Skip to product information
1 of 2

Other Websites

တက္ကသိုလ်စိန်တင် - သီပေါဘုရင်နှင့်စုဖုရားလတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

၁။ ပထမကျော် ရှင်လူထွက် နန်းတက်မှအေး

          ရတနာပုံနေပြည်တော်၌ ပဉ္စမသံဂါယနာ တင် မင်းတုန်းမင်းတရားကြီး နာဖျားမကျန်၊ ဖြစ်ကာ စက်ရာထဲလဲနေသည်။ မင်းတုန်းမင် တရားသည် အရွယ်တော်က အိုမင်းနေပြီ။ သည့် လိုသက်ကြီးရွယ်အိုဘ၀ ရောက်ရုံဖြင့် နာဖျား မကျန်း ဖြစ်ရမှာလားသည်လိုလည်းမဟုတ်သ။ အမှန်ကိုဖော်ပြရလျှင် မင်းတုန်းမင်းတရားကို စက်ရာထဲ ဘုန်းဘုန်းလဲအောင် ကြုံတွေ့ခဲ့ရသေးအရေးတော်ပုံများက နှိပ်စက်ကလူပြုခဲ့သည်လေ။

          သည်စကားမှန်ပါလေ၏။ အမှန်ဆိုလျှင် ဘဝရှင်မင်းတုန်းမင်းတရားသည် နိုင်ငံတော်ကို သိမ်းမြန်းစိုးအုပ်ရာ၌ ပန်းခင်းလမ်းကို လျှောက် လှမ်းခဲ့သည်မဟုတ်။ ခက်ခဲကြမ်းတမ်းသော နိုင်ငံပြုခရီးလမ်းကို မောပန်းနွမ်းယိစွာ ခရီးနှင်ခဲ့ ရရှာသည်။ကြည့်ပါ။ မင်းတုန်းမင်းတရား နန်းရခဲ့သည်မှာပင် တိုက်ပွဲကိုရင်ဆိုင်တိုက်ခိုက်ပြီးမှ ရခဲ့သည်မဟုတ်လား။ ခရစ်နှစ် ၁၅၃ ခုနှစ်တွင် မင်းဘုန်းမင်းတရားသည် နောင်တော်ပုဂံမင်းကို တော်လှန်ပုန်ကန်ခဲ့သည်။ တော်လှန်ရေးအောင်မြင်ခဲ့၍ အမရပူရရွှေနန်းကို သိမ်းမြန်းနိုင်သည်။တကယ်တော့ သည်တုန်းက မင်းတုန်းမင်းက နောင်တော်ပုဂံမင်းကို ပုန်ကန်ခဲ့သည်မှာ အာဏာရယူချင်လွန်း၍မဟုတ်။ အမရပူရ နေပြည်တော် နေမိဘဲဆိုသူ မိန်းမတစ်ဦးအိမ်ကို ဓားပြတိုက်ခံရရာတွင် မင်းတုန်းမင်းသား နှင့် ညီတော် ကနောင်မင်းတို့ကို အကြောင်းမရှိအကြောင်းရှာခဲ့၍ဖြစ်သည်။

          ဓားပြတိုက်မှုတွင် မင်းတုန်းနှင့် ကနောင်မင်းသားတို့၏ တပည့်လက်သား များ ပတ်သက်နေသည်ဟု မလိုတမာစွပ်စွဲမှုများရှိသည်။ ထိုအမှုနှင့် ပတ်သက်၍ နောက်ဆုံးတွင် တပည့်များ၏သခင်ဖြစ်သူ မင်းသားနှစ်ပါးကို ရန်လိုသော အပြုအမူများ ပြလာသည်။ အမှုမပေါ်လျှင် မင်းသားနှစ်ပါးကို ပင် ဖမ်းဆီးတော့မည်ဟုလည်း သတင်းတချို့က ဆိုပြန်သည်။အမှန်ဆိုလျှင် မင်းတုန်းနှင့် ကနောင်တို့ကို ဖမ်းဆီးရန် ပုဂံမင်း တရား၏ အကြံအစည်တွင် အခြားသောအကြောင်းကိစ္စများလည်း ရှိချင်ရှိ ပါဦးမည်။ မင်းတုန်းနှင့် ကနောင်လို တက်ကြွသော မင်းသားချော မင်းသားကလေးများကို နှိမ်ထားမှ၊ ချိုးထားမှ၊ ချုပ်ထားမှဖြစ်မည်ဟု ပူပန် စိုးရိမ်နေကြသူများ အမရပူရ နန်းတွင်းမှာရှိနေသည်။ ဒါကြောင့်ပင် သည် မင်းသားနှစ်ပါးအပေါ် အကြောင်းမရှိအကြောင်းရှာပြီ၊ ဒုက္ခပေးခဲ့တာ မဖြစ်နိုင်ဘူးလား။မည်သို့ပဲဖြစ်ဖြစ် မင်းတုန်းမင်းသားသည် ညီတော်ကနောင်မင်းသား ကို အဖော်ပြုလို့ ရွှေဘိုသို့ ထွက်လာခဲ့ပြီ။ ကနောင်မင်းသားကား ထက် မြက်ထူးချွန်သော အမျိုးကောင်းသားဖြစ်သည်။ ထို့ကြောင့်ပင်ဖြစ်မည်။ ပုဂံမင်း၏တပ်များနှင့် ရင်ဆိုင်တိုက်ရတိုင်း မင်းတုန်းကနောင်တပ်များကအောင်ပွဲခံခဲ့ခြင်းဖြစ်လေသည်။ နောက်ဆုံးတွင် အမရပူရရွှေနန်းကို သိမ်း မြန်းစိုးစံရသည်အထိ မင်းတုန်းကနောင်မင်းသားတို့၏ ရွှေဘုန်းရွှေကံက တက်လေသည်။

