Other Websites
တက္ကသိုလ်နန္ဒမိတ် - တိုင်တန်းနစ်
Couldn't load pickup availability
ဇတ်လမ်းအဖွင့်
၁၉၁၂ခုနှစ်
ဧပြီလ
[၁]
အကောင်းဆုံးနှင့် အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး..... ။ တိုင်တန်နစ်
ခေါမတိုင်း ရာဇဝင်ပုံပြင်များထဲ၌ ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးခဲ့သည့် မိသားစုတစ်စု ရှိခဲ့ဖူးသည်။
ထိုမိသားစုသည် အခြားအခြားသော မိသားစုများထက် ခန္ဓာကိုယ်ရော၊ အသ်ဉာဏ်ပါ “မနှိုင်းယှဉ်လောက်အောင် ကြီးမားသည်။ သို့ဖြစ်၍လည်း ထိုမိသားစုသည် ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့သည်။ ဤကား ခေါမရာဇဝင် ပုံပြင်အဆို။ သည်နှယ် အဆိုရှိခဲ့သော မိသားစုကို ခေါမဝေါဟာရအားဖြင့် တိုင်တန်နှစ် ခေါ်စမှတ်ပြုကြ၏။
ယခုလည်း အခြားအခြားသော ဇိမ်ခံသင်္ဘောကြီးထက် အဘက်ဘက်မှ သာလွန်နေသည့် သင်္ဘောကြီးကို တိုင်တန်နစ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဤတိုင်တန်နစ် သင်္ဘောကြီးတွင် အထပ်ပေါင်းများစွာများစွာသော အထပ်များအနက် အကောင်းဆုံး၊ ဇိမ်အရှိဆုံး ပထမတန်းထပ်မှာ အထပ်အေ
အထပ် “အေ'တွင် ပထမတန်းစား အိပ်ခန်းများ။
ပထမတန်း အိပ်ခန်းအမှတ် ၃၃ တွင် စီးနင်းလိုက်ပါလာသော ခရီးသည် သည် အိပ်စင်ပေါ်၌ အိပ်မပျော်နိုင်ဘဲ မှောက်ချည်၊ ပြန်ချည် လူးချည် လှိမ့်ချည် ဖြစ်နေလေသည်။
ဂနာမငြိမ်သည့် ခရီးသည်၏ အတွင်းစိတ်အခြေအနေကို မျက်နှာပေါ်တွင် ပြန်နေသော ချွေးများက ဖော်ပြနေ၏။
ခရီးသည်က အရပ်ရှည်သူမဟုတ်။ တိတိကျကျပြောရလျှင် သူ့အရပ် ငါးပေမှ နှစ်လက်မသာ စွန်းသည်။
ဆံပင်ပါးပါးမှာလည်း ဖြူနေပြီ။ မျက်နှာကမူ ထူ၍ မည်းနက်နေ သောမျက်ခုံးမွေးအစုံမှလွဲ၍ ထူးခြားသည့်လက္ခဏာမရှိ။ အများစုက ခရီးသည်အား အသက် ၅၀ လောက်ဟု ခန့်မှန်းကြမည်ဖြစ်သော်လည်းအမှန်စင်စစ်တွင်မူ သူ့အသက်မှာ ယခုမှ ၃၄ နှစ်။
တိကျအောင်ဆိုရလျှင် ၃၄ နှစ်မှ ၁ဝ ရက် စွန်းရုံသာ။
မျက်စိအောက်ရှိ အရေးအကြောင်းများက နက်နေကာ မျက်နှာအသားအရောင်က အင်္ဂတေလို ဖြူညစ်ညစ်၊ ဆံပင်က ဖြူဖြူပါးပါး။
သို့ဖြင့် ခရီးသည်ကိုမြင်သူတိုင်းက အသက်ငါးဆယ်ဟု ခန့်မှန်းတတ်သည်။
ခရီးသည်သည် အိပ်စင်ပေါ်တွင် ပက်လက်လှန်၍ လှဲနေရင်း လက်နှစ်ဖက် ကို ရင်ဘတ်ပေါ်၌ ယှက်၍ တင်ထားသည်။
ယှက်၍ တင်ထားသည့် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ကွေးဆန့်ချည်ဖြင့် လှုပ်ရှားနေစေ၏။
မငြိမ်သက်သည့် အတွင်းစိတ်ကို လှုပ်ရှားနေသည့် လက်ချောင်းများ သက်သေပြနေခြင်း။
လွန်ခဲ့သော ငါးလအတွင်း စိတ်ထောင်းကိုယ်ကြေ ဖြစ်နေခဲ့ရသည့် အတွေ့အကြုံက ခရီးသည်အား စိတ်မှောက်သွားစေလောက်အောင် ဖန်တီးခဲ့သည်။
အိပ်ပျော်နေရာမှ နိုးလာသည့်အချိန်များ၌ ခရီးသည်၏ စိတ်အစဉ်သည်ဟင်းလင်းပြင်တစ်ခုကို လျှောက်နေရသလိုအစလည်း မရှိ၊ အဆုံးလည်း မရှိ အချိန်နာရီဟူ၍လည်း မရှိ။သို့ ဖြစ်နေတတ်၍လည်း ခရီးသည်သည် မိမိစိတ်ကို ပြန်ထိန်းကာ...
