နိုင်ငံခြားရေးဝန်ကြီး အင်(မ်)ဂျူးလီး(စ်)ဖယ်ရီ(M.Jules Ferry)အရာမှ ကျသွားပြီဆိုသည်မှာ မှန်ပါ သလော"

“မှန်ပါသည် အတွင်းဝန်မင်း”

“ဤသို့ဖြစ်လျှင် ကျွန်ုပ်တို့နှစ်နိုင်ငံ၏ရေးရာတို့မှာ အင်(မ်)ဂျူးလီး(စ်)ဖယ်ရီ လက်ထက်စဉ်က ဆွေးနွေးတိုင်ပင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်၌ အင်(မ်)ဂျူးလီး(စ်)ဖယ်ရီမှာ ထောင်အကျဉ်း၌ သေခြင်းကို ငံ့လင့်နေတော့မည်။အဘယ် သူသည် ကျွန်ုပ်တို့ ရှေ့ဆောင်ဖွယ်ရှိသည်တို့ကို အားပေးထောက်ပံ့ပါမည်နည်း”

အရှေ့တိုင်းသားပီပီသာ တွေးတတ်၍ ကမ္ဘာ့ရေးရာဗဟုသုတ နည်းသေး သော အတွင်းဝန်မင်း၏အဖြစ်ကို ရိပ်မိသဖြင့် ဟတ်စ်၏ မျက်နှာမှာ မသိမသာ ပြုံးယောင်ယောင် ဖြစ်သွားသည်။

“ဤအတွက်မူ စိုးရိမ်ခြင်း မရှိစေလိုပါ၊ အင်(မ်)ဂျူးလီး(စ်)ဖယ်ရီမှာ အကျဉ်းလည်း မကျပါ၊ သေခြင်းကိုလည်း ငံ့လင့်မနေပါ၊ အရာမှကျခြင်းလည်း မဟုတ်ပါ၊ လွှတ်တော်၌ မဲအများနှင့် ထောက်ခံမှု မရသဖြင့် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ခြင်းမျှသာ ဖြစ်ပါသည်”

ဤသို့ ဟတ်(စ်)၏ ဖြေကြားချက်ကို စကားပြန်မှတစ်ဆင့် သိရသောအခါ အတွင်းဝန်မင်း၏ မျက်မှောင်မှာ နားမလည်သယောင် ဖြတ်သွားသည်။ ထို့နောက်

“ဘယ့်နှယ် အကျဉ်းမချဘူး ဟုတ်၊ အရာချ အပြစ်ရသူကို မသုတ်သင်ပစ် ရန် ရန်စွယ်ဘယ်အေးမလဲ၊ သင်တို့ သမ္မတမင်းက တယ်ညံ့ဖျင်းသကိုး”

ဟု မိမိကိုယ်ကိုပြောဟန် ညည်းညူလိုက်သည်။ ဟတ်(စ်)ကသာ ဆက်ရှင်းပြ၏။

“ကျွန်ုပ်တို့နိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ်အရ အစိုးရအဖွဲ့ ပြောင်းလဲပေမဲ့ အစိုးရသစ်ဟာ အစိုးရဟောင်းရဲ့ အပြည်ပြည်ဆိုင်ရာ ကတိခံဝန်ချက်တွေကို လိုက်နာရမြဲပါ။ သို့ဖြစ်ပါ၍ အင်(မ်)ဂျူးလီး(စ်)ဖယ်ရီ မရှိတော့ပေမဲ့ ဖရန်စစ်နိုင်ငံဟာ အင်းဝရွှေနန်းတော်နဲ့ ထားဆိုခဲ့တဲ့ ကတိကိုဆက်လက်အကောင်အထည်ဖော်ပါလိမ့်

“ဘယ်လိုသက်သေခံ အထောက်အထား ပြမလဲ”

ဟတ်(စ်)သည် မည်သူ့အားမျှ ယုံကြည်ဟန် မပေါ်သော အရှေ့တိုင်းသား နန်းတွင်းအရာရှိအား တစ်ချက်စိုက်ကြည့်လိုက်သည်။

