Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - ဘီလျံနာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း (၁)

“ရစ်ချတ်သည် လတ်တလော သူ့အား အရေးတကြီးပေးထားသည့် တာဝန် အကြောင်း၊ အပြန်ပြန်အလှန်လှန် စဉ်းစားနေမိလေသည်။

          တာဝန်ကလည်း ယခင် သူ ဆောင်ရွက်ခဲ့ဖူးသော အလုပ်တာဝန်များ နှင့် မတူဘဲ အလွန်ကြီးကျယ်သလောက် ဘေးအန္တ ရာယ်ကလည်း များလှသည်။

          “ရစ်ချတ်အနေဖြင့် ရန်သူဒုစရိုက်သမားများကို ရွပ်ရွပ်ချွံချွံ စွန့်စားတိုက် ခိုက်ရသည့် အပွဲပွဲတွင် အနိုင်ရခဲ့သလောက် ယခုတစ်ကြိမ်တွင်မူ သူက အနိုင် ရပါ့မလားဟု သံသယပင် ဖြစ်သည်။

          သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မူ လွတ်မြောက်ပါမည်လော။

          သို့ဖြစ်လင့်ကစား “ရစ်ချတ်” သည် စိတ်ဓာတ် အလွန်ခိုင်မာ ပြင်းထန် သူ ဖြစ်သည့်အလျောက် သေကာမှ သေရော ရန်သူဒုစရိုက်များကို အနိုင်မခံ အရှုံးမပေး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နှိမ်နင်းရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။

          အကယ်၍ မိမိအသက်သေရသည့်တိုင်အောင် တိုက်ရင်း သေမည်ဟု , ဆုံးဖြတ်ထားသည်။

          အမေရိကန်နိုင်ငံတွင် အလွန်ပူအိုက်သော နွေရာသီ ဇွန်လဖြစ်လေသည်။

          “ရစ်ချတ်” သည် သူနှင့် တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုထားသော အင် ဆိုသူအကြောင်း တွေးနေမိလေသည်။

          'ဂေါ်ဒင်” သည်ကား ဗဟိုထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်သီးသန့်ဌာန မှ 'ဂျင်း” (စုံထောက်) တစ်ဦး ဖြစ်သည်။

          ယင်းဌာနနှင့် ဆက်သွယ်ရာတွင် မိမိ၏နာမည်ရင်း “ရစ်ချတ်” ကို မှ မသုံးဘဲ 'ကော်တင်” ဟူသော လျှို့ဝှက်အမည်ကို သုံးထားသည့်အတိုင်း = “ဂေါ်ဒင်” က ဖုန်းဆက် ချိန်းဆိုသောအခါ... ။

          “ဟဲလို မစ္စတာ “ကော်တင်' အရေးကြီးတဲ့ စာရင်းတစ်ခု ခင်ဗျားကို ပေးစရာရှိလို့ အမြန်ဆုံးလာတွေ့ စေချင်ပါတယ်။ “ဂရင်းဝစ်” ရပ်ကွက်က သုသာန် မှ သိတယ် မဟုတ်လား။ အဲဒီသုသာန်ရဲ့ အရှေ့တောင်ဘက်ထောင့်နားမှာ ကျုပ် စောင့်နေပါ့မယ်။ အမြန်ဆုံးသာ လာခဲ့ပါ” ဟု ပြောခဲ့သည်။

          “ဂေါ်ဒင်” အနေဖြင့် ယင်းသို့ ဖုန်းဆက်ချိန်းဆိုခြင်းသည် အကြောင်း ရှိရပေမည်။ မိမိအား “စီအိုင်အေ' လျှို့ဝှက်သီးသန့်ဌာနမှ တာဝန်ပေးထားသော အလုပ်နှင့်စပ်လျဉ်း၍ အရေးကြီးသော သတင်းအချက်အလက်များ ရရှိသဖြင့် မိမိအား အမြန်ဆုံး အကြောင်းကြားလို၍ပင် ဖြစ်ရပေမည်။