မိမိ မည်သည့်နေရာသို့ရောက်နေသည် ။ မည်သည့်အချိန်နာရီရှိနေပြီဆိုသည်ကို ခဏခဏပြန်သတိပေးနေရသည်။ မိမိစိတ်သည် တဖြည်းဖြည်း ကယောင်ချောက်ချားဖြစ်နေရာမှ ရူးသွား သည့် အဆင့်ထိ ရောက်သွားနိုင်ကြောင်း မိမိကိုယ်တိုင် သိနေခြင်းမှာ ခရီးသည်
အဆိုးဆုံးခံစားရချက်။ အိပ်စင်အထက် မျက်နှာကြက်ပေါ်တွင် တပ်ဆင်ထားသည့် ပန်ကာကို ခရီးသည်က စူးစိုက်၍ကြည့်လိုက်၏။ ပန်ကာက ရပ်နေသည်။ မိမိမျက်နှာကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ (၁၅) ရက်ခန့်ကြာသည့်တိုင် မရိတ်မသင်ဘဲ ထားခဲ့သည့် မုတ်ဆိတ်။ မြိုင်းမွေးများက ထိုးထိုးထောင်ထောင်း ၊ ကိုယ်ပေါ်တွင်ဝတ်ထားသည့် ဝတ်စုံကိုမူ ခရီးသည်က ပြန်ကြည့်ရန် မလို။
ချွေးတွေသံတွေဖြင့် ညစ်ပေကာတွန့်ကြေနေမည်ကို ခရီးသည်က သိပြီးသား။
တိုင်တန်နှစ် ဇိမ်ခံသင်္ဘောကြီး၏ ပထမတန်းအခန်းသို့ ခရီးသည်တစ်ဦး အဖြစ် တက်ရောက်လာပြီးနောက် ရေမိုးချိုး၍ အဝတ်အစားလဲရမည်။
သို့သော် ခရီးသည်က ရေလည်းမချိုး၊ အ၀တ်အစားလည်း မလဲဘဲ အခန်း နံပါတ် ၃၃ သို့ တန်းဝင်လာကာ အိပ်စင်ထက်သို့တက်၍ အိပ်ခဲ့သည်။
အိပ်ပုံကလည်း ခြေပစ်လက်ပစ်။ သုံးရက်နီးနီး အအိပ်ကြီး အိပ်နေခဲ့သည်။ သည်သုံးရက်တွင် နိုးနေသည့်အချိန်က နည်းနည်း။ ။ ထမင်းမစား၊ ဟင်းမစားရုံမက ရေပင် မသောက်ဘဲ အိပ်နေခဲ့ခြင်း။ ယခုနိုးလာသည့်အချိန်မှာ တနင်္ဂနွေနေ့။ ညနေပင် အတော်စောင်းနေပြီ။ ခရီးသည်က နယူးယောက်မြို့သို့ သင်္ဘောဆိုက်မည့်အချိန်ကို တွက်ကြည့် ၍ သည်။
တနင်္ဂနွေ ၊
တနင်္လာ
အင်္ဂါ...
ဗုဒ္ဓဟူး
ဗုဒ္ဓဟူးနေ့ နံနက်မှ နယူးယောက်သို့ သင်္ဘောရောက်နိုင်မည်။ တနင်္ဂနွေ ညနေစောင်းမှ ရေတွက်ကြည့်လျှင်...
