Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - သူလိုမင်းသမီး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

( ၁ )

          “ဟေ...မီးတွေအားလုံးဆင်မပီးသေးဘူးလားကွ....၊ ဖိုတို ဖလပ်နဲ့ တူးကေမီးလုံးကြီးတွေကလဲ အခုမှ ဝိုင် ကြိုးဆက် တုန်းဘဲလား.. အားလုံးအဆင်သင့် ဖြစ်နေအောင် ခပ်မြန်မြန် ကလေး ဝိုင်းလုပ်ကြစမ်းပါကွာ... ဒီနေ့ရိုက်ရမဲ့အခန်းက မပြတ် ရင် နက်ဖြန်ဆက်ခိုက်လို့ ဖြစ်တာမဟုတ်ဘူး၊ ဟိုဘက်ကဆောင်း ဆရာတွေကလဲ မိုက်ကရိုဖုံးတွေဘာတွေ အဆင်သင့်လုပ်ထားဘို့ တော်ပီထင်တယ်ဟေ့”

          အသက်၅၀-ကျော်အရွယ်ခန့် ဝဝဖိုင့်ဖိုင့် ဗိုက်ရွှဲရွှဲ ကွဲကော် ကိုင်းမျက်မှန်တပ် ထိပ်ပြောင်ပြောင် လူကြီးတယောက်သည် အော်ကျယ်ဟစ်ကျယ်နှင့် ဆော်ဩလျက်ရှိလေသည်။

          သူပြောသွားသောစကားထဲမှ “တူးကေ”၊ “ဖိုတိုဖလပ်” “ဆောင်း”စသော စကားလုံးများကို သာမန်စာဖတ်သူတို့အနေ နှင့် နားလည်ချင်မှနားလည်မည်ဖြစ်သော်လည်းရုပ်ရှင်ရိုက်ကူးရာ စတူဒီယိုအတွင်း၌မူ အေ၊ဘီ၊စီ၊ဒီတလုံးမျှ မတတ်သော အလုပ် သမား အငယ်ကလေးများပင် နားလည်ကြပေသည်။

          အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ထိပ်ပြောင်ပြောင် ဗိုက် - ရှဲခဲ့လူကြီး အော်ကြီးဟစ်ကျယ် နေသော နေရာကလည်း - ရန်ကုန်ပြိုဆင်ခြေဖုံး မရမ်းကုန်းအနီးရှိ ရုပ်ရှင်ခြံကြီး တခြံပင်ဖြစ်လေသည်။

          ထိုလူကြီးကား“လဗိမာန်ရုပ်ရှင်ကုမ္ပဏီ”ပိုင်ရှင်ဦးတုတ်ခိုင်ဆို သူဖြစ်ပြီး သူ့ ကုမ္ပဏီမှ ငွေကုန်ကြေးကျခံကာ အထူးစပယ်ရှယ် အကယ်ဒမီရွှေစင်ရုပ်ဆုချိန်ပြီး ရိုက်ကူးနေသည့် “မိုးနတ်” ဇာတ်ကားမှ အရေးကြီးသော အခန်းတခန်းရိုက်ရန် ကြိုတင်ပြင် ဆင် ဆော်သြနေခြင်းပင်ဖြစ်လေသည်။

          ရုပ်ရှင်လောကတွင် မော်တော်ကားစက်ပြင်ဆရာ (မက္ကင်း နစ်)များလောကမှာကဲ့သို့ အင်္ဂလိပ်ဘာသာ အသုံးအနှုန်းများ ကို လူတိုင်းနားလည် အသုံးပြုနေကြသဖြင့် အေ၊ ဘီ၊ စီ၊ ဇီးပင် မတတ်လင့်ကစား ဘာပစ္စည်းက ဘာခေါ်တယ်ဟူ၍ ရုပ်ရှင် အလုပ်သမားအားလုံးက နားလည်နေကြပြီး ဖြစ်လေသည်။

          ဤနည်းအားဖြင့် လျှပ်စစ်ဝပ်အား(၂၀၀၀)ရှိသော ရုပ်ရှင် စတူဒီယိုသုံး မီးလုံးကြီးများကို “ထူးကေ”ဟူ၍၎င်း၊(၅ဝဝဝ) အားကို “ဖိုက်ကေ”ဟူ၍၎င်း၊ အသံဖမ်း အသံသွင်းဘက်ဆိုင်ရာ ကို “ဆောင်း”ဟူ၍၎င်း ခေါ်ဝေါ်သုံးစွဲနေကြလေသည်။