          “ ရစ်ချတ်" သည် သူ၏ မော်တော်ကားဖြင့် “ဂေါ်ဒင်” ချိန်းဆိုလိုက်သော 'ဂရင်းဝစ်” ရပ်ကွက် သုသာန်ဆီသို့ မောင်းသွားရင်း ယခုသွားမည့်နေရာတွင်ပင် ဘေးအန္တရာယ်တစ်စုံတစ်ခု ရှိနိုင်သည်ဟု စိတ်ထဲတွင် ထင်လိုက်မိသည်။ = ဤကား “ရစ်ချတ်” ၏ ထူးခြားသော အရည်အချင်းတစ်ခုပင် ဖြစ်သည်။

          အသက်ဘေးအန္တရာယ် နီးကပ်လာအောင် အခြေအနေ ရှိနေပါက သူ၏ စိတ်ထဲတွင် အလိုလို ကြိုတင် ရိပ်မိလေ့ ရှိသည်။ ဤသည်မှာလည်း ဘေးရန် အမျိုးမျိုး တိုက်ပွဲအမျိုးမျိုး ဆင်နွှဲခဲ့ရသည့် အတွေ့အကြုံကြောင့် ဖြစ်ပေါ်ရရှိ လာသည့် အရည်အချင်းပင် ဖြစ်သည်။

          တိရစ္ဆာန်များတွင် ဘေးအန္တရာယ် သို့မဟုတ် ၎င်းတို့၏ သဘာဝရန်သူ နီးကပ်လာပြီဆိုလျှင် အလိုလို ကြိုတင်သိသော (Instinct) အင်စတင့် ခေါ် အသိစိတ်တစ်မျိုးရှိသည်။

          ယင်းအသိစိတ်ဓာတ် “အင့်စတင့်' မျိုးကို “ရစ်ချတ်" သည် သေတွင်းမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သော အတွေ့အကြုံများမှတစ်ဆင့် ရရှိခဲ့ခြင်းပင် - ဖြစ်သည်။

          ယခုလည်း ချိန်းဆိုထားသောသုသာန်ဆီသို့ ကားမောင်းသွားရင်း အသက် ဘေးနှင့် နီးကပ်သည့်အန္တရာယ် ရင်ဆိုင်ရချေဦးမည်ဟု စိတ်ထဲမှ သိနေပြန်လေ

          အထူးသဖြင့် ဒုစရိုက်သမားများကို ရက်ရက်စက်စက် အပြတ်နှိမ်နင်းအပြုတ်တိုက်လေ့ရှိသော မိမိအားသတ်ဖြတ်ချင်သူ လူဆိုးဂိုဏ်းသားတွေ နေရာ တကာမှာ ရှိနေကြကြောင်း သိထား၍လည်း “ရစ်ချတ်က သွားလေရာတွင် သတိကြီးစွာထား၍ သွားလာလှုပ်ရှားတက်လေရာ သုသာန်းအနီးသို့ ချဉ်းကပ် မိသည်နှင့် သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို သေချာစေ့စပ်စွာ လှည့်ပတ် အကဲခတ်ကြည့်လိုက်သည်။

          “ဂေါ်ဒင်' နှင့် တွေ့ဆုံရန် ချိန်းဆိုထားသော သုသာန်၏ အရှေ့တောင် ထောင့်သို့ ချက်ချင်းမသွားသေးဘဲ ကားကို တစ်ပတ်လှည့်မောင်းရင်း အခြေအနေ ကို အကဲခတ်ကြည့်ခြင်း ဖြစ်လေသည်။

          ရုတ်တရက်အားဖြင့်မူကား ဘေးအန္တရာယ်ရှိဖွယ်(သို့မဟုတ်) မသင်္ကာ ဖွယ်ရာ လူစိမ်းဆို၍ မတွေ့ရချေ။

          သုသာန်တစ်နေရာရှိ အုတ်ဂူတစ်ခုနားတွင် လူငယ်ဇနီးမောင်နှံတို့သည် ကလေးငယ်များနှင့်အတူ ငြိမ်သက်စွာ ရပ်နေကြသည်။ ကွယ်လွန်သူတစ်ဦးဦး ( သူတို့၏မိဘဆွေမျိုးထဲမှ ဖြတ်တန်ရာသည်) အတွက် အလွမ်းဖြေအုတ်ဂူသို့ လာရောက်ကြဟန် တူသည်။