          မင်းတုန်းမင်းသားကို အမရပူရရွှေနန်းပေါ်သို့ ညီတော်ကနောင် မင်းသားက ပခုံးဖြင့်ထမ်းတင်ပါ၏။ မင်းတုန်းမင်းသားသည် ပုဂံမင်း နှင့် ၏ အရိုက်အရာကို အောင်မြင်စွာသိမ်းပိုက်ခဲ့ပြီလည်းဖြစ်ပါ၏။ ဤ။ အခြေအနေတွင် မင်းတုန်းမင်းအတွက် ပန်းခင်းလမ်းနှယ် ရှေ့ခရီးက သာယာနေပြီဟုလည်း ပြောနိုင်ကြပါ၏။ သို့သော် မင်းတုန်းမင်းအတွက်အမှန်စင်စစ်ဆိုလျှင် တိုက်ပွဲကားမပြီးသေး။ ထိုအချိန်က အမရပူရနိုင်ငံတော် နှင့် ဗြိတိသျှအစိုးရတို့ အကြား ဖြစ်ပွားနေသောစစ်ပွဲသည် မပြီးဆုံးသေး။အောက်ရပ်ဒေသတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေသည်။ ဗြိတိသျှ စစ်နယ်ချဲ့ဝါဒီတို့သည် ရခိုင်နှင့်မြစ်ဝကျွန်းပေါ်ဒေသမှသည် မြေထဲမြို့ အထိ တိုက်ခိုက်သိမ်းပိုက်ထားကြသည်။သည်အချိန်ကွင် အမပူရနိုင်ငံတော်ကို သိမ်းယူအောင်မြင်ခဲ့သော မင်းတုန်းမင်းသည် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ၊ ဒုတိယစစ်ပွဲတို့၏ အကျိုးဆက်များကိုလည်း ပခုံးပေါ်တွင် ထမ်းပိုးယူလိုက်ရလေသည်။သည်တွင် မင်းတုန်းဘုရင် အတွက် ချိန်ဆဆုံးဖြတ်ရန် ကိစ္စ လာသည်။ ဗြိတိသျှတို့နှင့် ဖြစ်ပွားနေသောစစ်ပွဲကို ဆက်တိုက်မှာလား” ရပ်စဲမှာလား၊

          မင်းတုန်းဘုရင်သည် တွေးခေါ်မြော်မြင်ဉာဏ်ဖြင့် ပြည့်စုံသူဖြစ်လေ သည်။ လက်နက်ကြီးရှင် အင်္ဂလိပ်တို့နှင့် ဆက်လက်တိုက်ခိုက်လို့ ဖြင့် အကျိုးအမြတ်ထွက်ဖွယ်မမြင် တပါးကျွန်လုံးလုံးဖြစ်သွားဖို့ပဲရှိသည်။ သည်တော့ ထားလိုက်ဦးမည်။ အင်္ဂလိပ်နယ်ချဲ့သမားနှင့် ထိပ်တိုက်မတွေ့ဘဲ ရှောင်လွှဲလို့ရသရွေ့ ရှောင်လွှဲနေမည်။ သည်အတွင်း ဆွေးနွေးညှိနှိုင်၊ လို့ ရလျှင် အောက်ရပ်ဒေသများကို ပြန်လည်လို့ပင် ရနိုင်ကောင်းပါရဲ့။

