Skip to product information
1 of 3

Other Websites

တက္ကသိုလ်နန္ဒမိတ် - မဟာခရီးရှည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

( ၁ )   

            လေယာဉ်သည် ပုံမှန်ပျံသန်းလျက်ရှိရာမှ လေဝဲကတော့တခု နှင့် ရင်ဆိုင်လိုက်ရသဖြင့် အောက်သို့ အနည်းငယ် နိမ့်ဆင်း သွား၏။

          လေယာဉ်မှူးဒက်စမှုန်း၏ မျက်စိအစုံကစက်ခုံဒိုင်ခွက်များဆီ သို့ အလိုအလျောက် ရောက်ရှိသွား၏။ ဓာတ်ဆီဂါလံလက်ကျန် ၂၀၅ ,လောင်စာဆီ ဝိုင်ခွက်မှ တုတ်တုတ် လက်တံက - ညွှန်းပြသနေ၏။

          ဒက်စမွန်းက ကိုယ်ကိုရှေ့သို့ ကိုင်းညွတ်ကာ လောင်စာ ဆီဒိုင်ခွက် မျက်နှာပြင်ကို လက်သည်းဖြင့် တောက်ကြည့်လိုက်ဒိုင်ခွက်လက်တံက လှုပ်ရှားခြင်းမပြု၊ နေမြဲ လေယာဉ် သည် “ဒီဆူဟူ”မှ “မလက်ကဲလ်” သို့အရောက် ပျံသန်းရမည် ဖြစ်၏

          သွားရမည့်ခရီးက မိုင် ၇၂၀ ဆယ်ဆောင်လာခဲ့သည့် လောင်စာဆီက မိုင်ဂဝဝ အတွက်

ဖြစ်၏။

          ပုံမှန်အတိုင်းသာဆိုလျှင် ဤခရီးအတွက် လောင်စာဆီမှာ လုံလောက်မည်ဖြစ်၏။

          ယခုခရီးစဉ်တွင် အာဖရိကတိုက် ရတနာ သိုက်များမှ တတန်ခွဲကျော် အလေးချိန်ရှိသည့် ရွှေချောင်းများ တင် ဆောင်လာခဲ့ရ၏။

          သို့ဖြစ်၍ လယာဉ်တွင် အလေးချိန် သက်သာစေရန် | လောင်စာဆီကို မိုင် ဂဝဝ အတွက်သာ သယ်ဆောင်လာခဲ့ ခြင်းဖြစ်၏။

          ဤမျှတန်ဖိုးကြီးမားသည့် ရွှေချောင်းများကို တင်ဆောင် လာခဲ့သော်လည်း၊လေယာဉ်မှုထမ်း ငါးဦးနှင့် ခရီးသည် ဆယ့်တစ်ဦးသာ ပါရှိလာ၏။

 

          အိုင်းရစ်လူမျိုး လေယာဉ်မှူး-ဒက်စမွန်း၊

ပထမအရာရှိ-ဖရေဇာ

ရေဒီယိုအော်ပရေတာ-ကင်ဒရစ်၊

လေယာဉ်စာတိုက်မှူး-ဆန့်နီအဲဗရက်။

စာဖိုမှူး-အင်ဒီဒရိတ်ပါး၊

သူတိုငါးဦးသာ လေယာဉ်အမှုထမ်းများ ဖြစ်ကြ၏။

ကလပ်ဒေ သတ္တုတူးဖော်ရေး ကုမ္ပဏီဥက္ကဋ္ဌစ္စာ စတီး ဝပ်ကာတပ်၊

 မစ္စတာ ကတစ်၏ အတွင်းရေးမှူး “

မက်လော်ရာ 'ဟတ်မင်း၊

 ဗြိတိသျှ ရေတပ် ဗိုလ်ကလေး “သျှမ်း”။

 ဘူမိဗေဒ အတိုင်ပင်ခံဟု အမည်ခံထားသူ “ဒေါက်တာ ဗင်စမစ်'

ကိုလိုနီအမှုထမ်းဘဝမှ အငြိမ်းစားယူလာသူ “မစ္စတာ ဖင်လေ” နှင့် “မစ္စက် ဖင်လေ”။

“ကင်ယာ' မှအင်ဂျင်နီယာ မစ္စတာ ဂျွန်ဆင်”

