Skip to product information
1 of 2

Other Websites

တက္ကသိုလ်ဘုန်းနိုင် - မျက်ရည်လောကများ၏ဟိုမှာဘက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

 နှလုံးသား...။

နှလုံးသားကို နူးညံ့သည်ဟု ဆိုကြသည်။ ဟုတ်ကဲ့ ဆိုနိုင်ပါသည်။ ကျွန်တော့် နှလုံးသား၏ အတွင်းဗဟိုသည်ပင်လျှင် နူးညံ့နေလေသေးသည်ကို ကျွန်တော်သိသည်။ သည်တော့ အင်း နှလုံးသားဟူသည်က နူးညံ့လေသည်။

သို့ရာတွင် ခက်ချည်ရသေး။ ကျွန်တော့် နှလုံးသား၏ အပေါ်ယံမှာတော့ အမာခွံ တစ်ခုက လွှာလွှာဝန်းပတ် အုပ်လွှမ်းနေသည်။

မာပင်မာသော်လည်း ဖန်သားကဲ့သို့ ကြည်တော့ကြည်လင်လေသော အမာခွံ။

သော်... ပကတိအနေနှင့်က ဘယ်လောက်နူးညံ့သော အရာတစ်ခု ဖြစ်ပါစေ။ အပူရှိန်နှင့်တွေ့တော့ ခြောက်သွေ့ ရသည်။ ပြီးတော့ တင်းမာရသည်။

ကျွန်တော့် နှလုံးသား၏ အတွင်းဗဟိုက နူးညံ့နေလေသေးသည်ကို တွေ့ရ၍ ကျေးဇူးတင်ရသည်။ အပေါ်ယံ အမာခွံ အလွှာက ဖန်သားကဲ့သို့ ကြည်လင်နေသေး၍ လည်း ဝမ်းသာရသေးသည်။

"The desire of the moth for the star, of the night for the morrow, 

“ကြယ်ကိုလိုချင်သော ပိုးစုန်းကြူး၏ ဆန္ဒ၊ နံနက်ကို လိုချင်သော ည၏ဆန္ဒ”

ကျွန်တော် ချစ်မြတ်နိုးလှပါသော ကဗျာဆရာ “ရှယ်လီ” (Shelley) ၏ ကမ္ဘာကျော် အလင်္ကာစကား။

ပိုးစုန်းကြူးတစ်ကောင်က ကြယ်ကို ရကောင်းပါသလော၊ မြေပြင်မှ ပိုးစုန်းကြူး က ဟိုး အဝေး ကောင်းကင်မြင့်ဆီကို ရောက်နိုင်ပါသလော။

ညဆိုသည်မျိုးကလည်း နေ့ကို ရကောင်းပါသလော။

ဆန္ဒတော့ ထားနိုင်ခွင့်ရှိသည်။ ရှိရမည်။ အမှန်ကား အစက ရှယ်လီ ဘာပြောသည်ကို ကျွန်တော် နားမလည်ပါ။

ဪ...ကိုယ့်ကိုကိုယ်လည်း နားမလည်ပါ။ ကျွန်တော့်ဆန္ဒက ဘာပါနည်း။ ကျွန်တော့် ငွေကြယ်ကလည်း ဘာပါနည်း။

ပိုးစုန်းကြူးလေးက ကြယ်ဆီတက်ပြနေသည့် ဟိုးရှေးရှေးတုန်းက ညတစ်ညက စပြီး ကျွန်တော် ပြောပြပါမည်။

 

အခန်း (၂) 

ဘဝကို ဘယ်ပုံစခဲ့သနည်း။

ကျွန်တော့်အတွက် နုနယ်သော နှလုံးသားလေးကို အခွံမာပါးပါးလေး လွှမ်းအုပ်ပြီး စခဲ့ရသည်ဟု ဆိုရပါမည်။

ဪ..သည် အသိကို မသိသည့်အချိန်၌ ကျွန်တော့်အသက်က ၁၂ နှစ်သာ ရှိသေးသည်။ ပြီးတော့ သည်လောက ခရီးပေါ်မှာ တစ်ယောက်တည်း အဖော်မပါ။

