Skip to product information
1 of 1

Other Websites

တက္ကသိုလ်စိန်တင် - ကမ္ဘာငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (၂)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

၅။ အမျိုးသားကျောင်းအုပ်ကြီး ဦးသန့် 

 

ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် အမှုထမ်းရသော ဦးသန့်၏ဘဝမှာ များစွာ ပျော်ရွှင်ကျေနပ်ခဲ့သည်။ ဦးသန့်သည် မူလကပင်

စာပေဝါသနာပါသူဖြစ်ခြင်းကြောင့် တပည့်များအား စာပေပို့ချသင်ကြားပေးခြင်းကို များစွာ ပျော်ရွှင်မိသည်။ ကျောင်းဆရာ အလုပ်မှာ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသကဲ့သို့ အတ္တဟိတ-ပရဟိတ နှစ်မျိုးနှစ်ဝ အကျိုးပေးသောအလုပ်လည်း ဖြစ်သည်ဟု ယူဆသည်။ ထိုအချိန်က အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၏ နောင်တစ်ခေတ် သားကောင်းကြယ်ပွင့် ကလေးများကို အရောင်လက်စေရန် ပွတ်တိုက်အမွန်းတင်ရသောကျောင်းဆရာ ဘဝတွင် စေတနာအပြည့်နှင့် ဦးသန့် မွေ့လျော်ခဲ့သည့်အချိန်အခါလည်း ဖြစ် သည်။

ဦးသန့် ကျောင်းဆရာအဖြစ် အမှုထမ်းနေချိန်သည် မြန်မာနိုင်ငံတွင် “ခေတ်စမ်းစာပေ'ဆိုသော အမည်ဖြင့် လူငယ်ပညာတတ် စာရေးဆရာတစ်စုက စာပေအရေးအသား နည်းသစ်ထွင်နေကြသော အချိန်လည်း ဖြစ်သည်။ ခေတ်စမ်းစာပေကို ခေါင်းဆောင် တီထွင်၍ မြေစမ်းခရမ်းပျိုးကြသူများတွင် ဆရာကြီး ဖာနီဗယ်၏ ဂန္တလောကမဂ္ဂဇင်းအသိုင်းအဝိုင်းမှ စာရေးဆရာ လူငယ် တစ်စုလည်း ထိပ်ဆုံးမှ ပါရှိခဲ့လေသည်။ ထို့ပြင် အခြားစာနယ်ဇင်းပေါင်း များစွာလည်း ပေါ်ထွက်လာလိုက် ပျောက်ကွယ်သွားလိုက်နှင့် မြန်မာစာပေ

လောကတွင် စာနယ်ဇင်းများ အလှုပ်ရှားဆုံးအချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဦးသန့်သည် စာပေဆောင်းပါးများ စတင်ရေးသား၍ ဂန္ထလောကအပါအဝင် မဂ္ဂဇင်းများ၊ ဂျာနယ်များသို့ ပို့သည်။ စာပေဝါသနာအရ အနှစ်နှစ်အလလ လေ့လာခဲ့သူတစ်ဦးဖြစ်သည့်အားလျော်စွာ ဦးသန့်၏စာပေလက်ရာများမှာ စာနယ်ဇင်းတို့တွင် အပယ်ခံရသည်ဟူ၍ မရှိလှပေ။ ရွေးချယ်ဖော်ပြခြင်း ခံရ သည်က များသည်။

ထိုအချိန်သည် မိမိ၏ကလောင်နာမည် “သီလဝ'နှင့် မိမိ ရေးသားသော စာပေကို ပုံနှိပ်စာလုံးအဖြစ် တွေ့ရသော ဦးသန့်အဖို့ စာရေးဆရာ သန္ဓေမျိုးစေ့ စတင်တည်ပျိုးခဲ့သောအချိန်ဟုလည်း ဆိုနိုင်ပေသည်။ ဦးသန့်သည် ၁၉၂၉ခုနှစ်မှ ၁၉၃၀-ခု နှစ်ကုန်အထိ အထက်တန်းပြဆရာအဖြစ် ၂-နှစ် လုပ်ဆောင် ခဲ့ပြီးနောက် မြန်မာနိုင်ငံ အစိုးရပညာရေးဌာနမှ ကျင်းပပြုလုပ်သော အထက် တန်းဆရာဖြစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။ ထိုစာမေးပွဲတွင်

ကျောင်းဆရာလောက၌ ဦးသန့် တွေ့ခဲ့ရသော အတွေ့အကြုံဗဟုသုတနှင့် စာတွေ့ ကျက်မှတ်ထားသော ပညာဗဟုသုတနှစ်မျိုး၏ အကျိုးကျေးဇူးမှာ သိသာထင်ရှားလာခဲ့သည်။ ဦးသန့်သည် မြန်မာတစ်ပြည်လုံး၌ ပထမရပေသည်။

ကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ်က ဦးသန့်ကို တပည့်ကျောင်းသူကျောင်း သားများက အထူးချစ်ခင်လေးစားကြပေသည်။