          မလှမ်းမကမ်းတွင်လည်း အသက်ကြီးကြီး ဇနီးမောင်နှံတို့က အုတ်ဂူ တစ်ခုအနီးတွင် ရပ်ကာ မျက်ရည်ကျနေသည်။ သူတို့၏ သားသမီးတစ်ဦး၏ | အုတ်ဂူရှိရာသို့ လာရောက်ကြဟန်တူသည်။

          ချိန်းဆိုထားသောနေရာ အရ ထောင့်အနီးရှိ လမ်းပေါ်တွင်ကား ပင်စင် စားနှင့်တူသော အဘိုးကြီးတစ်ယောက်သည် ခပ်ဖြည်းဖြည်း လမ်းလျှောက်သွား နေသည်။ ကွယ်လွန်သူ ဇနီးသည်၏ အုတ်ဂူသို့ အလွမ်းပြေသွားနေခြင်း ဖြစ် ဟန်တူသည်။

          ယခုအတိုင်းဆိုလျှင် သုသာန်၏ ပတ်ဝန်းကျင်၌ မသင်္ကာဖွယ်ရာ လူ စိမ်းများ လုံးဝမရှိဟု ယူဆရမလို ဖြစ်နေသည်။

          “ရစ်ချတ်” သည် သူ၏မော်တော်ကားကို “ပလိုင်းမောက်' အမျိုးအစား ကားတစ်စီးရပ်ထားသည့် နေရာ၏ နောက်နားတွင် ထိုးရပ်လိုက်သည်။

          ရှေ့ကားမှ ယာဉ်မောင်းသူ ခရိုင်အားသည် တစ်စုံတစ်ဦးအား စောင့် ဟန်ဖြင့် သတင်းစာထိုင်ဖတ်နေသည် ။

          “ရစ်ချတ်' သည် အမြဲတစေ သတိရှိသူဖြစ်သည့်အလျောက် ကားပေါ်မှ မဆင်းမီ သူ၏ကိုယ်တွင် ပါလာသော လက်နက်များကို လိုလိုမယ် စစ်ကြည့်လေသည်။

          ယင်းတို့ကား ကုတ်အင်္ကျီအတွင်း ပခုံးတွင် သိုင်းလွယ်ထားသောရေအိတ်အနက်များရှိ ၉ မီလီမီကာ “ဘရောင်းနင်း” အော်တိုမစ်တစ်၊ ပစ္စတိုလ် သနတ်နှစ်လက် (တစ်လက်လျှင် ကျည်ဆန် ၁၃ တောင့်ပါသည်။) နှင့် ပွိုင့် ၅ အမျိုးအစား 'ကိုလ်” ပစ္စတိုလ် နှစ်လက်တို့ပင် ဖြစ်သည်။

          ပွိုင့် ၂၅ ပစ္စတိုလ်နှစ်လက်ကို ဘောင်းဘီအတွင်း ခြေသလုံးတွင် အထူး မံဖန်တီးထားသော လျှို့ဝှက်သားရေအိတ်များဖြင့် ချိတ်ထားသည်။ - သေနတ်လေးလက်စလုံး၏ ကျည်ဆန်များနှင့် ပစ်ခတ်သည့် မောင်း ခလုတ် စသည်တို့ ကိုပါ သေချာစွာ စစ်ဆေးကြည့်ပြီးနောက် 'ရစ်ချတ်” သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

          သူ၏နေရာမှ လက်ဝဲဘက် ပေ ၂၀၀ ခန့်တွင် စီအိုင်အေ လျှို့ဝှက် ဌာနမှ စုံထောက် “ဂေါ်ဒင်” ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုမိလေသည်။ - 'ဂေါ်ဒင်' သည် 'ရစ်ချတ်” ဘက်သို့ ကျောပေး၍ ရပ်နေရာ 'ခရိမ်း”ခေါ် ဝန်ချီစက်မောင်း အလုပ်သမားတစ်ဦးအသွင်ဟန်ဆောင်လျက် တကယ့် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားလေသည်။