သိသောနေရာမှ မသိသော နေရာဆီ သွားနေဆဲ။

တွယ်ရာမဲ့ဘဝမှ မရေရာ မသေချာသော တွယ်ရာရှိသည်ထင်ရာသို့ စွန့်သွားနေရချိန်။

တစ်နေ့တာနီးပါး ခရီးတစ်လျှောက်တွင် သစ်ပင်တို့ ရွက်ဝါတွေ ကြွေနေ ကြသည်။

ပူပြင်းသောနွေ၏နေအောက်မှာ ရထားကြီးက တစ်လယ်လုံး ခုတ်လာ ရရှာသည်။

ရထားကြီး ဖြတ်မောင်းလာသော လယ်ကွင်းတွေမှာ ရိုးပြတ်ငုတ်ဝါဝါ တွေသာ ရှိတော့သည်။

အဝေးဆီ၌ တစ်စီးတလေ လှမ်းလှမ်းတွေ့ရတတ်သော နွားလှည်း နောက်ပိုင်းတွင် ဖုန်လုံးကြီးတွေက လိပ်လိပ်ထ ကျန်ရစ်ကြသည်။

လယ်ကွင်းလယ်မှ လေပွေကလည်း ဝှေ့ဝှေ့ ပြတတ်သေးသည်။

ရထားတွင်းသို့ တိုးဝင်လာသော လေကလည်း မအေး၊ ပူသည်။ ပူလိုက် ပါဘိတော့သည်။

ကျွန်တော့်အရွယ်။ ကျွန်တော့်ဘဝနှင့် မတန်မရာ၊ ရွက်ဝါတွေ အများကြီး ကြွေပြသော သီချင်းကြီးတွေကို ကျွန်တော်ရသည်။ အဲသည် သီချင်းတွေထဲက နွေတွေ ကတော့ လှလိုက်ပါဘိခြင်း။

ယခုတော့ နွေဆိုသည်က ပူသည်။ နွေပူပူမို့ သစ်ရွက်တွေက ကြွေကြ သည်။ ကြွေသောရွက်ဝါတွေက လေမှာမျောချင် မျော၊ လေပွေနှင့်အတူ ပျံတက်ချင်တက်၊ အပြီးသတ်ကျတော့ မြေပြင်ဆီပြန်ကျ။

တွယ်ရာမဲ့၊ ရွက်ဝါဆိုသည်က တွယ်ရာမဲ့။ အပြင်က နွေပူသကဲ့သို့ ကျွန်တော့်ရင်တွင်းမှာလည်း ပူနေသည်။ နွေက ကံကောင်းသည်။ သူ သည်ကို မကွယ်မဝှက်ဘဲ ပူပြနိုင်သည်။ ကျွန်တော့်ရင်တွင်းမှ အပူကိုတော့ ဝှက်ထားရသည်။ မျက်နှာမှာ မပြရဲ။

ပြလည်းမပြချင်ပါ။ ပြ၍လည်းမည်သူက သနားပါမည်နည်း။ သနားကြ၍လည်း ကျွန်တော့် ဘဝကြီးက ခုခဏမှာ ဘာများ ထူးသွားပါမည် နည်း။

ဝမ်းနည်းရသောအချိန်တွေ ကုန်ခဲ့ပြီ။ မျက်ရည်ကျခဲ့ရသော အချိန်တွေ ကုန်ခဲ့ပြီ။ ဆုတောင်း၍ မျှော်လင့်ရသော အချိန်တွေ ကုန်ခဲ့ပြီ။ အားကိုးလောက်အောင် သနားပါသည် ဆိုသော လူစိမ်း၊ သူစိမ်းဆိုသူတစ်ယောက်ကိုမျှလည်း ကျွန်တော်မတွေ့ဖူး။

ယခု ကျွန်တော် ဦးတည်သွားနေသည်က သူစိမ်းတွေဆီတော့မဟုတ်။ သို့ရာတွင် ကျွန်တော့်ကို ဖြူသလား၊ မည်းသလားဟုပင် သိသူတွေ မဟုတ်ကြ။ ကျွန်တော် တစ်ယောက် ဤလောက၌ ရှိနေသည်ကိုပင် သိကြသူတွေ မဟုတ်။ သည်တော့ သူစိမ်း၊ သူစိမ်းတစ်မျိုးပါတကား။ အဲသည် သူစိမ်းတစ်မျိုးကလည်း သူစိမ်းတကာလိုပင် ကျွန်တော့်ကို ငြင်းပယ်ကြလျှင်။