နယူးယောက်သို့ရောက်ရန် အနည်းဆုံး နာရီ ၅၀ ကျော်ကျော် သင်္ဘော ခုတ်မောင်းရဦးမည်။'ခုတော့ ငါ့အဖို့ အန္တရာယ်ကင်းသွားပါပြီ"
ခရီးသည်က မိမိကိုယ်ကိုမိမိ အားတင်းလိုက်သည်။ သို့တိုင်အောင် အတွင်း စီတ်က အန္တ ရာယ်ကင်းပါပြီဟုဆိုသည့်အချက်ကို သွက်သွက်လက်လက် လက်မခံဘဲ ဖြစ်နေပြန်၏။
'အသက်တွေအများကြီးပေးပြီး ရယူခဲ့ရတဲ့ပစ္စည်းဟာ ခုဆိုရင် လုံခြုံတဲ့ နေရာကို ရောက်နေပြီမဟုတ်လား”
ခရီးသည်က မိမိကိုယ်ကို မိမိ အားပေးလိုက်ပြန်၏။ 'လုံခြုံသမှ သိပ်ကိုလုံခြုံတဲ့နေရာ”
ခရီးသည်က ဤသို့ စိတ်ထဲမှ မှတ်ချက်ချရင်း အတွင်းအင်္ကျီအိတ်ကို စမ်းကြည့်လိုက်ပြန်သည်။ ,
အကြိမ် ၁၀၀ မြောက် စမ်းကြည့်ခြင်း။ ။ အတွင်းအင်္ကျီအိတ်ထဲတွင် သော့က ပကတိအတိုင်းပင် ရှိနေသည်။ ခရီးသည်ကို စိတ်ချသွားသည်။ သို့ဖြစ်၍လည်း မျက်စိအစုံကိုမှိတ်ကာ မှေးနေလိုက်၏။
မည်မျှကြာအောင် မှေးနေလိုက်မိသည်ကို ခရီးသည် မသိ။ သူသိသည်မှာ တစ်စုံတစ်ခုက သူ့ကိုလှုပ်နှိုးလိုက်သည်ဟုသာ။
လှုပ်နှိုးလိုက်သည့် တစ်စုံတစ်ခု ဆိုသည်ကလည်း ကျယ်လောင်သော အသံကြီးတစ်ခု မဟုတ်သလို …
ပြင်းထန်သည့် လှုပ်ရှားမှုတစ်ခုလည်း မဟုတ်။ အိပ်နေသည့် အိပ်စင်က ငြိမ့်ခနဲ လှုပ်နှိုးလိုက်သလိုလို။ ပထမတန်း အခန်းအမှတ် ၃၃ ရှိရာ သင်္ဘောဦးပိုင်း လက်ကောက် အောက်ဘက်တည့်တည့် ဟိုအဝေးတစ်နေရာဆီမှ တစ်စုံတစ်ရာက အခြားတင်း နှင့် ဝင်ကြိတ်မိလိုက်သလိုလို။
ခရီးသည်သည် အိပ်စင်ထက်တွင် ရုတ်တရက် ထထိုင်လိုက်ကာ နှစ်ဖက်ကို ကြမ်းပြင်ပေါ်သို့ လွှဲချလိုက်သည်။
ခဏအကြာတွင် စက်အရှိန်ဖြင့် တုန်ခါနေသည့် သင်္ဘောကြီးတစ်ခုလုံး ငြိမ်သက်သွားသည်ဟု ခံစားလိုက်ရ၏။ ။
ခရီးသည်အဖို့ သင်္ဘောပေါ်တွင် မတွေ့ဖူးသည့် ခံစားရချက်။
ဤသို့ ခံစားလိုက်ရပြီးမှ ခရီးသည်၏ “နောက်နေသည့် စိတ်အဆုံးတွင် 'အသိတရား' အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။
သင်္ဘောကြီးတွင် ခုတ်မောင်းနေသမျှ စက်တွေအားလုံး ရပ်သွားပြီဟူသော
ခရီးသည်သည် အိပ်စင်ထက်တွင်ပင် ဆက်၍ထိုင်နေရင်း အသံဗလံများကို နားစွင့်နေ၏။