          “ ဂေါ်ဒင် ” ရပ်နေရာမှ လက်ခံဘက် ပေ ၂၀၀ ခန့်တွင်ကား အသုဘ အခမ်းအနားကို ရစ်ယာန်ဘာသာဝင်တို့ ထုံးစံအတိုင်း လူစုလူဝေးနှင့် ပြုလုပ် နေကြသည်။

          “ရစ်ချတ်" သည် စုံထောက် “ဂေါ်ဒင်” ရပ်နေရာသို့ ပြန်ကြည့်လိုက်ရာ သူ၏ နောက်ဆုံး ၇၅ ပေခန့်အကွာတွင် သုသာန်အလုပ်သမားနှင့်တူသူ လူ နှစ်ယောက်သည် မြေကြီးပေါ်တွင် မြက်ပင်များကို နုတ်နေကြသည်။

          ဤသည်မှာလည်း သုသာန်ပတ်ဝန်းကျင်တွင် မြင်တွေ့နေကျဖြစ်၍ မသင်္ကာစရာမရှိချေ။ = 'ရစ်ချတ်” သည် စီအိုင်အေစုံထောက် “ဂေါ်ဒင်” ရပ်နေရာသို့ ချဉ်းကပ် သွားပြီး ဘေးချင်းယှဉ်ရပ်၍ စကားစပြောလေသည်။

          “နေပါဦးဗျ.. ဘာများ ဒါလောက်အရေးကြီးလို့ ကျုပ်ကို ချိန်းရတာ လဲ။ ဒီလိုနေရာမျိုးမှာ ခင်ဗျားနဲ့ ကျုပ်နဲ့ ဆုံပြီးစကားပြောရင် အန္တရာယ်ရှိ နိုင်တယ် မဟုတ်လား"

          “ရစ်ချတ်'က ဤသို့ပြောရင်း ဘေးပတ်ဝန်းကျင်သို့ သေချာစေ့စပ်စွာ ထပ်မံကြည့်လိုက်ရာ သူ ထင်သည့်အတိုင်းပင် အန္တရာယ်ရှိကြောင်း အထောက် ထားကို တွေ့ရတော့သည်။

          မလှမ်းမကမ်းရှိ အုတ်ဂူခပ်ကြီးကြီးတစ်ခု၏ အကွယ်မှ သေနတ်ပြောင်း တစ်စွန်းတစ်စထွက်နေသည်ကို လှမ်းမြင်လိုက်ရခြင်း ဖြစ်သည်။

          ဂေါ်ဒင် ကတော့ သတိပြုမိဟန်မတူဘဲ ရစ်ချတ်၏ စကားကို ပြန် နေသည်။

          “ ဒီလိုပါဗျ.. ကျုပ်တို့ ဦးတည်ဖြိုခွင်းရမယ့် အရုဏ်သစ်အဖွဲ့ရဲ့ ဘရွတ်ကလင်းနယ်မြေက အဖွဲ့ဝင်တွေ စာရင်းအပြည့်အစုံကို ကျုပ်တို့ ရရှိ ထားပြီဗျ။ အဲဒီစာရင်းကတော့...”

          သူ၏စကားမဆုံးသေးမီ ရစ်ချတ်က...

          “ဟေ့လူ ဝပ်နေလိုက်စမ်း”

          ပြောပြောဆိုဆို ဂေါ်ဒင်အား မြေပြင်ပေါ်သို့ အဟင်းလှဲချလိုက်သည်။

          တစ်ချိန်တည်းမှာပင် သူ၏လက်တစ်ဖက်က မယုံကြည်နိုင်လောက် အောင် လျင်မြန်လှသောအဟုန်ဖြင့် ကုတ်အကျီးအတွင်းမှ ဘရောင်းနင်းမော် တိုမက်တစ်ပစ္စတိုလ်သေနတ်ကို ဆွဲထုတ်လိုက်သည်။ ။