ကျွန်တော့်ရင်မှာ ပူလာပြန်သည်။ မျက်ရည်က စို့ချင်လာသည်။ ရင်တွင်း တစ်နေရာက တစ်စုံတစ်ခုကလည်း ဆိုချင်လာ၏။

ဪ...မျက်ရည်က ကျန်နေသေးသည်ကိုး။ မကျန်ပါနှင့်၊ မစို့ပါနှင့်၊ မျက်ရည်ကျန်လေးက စို့၍ ဘာတွေက ထူးသွား ပါမည်နည်း။

ရင်တွင်းက ဆို့တက်ချင်လာသော တစ်စုံတစ်ရာရယ်၊ ငြိမ်ငြိမ်လေးနေပါ။ ပြန်ပြီး ငြိမ်ငြိမ်လေးနေပါ။ မင်းက ဆို့တက်လာတော့ မျက်ရည်ကလည်း လိုက်ပို့ ချင်တယ်ကွယ်။

ကျွန်တော်က မျက်တောင်များကို ခတ်ပြီး မျက်ရည်ကို ကြားလိုက်သည်။ သက်ပြင်းကို ရှိုက်ပြီး ရင်တွင်းမှ ဆို့တက်ချင်သော အရာကိုလည်း တားလိုက် သည်။

ကျွန်တော်စီးလာသော ရထားပေါ်တွင် ကျွန်တော်နှင့် ရွယ်တူကောင်လေး တွေ ပါကြသည်။ အများကြီးပါကြသည်။

သူတို့ဘာလုပ်ကြသည်ကို ကျွန်တော်သီသည်။ သူတို့လည်း သူတို့ အတိုင်းအတာနှင့် သူတို့ ရဲကြ စွန့်ကြရသည်ကို ကျွန်တော်နားလည်သည်။ သူတို့အထဲတွင် ကျွန်တော်နှင့် သိသူတွေပင် ပါကြသည်။ သူတို့သံသရာထဲတွင် ကျွန်တော်လည်း ဝင်လည်နိုင်သည်။ သူတို့လောက်တော့ ကျွန်တော်လည်း သတ္တိ ရှိသည်။

သို့ရာတွင် သူတို့သံသရာကို ကျွန်တော်မကြိုက်ပါ။ သူတို့သံသရာမျိုးမှာ ကျွန်တော် မလည်ချင်ပါ။ ထို့ကြောင့်လည်း ဤခရီးကို ကျွန်တော်ထွက်လာခဲ့သည်။

သိသောနေရာမှ မသိသောနေရာဆီ။ ကြွေသောရွက်ဝါတွေကို ကျွန်တော်ကြည့်မိသည်။

သူတို့လည်း တွယ်ရာမဲ့။ တွယ်ရာမဲ့ဆိုတော့ လေဆောင်ရာ လွင့်ကြရ သည်။

ဪ...ဤရထားပေါ်မှ ကောင်လေးအများမှာလည်း လေဆောင်ရာ လွင့်နေကြသူတွေ။

ကျွန်တော်က လေဆောင်ရာ မလွင့်ချင်ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် သစ်ရွက်မဟုတ်မှန်း သိသည်။ သစ်ရွက်မဟုတ်ပါပဲနှင့် လေဆောင်ရာ ကျွန်တော် လျှောက်လွင့်ရမည်လော။

ရထားကြီးက တငြိမ့်ငြိမ့်ခုတ်နေတုန်း၊ ကျွန်တော့်အကိုအိတ်တွင်းမှ စာလေးတစ်စောင်ကို ကျွန်တော် ယူဖတ်သည်။

“သမီးကို ခွင့်မလွှတ်နိုင်ပေမယ့် မြေးကိုတော့ သနားပါမေမေ! ဒါဟာကိုယ့်ကိုယ်ကိုယ် သေမယ်သိနေတဲ့ သမီးရဲ့ နောက်ဆုံး အသနားခံချက်ပါ” ။

မေမေ။ ကျွန်တော့်ကို သေခါနီးချိန်အထိ မျက်နှာတွင် သေရိပ်ကို နည်းနည်းမျှ ပြမသွားသည့်မေမေ။ တကယ်တော့ သူအားလျှော့ခဲ့သည်မှာ ကြာပြီ။ မေမေ သေခါမှ သည်စာလေးကို ခေါင်းအုံးအောက်မှာတွေ့ရသည်။