          ရုပ်ရှင်ကားများတွင် စကားပြောသံမပါဘဲ အရုပ်ချည် သက်သက် အသံတိတ်ရိုက်ကူးရသည့်အကွက်များရှိရာ ထိုသို့ခိုက် ကူးသည့် ရိုက်ကွက်များကို အသံတိတ်ဟုမခေါ်ဘဲ “ဆိုင်းလင်း ရှော့”ဟု ခေါ်ဝေါ်သုံးစွဲကြလေသည်။

-           “ ဟာ ဦးလေးတုတ်ကလဲ ကျွန်တော်တို့ကိုချည့် ဖိနေတာဘဲ၊ ဦးလေး မင်းသမီးကဖြင့် အိမ်မှာ မိတ်ကပ်လိမ်းပြီးသေး မှာတောင်မဟုတ်ဘူး  ”

          အသက် ၂၀ ကျော်အရွယ်ခန့် ပိန်ပိန်ပြုသူငယ်တဦးသည် ကင်မရာ ထရော်လီလိုင်းသံလမ်များရွှေ့နေရာမှ လှမ်းပြောလိုက် လေသည်။

          သူကတော့ ကုမ္ပဏီပိုင်ရှင်များ၊ ဒါရိုက်တာများနှင့် ရင်းနှီး ကျမ်းဝင်လျက် ပြောရဲဆိုရဲရှိသူ ဓါတ်ပုံဆရာ၏အကူအညီ အလုပ် သမား မောင်းထွန်းဆိုသူဖြစ်လေသည်။

          မောင်ထွန်းက ရယ်စရာပြောသလိုလိုနှင့် ဦး တုတ် ခိုင် အား အော်ပြောလိုက်သည်ကို ဓါတ်ပုံနှင့် အသံဖမ်းဘက်အလုပ်သမား များက သဘောကျဟန်ဖြင့် ပြနေကြလေသည်။

          ညှို့သော် ကုမ္ပဏီပိုင်ရှင် ဦးတုတ်ခိုင်ကမူ သဘောမကျနိုင်ဘဲ မျက်နှာထားတည်တည်ဖြင့်

          “ ဟေ - မောင်ထွန်း၊ မင်းသမီး မိတ်ကပ်လိမ်းပြီးတာ မပြီး တာ မင်းတို့အလုပ်မဟုတ်ပါဘူးကွ၊မင်းတို့တာဝန်က သူ ရောက်လာတာနဲ့ ချက်ချင်း ရိုက်နိုင်အောင် အားလုံး ပြင်ဆင်ထားဘို | ဘဲ။ တော်တော်ကြာ သူလာတော့မှ မင်းတို့က မီးလုံးတွေ့တုန်း၊ကင်မရာနေရာချတုန်းဆိုရင် ဘယ်လိုပြဿနာ ပေါ်တတ်တယ် | ဆိုတာလဲ မင်းတို့အသိသားနဲ့။ အားလုံးသာ ရယ်ဒီ ဖြစ်အောင်  “

          ဟု ပြောပြီး စတူဒီယိုတဖက်ထောင့်တွင် ထိုင်နေသူ အမှိုက် တာနှင့် ဧည့်သည်လေးငါးဦးရှိရာသို့ လျှောက်သွားလေသည်။

          ဒါရိုက်တာ ဦးတင်ထူးကား ဆေးပေါ့လိပ်တလိပ်လက်ကြား ညှပ်လျက် သူ၏ ဇာတ်ညွှန်းစာအုပ်ကိုကြည့်နေလေသည်။

          ဦးတင်ထူးမှာ နာမည်ကြီးရင့်သူ ဒါရိုက်တာကြီးတဦး ဖြစ်၍ ရုပ်ရှင်ခြံထဲစကားများများမပြော ခပ်အေးအေးနေတတ် သူဖြစ်၏။ မင်းသမီး မင်းသားများနှင့် ဆက်ဆံရေးကိစ္စမှန်သမျှကိုလည်း ကုမ္ပဏီပိုင်ရှင်ကိုသာ တာဝန်လွှဲထားပြီး သူကိုယ်တိုင် | ကတော့ ဇာတ်ကားရိုက်ကူးရေးနှင့် ပတ်သက်သည့် ရိုက်ကွင်း ရိုက်ကွက်လှပစေရန်နှင့် ဇာတ်လမ်းသရုပ်ဖေါ်နည်းဟန် ကောင်း မွန်စေရန်သာ အာရုံစိုက်လုပ်တတ်လေသည်။