          မင်းတုန်းမင်းသည် ထိုသို့လည်း စိတ်ကူးယဉ်အိပ်မက် မက်နေလေ သည်။ မင်းတုန်းမင်းကြီးသည် အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲကို တိုးတန်းလန်းထားလိုက်လေသည်။ စစ်လည်းဆက်မတိုက်။ စစ်ပြေငြိမ်းစာချုပ်လည်းမချုပ်။ ရှိပစေ။ စစ်တိုက်ရမည့် အချိန်ကာလများတွင် နိုင်ငံပြုလုပ်ငန်းများလုပ်မည်။ ပုဂံမင်းလက်ထက်က စစ်ပဲတိုက်နေရသဖြင့် နိုင်ငံတော်မှာ ချွတ်ခြုံကျနေသည်။ အများပြည်သူတို့စီးပွားရေးမှာ ကုန်းကောက်စရာမရှိသည့်အခြေအနေ။ အလားတူပင် ဘာသာရေး လူမှုရေး ကိစ္စအဝဝတို့မှာ တောင်ပေါ်ရာမြက်ပြတ်အခြေအနေ၊သည်တော့ မင်းတုန်းမင်းတရားသည် ညီတော်ကနောင်မင်းကို အိမ်ရှေ့နန်းတွင်ထားပြီး မိမိကမူ နိုင်ငံပြုလုပ်ငန်းများကို အားသွန်၍လုပ် လေသည်။

          မင်းတုန်းမင်းသည် ဗြိတိသျှနယ်ချဲ့သမားကို မုန်းတီးသည်။ နာကြည်းသည်။ ဖြစ်နိုင်လျှင် ဗြိတိသျှဆိုသောအသံကို နားမှုလေသံမကြားချင် သို့သော် မင်းတရားသည့်အတွေးအခေါ်ရှိသောရွှေဉာဏ်ရှင်ဖြစ်သည်။ ဗြိတိသျှတို့ကို မုန်းတီး၊ နာကြည်းနေရုံဖြင့် ကိစ္စမပြီး။ သူတို့ထက် လက်နက် လူသူ စီးပွားအင်အား တောင့်တင်းအောင်လုပ်မှဖြစ်မည်။ နိုင်ငံတော်မှာ အင်အားရှိမှသာ ဗြိတိသျှစစ်တပ်ကြီးကို ပင်လယ်ထဲသို့ မောင်းချနိုင်မည်ဟု သူတွေးတောမိသည်။ သည်တော့နိုင်ငံတော် အင်အား ကြီးမားစေရန် ပထမ ဘာလုပ်ရမလဲ?

          မင်းတုန်းမင်းသည် “သူ့ အရိုးနှင့်ထိုး” ဆိုသည့်စီမံကိန်းကို အကောင်အထည်ဖော်လေသည်။ နန်းတော်တွင်းသို့ ဗြိတိသျှအမှုထမ်း၊ အရာထမ်းဧည့်သည်များကို ဖိတ်ခေါ်၏။ ထိုဧည့်သည်များမှတဆင့် ဗြိတိသျှတို့၏ လုပ်ထုံးလုပ်နည်းများကို လေ့လာ၏။ ထိုအခါ အောက် ပြည်အောက်ရွာ ရန်ကုန်မြို့၏ ကြီးကျယ်တိုးပွားမှု သတင်းများကို သူ ကြားရလေသည်။

          ရန်ကုန်မြို့တွင် မြန်မာဆန်ဆန် ဆောက်ထားသော ဝါးထရံကာ အိမ်များနေရာ၌ တိုက်တာအိမ်ခြေများ တည်ဆောက်ထားကြောင်း၊ ကြားသိရသည်။ နိုင်ငံတကာနှင့် ပင်လယ်ကူး ရောင်းဝယ်ဖောက်ကားရေး၊ လုပ်ငန်း ဖြစ်ထွန်းနေပုံကိုကြားသိရသည်။ ဟုတ်ပြီး မိမိတို့နိုင်ငံတွင်လည်း သူတို့လို ကျယ်ပြန့်သောမြို့တော် ခိုင်ခံ့သော စီးပွားကုန်သွယ်မှုမရှိသင့် ဘူးလား? ထိုမှတဆင့် ကြီးမားတောင့်တင်းသော လက်နက်ကိုင် တပ် မတော်ကြီး အတည်ပြု၍ မရနိုင်ပေဘူးလား?

