Skip to product information
1 of 10

Other Websites

တက္ကသိုလ်စိန်တင် - မင်းတုန်းမင်း၏နောက်ဆုံးနေ့များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

သွေးစွန်းသော နန်းလုတိုက်ပွဲများ

မရပူရနိုင်ငံတော်၏ အခြေအနေသည် မကောင်းလှချေ။

ဘုရင်မင်းမြတ်၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဖရိုဖရဲ ဖြစ်နေသည်။ မင်းမှု ထမ်းတို့ အကျင့်ပျက်ကြသည်။ လာဘ်ပေးလာဘ်ယူမှုများက ဒုနှင့်ဒေး။ ငွေများ သူတို့က တရားနိုင်ကြ၏။ 'ပြည့်၀မ်းကို မဖောက်ရာ” ဟူဆိုရိုးစကား ရှိသည်။ သို့သော် လက်တွေ့တွင်မူ ဆင်းရဲသား ပြည်သူ၊ ကုန်သည်လယ်လုပ်၊ ဓားမခုတ် တို့မှာ စီးပွားရေး အဆင်မပြေ၊ သောက ပင်လယ်ဝေလျက်။မရှိတောင့်တ ရှိကြောင့်ကျနှင့် “ထမင်းတစ်လုတ် တုတ်တစ်ချက် ဆိုသည် ဒါပဲထင်ပါရဲ့" ဟု ပြောရမည့် အခြေအနေတည်း။

ပုဂံမင်း နန်းတက်စက အခြေအနေမှာ သည်မျှ မဆိုးဝါးလှပေ။ ဟန်းရှင်လူ ပြည်သူအများသည် နန်းတက်လာသော ပုဂံမင်းလက်ထက်တွင် နဲ့ အရင်က စိုးစံသူ၊ သားသားဝတီမင်းထက် ပိုမိုစည်ပင်ဝပြောစွာ ရှိလိမ့်မည် မျှော်မှန်းမိကြသည်။ သို့သော် “မှန်းချက်နှင့်နှမ်းထွက်”မှာတစ်ခြားစီဖြစ်လာသည်။ပုဂံမင်းသည်လည်း၊ ဘာသာကို ထုထားတာမို့လဲ။ သည်ပုဆိုးဝတ်သောအခါသည်အညစ်အကြေးပင်ပါပေလိမ့်မည်။

ပုဂံမင်းတရား နန်းတက်၍ မကြာမီပင် နိုင်ငံအနှံ့အပြားတွင် ပုန်ကန် အချို့ ပေါ်ပေါက်လာ၏။ သည့်နောက် အမရပူရမြို့ဝန် ဘိုင်ဆပ်နှင့် မြို့စားမောင်ပိန်တို့က နေပြည်တော်အတွင်းဝယ် အာဏာအလွဲသုံးစားမှုများ လုပ်လာ သည်။ ဝန်ကြီးတွေကလည်း သူ့အနေနှင့် ကြိတ်ဝိုင်းကလေးများနှင့် ညီလာခံ သည်။ ပြည်သူတို့သည် ဘိုင်ဆပ်နှင့် မောင်ပိန်တို့ လက်တွင် နှိပ်စက်ညှင်းပယ် ခံခဲ့ကြရ၏။အေးချမ်းသာယာစွာဖြင့်စီးပွားကုန်သွယ်မှုကိုမျှ မပြုနိုင်ကြပြီ။ သမီးပျိုများ ဖျက်ဆီးခံရမှုကို ဘယ်သူ့ကိုင်ရမှန်း မသိတော့၍ ဒူးနှင့် မျက်ရည် သုတ် ရသည်။ နီးရာဓားကို ကြောက်နေသည့် ဤ ကာလဝယ် ခေါင်းကို ငုံ့လျက် မျက်စိကို မှိတ်လျက်၊ နှုတ်ကို ပိတ်လျက်၊ ငုတ်တုတ်ခံခဲ့ကြရရှာသည်။

သည်ကာလ၀ယ် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတစ်ခြမ်းက ခပ်ကြမ်းကြမ်း ဝင်သိမ်းလေသည်။

“ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ'ဟု ကင်ပွန်းတပ်ရမည် ဖြစ်သော ဤ စစ် ဖြစ်ပွားရခြင်း အကြောင်းကို ရှာသော် မည်မည်ရရ မရှိပေ။ အပြစ်ရှာလို ဝံပုလွေ၏ ရှေ့တွင် ရောက်နေသော သိုးငယ်ဘဝဝယ် “နင်မဟုတ် နင့်အဖိုး ဖြစ်မည်” ဟု ကြိမ်းဝါးလျက် ကိုက်စားခံရခြင်းမျိုးနှင့် ဘာမျှ မခြားနားချေ။

