Skip to product information
1 of 2

Other Websites

တက္ကသိုလ်နန္ဒမိတ် - မန္တလေးကိုဖြတ်၍

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ( ၁ )

          ၁၉၄၂ ခု၊ ဖေဖော်ဝါရီလ

          နေ့ရက်ကို အတိအကျ အမှတ်မရတော့။ ကျွန်တော် စီးနင်းလိုက်ပါလာသော မီးရထားအခန်းမှ ပြတင်းတံခါးကို အောက်သို့ဆွဲချ၍ အပြင်သို့ မျှော်ကြည့်လိုက်မိသည်။

          ဖျော့တော့သော အရုဏ်ဦးလင်းရောင်ခြည်အောက်ဝယ် ပေ ၁၁၀၀၀ မြင့်သော ဂျီလတန်တောင်ထွတ်သည် စိန်တောင်ကြီး တဖျပ်ဖျပ် အရောင် တောက်သလို ထွန်းတောက်နေလေသည်။

          ရထားသည် ဘိုလန်တောင်ကြားဆီသို့ ရှေးရှုလျက် ခရုပတ်သလို ပတ်၍ တက်နေသည်။

          “ကွေတာ...မင်းဆီကို ကိုယ်လာနေပါပြီကွာ”

           ကျွန်တော်သည် တိုးတိုးကလေးပင် ရွတ်ဆိုလိုက်မိ၏။ ကွေတာသည် စစ်ဦးစီးတက္ကသိုလ်ရှိရာ မြို့တည်း။

          စွယ်စုံကျမ်းက ကွေတာသည် ဗြိတိသျှအစိုးရတို့ စိုးပိုးပိုင်သသော ဘလူး ချစ်စတန်ပြည်နယ်၏ မြို့တော်။ ။

          ကွက်ကော့ဟူသော စကားမှ ကွေတာဟု ရွေ့လျားပြောင်းလဲလာသည်။ တပ်မြို့ဟူသော အနက်ကိုပေးသည်။

          ကရာချိမြောက်ဘက်တွင် တည်ရှိ၍ ရထားလမ်းအားဖြင့် ၅၃၆ မိုင် ဝေးသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၅၅၀၀ မြင့်သည်။ လူဦးရေ ၆၀၀၀၀ ရှိသည်။ ၁၉၃၅ ခု၊ မေလ ၃၁ ရက်နေ့က တုန်လှုပ်သောမြေငလျင်ကြီးကြောင့် တစ်မြို့လုံးလိုလို ပျက်စီးသွားခဲ့သည်။ အာဖဂန်နစ်စတန် ၊ နယ်စပ်မှ မိုင် ၈၀ ကွာဝေးသည်။ တောတောင်ထူထပ်ရာဒေသဖြစ်သည်။

          နွေအခါတွင် အလွန်ပူအိုက်၍ ဆောင်းအခါ အလွန်အေးသည်။ သွေ့ ခြောက်ပျင်းရိဖွယ်ကောင်းသော မြို့တည်းဟု ဖွင့်ချီထားသည်။

          စွယ်စုံကျမ်းက ဖွင့်ဆိုထားသော ကွေတာ၏ မြေမျက်နှာပြင်အသွင်နှင့် ရာသီဥတုမှာ မှန်ကန်သော်လည်း “သွေ့ခြောက်ပျင်းရိဖွယ်ကောင်းသော မြို့တည်း' ဟူသော မှတ်ချက်မှာ ကျွန်တော့်အတွက် သွက်သွက်လည်အောင် မှားနေတော့သည်။

          ကွေတာ၏ ဆောင်းမှာ နှုတ်ခမ်းများကွဲ၊ အသားများ ပတ်ကြားအက်၍ ကွဲသည်အထိ ဆိုးရွားသည်။ ဤဒဏ်ကို ရေချိုးရာတွင် ရေထဲသို့ သံလွင်ဆီ ထည့်၍ ချိုးခြင်းဖြင့် အမျိုးသမီးများက ကာကွယ်သည်ကို တွေ့ရ၏။