          သူတို့နှစ်ဦး မြေပြင်သို့ ဝင်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သေနတ် သံနှစ်ချက် ကြားလိုက်ရပြီး ပွိုင့် ၃၈ ကျည်ဆန်နှစ်တောင့် စောစောက သူတို့ ရပ်နေရာမှ ဗွီခနဲ ဖြတ်ထွက်သွားသည်။

          အကယ်၍သာ ရစ်ချတ်က ဒေါ်ဒင်အား ဆွဲလိုပြီး စပ်မနေလိုက်က ယင်းကျည်ဆန်နှစ်တောင့်သည် သူတို့နှစ်ဦးစလုံး ကျည်ဆန်ထိမှန် အသက် ပျောက်သွားကြမည်မှာ သေချာလှပေသည်။

          ရစ်ချတ်သည် သူတို့အား လှမ်းပစ်သူ ရန်သူနှစ်ဦးကို မြင်ထားပြီးဖြစ် ၍ မြေပြင်ဝပ်လျက်ပင် သူ၏ပစ္စတိုလ်သေနတ်ဖြင့် တစ်ချက်လှမ်းပစ်လိုက်သည်။

          ရစ်ချတ်၏ ထူးခြားသော အရည်အချင်းတစ်ခုမှာ သေနတ်ပစ် အလွန် လက်ဖြောင့်ပြီး ပစ်တိုင်းမလွဲခြင်းပင် ဖြစ်သည်။

          ယခုလည်း သူပစ်လိုက်သော ကျည်ဆန်သည် မလွဲပါချေ။

          သူ၏ကျည်ဆန်သည် လူဆိုးဂိုဏ်းသား သေနတ်သမားနှစ်ဦးအနက် တစ်ဦး၏ ရင်ဘတ်တည့်တည့်သို့ ထိမှန်ပြီး ယိုင်လဲကျရင်း သူ၏ဘေးမှအဖော် ကို တိုက်မိသွားသည်။

          ဒုတိယသေနတ်သမားသည် ယိမ်းယိုင်လျက်နှင့်ပင် သေနတ်တစ်ချက် လှမ်းပစ်လိုက်ရာ ဂေါ်ဒင်၏ လက်ယာဘက်ပခုံးကို ထိမှန်သွားသည်။

          ရစ်ချတ်သည် ယခုကဲ့သို့ တိုက်ပွဲမျိုးကို အကြိမ်ပေါင်းများစွာ တွေ့ ခဲ့ဖူးပြီဖြစ်၍ ယခု မိမိတို့အား တိုက်ခိုက်ပစ်ခတ်သူ သေနတ်သမားနှစ်ဦးအပြင် နောက်ထပ် သူတို့လူတွေ ရှိရဦးမည်ဟု တထစ်ချ ယုံနေသည်။

          ထို့ကြောင့် ကျန်လူများကိုပါ ရင်ဆိုင် တိုက်ခိုက်နိုင်ရန်အတွက် ဂေါ်ဒင်အား..

          “ အုတ်ဂူတွေနောက်မှာ အသောကွယ်နေလိုက်ဗျ၊ ဒါမှ ကျုပ်တို့ အသက် ရှင်နိုင်မယ်”

          ဟု ပြောရင်း သူကိုယ်တိုင်လည်း ခပ်မြင့်မြင့်အုတ်ဂူတစ်ခု၏ နောက်သို့ ဝင်ပြီး ကာကွယ်ယူထားလိုက်သည်။

          ဂေါ်ဒင်မှာ သေနတ်ထိမှန်ထား၍ ကောင်းမွန်စွာ မလျှောက်နိုင်သော ကြောင့် ရစ်ချတ်ကပင် ကူညီတွဲခေါ်ပြီး အုတ်ဂူတစ်ခု၏ အကွယ်ဆီသို့ ပို့ ပေးလိုက်ရသည်။

          ထိုအခိုက်မှာပင် သေနတ်ကျည်ဆန်များ မိုးရွာသလို သူတို့၏ ဝဲယာ ( နှစ်ဖက်စလုံးမှ ဒလဟော ဝင်လာလေတော့သည်။

