Skip to product information
1 of 4

Other Websites

တက္ကသိုလ်စိန်တင် - ဟစ်တလာ၏သစ္စာဧကရီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ဘဝ၏အစ

အီဗာနှင့် ကတ်တို့သည် ထင်းရူးတောအစပ်၌ ရပ်နေကြသည်။ သူတို့နှစ် ဦး၏ နောက်ဘက်၌ ရှမစ်တင်ဟွန်း တောင်ကြားရှိသည်။ နွေလယ်သို့ပင် ရောက်နေပြီဖြစ်သော်လည်း တောင်တန်းပေါ်တွင် နှင်းပွင့်နှင်းငွေ့တွေကို တွေ့နေရသေး၏။ နှင်းပွင့်ကလေးများ၏ တလက်လက်တောက်ပနေ

သော ဘော်ငွေရောင်အဆင်းသည် ကြည်လင်လှပသော ကောင်းကင်နှင့် အလွန်ပင် ပနံရနေလေသည်။ကတ်သည် တောင်တက်လမ်းပြအလုပ်ဖြင့် အသက်မွေးနေသူဖြစ်သည်။ သူသည် လုံမငယ် အီဗာဘရောင်း၏ ငယ် သူငယ်ချင်းလည်းဖြစ်၏။ ကျောင်းသွားဖော်လည်းဖြစ်၏။ သူတို့နှစ်ဦးမှာ သူငယ်တန်းမှစ၍ လက်တွဲမဖြုတ်ဘဲ ကျောင်းတက်ခဲ့ကြသော ငယ်ချစ် မိတ်ဆွေများပင် ဖြစ်ပေသည်။ ။

အီဗာသည် သူငယ်ချင်းကတ်ကို မိမိထက် အသက်များစွာကြီးသူ လူကြီးတစ်ယောက်လိုသဘောထား၍ ဆက်ဆံလေ့ရှိသည်။ လုံမငယ် အီဗာဘရောင်း၏အမေကပင် "အီဗာကြီးလာရင်တော့ ကတ်နဲ့လက်ထပ်ရ မှာပဲဟေ့”ဟု ပြောနေလေ့ရှိ၏။ ဤသို့ အမေကပြောသည်ကို ဘယ်သူမှ ဝင်ပြီးမကန့်ကွက်။ နှစ်ဦးစလုံး၏မိဘများက လက်ခံသဘောကျနေကြ သည်။ သူတို့အားလုံးကပင် ဤကလေးနှစ်ဦး အရွယ်ရောက်လျှင် သူတို့ ကလေးများ၏ လက်ထပ်ပွဲကို မလွဲမသွေ ကျင်းပပေးရမည်ဟု နားလည် ထားကြသည်။အီဗာ၏ ဖခင်မှာ ပရိဘောဂဆိုင်တစ်ဆိုင်တွင် လက်သမားအလုပ် လုပ်ရလေ၏။ သူအလုပ်လုပ်သော ဆိုင်တစ်ဆိုင်လုံးမှာ သစ်သား အသစ်

များ၏အနံ့များဖြင့် သင်းနေ၏။ ဆိုင်အတွင်း၌ကား ရွေဘော်ထိုး၍ ထွက်ကျလာသော ရွှေဘော်စာ အလိပ်အခွေများဖြင့် ပြည့်နေတော့သည် အီဗာဆိုသည့် ကောင်မလေးသည် သူ့ဖခင်၏အလုပ်ရုံမှ ရွေဘော်စာ အလိပ်အခွေများကိုခေါင်းပေါ်တင်ပြီး "ကျွန်မ လက်ထပ်တဲ့အခါကျတော့ ဟောဒီလို ရွှေရောင်ဆံပင်တွေ ရှိနေမှာပေါ့နော်"ဟု ငယ်စဉ်က မကြာခဏ ပြောနေတတ်သည်။ စိတ်ကူးနှင့် ရူးနေတတ်ခြင်းဖြစ်သည်။

တစ်ခါတစ်ရံတော့လည်း အီဗာသည် အိမ်ဧည့်ခန်းမှ မြင်ရသော “ရှမစ်တင်ဟွန်း”တောင်ထိပ်ဆီသို့ ပြူတင်းပေါက်မှ လှမ်းမျှော်နေပြီး သူမ၏လက်ထပ်ပွဲအကြောင်းကို စိတ်ကူးယဉ်ယဉ်နှင့် ဖွဲ့နွဲ့ပြောနေတတ် သည်။ ပန်းခြံထဲတွင်ရှိသော ပန်းပင်များကို အီဗာသည် ရေမှန်မှန်လောင်း ၏။ တစ်နေ့ကျလျှင် ဤပန်းများသည် လက်ထပ်သရဖူကို ဆင်မြန်းရန်ပင် ဖြစ်သည်ဟု အီဗာက ကြိုတွေးထားသည်။