          ရာချီတွင် သုံးပတ်မျှ သောင်တင်နေပြီးနောက် ကွေတာသို့ သင်တန်း တက်ရန် ရောက်လာသော ကျွန်တော်သည် စွယ်စုံကျမ်းက ဖွင့်ဆိုထားသည့် | ပျင်းရိခြောက်သွေ့ဖွယ်ကောင်းသော ကွေတာကို မတွေ့ရဘဲ ပျော်စရာ၊ ရွှင်စရာ၊ မြူးစရာတို့ဖြင့် အသက်ဝင်လှုပ်ရှားနေသော ကွေတာကို တွေ့ရ၏။

          သို့သော် ခြိမ်းခြောက်လာသော “စစ်”ကလည်း တစ်ဖက်တွင်ရှိနေသည်။

          ၁၉၄၀ ခုနှစ်က ကွေ့တာတွင် ကျွန်တော့်တပ်ရင်းနှင့် အတူရှိနေစဉ် ကပင် စစ်အခြေအနေမှာ တစ်နေ့တခြား ဆိုးရွားလာသည်ကို သတိပြုမိခဲ့၏။

          သတ္တုအစအနလောက်ကိုပင် သယ်ယူရန် ဖောက်လုပ်ထားခဲ့သော မီးရထားလမ်းကို ဗြိတိသျှအစိုးရက ပြန်လည်ပြုပြင်လာခဲ့သည်။

          ယခုအချိန်တွင် ဂျာမနီက ရုရှကို ထိုးစစ်ဆင်၍ တိုက်ခိုက်လျက်ရှိရာ နာဇီစစ်ဘီလူးနှင့် ဗြိတိသျှအင်ပါယာကြီးတွင် အတောက်ပဆုံးသော ကျောက် သံ ပတ္တမြားကြီးဖြစ်သည့် အိန္ဒိယအကြားတွင် ပါရှားနှင့် အာဖဂန်နစ်စတန် ပြည်တို့သာ ခြားနားတော့၏။

          ထို့ကြောင့် ကြာရှည်လေးမြင့်စွာ ပစ်၍ထားခဲ့သော ရထားလမ်းများ ကို အပူတပြင်း ပြင်ဆင်နေရပြီး ယခင်က အိုးမကွာ၊ အိမ်မကွာ နေခဲ့ကြ ရသော အိန္ဒိယတစ်ပြည်လုံးရှိ မြို့စောင့်တပ်များမှ စစ်သည်တော်များမှာလည်း သားပစ်၊ မယားပစ်၍ စစ်ထွက်ကြရပေပြီ။

          အိန္ဒိယပြည် အနှံ့အပြားမှ ဗြိတိသျှ စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရာခံ များ၏ ဇနီး၊ သားသမီးများမှာ အစိုးရ၏ ညွှန်ကြားချက်အရ ကွေတာသို့ပြောင်းရွှေ့လာကြသောအခါ ယခင်ကပင် သတင်းပလင်၊ အတင်းအဖျင်၊ ပေါင်းစုံဖြင့် ပျော်စရာကောင်းလှသော ကွေတာမှာ ပို၍စည်ကားလာတော့၏။

          ဤအချိန်တွင်ပင် အာရှ အရှေ့တောင်ပိုင်း၌ စစ်မီးကြီး ဟုန်းခနဲထ၍ တောက်လာကာ ဗြိတိသျှတို့၏ စင်ကာပူခံတပ်ကြီးကို ဂျပန်က သိမ်းယူလိုက် ပြန်သည်။ ။

          ညစာစားသည့် ဝတ်စုံကို ဝတ်ပြီးမှ စားပွဲခန်းမဆောင်သို့ ဝင်လေ့ရှိသည့် အရာရှိများသည် ကာကီရောင်စစ်ဝတ်စုံကို အမြဲဝတ်၍ အသင့်ရှိနေစေရမည် ဟူသော ပိုလ်ချုပ်ကြီးအော်ချင်လက်၏ အမိန့်က ကျွန်တော်တို့ ကွေတာ တပ်မြို့သို့ ရောက်လာသည်။