အမျိုးသားအထက်တန်းကျောင်းတွင် ဆရာသန့်ဆိုလျှင် ကျောင်းသား တိုင်းက ချစ်ခင်သည်။ စာပေသင်ကြားပြသမှုတွင် စေတနာ အလေးထားသူ ဖြစ်သည့်အပြင် ပြုံးရွှင်ဖော်ရွေစွာ ရှိတတ်သောသူ၏အမူအကျင့်သည် လူတိုင်း ချစ်ခင်လေးစားစေသည့် အဓိကအချက်ပင် ဖြစ်ပါပေသည်။ ထိုအချိန်တွင် ဦးသန့်သည် ရန်ကုန်မြို့ အမျိုးသားပညာရေးကောင်စီ (Council of National Education) အဖွဲ့ကြီး၏ အမှုဆောင်ကော်မီတီတွင် ပါဝင်၍ အမျိုးသားပညာရေး ကြီးပွားတိုးတက်ရေးကောင်စီ (CNE)မှ ထုတ်ဝေသော (National Educationist) soup soujeaus:opco:onec:opecuali အခါအခွင့်သင့်တိုင်း ဆောင်းပါးများ ပါဝင်ရေးသားခဲ့သည်။

ထိုမဂ္ဂဇင်းကို ယင်းခေတ်က အမျိုးသားပညာရေး ခေါင်းဆောင်ကြီး များဖြစ်ကြသော အမျိုးသားပညာဝန် ဦးဖိုးကျား၊ ဦးစိုးဝင်း၊ နေရှင်နယ် ဦးမြင့် စသည့် ပုဂ္ဂိုလ်ကြီးများ ဦးစီးထုတ်ဝေနေခြင်းဖြစ်ပေသည်။

သူရိယနှင့် မြန်မာ့အလင်းမဂ္ဂဇင်းများထဲတွင်လည်း ဦးသန့်သည် စာပေ ဆောင်းပါးများ ရေးသားခဲ့သည်။ ဂန္ထ လောကမဂ္ဂဇင်းတွင်ကား ဦးသန့်သည် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာများဖြင့် စာပေဆောင်းပါးကဗျာများကို ၁၉၃၀ ခုနှစ်မှစ၍ အဆက်မပြတ် ရေးခဲ့သည်။ ဦးသန့်၏ချစ်မိတ်ဆွေ ဦးနုသည် ပန်းတနော်မြို့တွင် ကျောင်းဆရာလုပ်ရင်း ဖူးစာရှင်ကို တွေ့လေသည်။ ဦးနု နှင့် ချစ်ကြိုက်နေသူမှာ ပန်းတနော်အမျိုးသားအထက်တန်းကျောင်း အုပ်ချုပ် ရေးကော်မီတီဥက္ကဋ္ဌ ဆန်စက်ပိုင်ရှင် ဦးအောင်ငြိမ်း၏သမီးဖြစ်သူ ဒေါ်မြရီ ဖြစ်လေသည်။ ဦးနှင့် ဒေါ်မြရီတို့ ချစ်ကြိုက်နေကြသော်လည်း နီးဖို့ရာမမြင်

ပေ။ ဦးနုမှာ ထိုစဉ်က ငွေကြေးချမ်းသာသူတစ်ယောက် မဟုတ်ပေရာ ' ဒေါ်မြရီ၏ မိဘများမှာ ဦးနုနှင့် သမီးဖြစ်သူတို့ကို မည်သို့မှ သဘောမတူနိုင် ဖြစ်လေသည်။ ။တစ်နေ့တွင် ဒေါ်မြရီသည် မိဘများအိမ်မှ ထွက်ပြေးလေသည်။ ဒေါ်မြရီက ဦးနုနေသောအိမ်သို့ ထွက်ပြေး၏။ သို့သော်... ဦးနုမှာ ဝါးခယ်မ

မြို့ရှိ မိဘများဆီသို့ ပြန်နေခိုက်ဖြစ်၍ လွဲနေ၏။ ထိုအချိန်တွင် ဒေါ်မြရီ၏ မိဘများမှာ ရဲဌာနာသို့ သွား၍ သမီးဖြစ်သူသည် လက်ဝတ်လက်စားများ

ခိုးယူထွက်ပြေးသွားကြောင်းဖြင့် တိုင်ကြားအမှုဖွင့်လေသည်။ ဒေါ်မြရီသည် ပန်းတနော်မြို့နှင့် ငါးမိုင်ကွာ တော်တရရွာ ဆန်စက်ပိုင်ရှင် ဦးဘိုးရင်၏တိုက်၌ ပုန်းအောင်း၍ နေပြီး ဦးနု၏လူများက ဦးနုကို အမြန် လိုက်၍ ခေါ် ကြသည်။ ဦးနုသည် မော်တော်ဘုတ်ဖြင့် ပြန်လာ၍ ဒေါ်မြရီနှင့် တွေ့ပြီးလျှင် ချစ်သူနှစ်ဦး ရန်ကုန်သို့ ပြေးကြလေသည်။