အကြိမ်ကြိမ် ဖတ်မိခဲ့ရသောကြောင့် စာတစ်ခုလုံးကို ကျွန်တော် အလွတ် ရမိလု ရှိနေပြီ။ သည် အဆုံးစာပိုဒ်ကိုတော့ အလွတ်ကောင်းကောင်း ရနေသည်။

သည်တိုင်းကြည့်တော့ မေမေက ဘွားဘွားကို တောင်းပန်ထားသည်။ ကျွန်တော့် စိတ်တွင်းတွင်တော့ မေမေက ကျွန်တော့်ကိုပါ တောင်းပန်သွားသည်။

မေမေမရှိတော့လျှင် ဘွားဘွားတို့ဆီသွားပါ။ မေမေ့ဆန္ဒ ။ မေမေ၏ သေခါနီး နောက်ဆုံးဆန္ဒ။ တဂျုံးဂျုံး တဒိုင်းဒိုင်းနှင့် ရထားကြီးက မြည်လာသည်။

အောက်တွင် သောင်ထိုး၍ ရေနည်းနေသော စစ်တောင်းမြစ်ကို တွေ့ရ သည်။

ကျွန်တော်လာခဲ့ရာ မွန်ပြည်နယ်သည် ဟိုဘက်ကမ်းမှာ ကျန်ရစ်ပြီ။

ကျွန်တော်ကိုင်ထားသော စာရွက်ပေါ်တွင်တော့ မျက်ရည်ပေါက် အသစ် စက်စက်တစ်ပေါက်ကို တွေ့သည်။

သော်...ဘယ်အချိန်က ကျလိုက်ပါသနည်း၊ ထိန်းထားလျက်က သူကျသည်။ ရထား တုန်ခါသောကြောင့် သူကျမည်။

 

 

 

 

 

အခန်း (၃)

သည် တစ်ကြိမ်တွင်လည်း တံတားပေါ် ရထားဖြတ်မှ ကျွန်တော်လန့်နိုး လာသည်။စစ်တောင်းတံတားပေါ်ဖြတ်စဉ်က မော်လမြိုင်-ရန်ကုန် ရထားကြီး တဂျုံးဂျုံး တဒိုင်းဒိုင်း မြည်သံကဲ့သို့ ယခု ဤမီးရထားကြီးကလည်း မြည်သော ကြောင့် မဟုတ်ပါ။

ရထားကြီးက ရွေ့သည်ဆိုရုံ လှုပ်လှုပ်လေးသွားနေသည်။

 

အခြေမြေရှိ လမ်းပေါ်မှာ ပြေးနေပြီ။

ကျွန်တော်ရသော သီချင်းကြီးတစ်ပိုဒ်မှ သီချင်း စာသားများကို ကျွန်တော် အမှတ်ရသည်။

တစ်ဆင့်တက်သော်။ တစ်တောင်ကျော်၊ တစ်မှော်ငုပ်လျှိုး။ တစ်ချုံတိုး။ တစ်မိုးသောက်လျှင်။ တစ်နေဝင်၊ တစ်ပင်မြိုင်ကြီး၊ ဂနိုင်ဆီး။

ရထားကြီးက တောင်နံရံစောင်း တစ်လျှောက်တွေမှာ မြောင်သွယ်ကွေ့ ဝိုက် လျက် ပြေးနေပြန်ပြီ။

ရထားလမ်းအနေအထားက မသိမသာ နိမ့်လျှောဆင်းနေသည်ကိုလည်း သတိထားမိသည်။

တောတို့၏အသွင်လည်း ပြောင်းပြန်ပြီ။ ထင်ရှူးပင်တွေချည်း မဟုတ်တော့။

ထင်းရှူးပင်တွေမှာက အရွက်ဟုခေါ်နိုင်သော အရွက်စစ်စစ်မရှိ။ ဆူးချောင်း လေးတွေနှင့်တူသော အရွက်အချောင်းလေးတွေသာ ရှိသည်။ အဲသည် အရွက်

ချောင်းလေးတွေက ရင့်ရင့်စိမ်းသည်။ သည်တော့ ထင်းရှူး တစ်ပင်လုံးကလည်း ရင့်ရင့်စိမ်းသည်။ ထင်ရှူးတော တစ်ခုလုံးကလည်း စိမ်း၍ မှောင်သည်။ အစိမ်း ရောင်မှတစ်ပါး အခြားအရောင်မရှိ။