အသေးအဖွဲကို အကြောင်းပြုလျက် အင်္ဂလိပ်စစ်တပ်များက အော မြန်မာပြည်တစ်ဝှမ်းကို တိုက်ခိုက် သိမ်းပိုက်ကြသည်။ တိုင်းပြည် ကျီးလန့် စား ဖြစ်ရ၏။ တောမီးလောင်သည်မို့ တောကြောင်တွေက လက်ခမောင်းခတ်ပြီး ပြန်သည်။ ခိုးသား မုဒိမ်းတို့ကလည်း တစ်စခန်းထလျက်ရှိ ကြလေသည် ပြည်သူတို့ကားပေးစရာလည်းငွေမရှိ၊ ပြေးစရာလည်း မရှိပြီ။ အမရပူရနိုင်ငံတော်အား စတုတ္ထအကြိမ် သိမ်းပိုက် နန်းတက်လာသူ ပုဂံမင် တရားကို စိတ်ကောင်းနှလုံးကောင်းရှိသူအဖြစ် သမိုင်းဆရာတို့က ရေးသည် မင်းတရားသည် ပြည်သူတို့အပေါ်တွင် ရင်ဝယ်သားကဲ့သို့ သနားသူ၊ မင်းကျင့် တရားမြတ်ကို အထပ်ထပ် စောင့်ထိန်းလေသူ၊ စစ်မက်ကိုမလို၊ တိုင်းပြည်နိုင်၏ စည်ပင်သာယာမှုကို မြတ်နိုးသူဟု ဆိုကြသည်။ ထားတော့၊တိုင်းပြည် တစ်ပြည် ကို အုပ်ချုပ်သူသည် စိတ်ကောင်း နှလုံးကောင်း ရှိရုံဖြင့် လုံလောက်ပြီလားပြည်သူကို ကြင်နာသည် ဆိုရုံဖြင့် ပြီးစတမ်းလား။ စစ်မက်ကို မလို၊ တိုင်းပြည် ငြိမ်းချမ်းစေလိုသူ ဖြစ်သည်ဆိုရုံမျှဖြင့် မင်းကောင်းမင်းမြတ်ဟု ဆိုစမှတ် ပြုရတော့ မည်လား။

မေးစရာ မေးခွန်းတွေက ရှိနေသည်။

ပုဂံမင်းတရားသည် စိတ်နှလုံးဖြူစင် သန့်ရှင်းသူ မှန်ပါ၏။ သို့သော် နိုင်ငံတော် အရေးအခင်းများကို စိတ်ပါဝင်စားစွာ ဖြေရှင်းဆောင်ရွက်ရမည်ထက်၊

အပျော်အပါးဖက်တွင် အလေးသာနေတတ်သည်။ ပြည်သူတို့၏ ပြဿနာအရပ်ရပ်ကို မေးမြန်း ဆွေးနွေးမည့် အချိန်၀ယ်ဘုန်းတော် အလွန်တရာ ကြီးမြတ်တော် မူသော ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားသည် ကြက်တိုက်နေလေသည်။ အလောင်းအစား အကစားမက်နေသော ဘုရင်မင်းမြတ်သည် မြန်မာနိုင်ငံ တစ်ခြမ်း ကို အရမ်းကာရော ဝင်သိမ်းသော နယ်ချဲ့အင်္ဂလိပ်စစ်တပ်များ၏ အန္တရာယ်ကို မည်သို့လျှင် ကာကွယ်နိုင်လိမ့်မည်နည်း။ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသတွင် ပြဿနာမီးပွားကို တစ်စစီ မွေးရင်း ချက်ကောင်းကို စောင့်နေသည်မှာ ကြာပြီး သိုးငယ်ကို ကိုက် သတ်မည့် ဝံပုလွေသည် အကြောင်းခိုင်လုံသည် မခိုင်လုံသည် အပထား၊ အကြောင်း ရှာနေသည်မှာ ကြာပြီ။ အကြောင်းရှာသည် ဆိုသော်လည်း ခက်ခက်ခဲခဲ ရှာရသည်တော့ မဟုတ်။ နိုင်ငံခြားသား များ ၀င်ထွက်သွားလာနေသော ရန်ကုန်မြို့ တွင် မြို့ဝန်လို ပုဂ္ဂိုလ်မျိုးကို မထိတထိ ရန်စရုံဖြင့် ပြဿနာကို ဖော်နိုင်သည်။

အင်္ဂလိပ်အမျိုးသားပိုင် ကုန်သင်္ဘောများနှင့် စစ်သင်္ဘောများသည် မြန်မာ ဘုရင်ပိုင် ရန်ကုန်မြို့ကို ဥဒဟို ဝင်ထွက်နေကြသည်။ ကုန်ရောင်းကုန်ဝယ် လုပ် ကြ၊ ဒေသအခြေအနေ လေ့လာစူးစမ်းကြ ရနိုင်သမျှ လျှို့ဝှက်သတင်းတွေ နိုက်ကြနှင့် လုပ်စားနေကြသည်။