ဦးနုနှင့် ဒေါ်မြရီတို့ကို သမီးရှင်မိဘများက နောင်အခါတွင် သဘောတူ လက်ထပ်ပေးသော်လည်း ဦးနုသည် ပန်းတနော်သို့ မပြန်တော့ပေ။ ဦးနု၏

ကျောင်းအုပ်ကြီးရာထူးကို ဦးသန့်ကလွှဲယူရသည်။ ယခုအခါတွင် ဦးသန့်က

ကျောင်းအုပ် (Superintendent) ရာထူးနှင့် ကျောင်းဆရာကြီးရာထူး (HeadMaster) ရာထူးများကိုပါ ပူးတွဲ၍ဆောင်ရွက်ရလေသည်။ ဦးသန့်ကို ရန်ကုန်ရောက် ဦးနုက ဖိတ်ခေါ်ပြီးလျှင် ထိုစဉ်က အမျိုးသားလှုပ်ရှားမှုများ တွင် ပါဝင်ဆောင်ရွက်နေသော ကိုအောင်ဆန်းနှင့် မိတ်ဆက်ပေးသည်။ ဦးနု သည် ယခုအခါတွင် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက် တက်ရောက်ပြီး ဥပဒေပညာများ သင်ယူနေ သာအချိန်ဖြစ်၏။

ဦးသန့်သည် ရန်ကုန်သို့ မကြာခဏဆိုသလို သွားနေရသည်။ မြန်မာ နိုင်ငံ ကျောင်းသုံးစာအုပ်ကော်မီတီ၊ အမျိုးသားပညာရေးကော်မီတီ၊ ကျောင်း အုပ်ဆရာကြီးများ အသင်း၏ အစည်းအဝေးပွဲများသို့ တက်ရောက်ရန် ဖြစ်၏။ ဦးသန့်သည် ထိုအချိန်က မည်သည့်နိုင်ငံရေးပါတီနှင့်မျှ ဆက်သွယ် ခြင်းမရှိပေ။ သူသည် နိုင်ငံ၏အရေးအခင်းများကို ဆောင်ရွက်ရန် ဝါသနာ ကြီးသူဖြစ်သော်လည်း နိုင်ငံရေး အယောင်ဆောင်၍ လက်သီးလက်မောင်း တန်းပြီး လုပ်ချင်ရာလုပ်နေသူများကို သူ မနှစ်မြို့။ နိုင်ငံရေးသမား ဆိုသူ

များကလည်း အတော်ပင် ခက်သော လူတန်းစားတစ်ရပ် ဖြစ်သည်။ နာမည်  ကျော်ကြား လူသိများရန်ကိုလည်းကောင်း၊ တစ်ဦးနှင့် တစ်ဦး စည်းလုံးရမည် - အချိန်တွင် ပုတ်ခတ်ကွဲပြားနေရန်ကိုလည်းကောင်း ကြိုးစားသူများဖြစ်သည် ကို ရာနှုန်း တော်တော်များများ တွေ့ရတတ်သည်။ ။

ဦးသန့်၏ကြိုးစားမှုနှင့် ထူးချွန်မှု စေတနာထားမှုတို့သည် အသက် ငယ်ငယ်နှင့် ရာထူးကြီးကြီးကို လက်ခံဆောင်ရွက်ရသည်ထိ အကျိုးပေးခဲ့၏။ [ ၁၉၃၁ ခုနှစ် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းအုပ်ကြီးအဖြစ် ဦးသန့် ရာထူး တိုးမြှင့်ဆောင်ရွက်ရသောအခါတွင် သူ့အသက်မှာ ၂၂-နှစ်သာ ရှိ သေးသည်။ ဦးသန့်သည် အသက် ၂၆-နှစ်အရွယ် ၁၉၃၅-ခုနှစ်တွင် ပန်းတနော် မြို့နေ ဆေးလိပ်ခုံပိုင်ရှင် ဒေါ်ကျေး၏သမီး `မသိန်းတင်နှင့် လက်ထပ်ခဲ့သည်။

မသိန်းတင်မှာ စစ်ကိုင်းခရိုင် တံတားဦးမြို့ အထက်တန်း ရှေ့နေ ဦးသင်း ဒေါ်ကျေးတို့၏သမီးဖြစ်သည်။ မသိန်းတင်ကို တံတားဦးမြို့တွင်

မွေးဖွားသည်။ ဒေါ်ကျေးမှာ ပန်းတနော်မြို့ ဇာတိ ဖြစ်သော်လည်း ရောင်နောက် | ဆံထုံးပါဆိုသကဲ့သို့ ရှေ့နေဦးသင်းနှင့် အိမ်ထောင်ကျပြီး တံတားဦးမြို့သို့ လိုက်နေထိုင်ရစဉ် မသိန်းတင်ကို မွေးဖွားခဲ့သည်။

