Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

တက္ကသိုလ်နန္ဒမိတ် - ခင်ဦးစားငချစ်ညိုနှင့်အခြားဝထ္ထုတိုများ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

          “ကဲ.. ကျုပ်ကို အပြစ်တင်မနေစမ်းပါနဲ့ မယ်မင်းကြီးမရဲ့၊ ကျုပ် က ကျုပ်ကြိုက်တတ်တဲ့ အရည်ကလေးမို့ နှမြောမိတာ...”

          “လာပြန်ပြီလား... ဒီအရည်အကြောင်း၊ တော် မနေ့ကပဲ ဟို ဆရာဝန်ဆီ သွားသေးတယ် မဟုတ်လား၊ တော့်ကို အရက်မသောက်ရ ဘူးလို့ ပြောလိုက်တယ်ဆို...”

          “အမယ် မသောက်ရဘူးလို့ မပြောပါဘူး မြခင်ရ၊ ငါ့ကို အရက် သောက်လို့ ဘယ်လို ရောဂါရတယ်ဆိုတာ သူ့လူနာတွေဆီ ခေါ်ပြီး ပြတာပါပဲ။ အင်း... ဆရာဝန်ကလည်း သူ့ကိုယ်သူ သိကြားမင်းကြီး များ ထင်နေသလား မသိဘူး။ အလောင်းတော် ငတောလူကို ဆေးရုံ ခေါ်ပြီး နိမိတ်ကြီးလေးပါး ပြလိုက်တယ်။ သူလျှာရှည်နေတာနဲ့ပေါ့ မြခင်ရ၊ တို့အိမ်မီးလောင်တာတောင် ငါ မသိလိုက်ရတာ...”

          “ဆရာဝန် အပြစ်လွှဲချမနေပါနဲ့။ ဆရာဝန်ဆီက အိမ်ကို တန်း တန်း မတ်မတ် ပြန်လာရင် အိမ်က ပစ္စည်း ဘာကလေး၊ ညာကလေး သယ်ဖို့ အချိန်ရဦးမယ်၊ ခုတော့ လမ်းမှာ အရက် ဝင်သောက်နေတာ ကိုး...။ အိမ်ပြာဖြစ်မှ ရောက်လာတော့တယ်...”

          “မြခင်ကလည်း ပြောရော့မယ်၊ ငါအိမ်ကို တန်းတန်းမတ်မတ် ပြန်လာတာပါပဲ မြခင်ရ၊ နင်လည်း အသိသားနဲ့ဟာ ငါအိမ်ပြန်ရင် တန်းပြန်တာချည်းပဲ မဟုတ်လား...”

          “သူ့ပြောလိုက်ရင် ဒါမျိုးချည်းပဲ၊ ဘယ်တော့မှ အကောင်း မ ပြောဘူး”

          မြခင်က ပြောပြောဆိုဆို လက်ထဲမှ စာအုပ်နှင့် ကိုတောလူကို လှမ်းပေါက်လိုက်၏။ ကိုတောလူက ၃၂ ချောင်းသော သွားများကို အကုန်ဖွဲ့ရင်း...

          “အင်း... မိန်းမကတော့ လုပ်လိုက်ရင် ဆတ်ခနဲ၊ ဂွပ်ခနဲပဲ။ အဲဒါတွေကြောင့် ဟောဒီက မောင်မောင်က ချစ်ရတာ” ဟု ပြောလိုက်သောကြောင့် မြခင်က ကိုတောလူ၏စကားကို မကြားသလို စာအုပ်ပုံကိုသာ ဆက်၍ ရှင်းနေလေသည်။

          ကိုတောလူသည် မြခင်ကောက်၍ ပေါက်လိုက်သော စာအုပ်ကို ဟိုလှန် သည်လှန်လုပ်နေရာမှ မြခင်ဘက်သို့ လှည့်ပြီး..

          “မြခင်... မြခင်.. ဟောဒီမှာ နားထောင်စမ်း၊ ဆေးလိပ်လက် ဆောင်တဲ့၊ ခေါင်းစဉ်တပ်ထားတယ်”

မြခင်ကမူ နားမရှိသလို ကို တောလူဘက်သို့ လှည့်၍ပင် မကြည့်။

          “အဟမ်း.. အဟမ်း...” ကိုတောလူက ချောင်းတစ်ချက် ရှင်း လိုက်ကာ...

          “မဝယ်ဘူး.. မယ်ခူးတဲ့ ဖက်စို... တဲ့၊ အမယ် ဒီဟာ မှားနေ တာပေါ့၊ မဝယ်ဘူး အလကားရတဲ့ဖက်စို ဆိုမှ မှန်တယ်။ အဲ... အဲ.. နောက်တစ်ပိုဒ်က လာပြန်သေး။ မီးမကူ နေပူမှာ မကင်အားလို့၊ ထား ရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို.. တဲ့။ အင်း... ဒါလည်း မှားတာပဲ။ မီးမကူ နေပူမှာ မကင်အားလို့ ၊ ထားရတယ် ထဘီအောက် မှာ နင်သောက်ဖို့ ကိုလို့ ဖြစ်သင့်တယ် မဟုတ်ဘူးလား၊ မြခင်တို့တော့ အီဖေကိုယ်တို့သောက်ဖို့ ဆေးလိပ်ကို အနံ့အသက်ကောင်းအောင် ဆိုပြီး ထဘီအောက်မှာထားတာပဲ မြင်ဖူးတာပဲ...”

          “ကိုတောလူ၊ တော် တွေ့ ကရာတွေ ပြောမနေစမ်းနဲ့....”

          မြခင်က ကိုတောလူကို ကျောပေး၍ ထိုင်နေရာမှ ကိုတောလူ ဘက်သို့ မျက်နှာလှည့်လာလေသည်။ ကိုတောလူက တဟဲဟဲ ရယ် လိုက်ပြီး... ။

          “ကိုင်း.. ဆက်ပြီး နားထောင်ဦး၊ ဟောဒီမှာ ညှာအနား ရှေ့သွား