သည်အချိန်ဝယ် အင်္ဂလိပ်အမျိုးသား ကုန်သည်များ စစ်မှုထမ်းများသည် ရန်ကုန်ဘက်သို့ ဝင်ထွက်ရင်း မြန်မာအစိုးရ၏ စည်းကမ်းဥပဒေကို ဖောက်ဖျက် ကျူးလွန်ကြသည်။ သို့ဖြင့် အင်္ဂလိပ်အစိုးရ အရာရှိများ၊ ကုန်သည်များနှင့် မြန်မာ ဘုရင့်အရာရှိများ၊ထိပ်တိုက်တိုးမိကြသည်။ အပြစ်ကျူးလွန်သူ နိုင်ငံသားများ ကို ဥပဒေနှင့်အညီ အပြစ်ဒဏ်ပေးရသည်။ မြန်မာအရာရှိတို့ ချမှတ်သော အမိန့်ကိုအင်္ဂလိပ်အမျိုးသားတို့က ပုံကြီးချဲ့ ကန့်ကွက်ကြ၏။ မြန်မာအစိုးရက ဖိနှိပ်သည် မတရားပြုသည်ဖြင့် အကြောင်းမျိုးစုံပြလေသည်။ စွဲချက်တင်လေသည်။

သည်မှတစ်ဆင့် မြန်မာအစိုးရက မလိုက်လျောနိုင်သော တောင်းဆိုချက် တွေကို သူတို့ တောင်းလာကြသည်။ မြန်မာအစိုးရက သူတို့ တောင်းဆိုချက် တွေကို ပယ်သောအခါတွင် ရာဇသံတွေ အမျိုးမျိုး ပေးပြီးနောက် လက်နက်အားကိုးနှင့် အနိုင်အထက် စစ်ပြုကြလေတော့သည်။

မြန်မာတို့အဆင်သင့် မရှိသော စစ်ပွဲကို ရင်ဆိုင်ကြပြီး မုတ္တမသည် ရှေ့သို့ ရိပ်ရိပ်တက်လာသော အင်္ဂလိပ်စစ်တပ်များ အင်အားကို မြန်မာတို့ မခံနိုင်ဖြစ်ရပြီ။ ရန်ကုန်သည် မကြာမီ ရန်သူ့လက် ရောက်ရသည်။ ပုသိမ်လည်း ကျသွား၏။ အင်္ဂလိပ်စစ်တပ်များသည် ပြည်၊ သရက်၊မြေထဲ မြို့များအထိမြားပစ် သလိုတရှိန်ထိုးချီလေသည်။ မြန်မာတပ်များသည် အရှိန်အဟုန်ကြီးစွာဖြင့် နောက်သို့ ဆုတ်ခဲ့ရ၏။

တိုင်းပြည်၏ အခြေအနေမှာ အပျက်ပျက်နှင့် နှာခေါင်းသွေထွက်ရသည့် အခါ ရောက်နေပါလား ။

ဤသို့သော အခြေအနေတွင် အမရပူရရွှေနန်းကို ကိုင်လှုပ်မည့် ဓားပြတိုက် မှု တစ်ခုသည် မင်းနေပြည်တွင် ဖြစ်ပွားခဲ့လေသည်။

သည်ဓားပြမှုကား နန်းပြာသာဒ်ထိပ်ဖျားသို့ တက်၍ လောင်မြိုက်မည့် အမှိုက်မီး ဖြစ်သည်။ ပုဂံမင်းအတွက် အကုသိုလ်ကံသည် အဖော်အပေါင်းနှင့် အိုးစည်ဗုံမောင်းနှင့် စည်စည်ကားကား လာလေပြီလား။

အမှန်ဆိုတော့ မြန်မာနိုင်ငံတစ်ခြမ်းကို အင်္ဂလိပ်စစ်တပ်များက ဝင်သိမ်းနေစဉ်၊ နန်းပလ္လင်ကို ကိုင်လှုပ်မည့် ဓားပြမှု တစ်မှု ဖြစ်ပေါ်လာခြင်းမှာ ကမ္ဘာမီးလောင်ချိန် ဆီမီးခွက်က ထတောက်ခြင်းပေတည်း။

၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြစ်၏။

အမရပူရ နေပြည်တော်ဝယ် မလျော်သည့်အခင်း၊ သတင်းဆိုးတစ်ရပ်ပေါ်လာသည်။

နေပြည်တော် အနောက်ပြင် ဓာတ်နန်းရပ်တွင် တခမ်းတနား နေထိုင်သော မိဘဲ” ၏ အိမ်သို့ ညဉ့်နာရီ ၂ ချက်တီးကျော်အချိန် လက်နက်ကိုင်လူဆိုးတို့ ၀င်လုလေသည်။ ဓားပြတို့သည် မိဘဲအိမ်မှ ရသမျှ အဘိုးတန်ပစ္စည်းများကို ကဲ့သည်။ ယင်းအဖြစ်ကာ၊ ရာဇဝတ်အိုးကိုတုတ်နှင့်ထိုးခြင်း ဖြစ်၏။ မကိုဠ်တော်ကို မီးတက်လောင်ခြင်းနှင့် ဘာမျှ မခြားတော့ပြီ။