ယခု ပြန်ပေါ်လာသော တောတို့၏ အပင်တွေမှာက အရွက်တွေရှိသည်။ တွေ့နေမြင်နေကျ အရွက်မျိုးတွေ ရှိသည်။ သော် ... အရောင်လည်း ရှိလေသည်။

ရထားကြီး ကပ်မြှောင်ပြေးနေသည့် သည်ဘက်တောင်မှာရော။ လျှိုချောက်ခြား သည့် ဟိုဘက်တောင်မှာရော၊ တောတို့၌ အရောင်စုံနေသည်။

စိမ်းသော အရွက်များလည်း ရှိပါသေး၏။ ရွှေရောင်ဝင်းနေသော အရွက်များ လည်း ရှိသည်။ ပတ္တမြားရောင်ကဲ့သို့ ရဲရဲနီနေသော အရွက်များလည်း ရှိနေသည်။

တောတစ်ခွင်မှာ ရွှေလျှံ၊ ပတ္တမြားလျှံတို့ တောက်ညီသည့်ပန်းချီမီးလျှံကြီး ကဲ့သို့ လှပနေသည်။

ပန်းချီမီးလျှံတောတို့က ရုတ်တရက်ဆုံးသွားသည်။ ကောင်းကင်ကြီးက လည်း ဟင်းလင်းပွင့်သွားသည်။ မြေပြန့်ပြန့်ကြီးကလည်း ဘွားဘွား ဘယ်က ပေါ်လာသနည်း၊

ရထားကြီးက မြေပြန့်ပြန့်တွင် ခုတ်မောင်းနေလေပြီ။ သူ့ကြည့်ရသည်မှာ

ပန်းအဝင်တွင် မောပန်းနေသည့်ကြားက ခြေကုန်ထပ်တင်သော အပြေးသမားနှင့်

တူလှစွာ၏။

မြူပြာပြာနောက်ခံတွင် ရဲရဲနီအောင်ပွင့်နေသော ပေါက်ပင်များကို တွေ့ရသည်။ ဟိုးအဝေးဆီ၌ ပတ္တမြားပွင့်တွေကို ဆင်ထားသော လက်ပံပင်မြင့်မြင့် ကြီး တစ်ပင်ကိုလည်း လှမ်းတွေ့ရသည်။

ရထားပေါ်မှ လူတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ရထားကြီး ဘူတာတစ်ခုတွင်းသို့ ဝင်လာသည်။

ရွှေညောင်။

ဪ... ခရီးတစ်တန် ဆုံးပြန်လေပြီ။

ဘူတာရုံဖြစ်သဖြင့် ခရီးသည်တွေအပြင် ကြိုကြ ဆိုကြသူတွေနှင့် စည်ကား ဆူညံနေသည်။

ကျွန်တော့်၌ ပစ္စည်းများများမပါ။ ပခုံးတွင် လွယ်ထားသော ပလတ်စတစ် အပေါစား ခရီးဆောင်အိတ်ဟောင်းလေးတစ်ခု၊ လက်တစ်ဖက်နှင့် ပွေ့ပိုက်ကိုင် ထားသည့် ဟောင်းနွမ်းနေသော ကတ္တီပါသား ပတ်အုပ်ထားသည့် အလိပ် တစ်လိပ်။ ဤနှစ်ခုပဲပါသည်။ ။

ဘူတာရုံတွင်းမှ ကျွန်တော်ထွက်လိုက်သည်။

ကျွန်တော့်မျက်နှာတွင် ဘာပူပန်မှုကိုမှ ပြမနေဟု ကျွန်တော် ယုံကြည် သည်။ ပူပန်မှုကို မပြမိရန် ကျွန်တော်ကြိုးစားထားသည် မဟုတ်လော။

ကျွန်တော်က ဘတ်စ်ကားရှာကြည့်သည်။ ။ ဘတ်စ်ကားနှင့်တူသည့်ကား တစ်စီးမျှမတွေ့။ ။

တက္ကစီ အငှားကားလေးများကိုသာ တွေ့သည်။ အချို့က ဂျစ်ကား။ အချို့က ဆလွန်းကား။ ။

ဂျစ်ကားတစ်စီးအနီးသို့ ကျွန်တော်ကပ်သွားသည်။ “တောင်ကြီးကို သွားသလား” “သွားတာပေါ့၊ စီးလုံးယူမလား