          စစ်သည် အိန္ဒိယအထိ လာ၍ ဂယက်ရိုက်နေပေပြီ။ | သင်တန်းတစ်ပတ်လျှင် ၂ နှစ်ကြာအောင် သင်ကြားနေခဲ့သော စစ်ဦးစီး သင်တန်းကို စစ်အခြေအနေကြောင့် ၅ လခွဲနှင့် အပြီးတက်ရန် သက်ဆိုင်ရာ တို့က ဆုံးဖြတ်လိုက်လေသည်။ ။

          သို့သော် သင်ရမည့် သင်ရိုးညွှန်းတမ်းမှာ ၂ နှစ်စာ ညွှန်းတမ်းနှင့် များစွာကွာခြားခြင်းမရှိလှ ။

          ကျွန်တော်တို့သည် အပြင်းအထန် လေ့ကျင့်သင်ယူကြပေတော့မည်။

          သို့ရာတွင် ဗုဒ္ဓဟူးနှင့် စနေနေ့ညများ၌သာ ကျင်းပလေ့ရှိသော 'ပွတ် သဘင်'များသို့ မတက်ဘဲနေ၍မဖြစ်၊ အမှန်ပင်တက်ရမည်။ ထို့ပြင် ကျွန်တော့် အခန်းထဲတွင်လည်။ တနင်္ဂနွေနေ့ညတိုင်း “ပါတီတစ်ခုတော့ အမြဲလုပ်ပေ။ ရမည်။

          ကျွန်တော် စီးနင်းလိုက်ပါလာသော မီးရထားသည် ကွေတာဘူတာရုံတွင် ထိုး၍ရပ်လိုက်သောအခါ အညိုပုပ်ရောင် ကာကီဝတ်စုံကို ဝတ်ထားသော သိဟောင်, ကျွမ်းဟောင်း အရာရှိတစ်ဦးကို ပလက်ဖောင်းပေါ်တွင် သွား၍ တွေ့ရ၏။ သူသည် ကျွန်တော့်လိုပင် စစ်ဦးစီးတက္ကသိုလ်သို့ တက်ရန်ရောက် လာမည့် သူ့မိတ်ဆွေတစ်ဦးကို စောင့်ကြိုနေခြင်းဖြစ်လေသည်။

          ကျွန်တော်တို့သုံးယောက်သည် တက္ကစီတစ်စီးငှား၍ ကွေတာမြို့အစွန်ရှိ တက္ကသိုလ်သို့ လာခဲ့ကြ၏။ | စာကြည့်ခန်းတစ်ခု၊ အိပ်ခန်းတစ်ခုနှင့် ရေချိုးခန်းတစ်ခုပါသော ကျွန်တော့်အတွက် သတ်မှတ်ပေးသည့် ဘုံဝီဟာတွင် အထုပ်အပိုး ဝန်စည် စလယ်များကို နေရာတကျထားပြီးနောက် သင်တန်းတက်မည့် အရာရှိများ၏စာရင်းကို ကြည့်လိုက်သောအခါ ကျွန်တော် သိဟောင်း ကျွမ်းဟောင်းများ၊ အတော်ပါသည်ကို တွေ့ရသဖြင့် စိတ်ပျော်သွားသည်။

          သင်တန်းတက်မည့်လူ ၉၀ ခန့်ရှိသည်။ အားလုံးလိုလိုမှာ အသက် သုံးဆယ်ပတ်ဝန်းကျင်တစ်ဝိုက်တွင် ရှိသည်။ အားလုံးလိုလိုပင် ကျွန်တော်ကဲ့သို့ ပိုလ်ကြီးအဖြစ် ယာယီရာထူးတိုးထားသူများ ဖြစ်သည်။ ဗိုလ်မှူးနှင့် ဗိုလ် အဆင့်ရှိသူ လေးငါးခြောက်ဦးခန့်သာ ပါသည်။