မသိန်းတင်၏ဘခင် ဦးသင်းမှာ တံတားဦးမြို့၌ ၉၆-ပါးရောဂါနှင့် ကွယ်လွန်အနိစ္စရောက်သောအခါတွင် ဒေါ်ကျေးသည် တံတားဦးမြို့ကို စွန့် ခွာ၍ တစ်ဦးတည်းသော သမီးငယ်နှင့်အတူ ပန်းတနော်မြို့သို့ ပြန်လာခဲ့ပြီး သမီးမသိန်းတင်နှင့်အတူ ဆေးပြင်းလိပ်ခုံထောင်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ဒေါ်ကျေး၏ ဆေးလိပ်ခုံလုပ်ငန်းမှာ အောင်မြင်မှုရသဖြင့် သားအမိနှစ်ယောက် မပူမပင်စားသောက်နေထိုင်ကြသည့်ပြင် မူလကလည်း ငွေကြေးချမ်းသာသူများ ဖြစ်ခြင်းကြောင့် ဒေါ်ကျေးတို့သားအမိမှာ ပန်းတနော် မြို့ပေါ်တွင် မသိသူရှားခဲ့သော သူများလည်းဖြစ်ခဲ့သည်။ ဒေါ်ကျေးသည် ဘတဆိုးသမီးငယ်ကို သမီးတစ်ယောက်ဆို ဆိုသလောက်ပင် ချစ်မြတ်နိုး

သည့်အားလျော်စွာပင် ပိပိရိရိ လိမ္မာရေးခြားရှိအောင် ပုံပြင်သွန်သင်ခဲ့သည်။ မသိန်းတင်ကလည်း မိခင်၏ဆေးလိပ်ခုံကို ဦးစီး၍ လုပ်ဆောင်ရင်းဖြင့် ဗိုင်းကောင်းကျောက်ဖိဆိုသကဲ့သို့ လိမ္မာရေးခြားရှိစွာ နေထိုင်ခဲ့သည်။

- ဤသို့ဖြင့် မသိန်းတင်၏ အချောအလှသဘာဝနှင့် လိမ္မာရေးခြား ရှိခြင်းကြောင့် ပန်းတနော်မြို့ပေါ်ရှိ လူပျိုကာလသားတို့လောကတွင် မသိန်းတင် ၏ ဂုဏ်သတင်းမှာ ပျံ့သင်းမွှေးကြွယ်လျက်ရှိခဲ့သည်။ ဦးသန့်နှင့် မသိန်းတင်တို့ လက်ထပ်ကြရာတွင် ဦးသန့်သည် မိမိ၏ ဇနီးလောင်းကို မိခင်ကြီး သဘော တူရအောင် အတော်အတန် ကြိုးပမ်းဆောင်ရွက်ခဲ့ရပေသည်။ ။

ဦးသန့်အနေဖြင့် မသိန်းတင်ကို ချစ်ခင်နှစ်သက်သော်လည်း အခြား ကာလသားများလို ဣမဲ့ ပိုးပန်းခြင်းကား လုံးဝမရှိခဲ့။ မြို့၏ အလှ သရဖူကို မြတ်နိုးကြည်ဖြူခြင်းရှိသည်မှာ မငြင်းသာပါ။ သို့သော် ခက်နေသည်

မှာ ဦးသန့်အနေဖြင့် မိန်းမသူငယ်ချင်းများနှင့်ပင် ရဲရဲတင်းတင်း ဆက်ဆံ နေထိုင်ခဲ့ခြင်းမရှိ၍ ဖြစ်ပေသည်။ ဦးသန့်သည် အထက်တန်းကျောင်းတွင် | နေစဉ်ကလည်း ကျောင်းသူများနှင့် ရောထွေးယှက်တင်မနေတတ်ပေ။ အတန်း ထဲတွင် စာတော်သူဖြစ်သောကြောင့် ကျောင်းသူအများက ဦးသန့်နှင့် ဖော် စွာ ပေါင်းသင်းလိုကြသော်လည်း ဘုန်းကြီးလူထွက်ကြီးလို နေတတ်ထိုင်တတ် သော လူတည်ကြီး ဦးသန့်နှင့် ထိုမိန်းကလေးများမှာ မည်သို့မျှပေါင်း၍ ရေး -

တက္ကသိုလ်သို့ ရောက်သောအခါတွင်လည်း အင်းလျားသူ တက္ကသိုလ် ပျိုဖြူတို့နှင့် ဦးသန့်သည် ဖက်စပ်၍မရ ဖြစ်နေပြန်သည်။ ဦးသန့် သည် တက္ကသိုလ်သို့ လာခြင်းမှာ ပညာရေးရည်ရွယ်ချက်ကလွဲ၍ တခြား `ဟာမှမရှိဟူသော မူကို စွဲမြဲဆုပ်ကိုင်ထားခြင်းဖြင့် တက္ကသိုလ်ပျိုဖြူများနှင့် ပေါင်းသင်းရန် စိတ်မကူးခဲ့ပေ။ ယခုတဖန် အမျိုးသားကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြန်သောအခါ အသက်မှာ ၂၆-နှစ်သာ ရှိသေးသော် လည်း မြို့မျက်နှာဖုံး လူကြီးစာရင်းတွင် ထိပ်တန်းက ပါနေသူ ဖြစ်သည်။ သို့ဖြစ်ရာ လူပျိုတို့၏ဘာဝ မိန်းမပျိုများနှင့် ပိုးပန်းလည်ပတ်ရန် မဖြစ် တော့သည့်အခြေသို့ ရောက်လာသည်။