          ရစ်ချတ်နှင့် ဂေါ်ဒင်တို့အား ရန်သူက သုံးဘက်သုံးတန်မှ တြိဂံသဏ္ဌာန် - ဝိုင်းပစ်ခတ်ခြင်း ခံနေရလေပြီ။

          ရန်သူဘက်မှ ကျည်ဆန်လေးကောင်သည် ဂေါ်ဒင်၏ နားထင်တွင် - တစ်ချက်၊ နံဘေးတွင် သုံးချက် ထိမှန်သွားလေရာ သူ့ခမျာ မြေပြင်ပေါ် ထိုင် - လဲမကျမီပင် အသက်ပျောက်သွားရှာသည်။

          ရစ်ချတ် ကိုယ်တိုင်ကလည်း သုံးဘက်သုံးတန်မှ ရန်သူဝိုင်းထားပြီး ( တကယ့်အကျဉ်းတကျပ် အခြေအနေသို့ ရောက်နေကြောင်း စဉ်းစားမိသဖြင့် တစ်ယောက်နှင့် အများကို အနိုင်ရအောင် အထူး သတိကြီးစွာဖြင့် တိုက်မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

          ရှေးဦးစွာ သူ၏ လက်ယာဘက်ရှိ ရန်သူအုပ်စုဆီသို့ တစ်ချက်လှမ်း ပစ်လိုက်ရာ သေနတ်သမားတစ်ဦး ထိမှန်လဲကျသွားသည်။ ထိုအချိန်မှာပင် လူနှစ်ယောက်က သူ့အား ပြန်ပစ်ခတ်သဖြင့် ကဗျာကယာ ဝပ်ချလိုက်ရသည်။

          ရစ်ချတ်သည် သူ၏ လက်ဝဲဘက်ဆီသို့ သေနတ်တစ်ချက် လှမ်းပစ် စမ်းကြည့်လိုက်သည်။ ချက်ချင်းပင် ရန်သူဘက်မှ ကျည်ဆန်နှစ်ချက် ပြန်လာ လေသည်။

          အုတ်ဂူအကာအကွယ်ရှိထား၍သာ ကျည်ဆန်များက သူ့အား မထိမှန် ခြင်း ဖြစ်သည်။

          ရစ်ချက်သည် အုတ်ဂူ၏ အစွန်းနားမှ အသာခေါင်းပြူ၍ ကြည့်လိုက် ရာ ရန်သူ့သေနတ်သမားနှစ်ဦးကို လှမ်းမြင်ရလေသည်။

          တစ်ဦးက နေကာမျက်မှန်တပ်ထားပြီး နောက်တစ်ဦးက မျက်နှာ ပြား အရုပ်ဆိုးဆိုး လူတစ်ယောက် ဖြစ်သည်။

           ရစ်ချတ်သည် သူ၏ နောက်နားဘက်တွင်လည်း ရန်သူရှိသည်ဟု တွက်လျက် သေနတ်နှစ်ချက် ဆင့်ပစ်ကြည့်လိုက်ရာ ချက်ချင်းပင် လူဆိုး နှစ်ဦးက ပြန်လည်ပစ်ခတ်ရာ ကျည်ဆန်များသည် အုတ်ဂူ၏ နံရံကိုသာ ထိ နေကြကုန်၏။

          ထိုလူနှစ်ယောက်ကို အုတ်ဂူ၏ဘေးမှ အသာချောင်းကြည့်လိုက်ရာ အံ့ အားသင့်သွားမိသည်။

          “ လက်စသတ်တော့ စောစာက သုသာန်အလုပ်သမားဟန်ဆောင်ပြီး မြက်နက်နေတဲ့ လူနှစ်ယောက် ဖြစ်နေတာကိုး။ တစ်ယောက်က ငါသိတဲ့...ငါသိ ဘုံ... “ဖရက်" ဆိုတဲ့ အကောင်နဲ့တူတယ်”၊ ဤသို့လျှင် ခပ်တိုးတိုး ရေရွတ် လိုက်မိသည်။