          ကွေတာ စစ်ဦးစီးတက္ကသိုလ်မှ ပထမသင်တန်း ရက်သတ္တတစ်ပတ်မှာ အင်္ဂလန်ပြည် ဆင်းဟတ်စ် စစ်တက္ကသိုလ်မှ ပထမရက်များကဲ့သို့ပင် သက်ဆိုင် ရာ စာအုပ်များ။ ဖွဲ့စည်းပုံဇယားများ၊ လက်နက်ခဲယမ်း အမျိုးမျိုး အစားစား တို့၏ စာရင်းများပေးအပ်ခြင်း၊ သင်တန်းသားအစုကလေးများဖွဲ့ခြင်း သင်တန်း အခန်းများ သတ်မှတ်ခြင်းတို့ဖြင့် အချိန်ကုန်သွားသည်။

          ကျွန်တော်တို့ကို သင်ကြားပေးမည့် ဆရာများမှာ ဒုဗိုလ်မှူးကြီးများ အဆင့်သို့ ဒေသအရ ယာယီတိုးမြှင့်ခံထားရသူများ ဖြစ်၏။

          ဤဆရာများသည် ကျွန်တော်တို့အား တကယ်သင်ကြားပေးမည် မဟုတ်ဘဲ ကျွန်တော်တို့ကို ညွှန်ကြားရုံသာ ညွှန်ကြားပေးမည်ဟု သိရ၏။ ကောင်းလေစွ။

          သင်တန်းမစမီညက ကျွန်တော်သည် ကျွန်တော့်အခန်းထဲတွင် တစ် ယောက်တည်းထိုင်ရင်း တပ်ထဲတွင်နေ၍ ကျွန်တော် ဘာတွေတက်နေခဲ့သည် ကို ပြန်လည်သုံးသပ်နေမိသည်။ ' မိခင်တပ်ရင်းကို ခွဲခွာ၍ စစ်ဦးစီးတက္ကသိုလ်သို့ တက်လာခဲ့ရသော ကျွန်တော့်မှာ မိမိ မိဘများကို စွန့်ခွာလျက် ကျယ်ပြောလှသော လောကကြီး တွင် ဥစ္စာပစ္စည်းရှာဖွေရန် မိမိပိုင်သည့် အထုပ်ကလေးကို တုတ်တွင်လျှို့၍ ခရီးထွက်လာခဲ့သော ကလေးတစ်ယောက်နှင့် တူနေလေသည်။

          ကျွန်တော့်ပခုံးပေါ်မှ တုတ်ကလေး၍ ထမ်းလာသော အထုပ်ကလေး ထဲတွင် ဟိုမှတစ်စ သည်တစ်စ ကောက်ယူစုစည်းခဲ့သော အတွေ့အကြုံ ကလေး၊ အတတ်ပညာကလေးသာ မဖြစ်စလောက်ပါလာသည်။

          စစ်ဆိုသည်မှာ တရားဥပဒေဖြင့် ဘယ်လိုမှ ဖြေရှင်း၍မရသော လူ့ လောက အရှုပ်အထွေးကို လက်နက်ဖြင့် စည်းကမ်းတကျ ဖြေရှင်းရသော အလုပ်ဖြစ်ရာ၊ ကျွန်တော့်အထုပ်ကလေးထဲတွင် ပါလာသော အတွေ့အကြုံ ကလေး၊ အတတ်ပညာကလေးဖြင့် ထောက်မမီနိုင်လောက်အောင် ဖြစ်နေပေတော့မည်ဟု အားငယ်နေမိ၏။

          စစ်တပ်ဆိုသည်မှာလည်း လက်နက်ကိုင်ထားသော အမှုထမ်းနှင့် စာရွက် စာတမ်းဖိုင်တွဲများကို ကိုင်ထားသော အမှုထမ်းများကိုလည်း အဓိက အင်အား ကြီး ၂ ရပ်ဖြင့် ပေါင်းစပ်ထားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။