ပြောသူက အသားညိုသည်။ မြန်မာမျက်နှာပေါက်တော့ ရှိ၏။ သို့ရာတွင် အသံက ဝဲသည်။ ။

ပြောဟန်ကလည်း နောက်တောက်တောက်။ “စီးလုံးမငှားနိုင်ပါဘူး။ တစ်ယောက်တည်းလိုက်လို့ မရဘူးလား

လူပြည့်ရင်ရတယ်၊ စောင့်” “တစ်ယောက် ဘယ်လောက်လဲ” “ငါးကျပ်ကျွန်တော် ရင်ထိတ်သွားသည်။ မျက်လုံးလည်း ပြူးသွားမိ၏။ဟိုဒင်း ဒီမှာဘတ်စ်ကား မရှိဘူးလား

အသံဝဲဝဲနှင့်သူက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ခဏကြာမှ သည်။ ။

ဘူတာမှာ ဘတ်စ်ကား မရှိဘူးကွယ့် ကလေး၊ ဘတ်စ်ကား စီးချင် ဟိုလမ်းမှာ သွားစီး၊ ကလော-တောင်ကြီးကားရှိတယ်၊ တစ်ကျပ်ပေးရတယ်။ တစ်ကျပ်ကော ပေးစရာရှိလား လူကြီးလူကောင်း

သူက ကျွန်တော့်ကို နောက်ချင်ဟန်တူသည်။ သို့ရာတွင် သူလမ်းညွှန်မှုပြု သည်ကို ကျေးဇူးတင်ရသေးသည်။

ကျွန်တော်က တည်ကြည်စွာ ဖြေသည်။ “ရှိပါတယ်၊ ခုလို ပြောပြတာ ကျေးဇူးတင်ပါတယ်ကျွန်တော်က လမ်းမဆီသို့ ထွက်လာခဲ့၏။ လမ်းမဘေးတွင် ကျွန်တော် ရပ်စောင့်နေသည်။

ဪ...အပြီးသတ်ကျတော့ လမ်းမဘေးမှာပါ၊ လမ်းမဘေးမှာသာပဲ။

ရွှေညောင် လွင်ပြင်ကြီးက ကျယ်သည်။ ကောင်းကင်ကြီးကလည်း ကျယ်သည်။ ။

လမ်းဘေးမှ ကျွန်တော့်ကိုယ်လေးသည် သေးသွားသည် ထင်၏။ လွင်ပြင်ပတ်ပတ်လည်မှာတော့ တောင်တန်းကြီးတွေ ရှိနေသည်။ လွင်ပြင်က နွေစရိုက်ကိုပြပြီး အတန်လေး ပူအိုက်နေသည်။

ဪ... ချမ်းသည်ဟု ပြောကြသော ရှမ်းကုန်းပြင်မြင့်ပေါ်မှာလည်း နွေရှိနေ လေသည်။

မြူပြာပြာ လဟာနယ်ကို ဖြတ်ကျော်ပြီး အရှေ့ဘက်ဆီ ကျွန်တော်ကြည့် သည်။

( အနောက်ဘက်က ကျွန်တော် လာသည်။ သည်တော့ တောင်ကြီးဆိုသည် ။ က အရှေ့ဘက်မှာ ရှိမည်။

အရှေ့ဘက်က တောင်တန်းကြီးက ပိုမြင့်သည်။

မှိုင်းမှိုင်းဝေဝေနှင့် ပိုမြင့်သည်။

မှိုင်းမှိုင်းဝေဝေနှင့် ပိုမြင့်သော သည်တောင်တန်းကြီးဆီ ကျွန်တော် တက်ရပါလေ ဦးမည်။

| အခန်း (၄) ရှမ်းပြည်နယ် ကောင်စီလမ်း။

လမ်း၏ လက်ယာဘက်ထိပ်မှာက ခံ့ညားထည်ဝါသော တိုက်ဖြူဖြူကြီး ကို တွေ့ရသည်။ လက်ဝဲဘက်ထိပ်မှာက အဝါရောင် နှစ်ထပ် အဆောက်အအုံကြီး တစ်ခု။