လူပျိုလူသန့် ရာထူးကြီးရှင်ဖြစ်သောကြောင့်လည်း ဦးသန့်သည် သမီးပျို မိဘရှင်များ၏ မျက်စေ့ကျခြင်းကို ခံရသည်။ ဦးသန့်၏ မိခင်ကြီး ဒေါ်နန်းသောင်ထံသို့ လူကိုယ်တိုင်တစ်မျိုး၊ ကြားလူလွှတ်၍တစ်သွယ်၊ သမီးရှင် များက စေ့စပ်စကား ကမ်းလှမ်းခဲ့ကြလေသည်။ ဦးသန့်သည် မည်သူ့ကိုမှ စိတ်မဝင်စား၊ သိက္ခာပြည့်စုံသော မသိန်းတင်၏ အမူအရာကိုသာ နှစ်သက်သည်။ မသိန်းတင်ကိုသာ မြတ်နိုးသည်။ မသိန်းတင်နှင့်သာ လက်ထပ်ချင်သည်။ သို့သော် မသိန်းတင်မှာ ဦးသန့်ထက် အသက်အနည်းငယ် ကြီးနေသည်။ ဤကိစ္စအတွက်ပင် ဦးသန့်၏ မိခင်ကြီးက သိပ်ပြီး သဘောမကျနိုင် ဖြစ်နေ သည်။ ။

ဦးသန့်၏ မိခင်ကြီးသည် မသိန်းတင်၏ အရည်အချင်းများကိုကား နှစ်သက်ပြီး ဖြစ်နေပေသည်။ ထို့ပြင် မသိန်းတင်ကို ငြင်းရန် မလွယ်သော ကိစ္စတစ်ရပ်လည်း ရှိသေးသည်။ ယင်းမှာ ဦးသန့်၏ဘကြီးဖြစ်သူ ဦးအိုးသစ်သည် မသိန်းတင်၏ အဒေါ်ဖြစ်သူနှင့် အကြောင်းပါခဲ့၍ ဖြစ်သည်။ ဤသို့ဆိုလျှင်

ဆွေရိပ်မကင်း၊ မျိုးရိပ်မကင်း ဖြစ်နေပေသည်။ မသိန်းတင်မှာ ပါဠိစာပေကို | သင်ကြားတတ်မြောက်၍ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသော မိန်းမပျို ကလေးတစ်ဦးလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုသည်။ ဘုရားဝတ်၊ တရားဝတ်၊ သံဃာဝတ်ကို အစဉ်မပြတ် စေရန် ဂရုဓမ္မပြုသူကလေး ဖြစ်သည်။ ။

အရပ်ထဲတွင် ပြောနေသည့် စကားများအရဆိုလျှင် မသိန်းတင်မှာ ဦးသန့်နှင့်သာ မတွေ့ခဲ့လျှင် မယ်သီလလုပ်ရန်ပင် အစီအစဉ်ရှိပြီးသားဟု ဆိုကြလေသည်။ ဦးသန့်သည် မိခင်ကြီးအား မသိန်းတင်နှင့် လက်ထပ်ပေး ရန် အနူးအညွတ် ဖျောင်းဖျပြောဆိုခဲ့၏ ။ ခက်သည်မှာ ဦးသန့်၏ညီဖြစ်သူ ဦးခန့်၏ အိမ်ထောင်ရေးပြဿနာ ဖြစ်ပေါ်စဉ်ကလည်း ဦးသန့်သည် ညီဖြစ်သူ အား မိမိ၏ ချစ်သူကို မယူရန် မိခင်ဘက်မှ ဝင်၍ ကန့်ကွက်ပေးခဲ့သူ ဖြစ်သည်။ ဦးခန့်သည်လည်း မိမိထက် အသက်အနည်းငယ်ကြီးသော ဒေါ်စောရင်နှင့် ချစ်ကြိုက်နေသည်။ ဦးသန့်သည် ညီဖြစ်သူအားကိုယ့်ထက် အသက်ကြီးသော မိန်းမကို မယူသင့်ကြောင်း ဆုံးမစကားပြောကြားခဲ့သည်။