          လက်နက်ကိုင် အမှုထမ်းများက ရန်သူကို သုတ်သင်သောအခါ ဖိုင်တွဲ ကိုင် အမှုထမ်းများက ထိုသို့သုတ်သင်ရာတွင် လိုအပ်သမျှသော အရာမှန် သမျှကို ရှာဖွေထောက်ပံ့ရန်နှင့် လက်နက်ကိုင် အမှုထမ်းများက ရန်သူကို သုတ်သင်ပြီးနောက် ကြွင်းကျန်နေသော အရှုပ်အထွေးများကို နောက်မှ ကောက်သင်းကောက်လိုက်၍ ရှင်းလင်းပေးရန်ပင် ဖြစ်၏။

          ကြည်းတပ်ဖွဲ့တစ်ခုတွင် ခြေလျင်တပ်၊ အမြောက်တပ်နှင့် ရှေးခေတ် မြင်းတပ်များကို အစားထိုးလိုက်သော သံချပ်ကာ ယန္တရားတပ်ဟူ၍ သုံးခု ရှိသည်။ " ထိုတပ်ဖွဲ့တွင် လက်နက်ကိုင်အမှုထမ်းနှင့် ဖိုင်တွဲကိုင်အမှုထမ်းများအပြင် ရန်သူကို သုတ်သင်ရာ၌ မရှိလျှင်မဖြစ်သော အင်ဂျင်နီယာတပ်နှင့် အချက်ပြ ဆက်သွယ်ရေးတပ်မှ အမှုထမ်းများလည်း ရှိသေးသည်။ ။

          ဤတပ် ၂ တပ်မှ အမှုထမ်းများသည် ရန်သူကို ကိုယ်ထိလက်ရောက် သုတ်သင်ခြင်း မရှိသော်လည်း ရန်သူကို သုတ်သင်ရာတွင် ရှေ့တန်းမှ ပါဝင်နေသောကြောင့် ဤအမှုထမ်းများကို လက်နက်ကိုင်အမှုထမ်းစာရင်းတွင် ထည့်သွင်းထားသည်။

          ဤကား...ကျွန်တော် တတ်သမျှ မှတ်သမျှ အတတ်ပညာများတည်း။ ဖိုင်တွဲကိုင် အမှုထမ်းများတွင်လည်း ထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး ဆေး၊ လက်နက်ခဲယမ်း၊ လျှပ်စစ်နှင့် စက်မှုအလုပ်ရုံ၊ ဥပဒေ၊ လစား တပ်ထိန်၊ ဘဏ္ဍာ ကျန်းမာ၊ သန့်ရှင်း စသော ဌာနအသီးသီးနှင့် ဆိုင်သော အမှုထမ်း ဟူ၍ အမျိုးမျိုးရှိပြန်သည်။ ဤဌာနအားလုံးကို လုံးစေ့ပတ်စေ့ နားမလည်။ ဝိုးတိုးဝါးတားသာ နားလည်သိရှိမည်။

          တပ်မတော် တည်ဆောက်ဖွဲ့စည်းပုံနှင့် ပတ်သတ်၍မူ ဆင်းဟတ်စ် တက္ကသိုလ်၌ ကျွန်တော်သင်ယူခဲ့ရသည်ကို ပြန်၍ ဖောက်သည်ချလိုပါသည်။

          တပ်မတော်တစ်ခုသည် အလွန်ကြီးမားသော သုံးထောင့်သဏ္ဍာန်ရှိသော ပိရမစ်ကြီးနှင့် တူသည်ဟု ဆိုပါသည်။ ။