          တနည်းအားဖြင့် ဦးတင်ထူးသည် ဒါရိုက်တာ အလုပ် သက် သက်လုပ်သူ ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်၏။ စတူဒီယို အတွင်း ဆက်တင်အခမ်းအနား ပြင်ဆင်မှု၊ သရုပ်ဆောင်သူဇာတ်ကောင် များ၏ မိတ်ကပ်အလှပြင်နည်းများ မှန်မမှန်ကြည့်ရှုခြင်းကအစ၊ မင်းသမီး အချိန်မှန်လာရောက်ရေးကိစ္စ၊ မင်းသမီး စိတ်ကောက် လျှင် ချော့မော့နှစ်သိမ့် ချွေးသိပ်ခြင်းကိစ္စအားလုံးကို သူ့ အနေ နှင့် လုံးဝလှည့်မကြည့်ဘဲ ကုမ္ပဏီပိုင်ရှင် ဖက်တီးဦးတုတ်ခိုင်ကြီး ကိုသာလွှဲထားလေသည်။

          အထူးသဖြင့် “မိုးနတ်ဒေဝီ” ဇာတ်ကားမှ မင်း သ မီး ကို ဒါရိုက်တာဦးတင်ထူးက ကားရိုက်ခြင်းအလုပ်ကိစ္စမှလွဲ၍ လုံးဝ မပတ်သက်အောင် ခပ်အေးအေးနေချင်ပုံရလေသည်။

          “ ဟုတ်သားဘဲ ဦးတုတ်ခိုင်ရဲ့၊ ခင်ဗျားကသာ နင်းကန် ာနေတာ၊ ခင် မင်းသမီးက ဘယ်မှာမှန်းတောင် မသိဘူး "

          တက်တရက်စ်ဘောင်းဘီရှည်၊ ဒက္ကရွန် ဟာဝေယံရှပ် ဝတ် ထားသူ ဧည့်သည်တဦးက လှမ်းပြောလိုက်ရာ ဦးတုတ်ခိုင်သည် ) ထိုလူအနီးသို့ ကပ်လာပြီး... ။

          “ ဦးလှမင်းက ကျွန်တော်တို့ မင်းသမီးအကြောင်း မသိလို့ ပါ။ သူက တခြားမင်းသမီးတွေလို ခတူဒီယိုထဲ အစောကြီးခေါ် ထားလို့ မရဘူးဗျ။ အိမ်မှာဘဲ နေတယ်၊ ဒီမှာ ကျွန်တော် တို့ အားလုံး အဆင်သင့်ဖြစ်နေပြီဆိုမှ ဖုံးဆက်ခေါ်လိုက်ရင် သူ့ ကားနဲ့ သူလာတယ်၊အေး..သူရောက်လာလို့ ဒီမှာကင်မရာတွေ မီးတွေအဆင်သင့်မဖြစ်ရင် နဲနဲမှ သဘောမကျဘူး၊ ဒါကြောင့် ကျွန်တော်က မင်းသမီးအိမ်ဖုံးမဆက်မီ အားလုံးရယ်ဒီဖြစ်အောင် တွန်းနေရတာဗျ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အနေနဲ့ ဒီမင်းသမီး စိတ်ဆိုးတာ စိတ်ကောက်တာတို့ အဖြစ်မခံနိုင်ဘူး၊ မင်းသမီးစိတ်ကောက်မှာ အကြောက်ဆုံးဘဲ..”

          ရှင်းရှင်းပင် ဖွင့်ပြောလေသည်။ ထိုအခိုက် မောင်ထွန်းအမည်ရှိ သူငယ်ရောက်လာပြီး... , ““

          ဦးလေး..ကျွန်တော်တို့ကင်မရာရော မီးတွေရော အားလုံး ရယ်ဒီ ” “ ဟု ပြောသဖြင့် ဦးတုတ်ခိုင်လည်း မင်းသမီးထံ တယ်လီဖုံး ဆက်ရန် ကပျာကယာထွက်သွားလေသည်။

          ဦးလှမင်းဆိုသူ ဧည့် သည် သည် မောင်ထွန်း အား လှမ်း ခေါ်၍

          “ နေပါအုံး သူငယ်ရ၊ မင်းတို့ရုပ်ရှင်မင်းသမီးက တယ်လဲ ပါ၀ ရှိပုံရပါကလား "