ကြားရသည်က စက်သံများမဟုတ်။ စဉ် လမ်းကူးများတွင် သွားလာလှုပ်ရှားနေကြသော သင်္ဘောမောင် ၏ တစ်ဦးနှင့်တစ်ဦး တိုးတိုးသက်သာ ပြောင်လှောင်သံများ။ ဆက်နေသည့် အခန်းများရှိ ခရီးသည်များ၏ စကားသံများသာ။
ရေခဲကဲ့သို့ အေးစက်၍ ပိုးဟပ်တစ်ကောင်၏ နှာမောင်းရှည်ကဲ့သို့ ရွံစရာ ကောင်းသည့် စိတ်မချမ်းသာမှုတစ်ခုက ခရီးသည်တစ်ကိုယ်လုံးကို ဖုံးလွမ်း ရစ်ပတ်လာသည်။
သာမန်ခရီးသည်တစ်ယောက်သာဆိုလျှင် ဤသို့သော အနှောင့်အယှက် မျိုးကို မသိကျိုးကျွန်ပြုကာ အိပ်မြဲတိုင်း ပြန်၍အိပ်လိုက်မည်။ သို့ရာတွင် ပထမတန်း အခန်းအမှတ် ၃၃ တွင် နေရာယူထားသည့်
ခရီးသည်အဖို့မူ သည်လိုနှောင့်အယှက်မျိုးကို မသိကျိုးကျွန် လုပ်မနေနိုင်။
သည်ခရီးသည်၏ စိတ်က ကယောင်ချောက်ချားဖြစ်နေကာ ရူးဖို့ရန် လက်တစ်လုံးလောက်သာလိုတော့သည့် အခြေအနေ။
သို့ဖြစ်၍လည်း သည်ခရီးသည်၏ ငါးပါးသောအာရုံတို့က အစွမ်းကုန် ထက်မြက်နေကြကာ မြင်လာ၊ ကြားလာ၊ တွေ့လာသမျှကို ပုံကြီးချဲ့၍ မြင်နေ၊ ကြားနေ၊ တွေ့နေခြင်း။ ထို့ကြောင့်လည်း ပေါ်လာသည့် အနှောင့်အယှက်ကြောင့် ခရီးသည် ပြန် အိပ်နိုင်ခြင်း မရှိတော့။
ထမင်းမစား ဟင်းမစားရုံသာမက သုံးရက်လုံးလုံး ရေကိုပင် မသောက်ဘဲ အခန်းအောင်းနေခဲ့သော ခရီးသည်အဖို့ ရူးသွပ်ခြင်းသို့ရောက်ရန် လက်တစ်လုံး သာ လိုတော့သည့် စိတ်အခြေအနေကို ပေါ်ပေါက်လာသည့် အနှောင့်အယှက် ကမီးလောင်ရာ လေပင့်လိုက်သကဲ့သို့။
ခရီးသည်သည် ပိတ်ထားသောအခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် စက် လမ်းကူး လမ်းကမ်းအတိုင်း ́ လှေကားမကြီးရှိရာဘက်သို့ ဒယီးဒယိုင် လျှောက် လာခဲ့သည်။
[ ၃ ]
ခြေဆန့် လက်ဆန့်နေနိုင်ကာ သဘာဝရှုခင်းကိုလည်း အတိုင်းသား မြင်နေရသည့် အညောင်းဖြေခန်းမမှ မိမိတို့အိပ်ခန်းရှိရာသို့ ပြန်လာနေကြသည့် ခရီးသည်များက ရယ်ရယ်မောမော ပြောပြောဆိုဆို။
အမှတ် ၃၃ အခန်းမှ ခရီးသည်ကမူ မည်သူ့ကိုမျှ ဂရုမစိုက်။ လှေကားမ ကြီး ရှိရာသို့သာ စူးစူးစိုက်စိုက်လာနေ၏။
လှေကားမကြီး၏ အလယ်ဆင့်သို့ အဆင်း အပေါ်ဘက်နံရံထက်တွင် ကြေးနီဘောင်များဖြင့် လှပစွာတန်ဆာဆင်ထားသည့် တိုင်ကပ်နာရီကြီးတစ်လုံး။ နာရီ၏ ရွှေရောင်လက်တံများက ရောက်နေသည့်အချိန်ကို ညွှန်ပြနေသည်။
ည ၁၁ နာရီ ၅၁ မိနစ်။
လှေကားမကြီး အောက်ဆုံးအဆင့်နားတွင် လှပစွာခြယ်လှယ်ထားသည့် မီးတိုင်စင်တစ်ခု၊