“မစ္စက် ဂျွန်ဆင်”နှင့် သမီးငယ် မစ္စဂျွန်ဆင် ။

 အာရီဇိုးနားမှ ခရီးသည်မောင်"မစ္စတာရိုကင်း” နှင့် “မစ္စက်ဟာရိုးကင်း။ ။

          ဤမျှကြီးမားသော ဇိမ်ခံ စာပို့ လေယာဉ်တွင် ရေးသည် ဆယ့်တစ်ဦးသာ ပါရှိလာလေသည်။

ကက်ရီးနား လေယာဉ်သည် အမြင့်ပေ ငါးထောင် မူ၍၊ အာဖရိကတိုက် မြစ်ချောင်း အင်းအိုင် ရုံး”ထူထပ်သော ဗျိုက်တောကြီးပေါ်တွင် ဖြတ်ကျော် ပျံသန်းနေခြင်း ဖြစ်၏။ * လေယာဉ်မှူး ဒက်စမွန်းက လေယာဉ်ကို ထိန်း၍မောင်း နှင်နေရာမှ ပေငါးထောင် အောက်ဘက်ဆီသို့ စောင်းငဲ့ကြည့် လိုက်လေသည်။ ။ . ထိုဒေသမှာ ဒက်စန်းအဖို သမားရိုးကျ မြင်ကွင်းဖြစ်၏။

          သူသည် တောင်အာဖရိက၊ အင်္ဂလန်၊ နယူးယောက် စာပို့ လေယာဉ် “ကက်တီးရီးနား” ၏ လေယာဉ်မှူးအဖြစ် ထမ်း ဆောင်ခဲ့သည်မှာ (၂)နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်၏။

          အရပ်ငါးပေဆယ့်တစ်လက်မ - ပါးလျားသေးသွယ်သော်လည်း ကျစ်လျစ်သန်မာ ဖျတ် လတ်သူ။

          နက်မှောင်သော ဆံပင်၊ ပြာလဲ မျက်လုံး၊ နှစ်သက် ဖွယ်အပြုံးပိုင်ရှင်။

          သိုရာတွင် များစွာသေ၁ အိုင်းရစ်မျိုးနွယ်များကဲ့သို့ စိတ် မြန်လက်မြန်ရှိသူ။ ' သူ့နာမည် အပြည့်အစုံက ဝက်စပွန်းကိုနေ” ကက်စား ဦးနားမှာ ဗြိဘိန်နိုင်ငံ၏ “တော်သုံး” လေယာဉ်အတန်းစား ဝင် စာပို့ လေယာဉ်။

          အလျားပေ ဂဂ။

          အနံမှာ ဘတ်(စ်)ကား နှစ်စီးစိ ယှဉ်တဲ့ ထည့်သွင်းလျှင် ကားရှစ်စီး ဝင်ဆံ သည့် အကျယ်အ၀န်း၊

          အင်ဂျင်စက်တလုံးလျှင် မြင်းကောင်ရေအား တစ်ထောင် စီဖြင့် အင်ဂျင်လေးလုံးတပ်လေယာဉ်။

          အင်ပီးရီးရဲလ်လေကြောင်းပို့ဆောင်ရေးအဖွဲ့ပိုင်လေယာဉ်။ ပျံသန်းမှုခရီးစဉ် ၁၀၉-အဖြစ်၊ အာဖရိကတိုက် ယုဂ ပြည်နယ် ဒါဗင်မြို့၊ စီဆူဟူ လေယာဉ်ကွင်းမှ ပျံသန်းထွက်ခွာလာ - ခဲ့ခြင်း။

          ရှေ့တွင် ဆက်ရမည့် ခရီးမိုင်နှင့် ခေတ်ဆီလက်ကျန့်မှာ အထူးပင် ကွာခြားလျက်ရှိ၏။

          ထို့ကြောင့် တွဲဖက်လေယာဉ်မှူး “ကပ်နက်ဖရော' လှည့်ကြည့်လိုက်ပြီး...

          "ဒါ...ဘာ အဓိပ္ပာယ်လဲဆိုတာ မင်းသိတယ်မဟုတ်လား ဖရေဇာ”

'           ဒက်စမွန်း က သက်ပြင်းတချက်ချယင်း သူ့လက်ထောက်အရာရှိ “ကင်နက်ဖရေဇာ”အား မေးခွန်း ထုတ်လိုက်လေသည်။ ".