အဆောက်အအုံနှစ်ခုလုံးအတွင်းမှာတော့ “တောင်ကြီး ကောလိပ်ဟု ရေးထားသော ဆိုင်းဘုတ်ကြီးများ ရှိသည်။ ။

အဆောက်အအုံနှစ်လုံး၏ ဝင်းစပ်တစ်လျှောက်မှာက ညီညာစွာ ကိုက်ညှိ ထားသည့် စည်းရိုးပင်တန်း ထူထူစိမ်းစိမ်းတွေ ရှိသည်။ ခရမ်းနုရောင် ပန်းလေးများ ပွင့်နေ ကြသည်။

လမ်းဘေးတစ်လျှောက်မှာက ပင်စည်ဖြောင့်ဖြောင့်နှင့် ဧရာမသစ်ပင်ကြီး တွေကလည်း ရှိနေသေးသည်။

ကျွန်တော်က လွယ်အိတ်လေးကို လွယ်မြဲလွယ်လျက်၊ လက်တစ်ဖက်ဖြင့် ကတ္တီပါ ပိတ်သားပတ် အလိပ်လေးကို ပိုက်မြဲပိုက်လျက်၊

ဈေးအနီးရှိ ကားဆိပ်မှ ဤလမ်းထိပ်ရောက်ရန် အဝေးကြီး လျှောက်ခဲ့ရ သည်။ လမ်းမကြီးက ပြေသယောင်ယောင် ရှိသော်လည်း အမှန်က ကုန်းတက် ခရီး။

အို...ဟောသည် လမ်းကလည်း ကုန်းတက်၊ သိသာထင်ရှားလှသော ကုန်းတက်။

ကျွန်တော့် တစ်ကိုယ်လုံးက နွမ်းနယ် နုံးချည့်နေသည်။

မနေ့ကရယ်၊ သည်နေ့ရယ် နှစ်နေ့၊ သည်နေ့တွေမှာ တစ်နေ့ထမင်း တစ်နပ်စီသာ ကျွန်တော် စားခဲ့သည်။

ကိုယ့်ဝမ်းဆာတာ ကိုယ်သိသပေါ့ ၊ သို့ရာတွင် ကိုယ့်ဝမ်းနာလည်း ကိုယ် သိရသည်။ သိရသေးသည်။

ကုန်းတက်လမ်းအတိုင်း ဖြည်းဖြည်း ကျွန်တော် လျှောက်လာခဲ့သည်။ ညာဘက်တွင် ထင်းတောကြီးကို တွေ့ရသည်။ ။ ဘယ်ဘက်မှာကတော့ ဝင်းနှင့်ခြံနှင့် တစ်ထပ်တိုက်ပုလေးများ၊

ဖြတ်လာခဲ့သော လမ်းဘေးတွေ့ရှိ ညီညာသော ပင်လတ်၊ ပင်လှ၊ ပင်ပျို များကို သတိထားမိသည်။ အောက်အရပ်တွင် မတွေ့ဖူးသော အပင်တွေဖြစ်သော ကြောင့် ဘာပင်တွေမှန်း ကျွန်တော်မသိ။

တစ်မြို့လုံးမှာလည်း ဘာပန်းတွေဟာ ကျွန်တော်မသိသော ပန်းတွေ ပွင့်နေသည်။ ။

ပန်းတွေ၏ အရောင်က ပန်းနုသွေးအရောင်၊ အချို့က နီချင်သည်။ အချို့က မရမ်းရောင်ဘက်သည်။ ယေဘုယျကတော့ ပန်းရောင်၊ ပွင့်နေကြသည် ကလည်း အဆုပ်ဆုပ် အခိုင်ခိုင်၊

ပန်းတွေကလည်း လှပါဘိ၊ မြို့ကလည်း လှပါဘိ။

စာဖတ်သော ကျွန်တော်က ဝတ္ထုတွေထဲမှာ တောင်ကြီးမြို့အကြောင်း ခဏခဏဖတ်ဖူးသည်။ ရှမ်းမြို့တော်။ ပန်းမြို့တော်။ သည်လိုရေးကြသည်။ ရှမ်းမြို့တော်၊ ပန်းမြို့တော်ဆီ စိတ်ကူးယဉ်ကြည့်ပြီး စိတ်ကူးနှင့် ခဏခဏ ကျွန်တော် ရောက်ဖူးသည်။ ။