          မင်းတုန်းမင်းကြီးသည် ထိုအတွေးအခေါ်များဖြင့် ချောင်ကျသော ဒေသမှ အမရပူရနေပြည်တော်ကို စွန့်ခွာရန်ကြံသည်း၊ နေပြည်တော်သစ်ကို ရာဝတီမြစ်ကမ်းနားဘေး ကျယ်ပြန့်သောလွင်ပြင်၌ တည်ဆောက်ရန်စီစဉ် သည်။ ဤသို့ဖြင့် မန္တလေးရတနာပုံ နေပြည်တော်သစ်ကြီး ပေါ်ထွန်း လာလေသည်။

          မန္တလေးရတနာပုံနေပြည်တော်ကား ခံညားထယ်ဝါသော အဆောက် အအုန်များ ကျောင်းကန်ဘုရား လမ်းတံတားတို့ဖြင့် အတင့်အတယ်ရှိပါပေ၏။ စနစ်တကျတည်ဆောက်ခဲ့သော မြို့တော်မှာ လမ်းအကွေ့အကောက် နည်း၏။ ယာဉ်ရထား အများပြည်သူသွားလာရေး လွယ်ကူသည်။

          မန္တလေးတောင်တော်မြတ်သည် နေပြည်တော်ကိုအုပ်မိုး၍ အပေါ်၊ ဖြင့်ကြည့်နေဟန်ရှိ၏။ တောင်ပေါ်၌လည်း ဘုရားပုထိုးကျောင်းကန်တို့ ဖြင့် တင့်တယ်စွာတည်ပြုခဲ့၏။

          ဓညဝတီရခိုင်ပြည်မှ ခက်ခဲစွာပင့်ဆောင်ခဲ့ရသော မဟာမြတ်မုနိ ရုပ်ပွါးတော်ကြီးသည် ရတနာပုံနေပြည်တော်၏ ကြီးကျယ်မြင့်မြတ်သော ကျက်သရေဆောင် အထိမ်းအမှတ်ဖြစ်လာလေ၏။ သည်မျှနှင့်မပြီးသေးထိုကျောင်း၊ ထိုကန်၊ ထိုဘုရားများဖြင့် တင့်တယ်လိုက်ဖက်သော မြနန်းတော်ကြီးကိုလည်း မင်းတုန်းမင်းက အခုံအထည် တည်ဆောက်လေ သည်။

          မင်းနေပြည်ကား တင့်ရွှန်းကျက်သရေ ထွန်းတင့်လှပါပေ၏။ ကြည့်ပါကျုံးရေပြင်သည် မြို့နန်းပြာသာဒ် အဆောင်ဆောင်အခန်းခန်းကို ဝန်းပတ်စီးဆင်းနေသည်။ နှင်းဆီနီရောင်သန်းနေသော မြို့ရိုးနှင့် သူရဲ ၊ အချွန်းအမွန်တို့သည် ကျုံးရေပြင်၌ အရိပ်ထင်လျက်ရှိသည်။

          ရွှေရောင်ဝင်းဝင်း ထိန်ထိန်လင်းနေသော ဘုရင့်ဖောင်တော်သည် ကရဝိတ်ငှက်၏အမောက်ကို ကောက်ကြွားစွာဝင့်ထူ၍ ရေပြင်၌ တငြိမ့်ငြိမ့်လှုပ်ခါနေသည်။

          သည်ဆီရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း မှန်းမျှော်လေတိုင်း ခံ့ညားသောအဆောက်အအုံများ ဝိုင်းနေသည့်ရွှေနန်းတော်၌ ၁၂၂၁ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး ပြောင်းရွှေစံနေတော်မူလေသည်။ မင်းတုန်းမင်းကြီး ရတနာပုံမန္တလေးနေပြည်တော်ကို တည်ပြုသောခုနှစ်ကို မှတ်ရလွယ်စေရန် ဤသို့မော်ကွန်းတင်ကြသည်။ အုတ်ကျစ်ကျော် မန္တလေး။

          မင်းတုန်းမင်းသည် ရတနာပုံနေပြည်တော်ကို တည်ထောင်အုပ်စိုးလျက်ရှိပြီ။ ဘာလိုသေးသလဲ၊ စိတ်တိုင်းကျနေပြည်တော်သစ်ကို မင်းတရား သိမ်းမြန်းစိုးအုပ်နေရပြီမဟုတ်လား။ လိုပါသေးသည်။ ရတနာပုံနေပြည် တော်တွင် အမှန်တကယ်ရတနာများ စုပုံပြည့်စုံနေရန် လိုပါသေးသည်။