          လေယာဉ်မှူး ဘေးတွင် ထိုင်လျက်ရှိသော ပထမအကို • ဖခရာက စိတ်မသက်မသာဖြင့်နေရာကိုပြင်၍ ထိုဉ်လိုက်၏။

          “အဲဒါ ဘာလဲ ကပ္ပတိန်” ။

          ဖရေဇာက အံ့ဩသည့်လေသံဖြင့် ပြန်လှန်မေးခွန်းထုတ် လိုက်လေသည်။ “

          “မင်း... ကောင်းကောင်း သိပါတယ်၊ တိုလေယာဉ်မှာ လောင်စာဆီ ယိုပေါက် တခုရှိတယ် မဟုတ်လား၊ အဲဒါဟာ လေယာဉ်တောင်ပံ ဆီလှောင်ကန်ကပဲ ဖြစ်ရမယ်၊ ကျုပ် - ပြောသလို မင်း စစ်ဆေးခဲ့ရဲ့လား”

          လေယာဉ်မှူးက ဒေါသတကြီး မေးလိုက် သောကြောင့် ဖစရာမျက်နှာမှာ နီရဲ၍သွား၏။ .

          အရပ်မြင့်မြင့်၊ အသက်ငယ်ငယ်။ သန်သန်မာမာ၊ ထွား ထွားကျိုင်းကျိုင်း၊ ရုပ်ရည်သနားကမားရှိသူ ဖရော၊ဒက်စမွန်း၏အမြင်တွင်မူ ဖာသည် လေယဉ်လိုသည် များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရမည့်အစား ခေါင်း ဆံပင် 'ကိုသာ ဂရုတစိုက်လုပ်နေသူဟု ယူဆထား၏။

          “လေယာဉ်မှူး၍ အပိန့်အတိုင်း ကျွန်တော် တိတိကျကျ လိုက်နာဆောင်ရွက်ပါတယ်။ အင်ဂျင်နီယာတွေနဲ့ ကျွန်တေတို - ဓာတ်ဆီယိုပေါက်သေးသေး ကလေးထပ် ကြရပါတယ်။ အဲဒီအပေါက်ကလေးကိုလဲ ပိတ်ဆို့ ထားလိုက်ပါတယ်”

          ဖရေဇာ အား ဖက်ပြိုင်၍ စကားနိုင်လုနေရန် အချိန်မှဟုတ်။ ဖြစ်ပျက်လာသည့်ကိစ္စမှာ လေယာဉ်မှူး၏ တာဝန်သာ ဖြစ်ရမည်မဟုတ်ပါလား။

          သို့တိုင်အောင် ယခုကဲ့သို့ဖြင်ရသည့်ကိစ္စမှာ ပထမအရာရှိ ဖရေဇ၏ ပေါ့မှုကြောင့် ပေါ်ပေါက်လခြင်း ဖြစ် ကြောင်းကိုမူကား အငြင်းပွားဖွယ်မရှိ ။ လွန်ခဲ့သောညနေခင်းက မှုန်ဘာသာသို့ အရောက်တွင် လေယာဉ်ဆင်းသက်ရန်တာဝန်ကို ဒက်စမွန်းက ဖရေဇာအား လှဲအပ်ခဲ့။

          ဖရေဇာသည် ကက်ရီးအား လေဆိပ်သို့ အဆင်း၌ ကျွမ်းကျင်စွာ ထိန်းသိမ်းမောင်းနှင်နိုင်ခဲ့၏။ ရှိရာတွင် ပြေး လမ်းအဆုံးသို့ရောက်သည့်အခါ မျောပါလာသော သစ်တုံး တခုနှင့်တိုက်မိပြီး လေယာဉ်တောင်ပံ ချွတ်ယွင်းပျက်စီးသွား လေသည်။

          ဤသိုချွတ်ယွင်းပျက်စီးသည်လည်း ကြီးကြီးကျယ်ကျယ် မဟုတ်။ စိတ်အနှောင့်အယှက်ဖြစ်ရုံသာ ။

          ထို့ပြင် သစ်တုံးနှင့်တိုက်မိခြင်းများ ဖရေဇာ မကျွမ်း ကျင်မှုကြောင့်မဟုတ်။ ကံဆိုး၍သာဖြစ်၏။ မတော်တဆ ဖြစ် တတ်ကြသည်မှာလည်း သဘာဝပင်ဖြစ်၏။

          မွန်ဘာဆာ သို့ရောက်သည်၌ လေယာဉ်မှူး ဒက်စမွန်းမှ အင်ပီးရီးရဲလ်လေကြောင်းဌာနသို့ သွားရမည့် ကိစ္စ ထို့ကြောင့် လေယာဉ်မှူးက ထိခိုက်ပျက်စီးသည့်အရာကိုကြည့်ရှုစစ်ဆေးပြီး' ဖရေဇာအား အင်ဂျင်နီယာများနှင့်အတူ “ကြီးကြပ်ပြင်ဆင်ရန် တာဝန်ပေးအပ်ခဲ့လေသည်။