          သုံးထောင့်သဏ္ဌာန်ရှိသော ပိရမစ်ကြီး၏ ထိပ်ဖျားတွင် အစိုးရအဖွဲ့ရှိသည်။ ထိုအစိုးရအဖွဲ့နားတွင် ကပ်လျက် ဗိုလ်ချုပ်ကြီးအချို့နှင့် ဖီးမာရှယ် ခေါ် တပ်ပေါင်းပိုလ်ချုပ်ကြီးအချို့ ရှိသည်။ ထိုဗိုလ်ချုပ်ကြီးများအောက်တွင် ဒု-ဗိုလ်ချုပ်ကြီးများ ရှိသည်။ ထို ဒု-ဗိုလ်ချုပ်ကြီးများအောက်တွင် ပို၍များသော ဗိုလ်ချုပ်များရှိသည်။ ထိုဗိုလ်ချုပ်များအောက်တွင် ဗိုလ်မှူးချုပ်များ၊ ဗိုလ်မှူးကြီးများ၊ ဗိုလ်မှူးများ၊ ဗိုလ်ကြီးများ အဆင့်ဆင့်ရှိနေပြီး၊ သုံးထောင့် ပုံသဏ္ဌာန်ရှိသော ပိရမစ်ကြီး၏ အောက်ခံအနားတွင်မူ ရိုးရိုးစစ်သားပေါင်း သိန်းသောင်းချီ၍ ရှိနေသည်။

          ဤကား ဆင်းဟတ်စ်တက္ကသိုလ်မှ သင်ယူခဲ့ရသော အဆိုတည်း။

          သို့သော် ကျွန်တော်၏ နည်းပါးလှသော အတွေ့အကြုံအရ ကျွန်တော့် ပခုံးတွင် တုတ်လျှို၍ထမ်းလာသော အထုပ်ကလေးကို ဖြေကြည့်၍ တွေ့ရှိ ရသော ဘဝအသိအရ တပ်မတော်ဆိုသည်မှာ သုံးထောင့်သဏ္ဌာန်ရှိသော ပိရမစ်ကြီးကို ပြောင်းပြန်လှန်၍ထားသလိုလည်း ဖြစ်သည်ဟု သဘောပေါက်မိ သည်။ ပိရမစ်ကြီး၏ အောက်ခံအနားသည် ထိပ်သို့ရောက်နေပြီ။ ထိပ်မှ ချွန်းချွန်းကြီးသည် အောက်တွင် ပင်မကျောက်တိုင်ကြီးအဖြစ် ရှိနေခြင်းတည်း။

          ဤပင်မကျောက်တိုင်ကြီးမှာ စစ်သည်တော်တိုင်း၏ စည်းကမ်း၊ စွမ်း ရည် တို့ပင် ဖြစ်သည်တကား...။

          တိုက်ခိုက်ရေးတပ်များ ဖွဲ့စည်းပုံကို ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်သလောက် 'ဦးစီးအဖွဲ့များနှင့် ပတ်သတ်၍မူ ကောက်ချက်အမျိုးမျိုး အနက်အဓိပ္ပာယ်အမျိုးမျိုးကို ကြားနေခဲ့ရ၏။

          တပ်မတော်ကြီးတစ်ခု ဆိုသည်မှာ အလွန်ကြီးကျယ်သော အလွန် သေးစိတ်ကျသော စက်ကြီးတစ်ခုနှင့်တူနေလေရာ ဆံချည်မျှင်လောက် | သေးငယ်သော ကိရိယာကလေးမှအစ ဆင်ချည်သော သံကြိုးကြီးလောက် ကြီးသော ကိရိယာအထိ အစိတ်အပိုင်းအားလုံး လည်နေမှ စက်ကြီးတစ်ခုလုံး လည်နေနိုင်သည့်သဘောကို ဆောင်နေလေသည်။

          တပ်မတော်ကြီးတစ်ခုကို လည်နေစေသည်မှာလည်း 'အမိန့်သံကြိုး ကွင်းဆက်များပင်ဖြစ်၏။ တပ်မတော်ကြီးတစ်ခု၏ အပေါ်ဆုံးနှင့် အောက် ဆုံးတွင် 'အမိန့်ပေးရသည်မှာ အလွန်ရှင်းလင်းလွယ်ကူသည်။ သမ္မတက ဖြစ်စေ၊ ဝန်ကြီးချုပ်ကဖြစ်စေ ဆီးရီးယားတွင် အာဏာယူထားသော မီချီ၏ ပြင်သစ်အစိုးရကို ဖျက်ဆီးချေမှုန်း၍ လွတ်လပ်သော ပြင်သစ်အစိုးရအဖွဲ့သို့ အာဏာပြောင်းပေးရမည်ဟု “အမိန့်'ပေးလိုက်သောအခါ အပေါ်ဆုံးမှ ပေးလိုက်သော ထို' အမိန့်' သည် “အန် သံကြိုးကွင်းဆက်ပေါင်း ၂၀၀ ကျော်ခန့်ကို ဖြတ်ကျော်၍ အောက်ဆုံးသို့ရောက်လာကာ တပ်ကြပ်ကလေးဘန်းဘဟာဒူး သာပါးက သူ၏ရဲဘော် ရ ယောက်အား “ပစ်”ဟု 'အမိန့်ပေးနေသည်ကို တွေ့ရပေတော့မည်။