ဤစိတ်ကူးကြောင့်ပင် နွေမဟူ၊ မိုးမဟူ၊ ဆောင်းမဟူ အီဗာသည် ပန်းပင်တွေကို ရေမှန်မှန်လောင်းနေလေသည်။

သို့သော် ယခုအခါ၌ သူမ၏ စိတ်ကူးယဉ်အိပ်မက်ကို တစ်မျိုး တစ်ဖုံ ပြောင်းလွှဲ၍ မက်ခဲ့ရပြန်လေသည်။ လက်ထပ်ပွဲဆိုသည်မှာ ဘာ မရေရာ မသေချာတော့ပေ။ အကြောင်းမှာ အီဗာသည် ထို့ထက်ပိုမိုစိတ်ဝင် စားစရာ အကြောင်းတွေ တွေ့နေရပြီဖြစ်သတည်း။

ယခုတော့ အီဗာကို “မင်း သိပ်မိုက်တဲ့ကလေးမ"ဟု ပြောနေရ တော့သည်။ ကတ်သည် ရှည်လျားမြင့်မားစွာဖြင့် ကောင်းကင်သို့ထိုးထွက် သွားသော ထင်းရှူးပင်များကို ငေးကြည့်နေလေ၏။

အီဗာက ကတ်၏ မျက်ခုံးထူကြီးများကို ကြည့်ပြီးလျှင် “ငါ သူ့ကို ချစ်တော့ချစ်ပါတယ်"ဟု တွေးနေသည်။ ကတ်၏တောက်ပရွှန်းလဲ့

သော မျက်လုံးကို စိုက်ကြည့်ရင်း အီဗာ၏ စိတ်ထဲမှ "ငါ သူ့ကိုချစ်ပေမယ့် ငါ့မှာ အပြောင်းအလဲကလေးတွေ တစ်ဖက်မှာ ရှိနေတာက ခက်ပါတယ်" ဟုပြောနေသည်။

အီဗာ၏ ဆံပင်နွယ်များသည် လည်ဂုတ်ပေါ်သို့ ဝဲ၍ခွေကျနေ၏။ မျက်လုံးကြီးများသည် နွေနှောင်းတွင် ပွင့်လေ့ရှိသော "လာဗင်ဒါ"ပန်းပွင့် များနှင့် တူပေသည်။ အီဗာ၏အရွယ်မှာ ယခုအခါတွင် လက်ထပ်မည်ဆိုလျှင် အရွယ်သင့်နေပေပြီ။ သို့သော် ခက်နေသည်မှာ အီဗာ၏ အနာဂတ် ကာလကို တစ်မျိုးတစ်ဖုံပြောင်းလွဲစေမည့် အစီအစဉ်တစ်ရပ် ပေါ်လာ၍ ဖြစ်သည်။

အီဗာ၏ချစ်သူကတ်က လည်ချောင်းထဲမှ ဆို့နှင့်စွာထွက်လာသည့် အသံနှင့် အီဗာကို ပြောနေပြန်သည်။

“မင်းကို ကိုယ်သိပ်ချစ်ပါမယ် အချစ်ရယ်" ကတ်က ဆက်ပြောနေသည်။

“အာနာဟော့ဖ်မင်း ခေါ်နေတဲ့ မြူးနစ်မြို့ကို လိုက်မသွားပါနဲ့လား ကွယ်။ ကိုယ်ရှိတဲ့ နေရာမှာပဲ အမြဲနေပါနော် အချစ်ရယ်၊ မင်း ဒီမှာ ပျော်မှာပါကွယ်"

သူက အီဗာကို ယုယစွာနမ်းလိုက်၏။ အီဗာမှာ ချစ်သူ၏ အယူ အယတွင် နစ်မွန်းသွား၍ မိမိ၏ မဟာစီမံကိန်းကြီးအတွက် စိတ်အား နည်းနည်းလျော့သွားလေသည်။ သို့သော် အချိန်အတန်ကြာ ကြိုးစားခဲ့သော စိတ်ကူးယဉ် အစီအစဉ်ကြီး လုံးဝပင် ပျက်စီးသွားသည်ကား မဟုတ်။