          ဟု ပြောလိုက်လေသည်။

          “ ဟာ....ပါ၀ါ ရှိတာလဲ မပြောနဲ့လေ၊ နာ မည် ကျော် မင်းသမီး မေသက်ဝင်းဆိုတာ ဆရာကြီးတို့ကောင်းကောင်းမသိ ဘူးနဲ့တူတယ်။ ဗမာပြည်မှာ သူလိုမင်းသမီးတယောက်ထဲရှိတယ် ဗျ၊ နှစ်ယောက်မရှိဘူး” , | မောင်ထွန်းက သူ့ဝါသနာအတိုင်းအားရပါးရပြောပြသည် တွင် ဦးသုမင်းသာမက အနီးရှိ အခြားဧည့်သည်များပါ စိတ် ဝင်စားစွာဖြင့် နားစိုက်ထောင်နေကြလေသည်။

          “ ဟေ- ဟုတ်လား၊ ဒါဖြင့် စို့ ကောင်းကောင်း မှ သိ လို့ မင်းသမီးမေသက်ဝင်းအကြောင်း ပြောပြစမ်းပါအုံးကွာ...” “

          ဦးလှမင်းက ထပ်မေးလိုက်သောအခါ မောင်ထွန်းကလည်း ဒါရိုက်တာ ဦးတင်ထူးဘက် တချက်လှည့်ကြည့်ပြီးနောက် မင်း သမီး မေသက်ဝင်းအကြောင်း ““လက်ချာ” ဆက်ပေး ပြန်လေသည်။

-           “မင်းသမီးအကြောင်း ပြောရရင်တော့ ဆုံးမှာမဟုတ်ဘူး ဗျာ၊ ဟောဒီက ကျွန်တော်တို့ဆရာ ဦးတင်ထူးလဲ သိပါတယ်။ ကျွန်တော်တို့ရုပ်ရှင်နယ်မှာ မေသက်ဝင်းလောက် ပါဝါကြီးတဲ့ မင်းသမီးမရှိတာတော့အမှန်ဘဲ။ ပါဝ ကြီးတာလဲ မပြောနဲ့လေ။ မေသက်ဝင်းပတဲ့ဇာတ်ကားဆိုရင် သတင်းစာထဲလိုက် တာနဲ့ ကားကံထရိုက်တွေ သူ့ထက်ငါ အလုအယက် ပြေး လာပြီး ငှားကြတယ်။ ဒါဟာလဲ သူပါတဲ့ဇာတ်ကားကို ပရိသတ် က ကြိတ်ကြိတ်တိုးကြည့်ကြတော့မှာ သေချာတာကိုးဗျ။ နောက် ပြီး မင်းသမီးက သူ့လာ တိုင်း လိုက်တာမဟုတ်ဖူး၊ ဝတ္ထု ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူကြိုက်မှလက်ခံတယ်။ နောက်ပြီး ဒါရိုက်တာကိုလဲ သူ့သဘောကျတဲ့လူကို မှဖြစ်တယ်။ ဘာဘဲဖြစ်ဖြစ်လေ..သူ စန်းထနေတဲ့ခေတ်ဆိုတော့ ကုမ္ပဏီပိုင်ရှင်တွေ က မင်းသမီးအကြိုက် လိုက်လျောကြတာဘဲ..”

          “ မင်းပြောတဲ့အတိုင်းဆိုရင်တော့ ဟုတ်မှာပါဘဲ၊ ဒါထက် အဲ့ဒီ မေသက်ဝင်းက တကယ်ကော ဇွဲရှုံးလား၊ လှတာချည့်ဘဲ လား၊ အိုက်တင်ကောင်းတာလား...” . ဧည့်သည် တယောက်က ဝင်မေးလိုက်ရာ မောင်ထွန်းက...

          “ မစုံခင်ဗျားတို့ ကိုယ်တိုင် အခု ကားရိုက်တော့ အကဲခတ်ကြည့်ကြပေါ့၊ ဟော...ပြောရင်းဆိုရင် ရွှေမင်းသမီး ကြွလာပါပြီဗျာ..

          ပြောပြောဆိုဆို မောင်ထွန်းသည် စတူဒီယိုဝင်ဝဘက်ဆီသို့ | ညွှန်ပြလိုက်သဖြင့် အားလုံး လှည့်ကြည့်လိုက်ကြလေသည်။