သို့သော် ဦးခန့်သည် မိမိချစ်သူ ဒေါ်စောရင်ကို ခိုးယူထွက်ပြေးခဲ့ လေသည်။ ဤသို့ဖြင့် ညီဖြစ်သူ၏ အိမ်ထောင်ရေး ပြဿနာကို လူပျိုကြီး ဦးသန့်က ဝင်၍ရှင်းပေးစဉ်က သူ့ ဆောင်ရွက်မှုမှာ မအောင်မြင်ခဲ့။ ညီဖြစ်သူအား အသက်ကြီးသူကို မယူစေချင်သော ဦးသန့်သည် နောက်ဆုံးတော့ အလျှော့ပေးခဲ့ရသည်။ သို့သော် ဦးသန့်၏ ချစ်သူမှာလည်း မိမိထက် အသက်ကြီးသူတစ်ယောက် ဖြစ်နေပါတော့သည်။ စင်စစ်ဆိုသော် ဦးသန့်သည် ဦးခန့်၏ အိမ်ထောင်ရေးပြဿနာဖြစ်စဉ်က မိခင်ကြီး စိတ်ချမ်းသာစေရန် အတွက်သာ ဦးခန့်ကို တားဆီးခဲ့ခြင်း ဖြစ်သည်။ ကိုယ်ရေးကြုံလာသောအခါ တွေက ဦးသန့်သည်လည်း အသည်းနှလုံးက အမြစ်တွယ်၍လာသော အချစ်ကိုသာ ဦးစားပေးခဲ့မိပေသည်။

ဦးသန့်၏ မိခင်ဒေါ်နန်းသောင်သည် ဦးသန့်၏ ချစ်သူကို များစွာ ကန့်ကွက်တားဆီး မလုပ်ခဲ့ပါချေ။ ထောက်ထားစရာတွေကလည်း အမြောက် အမြားရှိနေသည်။ သားကြီးဖြစ်သူကလည်း မသိန်းတင်ကို အလွန် မြတ်နိုး ချစ်ခင်နေပြီ။ မသိန်းတင်ကလည်း လိမ္မာရေးခြားရှိသည်။ သားဖြစ်သူ စိတ်ဆင်းရဲစေရန် မပြုမူလိုသော အကြောင်းကြောင်းကြောင့်ပင် သားနှင့် မသိန်းတင်ကို လက်ထပ်ရန် သဘောတူခဲ့၏ ၊ ဦးသန့်နှင့် ဒေါ်သိန်းတင်တို့ကို စေ့စပ်ထားလိုက်သည်။ သို့သော်လက်ထပ်ပွဲကို ချက်ချင်းမလုပ်ပေ။ ဦးသန့်သည် ညီဖြစ်သူ ဦးသောင်း ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရစာမေးပွဲ အောင်သည်အထိ စောင့်ရမည်ဖြစ်ပြီးလျှင် လက်ထက်ပွဲကိုလည်း ဝါကျွတ်မှ ကျင်းပရမည် ဖြစ်ပေသည်။ သောကြာနေ့ မွေးသော ဦးသန့်နှင့် စနေနေ့မွေးသော ဒေါ်သိန်းတင် တို့နှစ်ဦးအတွက် နေ့ကောင်းရက်သာများကို ရွေးကြသည်။ ၁၉၃၄-ခုနှစ် နိုဝင်ဘာလထဲတွင် လက်ထပ်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်ထားကြသည်။

တွင်ကား ဦးသန့်သည်ဦးသန့်သည် လက်ထပ်ရက်ကို စိတ်ရှည်လက်ရှည် စောင့်ခဲ့သည်။ ဒေါ်သိန်းတင်ကလည်း ဦးသန့်မိဘဘက်မှ စီစဉ်သမျှကို နားထောင် လိုက်နာသည်။ ဤသို့ဖြင့် ၁၉၃၄-ခု နိုဝင်ဘာလထဲတွင် ဦးသန့်၏ လက်ထပ်ပွဲကို ဒေါ်သိန်းတင်၏မိခင် ဒေါ်ကျေး၏အိမ်တွင် စည်ကားစွာ ကျင်းပခဲ့ရသည်။ နှစ်ဘက်မိတ်ဆွေ အပေါင်းအသင်းများမှာ မင်္ဂလာပွဲသို့ စည်ကားစွာ လာရောက်ကြလေသည်။

ဒေါ်သိန်းတင်ကား ဦးသန့်လို စိတ်သဘောထားပြည့်ဝသူ တစ်ဦးကို ခင်ပွန်းတော်ရသဖြင့် များစွာဝမ်းသာမိ၏။ ဦးသန့်၏ အရည်အချင်းကို ဒေါ်သိန်းတင်၏ သူငယ်ချင်း မိန်းကလေးများက ကောင်းစွာ သိသဖြင့် ဒေါ်သိန်းတင်ကို “ဦး- လင်ကောင်းသားကောင်းရတာပါ မသိန်းတင်ရယ်၊ ထီပေါက်ထာပါပဲ” ဟု ဝမ်းသာအားရ ပြောခဲ့ကြပေသည်။ မှန်သည်။ ထိုအချိန်က မြို့မျက်နှာဖုံး လူကြီးလူကောင်းတစ်ဦးလည်း ဖြစ်သော ခေတ်ပညာတတ်လည်း ဖြစ်သော၊ အလွန်ပင် စိတ်သဘောထား ပြည့်ဝသူ လည်း ဖြစ်သော ဦးသန့်ကို လက်ဆက်ရသော မိန်းကလေးများအဖို့ များစွာ ကံကောင်းသည်ဟု ဆိုရချေမည်။ ။