လှေသင်းအတွင်းဝန်မင်းကသာ ဆက်လက်အမိန့်ရှိသည်။

“အသင်ကသာ ဤသို့ဆိုသည်၊ ကျွန်ုပ်တို့ သိရသမျှမှာ ပါရစ်မြို့ တော်ရှိ အင်္ဂလိပ် ကုလားဖြူ သံအမတ် လော့ဒ်လိုင်ယွန်(Lord Lyons)ဟာ ဘိလပ်ဘုရင်မအမိန့် နဲ့ ဖရန်စစ်နဲ့ မြန်မာအစီအစဉ် ဖျက်ပစ်အောင် တင်းတင်းကြပ်ကြပ် တောင်းဆိုလို့ အင်(မ်)ဂျူးလီး(စ်)ဖယ်ရီတောင် အသင့်အတင့် လျှော့ပေးခဲ့ရတယ်ဆို မဟုတ်လား"

“ဤအချက်ကို ကျွန်ုပ်ကောင်းစွာ ဖြေရှင်းနိုင်ပါသည်။ ဖရန်စစ်နှင့် မြန်မာ နိုင်ငံတို့၏ ဆက်သွယ်ရေးအစစ်အမှန်ကို အထူးလျှို့ဝှက်ထားသည်ကို ဝန်မင်းအသိပင် မဟုတ်ပါလော။ လော့ဒ်လိုင်ယွန်အား ဝန်ကြီးမင်းဖယ်ရီက အလျှော့ပေးခဲ့သည် ဆိုခြင်းမှာလည်း မမှန်ပါ။ ဖရန်စစ်တိုင်းနှင့် အင်းဝရွှေနန်းတော်တို့ စစ်ရေးစာချုပ် ပြုလုပ်သော် အင်္ဂလိပ်အစိုးရအနေနှင့် အင်အားကို အသုံးပြုကာ တားဆီးတန် တားဆီးမည်ဟု လော့ဖ်လိုင်ယွန်သည် ခြိမ်းခြောက်လာသဖြင့် ရာဇပရိယာယ်အဖြစ် ဝန်ကြီးဖယ်ရီသည် ဖရန်စစ်တိုင်းသည် အင်းဝရွှေနန်းအား မည်သည့်စစ်ရေး အကူအညီမှ ပေးမည်မဟုတ် ပြန်ကြားခဲ့ခြင်းသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုပြန်ကြား မျက်ပြုသည့်နေ့တွင်ပင် တုံကင်ပြည်မှတစ်ဆင့် ရတနာပုံနေပြည်တော်သို့ လက်နက် ခဲယမ်းများ ပို့ရေးအစီအစဉ် အကြောင်းကြားစာကို ဝန်ကြီးဖယ်ရီသည် ပါရစ်မြို့ မြန်မာသံအဖွဲ့လက်သို့ အပ်ခဲ့သည်မှာ ရွှေနန်းတော်သို့ရောက်ပြီ ထင်ပါသည်"

ဟတ်(စ်)သည် မုတ်ဆိတ်မွေးအား အသောပွတ်၍ အတွင်းဝန်မင်းထံမှ အကို တောင်းသည့်ဟန် ဦးခေါင်းကို ညင်သာစွာ ရှေ့သို့တစ်ချက်လွှတ်လိုက်၏။

“စာရောက်သည်မှာ မှန်ပါသည်။ သို့ရာတွင် စာ၌ဆိုသော လက်နက်ခဲယမ်း မီးကျောက်များပို့ရေး အစီအစဉ်မှာ ယနေ့တိုင် အကောင်အထည် မပေါ်သေး”