အီဗာကာ ဘာမှမထူးဆန်းတော့သော ဤဒေသကို စွန့်ခွာ၍ သွား လိုသည်။ ရွာထဲမှာဆိုလျှင် ယောက်ျားတွေနှင့် မိန်းမတွေသည် အရွယ် ရောက်ပြီး လက်ထပ်ကြပြီတော့ အိုမင်းရင့်ရော်သွားကြသည့်အဖြစ်တွေ သာ ထပ်တလဲလဲဖြစ်နေလေသည်။ ဤသည်မှာ ပုခက်တွင်းမှ သချိုင်း အထိ အလွန်ရိုးရိုးတန်းတန်း သွားရသော ခရီးဟောင်းကြီးပင် ဖြစ်တော့ သည်။ အီဗာကသည်လိုအဖြစ်မျိုးကို မနှစ်ခြိုက်၊ လက်မခံနိုင်။ ထို့ထက်ပို၍ ဘဝကို အဓိပ္ပာယ်ရှိရှိ အသုံးချချင်သည်။ တက်လာသော ဒီရေလို တစ်ရှိန် ထိုး မြင့်တက်သွားမည့် စီမံကိန်းတွေကို မိမိ၏အနာဂါတ်အတွက် ရေးဆွဲ လိုက်ချင်သည်။

ဤသို့ မိမိ၏ ဘဝတက်လမ်းအတွက် အီဗာ အားထားအမျှော် လင့်ဆုံးဒေသမှာ မြူးနစ်မြို့တော်ပင်ဖြစ်သည်။ မြူးနစ်မှာ နာဇီဝါဒ ပေါက် ဖွားရှင်သန်ရာ ဒေသလည်းဖြစ်နေသည်။ ဤဝါဒသည် အနာဂတ်အတွက် ဂျာမနီနိုင်ငံကို ကယ်တင်မည်ဖြစ်သော လမ်းစဉ်သစ်တစ်ရပ်ဟုပင် အီဗာ က ထင်နေလေသည်။

"ကံကောင်းရင်ပေါ့လေ၊ ဘာလင်ကိုလည်း သွားမယ်၊ ပြီးတော့ လည်း အချွန်အထက်တွေ သိပ်ပေါတဲ့ မိန်းဇ်မြို့ ကိုလည်း သွားရဦးမယ်၊ရိုင်းမြစ်ရဲ့ သာယာတင့်မောတဲ့ ရှုခင်းတွေကိုလည်း ကြည့်ရမယ်။ ကိုလုံး မြို့ မျှော်စင်တွေကိုလည်း သွားကြည့်ခွင့်ကြုံမှာပေါ့"

အီဗာက ထိုသို့ အမြဲမျှော်လင့်တွေးတောနေလေ့ရှိသည်သာ ဖြစ်သည်။ ဂျာမနီနိုင်ငံမှာ မိမိနေထိုင်သော သည်တောင်ကြားရွာကလေး ထက် ပိုမိုစိတ်ဝင်စားစရာတွေ အများကြီး ရှိသေးတာပဲဟုလည်း အီဗာသည် အမြဲပင် စိတ်ကူးနေခဲ့ပေသည်။

ကတ်က

“အချစ်ရယ်... မင်းစိတ်တွေ လှုပ်ရှားနေတာကိုး။ ဒါပေမယ့်လေ ခဏပါပဲ။ နောက်တော့လည်း ပျောက်သွားမှာပေါ့”

ဟု အေးဆေးညင်သာစွာ ပြောနေသည်။ အီဗာက ပြန်ပြော၏။

“ဟုတ်ပါတယ်... ကိုယ်စိတ်လှုပ်ရှားနေတာ မှန်ပါတယ်ကွယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘဝအတွက် ဒီထက်ပိုပြီး လုပ်နိုင်တာတွေ ရှိသေးတယ်ဆိုတာ သိထားလို့ပါ" "

အီဗာအနေဖြင့် ယခုလုပ်နေသော အလုပ်ကိုမကြိုက်။ အသက် ၁၆နှစ်အရွယ်မှစ၍ သူမသည် ဆိုင်ကလေးတစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ရ၏။ အမြဲတမ်း သြဇာအာဏာပြတတ်သော ဆိုင်ရှင်မိန်းမကြီး ဖရောဇက်ကို အီဗာ သိပ်မုန်းနေမိသည်။

ဖရောဇက်သည်ကမ္ဘာ့ခရီးသည်များကိုပို့စ်ကတ်များနှင့် အမှတ်တရ ပစ္စည်းများ ရောင်းချသော ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ထိုမိန်းမကြီး သည် အီဗာဘရောင်းကို သိပ်ပြီး ချုပ်ချယ်လေ့ရှိ၏။ လွတ်လွတ်လပ်လပ် ရယ်မောခွင့်မရှိ။ ဖရောဇက်က အီဗာအား