ဦးသန့်၏ ဘ၀ခရီးမှာ ထိုအချိန်မှစ၍ ပျော်မွေ့ ချောမောစွာဖြင့် | ခရီးဆက်ခဲ့ရပြန်သည်။ ဦးသန့်မှာ မိမိအတွက် ဘဝခရီးကို အတူလက်တွဲ၍ သွားရတော့မည့် ဇနီးချော၊ ဇနီးအလိမ္မာကို ရခဲ့သဖြင့်လည်း အကျေနပ်ကြီး

ကျေနပ်ခဲ့သည်။ မိခင်အိုကြီးကို လုပ်ကျွေးသမှုပြု၍ ကျေးဇူးဆပ်ခွင့်ရသော ' ကြောင့်လည်း ဝမ်းသာပျော်ရွှင်ခဲ့ရသည်။ ထို့ပြင် မိမိဝါသနာပါသော ကျောင်း

ဆရာအလုပ်ဖြင့် အနာဂတ် မြန်မာနိုင်ငံ၏ သားသမီးကောင်းကလေးများကို ပြုစုပျိုးထောင်ပေးရလျက် ရှိသဖြင့်လည်း စိတ်တွင် ကြည်နူးမှု အထူးဖြစ်ခဲ့ရ

သည်။

ထိုမျှသာမဟုတ်သေး၊ ဦးသန့်သည် တဘက်မှာ စာရေးဆရာ ဦးသန့် အဖြစ်ဖြင့် တိုင်းပြည်၏ တာဝန်ကို ထမ်းခဲ့ပြန်သည်။ ၁၉၃၀-ခုနှစ်ဆီမှစ၍ မြန်မာနိုင်ငံ စာနယ်ဇင်းများ၌ စာရေးဆရာကြီးသန့်၏ စာပေဆောင်းပါး၊ ကဗျာများ ဝေဝေဆာဆာပင် ပါရှိလာခဲ့သည်။ ဦးသန့်သည် ကျောင်းလုပ်ငန်းကို

ကျောင်းချိန်တွင် ဆောင်ရွက်၍ ကျန်အချိန်များတွင် စာပေရေးသားခြင်းဖြင့် အချိန်ကုန်စေသည်။ နံနက်တိုင်းပင် ရွှေမြင်တင်ဘုရားဆီသို့ အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလေ့အကျင့်တစ်ခု ပြုခဲ့သည်ကို လည်း ဝတ်မပျက်။ ဦးသန့်သည် ဘိလိယက်ထိုးလည်း ဝါသနာပါခဲ့သည်။ သူငယ်ချင်း အရာရှိများနှင့် စာတိုက်လမ်းရှိ အစိုးရကလပ်တွင် သွားရောက်၍ ညနေတိုင်း ဘိလိယက်ထိုးတတ်သည်။ ကမ်းနားလမ်း ကလပ်တွင်လည်း ရံခါပင် သွားရောက်၍ ဘိလိယက်ထိုးတတ်သည့်အခါလည်း ရှိ၏။

ဦးသန့်သည် လက်ထပ်ပြီးသောအခါတွင် ယောက္ခမဖြစ်သူ ဒေါ်ကျေး၏ စဉ့်အိုးတန်းရပ်နေအိမ်သို့ လိုက်ပါ ပြောင်းရွှေ့၍ နေထိုင်ခဲ့သည်။ ဦးသန့်၊ ဒေါ်သိန်းတင်တို့တွင် သားဦးကလေး မောင်ဘိုကို ဖွားမြင်ခဲ့သည်။ သားဦး ဦးသန့်နှင့် ဒေါ်သိန်းတင်တို့က ရူးမတတ် ချစ်သည်။ အဖွားဖြစ်သူ ဒေါ်နန်းသောင်နှင့် ဒေါ်ကျေးတို့ကလည်း မြေးဦးမို့ အသည်းစွဲ ချစ်ကြရပေ သည်။ မောင်ဘိုကလေးမှာလည်း ချစ်စရာ အလွန်ကောင်းပါသည်။ ဖြူဖြူ လှလှဝဝကလေးဖြစ်သည်။ တစ်နှစ်အရွယ် အချိန်ကပင် မပီကလာ စကား ကလေးများ ပြောတတ်လာခဲ့ပေသည်။ သို့သော် မောင်ဘိုမှာ မွေးလာပြီး မကြာမီပင် မကျန်းမမာ ဖြစ်လာလေ၏။