“အကောင်အထည် ပေါ်ပါစေမည်၊ ယခုလောလောဆယ်မူ တုံကင်၌ ကျွန်ုပ်တို့ရင်ဆိုင်နေရသော အရေးအခင်းမှာလည်း မပြီးပြတ်သေး၊ တရုတ်ဘုရင် ဧကရာဇ်နှင့် ကျွန်ုပ်တို့ အာနန်ပြည်အရေးကြောင့် ပွားခဲ့သော စစ်မီးမှာလည်း မငြိမ်းသတ်သေး၊ ဤအရေးများ ပြီးပြတ်သော် ဝန်ကြီးဖယ်ရီ စာပါအတိုင်း မတိမ်းမသွေ ဖြစ်ပါစေမည်း၊ ဝန်ကြီးဖယ်ရီ၏ အစိုးရသည် လွန်ခဲ့သော မတ်လမှ နှုတ်ထွက်ခဲ့ရသည်။ နှစ်လကြာမြင့်သော ဤမေလတွင် အဆိုပါစာပါ အချက်အလက်တို့အား ဆောင်ရွက်စီမံ၊ ရန် ရတနာပုံနေပြည်တော်သို့ ကျွန်ုပ် ရောက်ရှိလာခြင်းသည်ပင် ဖရန်စစ်နိုင်ငံသည် အင်းဝရွှေနန်းနှင့် ပတ်သက်၍ သဘောထားမပြောင်းလဲကြောင်း လုံလောက်သော သက်သေဟု ကျွန်ုပ် ယူဆပါသည်။

အတွင်းဝန်မင်းသည် မျက်မှောင်တစ်ချက်ကြတ်လျက် နဖူးအရစ်များ မပေါ်လာသည့်တိုင်အောင် တွေဝေစဉ်းစားနေသည်။ ထို့နောက် ကော်ဇောပေါ်မှ ဂ္ဂိုလ် နှစ်ဦးထံသို့ မျက်လုံးများမှာ ရောက်သွားသည်။ စကားပြန်လုပ်သူက မသိမသာ ခေါင်းကိုညိတ်ပြသည်။

အတွင်းဝန်မင်း၏ မျက်နှာမှာ ပြန်လည်ကြည်လင်လာ၍ ဟတ်(စ်)အား အဓိပ္ပာယ်ပါစွာ ကြည့်လျက်ဆို၏။

“ဤမျှရှင်းပြသည်ကို ကျေနပ်ပါသည်။ ကျွန်ုပ်တို့ဘက်မှ ဆောင်ရွက်ရန် ရှိသည်တို့အား ဘုန်းတော်ကြီးဘုရားထံ အမိန့်ခံယူ၍ မကြာမီ ပြန်ကြားပါမည်”

လှေသင်းအတွင်းဝန်မင်းသည် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုင်ရာမှ ထသည်။ သို့ရာတွင် အရေးပိုင်ဟတ်(စ်)သည် ယျာယျာသလဲ ထိုင်ရာမှ သူပါထရင်း တားဆီးသည်။

“လောတော်မမူပါနဲ့ ဝန်မင်း၊ မြင့်မြတ်သော ရွှေနန်းတော်မှ ဝန်မင်းများ ကြွရောက်ခိုက်မှာ ကျွန်ုပ် ဧည့်ဝတ်ပြုပါရစေ၊ တစ်ဖက်ခန်းမှာ စားကောင်းသောက်ဖွယ်တို့နှင့် ပါရစ်မြို့မှ နောက်ဆုံးရောက်ရှိလာသော အလွန်ဆေးဘက်ဝင်သည့် ဝိုင်အရက် ချိုများ ပြင်ဆင်ထားသည်။ ကြွတော်မူပါ"

ပြောပြောဆိုဆိုပင် ဟတ်(စ်)သည် တံခါးပေါက်ဝရှိ ကတ္တီပါခန်းဆီးအား ကိုယ်တိုင်မလျက် လမ်းပေးဖိတ်ခေါ်သည်။

မကြာမီပင် အခန်းမှာ လူသူမဲ့၍ တိတ်ဆိတ်စွာ ကျန်ခဲ့၏။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)