“ညည်း အသက်ကြီးတဲ့အခါမှာ ရယ်စရာတွေ အများကြီးကျန်ပါ သေးသလားလို့ သိပါလိမ့်မယ်"

ဟု မကြာခဏပင် ပြောလေ့ရှိခဲ့သည်။ ။

မြူးနစ်မြို့၌နေသော 'ဟိန်းရစ်ဟော့ပ်မင်း မှာ ဝင်ငွေကောင်းသော ဓာတ်ပုံဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သည်။ သူ၏ဓာတ်ပုံဆိုင်မှ ဘားရားစထရက် စီ လမ်းမကြီးထဲ၌ ရှိလေ၏။ မကြာမီကပင် အီဗာ၏ သူငယ်ချင်းမကလေး အာနာနှင့် ဟိန်းရစ်အိုဇ်မင်းတို့ လက်ထပ်ခဲ့ကြ၏။ အီဗာသည် သူတို့ လက်ထပ်ပွဲ၌ အပျိုရံလုပ်ခဲ့ရသေးသည်။အာနာသည် တောက်ပပြောင်လက်သော အဝတ်အစားများကို ဝတ်ဆင်၍ ငွေကို ရေလိုသုံးနေလေတော့သည်။ သူမသည် အီဗာအား မြူးနစ်မြို့၏ အလှအပတွေကို မစားရ ဝခမန်း ပြောပြခဲ့လေ၏။ မြို့တော် ဘီယာဆိုင်များနှင့် ပျော်စရာအဖုံဖုံ အကြောင်းစုံကို အီဗာအား ပြောပြသည်။ အီဗာမှာ ဤသို့ဖြင့် သူငယ်ချင်းဖြစ်သူ၏ မြူးနစ်မြို့တော် ချီးမွမ်းခန်းကို စိတ်ကူးယဉ်၍မဆုံး ဖြစ်ရလေတော့သည်။

အီဗာကို အာနာက ဤသို့ကတိပေးခဲ့၏။ "တစ်နေ့ကျရင် မင်းကို မြူးနစ်ရောက်အောင် ခေါ်သွားပါ့မယ်နော်"

ယခုတော့ ဒါတွေကို စိတ်ကူးအယဉ်ကြီးယဉ်ခဲ့သော ချစ်သူအီဗာ အား ကတ်က ဖျောင်းဖျနေလေပြီ။

ကတ်က “မမိုက်စမ်းပါနဲ့ အချစ်ရယ်" ဟု ပြောနေ၏။

ခပ်ဝေးဝေးမှ လယ်ကွင်းများတွင် ကောက်ရိုးလှည်းများ ဖြတ် မောင်းသွားသည်ကို သူတို့နှစ်ဦးမြင်ကြရ၏။ လှည်းမောင်းသွားသူတို့မှာ မိန်းမအိုကြီးများ ဖြစ်လေသည်။ သူတို့၏ ကိုယ်လုံးကြီးများမှာ ထား ကျိုင်းလေးလံလှပြီး ခေါင်း၌ လက်ကိုင်ပဝါများ ပတ်ထားလေ၏။ သူတို့ ကို ကြည့်ရသည်မှာ သွက်လက်ဖျတ်လတ်သည်ဟုတော့ ထင်ရသည်။

အသက် ၂၀ မျှသာ ရှိသေးသော လုံမပျိုး အီဗာဘရောင်းသည် ထိုမိန်းမကြီးများကိုကြည့်ပြီး စိတ်ရှုပ်သွားဟန်ဖြင့် ပြောလိုက်လေသည်။

"ကိုယ်တော့ အရုပ်ဆိုးမှာသိပ်ကြောက်တယ်။ပြီးတော့ အိုမှာလည်း သိပ်မုန်းတာပဲ။အိုခြင်း၊ သေခြင်းဆိုတာတွေကို မကြားချင်ဘူး၊ မကြည့် ချင်ဘူး”

ကတ်ကပြော၏

“အချစ်ရယ် မင်းဟာ သိပ်လှပါတယ်၊ အရုပ်လည်း မဆိုးပါဘူး။ ဘယ်တော့မှ အဝေးကြီးကို ထွက်မသွားပါနဲ့နော်။ ကိုယ်နဲ့ အမြဲနေပါကွယ်"

အီဗာက

“ကိုယ်နောက်ကို အခွင့်အရေးမျိုး ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူးလေ။ ဘာပြုလို့လဲဆိုတော့ နောက်ဆိုရင် အာနာကလည်း

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)