မောင်ဘို အခါလည်သားဘဝတွင် အဖျားဝင်လာသည်။ ကလေးမှာ အဖျားမကျ၍ မြန်မာဆေးဆရာတစ်ဦးကိုပင့်၍ ကုသသည်။ သို့သော်အဖျားမှာ မသက်သာ။ တဖန် ဆရာဝန်တစ်ဦးကိုပင့်၍ ကုသပြန်သည်။ မောင်ဘို၏ အဖျားရောဂါမှာ မသက်သာခဲ့ပေ။ ဆွေမျိုးမိတ်သင်္ဂဟ တွေက မောင်ဘိုအား နာမည်ပေးကင်ပွန်းတပ် ပြုလုပ်လိုက်လျှင် ကျန်းမာလာလိမ့်မည်ဟု ပြောကြ၏။ ထို့ကြောင့် ဦးသန့်တို့မိသားစုသည် မောင်ဘို့ အတွက် နာမည်ပေးကင်းတပ်မင်္ဂလာအခမ်းအနား ကျင်းပကြသည်။ မိတ်သင်္ဂဟဆွေမျိုး စုစုပေါင်း ၄၀၀ ခန့် ဖိတ်ကြားဧည့်ခံရလေသည်။

မောင်ဘိုမှာ နာမည်ပေးမင်္ဂလာပြုပြီးသည်မှစ၍ ကျန်းမာလာ၏။ သို့သော် ထိုနှစ်အတွင်းတွင်ပင် တစ်ကြိမ်ပြန်၍ ဖျားပြန်၏။ ယခုတစ်ကြိမ်တွင်ကား ကလေး၏ အသက်ကို အဆုံးခံလိုက်ရလေသည်။ ဦးသန့်ကညီဦးခန့် ထံသို့ စာရေးလိုက်၏။ ထိုနေ့မှာ ၁၉၃၆-ခု စက်တင်ဘာလ ၂၂ ရက်နေ့ဖြစ်သည်။

“မောင်ကိုတော့ အဖျားရောဂါနဲ့ဘဲ မနေ့ညနေ ၃-နာရီခွဲမှာ ဆုံးရှာပြီ၊ ဒီလောက်မြန်မြန်ကြီး ဒိုကို ခွာသွားလိမ့်မယ်လို့ မထင်ဘူး၊ ဆုံးတဲ့ညနေ ၅နာရီမှာပဲ သဂြိုဟ်လိုက်တယ်၊ မသိန်းတင်လည်း ဖြေမဆည်နိုင် ဖြစ်နေရှာရဲ့ ၊ ငါလည်း အိပ်မက် မက်နေသလား အောက်မေ့တယ်၊ တကယ်ဆိုတော့ ဘဝ ဆိုတာ အိပ်မက်ရှည်ကြီးပါပဲ"

ဦးသန့်နှင့် ဒေါ်သိန်းတင်တို့၏ ပရိဒေဝမီးကို ငြိမ်းနိုင်သမျှ ငြိမ်းစေ ရန် သူငယ်ချင်းအပေါင်းအသင်းတစ်စုက ၄-လသား ကလေးငယ်တစ်ယောက် ကို မွေးစားဖို့ ရှာလာကြသည်။ ကလေးငယ်၏ မိဘများမှာ ယင်းကလေးကို ကြီးပြင်းလာသည်ထိ ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိ၍ ဦးသန့်တို့အား မွေးစား ခွင့် ပြုကြသည်။ ဦးသန့်ရော ဒေါ်သိန်းတင်တို့ပါ ထိုကလေးငယ်ကို ချစ်ခင်

မြတ်နိုးကြလေသည်။ ကလေးကို “မောင်စောလွင်” ဟု အမည်ပေးကြသည်။ | ထိုကလေးကို မွေးစားပြီး၍ မကြာမီပင် သမီးအေးအေးကို မွေးသည်။

အေးအေးနောက် သားမောင်တင်မောင်ကို မွေးပြန်သည်။ ယခုအခါတွင် ဦးသန့်တို့ မိသားစုမှာ သားသမီးသုံးယောက်နှင့် အလွန်ပျော်မွေ့စရာကောင်းနေပြန်တော့သည်။ မကြာမီ ဂျပန်စစ်တပ်သည် မြန်မာနိုင်ငံသို့ | ဝင်လာလေသည်။ ဦးသန့်သည် ရေဒီယိုမှ နိုင်ငံခြားသတင်းများကို နားထောင်၏။

၁၉၄၁-ခု ဒီဇင်ဘာလမှစ၍ ကြားရသောသတင်းတွေမှာ ယုံနိုင်စရာမရှိလှပေ။ | ထိုနှစ် ဒီဇင်ဘာလ ၇-၉ ရက်များတွင် ဂျပန်သည် ပုလဲဆိပ်ကမ်းကို ဗုံးကြဲ | တော့သည်။ ဒီဇင်ဘာလ ၁၅-ရက်နေ့တွင် ဂျပန်သည် မြန်မာနိုင်ငံ တောင်ဘက်စွန်း ဝိတိုရိယအငူသို့ ရောက်လာသည်။

 

 

 

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)