          ယခု ဓာတ်ဆီယိုသည့်ကိစ္ဆမှာ မိမိ၏တာဝန်လွှဲအပ်ချက်ကို ပေါ့ပေါ့တန်တန် သဘောထား၍ ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်ဟု ဒက်စမွန်းက ယူဆလိုက်လေသည်။

          " ဖရောကလည်း ဤသို့ပင် သဘောပေါက် လက်ခံထား သည်ကို သိနိုင်ပြီဖြစ်၏။

          အဘယ်ကြောင့်ဆိုလျှင် ဖရောသည် နှုတ်ခမ်းကိုတင်းတင်း ပိတ်ကာ နှုတ်ဆိတ်၍နေပြီဖြစ်သောကြောင့်ပါတည်း။

          လောင်စာဆီလက်ကျန်နှင့် သွားရမည့်ခရီးမိုင်ကို ဒက်စမှုန်း က စိတ်ထဲမှ ချင့်တွက်လျက်ရှိ၏။

          “ ကင်ဒရစ်တို့ ဘယ်နေရာရောက်နေပြီဆိုတာ အတိအကျ တွက်ချက်ပေးနိုင်မလား... ဆီလက်ကျန် ဘယ်လောက်လိုတယ် ဆိုတာ စစ်ဆေးကြည့်ချင်တယ်” ။

          လေယာဉ်မှူးက လေယာဉ်နောက်ဘက်ပိုင်းတွင် ရှိနေသော ရေဒီယို အော်ပရေတာ ကင်ဒရစ်အား မေးမြန်းလိုက်လေသည်။

          “ ကျွန်တော်တို့လေယာဉ်ဟာ မလက်ကဲလ်ရဲ့ တောင်ဘက် - မိုင် ၂၁ဂ-မိုင်နဲ့ အရေးပေါ် လေဆိပ်စခန်းရှိတဲ့ “ရှမ်ဘီ၍ ဓတောင်၊ အရှေ့တောင်ဘက် ၁၁၀-မိုင်အကွာမှာ ရောက်နေ ပါတယ် ကပ္ပတိန်”

          အသက် ၂၀ ကျော်၊ စိတ်သဘောကောင်းသူ ရေဒီယို အော်ပရေတာ ကင်ဒရစ်က လိုအပ်သော တွက်ချက်မှုများ ပြုလုပ်ပြီး ပြန်လည်သတင်းပို့လိုက်၏။

          ဒက်စမွန်းက အကိုတွက်ကြည့်နေလေသည်။

          လောင်စာဆီ စိမ့်ထွက် ယိုနေခြင်းသည် ပုံမှန်အတိုင်း တသမတ်တည်း ရှိနေမည်ဆိုလျှင် မလက်ကဲလ်သို့ အရောက် ပျံသန်းနိုင်မည်ဖြစ်၏။

          မြင်းကောင်ရေအား တထောင်စီရှိသော အင်ဂျင်လေးလုံး တပ် ကက်တားရီးနား လေယာဉ်သည် တမိနစ်လျှင် နှစ်ဂါလံ နှုန်းဖြင့် လောင်စာဆီကို ၀ါးမျိုး စားသုံးလျက်ရှိသည် မဟုတ် ပါလား။

          “လောင်စာဆီးပိုင်ခွက်ကို တို့ နောက်ထပ် နာရီဝက် စောင့် ကြည့်မယ်၊ ဒီအတောအတွင်း အခြေအနေ ပိုဆိုးလာယင် . ရှမ်ဘီကိုသွားရလိမ့်မယ်”

          ဒက်စမွန်းက ဆုံးဖြတ်ချက် ပေးလိုက်သည်တွင် ရေဒီယို အော်ပရေတာ ကင်ဒရစ်က ရယ်သွမ်းသွေးလိုက်သည်။

          “ ခရီးသည်တွေကတော့ သဘောကျပါလိမ့်မယ်၊ သတ်မှတ် ထားတဲ့ ခရီးစဉ်မဟုတ်တဲ့ နေရာမှာ အချိန်အကြကြီးနေပြီး ရွှံ့ဗွက်တွေ့ရဲ့ရှုခင်းကို ကြည့်ရမှာ”