          အပေါ်ဆုံးမှပေးလိုက်သော အမိန့်နှင့် အောက်ဆုံးမှပေးလိုက်သော “အမိန့် ၂ ခုကြားရှိ အခြားသော သံကြိုးကွင်းဆက် “အမိန့်ပေါင်း ၂၀၀ကျော်ခန့်မှာမူ အပေါ်ဆုံးနှင့် အောက်ဆုံးမှပေးလိုက်သော 'အမိန့်'လို ရှင်းလင်း လွယ်ကူခြင်း မရှိတော့ဘဲ ပြဿနာပေါင်းစုံကိုဖြတ်ရင်း ကျော်ရင်းလွှားရင်း ပေးလိုက်ရသော 'အမိန့်များသာ ဖြစ်လာရတော့၏။

          တပ်ကြပ်ကလေး ဘန်းဘဟာဒူးသာပါးသည် ဤမည်သောတောင်ကုန်း ထိပ်ကိုမှတက်၍ တိုက်ခိုက်ပါဟု မည်သူက အဆုံးအဖြတ်ပေးပါသနည်း။

          သူက ဤမည်သော တောင်ကုန်းထိပ်အား တစ်ဖက်သောမျက်နှာစာ မှ တက်ရောက်တိုက်ခိုက်နေစဉ် သူနှင့် မျက်နှာချင်းဆိုင်အရပ်မှ သူအပါအဝင် ဖြစ်သော တပ်စုကဖြစ်စေ၊ တပ်ခွဲကဖြစ်စေ တစ်ချိန်တည်းတွင် တက်ရောက် တိုက်ခိုက်နေခြင်းမရှိဟု သေချာအောင် မည်သူက အစီအစဉ်လုပ်ပေးပါ သနည်း။ ဆိုလိုသည်မှာ ကိုယ့်တပ်သားအချင်းချင်း မှား၍မပစ်မိအောင် မည်သူ က ညွှန်ကြားပေးပါသနည်း။

          ဤမည်သော တောင်ကုန်းထိပ်အား ဤမည်သောအချိန်၌ ဤမည်သော တပ်ကြပ်ကလေးတစ်ယောက်က တက်ရောက်တိုက်ခိုက်နိုင်ရန်အတွက် ဆီးရီး ယား စစ်မျက်နှာနှင့် မိုင်ပေါင်း ၃ဝဝဝ ခန့်အကွာရှိ ကာလကတ္တားတွင် ထုတ်လုပ်သော ခဲယမ်းမီးကျောက်များကို အဘယ်သူက ပို့ပေးခဲ့လေသနည်း။ ပို့ပေးခဲ့ရာ၌လည်း တောင်ကုန်းထိပ်ကို သိမ်းယူရန် လုံလောက်မည့် ခဲယမ်း အရေအတွက်ကို မည်သူက မှန်းဆလေခဲ့သနည်း။ ။

          ဤမည်သော တောင်ကုန်းထိပ်ကို တိုက်ခိုက်နေသည့် တပ်ကြပ်ကလေး အား မည်သူက လာ၍ ထမင်းကျွေးပါသနည်း။ သူ မနေ့က ဗိုက်အောင့်နေ သည်ကိုလည်း မည်သူက လာ၍ဆေးတိုက်ခဲ့ပါသနည်း။ သူ့အိတ်ထဲသို့ မည်သူက လာ၍ စာများထည့်ပေးပါသနည်း။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)