သည်မီးတိုင်စင်နားတွင်ရပ်နေသည့် သင်္ဘောမောင်တစ်ယောက်က အပေါ်မှဆင်းလာသော အခန်းအမှတ် ၃၃ မှ ခရီးသည်ကို အထင်အမြင်သေး အမူအရာ ဖြင့် စိုက်၍ကြည့်နေ၏။ အထက်တန်းစားခရီးသည်များသာ လိုက်ပါစီးနင်းနိုင်သော ပထမတန်း
အထပ် 'အေ'တွင် အဝတ်အစား စုတ်စုတ်နုပ်နုပ် လူရုပ်လူရည်ညံ့သည့် ခရီးသည် တစ်ယောက် ရောက်နေခြင်းကို သင်္ဘောမောင်က နှာခေါင်းရှုံ့ခြင်း။
'သင်္ဘောစက်တွေရပ်သွားတာ ဘာဖြစ်လို့လဲ” ခရီးသည်က သင်္ဘောမောင်အား မေးလိုက်၏။ ပြင်စရာ ဆင်စရာ နည်းနည်းပါးပါးရှိလို့ ဖြစ်ပါလိမ့်မယ်ခင်ဗျာ သင်္ဘောမောင်က ရိုရိုသေသေ ယဉ်ယဉ်ကျေးကျေး အဖြေပေးနေသည်။ 'သင်္ဘောကလည်း အသစ်ကျပ်ချွတ်၊ ခရီးကလည်း ပထမဆုံးထွက်တဲ့ အဒီလိုဆိုတော့ အထစ်အငေါ့ကလေးတွေ ရှိတတ်စမြဲပေါ့ခင်ဗျာ။ ဒါအတွက် စိတ်ပူမနေပါနဲ့ခင်ဗျာ။ သင်္ဘောကလည်း ရေမြုပ်နိုင်တဲ့သင်္ဘော မဟုတ်ပါဘူး သင်္ဘောမောင်၏စကားကို ခရီးသည်က... 'သံနဲ့လုပ်ထားတဲ့ သင်္ဘောဆိုရင်မြုတ် နိုင်တာချည်းပဲဟေ့။ ကျုပ် ကုန်းပတ် ဘက်ကို ထွက်ပြီးကြည့်မယ်" သင်္ဘောမောင်က ခေါင်းကို သွက်သွက်ခါပစ်လိုက်ပြီး.... 'အပြင်ဘက်ကိုထွက်ဖို့ မသင့်ပါဘူးခင်ဗျာ၊ အပြင်ဘက်က ကြောက်စရာ ကောင်းအောင် အေးလှပါတယ်” ခရီးသည်က ပခုံးနှစ်ဖက်ကို တွန့်ပစ်လိုက်သည်။ အအေးဒဏ်ကို သူက ခံနေကျ။
ခရီးသည်သည် တစ်ဖက်သို့လှည့်လိုက်ပြီး သင်္ဘောလက်ယာထောက်ဦးပိုင်း ကုန်းပတ်ပေါ်သို့ ရောက်နိုင်သည့် လှေကားအတိုင်း တက်သွားကာ တံခါးကိုဖွင့်လိုက်၏။
သင်္ဘောဦးပိုင်း လက်ယာဘက် ကုန်းပတ်ပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ခရီးသည်က အပ်အကြောင်းပေါင်း တစ်ထောင်လောက်ဖြင့် အထိုးခံ လိုက်ရသလို ခံစားလိုက်ရ၏။
အိပ်ခန်းထဲတွင် သုံးရက်အောင်းခဲ့ပြီးနောက် အပူချိန် ၃၈ ဒီဂရီသာ ရှိနေသည့် လဟာပြင်သို့ ရောက်လာရခြင်းမှာ အပ်အချောင်းပေါင်း တစ်ထောင်
![- Books](http://mgyoe.com/cdn/shop/products/1_c141e12a-2854-4ccd-bcd9-18069d708def_1445x.jpg?v=1730270996)
![- Books](http://mgyoe.com/cdn/shop/products/01_801ca90d-e68e-421e-a150-84498a4b612b_1445x.jpg?v=1730270999)