         “ခရီးသည်တွေကို ဂရုစိုက်နေစရာ မလိုပါဘူး၊ ဒီလို့နေရာမျိုးမှာ အဖိုးတန်ရတနာတွေသောင်တင်နေပြီဆိုတဲ့တင်းကိုသာ လန်ဒန်ကကြားယင် ရူးသွားကြလိမ့်မယ်”

          ဒေါသတကြီးဖြင့် နောက်ဆုံး ပြောလိုက်သူမှာ ဖရေဇာ " ဖြစ်၏။

          သူ့စကားကြောင့် အားလုံးတိတ်ဆိတ်၍သွားကြ၏။ ကက်တားရီးနား သယ်ဆောင်လာခဲ့သော ကုန်ပစ္စည်း များ များမှာ ရိုးရိုးပစ္စည်းများ မဟုတ်။ - တောင်အာဖရိကတိုက် ၊ ရတနာသိုက်များမှ တတန်ခွဲကျော် အလေးချိန်ရှိသည့် ရွှေ ချောင်းများ ။

          ကမ္ဘာ့ရွှေပေါက်ဈေးအရ ရွှေတအောင်စလျှင် သုံးဆယ့်ငါး ဒေါ်လာနှုန်းဖြင့်တွက်လျှင် ဒေါ်လာနှစ်သန်းကျော်။

          မိုင်ပေါင်း တသောင်းကျော်၊ ၇ ရက်ခန့် သွားရမည့်ခရီး..။

          ရိုင်းစိုင်းသောဒေသ၊ လူသူအရောက်အပေါက် နည်းပါး ဗာဒသ၊ ဝေးလံ ခေါင်းပါးသော ဒေသများကို ဖြတ် ၊ကျော်၍ ပျံသန်းသွားလာရမည့်ခရီး။ ဤခရီးစဉ်တွင် ဤမျှ အဖိုးတန်သော ပစ္စည်းများကို တင် ဆောင်လာရခြင်းအတွက် လေယာဉ်အမှုထမ်းများက နှစ်သက် ခြင်းမရှိ။

          အဖိုးတန်ကုန်ပစ္စည်းများကို သယ်ဆောင်လာရသည့် ရီး . စဉ်များမှာ လေယာဉ် အမှုထမ်းများအတွက် အလုပ်ပိုလုပ်ရ သည့် အချိန်များသာဖြစ်၏။

          လေယာဉ်ခေတ္တရပ်နား ဆင်းသက်သည့် နေရာတိုင်းမွာပင် အစောင့်အကြပ်များ တာဝန်ချထားရ၏။ ထို့ပြင် ရတနာ ပစ္စည်းများ ထည့်ထားသည့် ကုန်လှောင်ပေါက်များကိုလည်း မကြာခဏဆင်း၍ စစ်ဆေးကြည့်ရှုရ၏။

          ထိုမျှမက သတ်မှတ်ထားသော ခရီးစဉ်နှင့် အနည်းငယ် ကွဲလွှဲမည်ဆိုလျှင်လည်း သက်ဆိုင်ရာအစီရင်ခံကာ ခွင့်ပြုချက် အတည်ပြုချက်တောင်းခံရသေး၏။

          ရှပ်ဘီ၌သာ သူတို့၏လေယာဉ် အရေးပေါ် ဆင်းသက် ရပ်နားရမည်ဆိုလျှင် လန်ဒန်ရုံးချုပ်မှ ဒေါသတကြီး ပေးခွန်း များ ပလူပျံအောင် ရောက်လာပေတော့မည်။

          သူတို့လေယာဉ် ဒါဗင်၌ရှိနေစဉ် နံနက် ဝေလီဝေလင်း အချိန်၌ ရွှေချောင်းများကို လေကြောင်း အဖွဲ့ပိုင် ထရက်ကား များဖြင့် သယ်ဆောင်လာသည်ကို မြင်ခဲ့ကြရ၏။

          ထရက်ကားတစီးလျှင် အစောင့်အကြပ်အဖြစ် ရဲအမှုထမ်း နှစ်ဦးသာပါရှိပြီး စစ်ကားတစီးက ခပ်လှမ်းလှမ်းမှု စောင့်ကြပ်လိုက်ပါ ။ အစောင့်အကြပ်များကို နည်းနိုင်သမျှနည်းအောင် က ထားခဲ့ခြင်းမှာ ရွှေချောင်းများ သယ်ဆောင်လာသည်ကို စား လူများ ဂရုမစိုက် သတိမထားမိစေရန် စီစဉ်ထားခြင့်ဖြစ်လေ သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)