          မင်းတုန်းမင်းကြီးသည် ထိုသို့ဖြစ်ပေါ်လာနိုင်ရန် ကြိုးပမ်းမှုတစ်ခုပြု လေသည်။

          ဗြိတိသျှတို့သိမ်းပိုက်ထားသော မြို့နယ်ကျေးရွာများထဲမှ အခြား မြို့ရွာတွေ ပြန်မရသော်မှရှိစေ။ ပုသိမ်မြို့ကိုတော့ ပြန်လိုချင်လေသည်။ ပုသိမ်မှာ ပင်လယ်သို့ ထွက်နိုင်သော ဆိပ်ကမ်းမြို့ မဟုတ်လား။ သည် မြို့ကိုသာ တို့များပြန်ရခဲ့သော် မြန်မာပင်လယ်ကူးသင်္ဘောများ ကမ္ဘာသို့ ခရီးဆန့်နိုင်မည်။ ထိုအခါ ရတနာပုံနေပြည်တော်နှင့် ကမ္ဘာ့နိုင်ငံများ အကြား အဆက်အဆံရှိလာနိုင်သည်။ သည်နည်းဖြင့်တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် စစ်ရေးကိစ္စများ ယခုထက်တိုးတက်လာနိုင် မကောင်းပါရဲ့။

          မင်းတုန်းမင်းသည် ထိုကိစ္စကို အကောင်အထည်ဖော်ရန်နေပြည် တော်၊ အင်္ဂလိပ်စာသင်ဆရာကြီး ဒေါက်တာမတ်ကို နန်းတော်သို့ ဖိတ် ခဲ့သည်။ ထို့နောက် မိမိမျှော်လင့်ထားသော စီမံကိန်းကို ဒေါက်တာမတ် အား မင်းတရားကြီးက ပြောပြလေသည်။

          “ဒေါက်တာမတ် မောင်မင်း လန်ဒန်မြို့တော်ကို ပြန်ရောက်တဲ့အခါ ငါချီးမြှောက်ဂုဏ်ပြုထားတာတွေ ဝိတိုရိယဘုရင်မကြီးထံ လျှောက်တင်ပါ။ မောင်မင်းတို့လို ဗြိတိသျှနိုင်ငံသား ပြည်သူအများကို ငါကိုယ်တော်တိုင် ကြင်နာစွာ ဆက်ဆံခဲ့တယ်မဟုတ်လား။ အဲဒါတွေလည်းလျှောက်တင်ပါ။ မန္တလေးနေပြည်တော်မှာ မောင်မင်းတို့ ခရစ်ယာန်ဘုန်းကြီးကျောင်းလည်းဆောက်လုပ်နေထိုင်ခွင့် ပြုထားတယ်မဟုတ်လား။ ပြီးတော့ ဗြိတိန်ပြည့် ရင် ဝိတိုရိယဘုရင်မကြီးရဲ့ ပုံတော်ကြီးကို ဗြိတိသျှ မစ်ရှင်က လက်ဆောင်ပေးခဲ့လို့ နန်းတွင်းမှာ ချိတ်ဆွဲထားတာ မောင်မင်း မြင်တယ် မဟုတ်လား၊ အဲဒါတွေ ဘုရင်မထံလျှောက်တင်ပါလေ" မင်းတုန်းမင်း တရားကြီး မိန့်ဆိုမှာကြားသမျှကို ဒေါက်တာမတ်က ခေါင်းငြိမ့်ဝန်ခံသည်။

          မင်းတုန်းမင်းကြီးက ထပ်မံမိန့်ကြားပြန်၏။

          “ဒေါက်တာမတ်၊ ငါပြောတာကိုသေချာစွာနားထောင်ပါ၊ မောင်မင်း လန်ဒန်မြို့တော်ကို ပြန်တဲ့အခါမှာ ဝိတိုရိယဘုရင်မကြီးအတွက် ရွှေ ပန်းအိုးကြီးတစ်လုံး၊ နန်းရင်းဝန်ကြီးလက်တုံးအတွက် လွယ်တစ်ခုလက်ဆောင်ပေးလိုက်မယ်။ ဒီပစ္စည်းတွေကို ငါကိုယ်တော်ရှင်မြတ်က သေမြတ်ချစ်ကြည်စွာ လက်ဆောင်တော်မူလိုက်ကြောင်း တင်လျှောက်ပါလေ... ပြီးတော့”

          မင်းတုန်းမင်းကြီးက အရေးအကြီးဆုံးအချက်ကို ဆက်လက်မိန့်မှာ ပြီး။

          “မောင်မင်းကိုယ်တိုင် ဝိတိုရိယဘုရင်မကြီးထံသို့ လျှောက်တင်ရမှာက ပုသိမ်မြို့ကို ငါတို့ထံသို့ ပြန်လည်လွှဲအပ်ပေးဖို့ပါပဲ”