ဪ... ယခုတော့ တကယ်ရောက်နေပြီ။ ။

နံနုံးချည့်ချည့် ဆင်းဆင်းရဲရဲ၊ စုတ်စုတ်ပြတ်ပြတ်၊ နွမ်းနွမ်းကြေကြေနှင့် ကျွန်တော်ရောက်နေပြီ။ ။

အင်္ကျီဖြူဖြူလေးရယ်၊ ပုဆိုးစိမ်းလေးရယ်ကို တတ်နိုင်သမျှ ကျွန်တော် သပ်သပ်ရပ်ရပ် ဝတ်ခဲ့ပါသည်။ ကျွန်တော့်မေမေက စုတ်ချင်စုတ်ပါစေ။ ဟောင်း ချင်ဟောင်းပါစေ။ အဝတ်အစားကို အမြဲတမ်း သပ်သပ်ရပ်ရပ်ဝတ်မှ ကြိုက်သည်။

အစက ဘယ်လိုပင် သပ်သပ်ရပ်ရပ် ဝတ်ထားလင့်ကစား နှစ်ရက်ဆက် တိုက် မီးရထားစီးလာခဲ့ရသောကြောင့် ကျွန်တော့် အဝတ်အစားတွေက နွမ်းကြေ နေပြီ၊ ဖုန်ထူသော နေရာမှာ ဖြစ်သောကြောင့်လည်း အင်္ကျီဖြူလေးက မဖြူတော့။

ကျွန်တော့်မျက်နှာသည်ပင် ဘယ်အသွင်ပေါက်နေလေမည် မသိ။ ညာ... လှပသော တောင်ကြီးမြို့သည် ကျွန်တော်တစ်ယောက်ကြောင့်

အကျည်းတန် မဲ့ တစ်ပေါက်စွန်းခဲ့လေပြီလော။

ကုန်းတက်လမ်းက တောင်ခြေတွင် ဆုံးပြီး လက်ယာဘက်သို့ ဆက်ကွေ့ သွားသည်။ လက်ဝဲဘက်ဆီသို့ခွဲပြီး အနှိမ်တွင်း လျှောဝင်သွားသည်လမ်းလည်း ရှိသည်။ တောင်ခြေက တောတွင်း ဝင်သွားသည့် လမ်းလည်း ရှိသေးသည်။ ။

လက်ယာဘက်မှာက ကျယ်ဝန်းလှသော ဝင်ငံတွင်း၌ နိုင်ငံခြား စာအုပ် များတွင် တွေ့ ဖူးသော ဥရောပဆန်သည် နှစ်ထပ်ဂေဟာကြီးတစ်ခုကို တွေ့ရ

သည်။

| လက်ဝဲဘက်မှာက အိမ်တွေ၊ ဝင်းနှင့် ခြနှင့် ဥရောပပုပင် ဆန်ချင်သော အိမ်တွေ။

| လှပသောမြို့။ ခမ်းနားသောရပ်ကွက်။ တင့်တယ်သော အိမ်တွေကြောင့် ကျွန်တော် ခြေဆက်လှမ်းရန် တွန့်နေမိသည်။

လမ်းဘေးတွင်ရပ်ပြီး တောင်မြင်ကြီးကိုမော့ကြည့်မိသည်။

မြို့ ကိုကပ်ပြီး ဤသို စီးမိုးထားသည့် တောင်မြင်ကြီးမျိုး ကျွန်တော် မမြင်ဖူး။

မြင့်သည်။ ခမ်းနားသည်။ ကြီးမားသည်။ လွှမ်းမိုး သည်။

တောင်ကြီး မြို့ပေါ် ရောက်ကတည်းက နွေသည် နွေမဟုတ် တော့သည်ကို ကျွန်တော် သတိပြုမိပြီးပြီ။

လေက အောက်အရပ်ဆောင်းဦးလေးက လေကဲ့သို့ အေးမြသည်။ လန်းဆန်း လတ်ဆတ်သော အတွေ့ ခံစားမှုရှိသည်။ သိမ်မွေ့ ထူးဆန်းသော သင်းရနံ့တစ်ခုလည်း ရှိနေသေးသည်။ ။

သည်တောင်ခြေမှာက ပိုမိုအေးချမ်းသာယာသည်။ ဟုတ်ကဲ့။ နွေမရှိပါ။ အပြင်မှာ နွေမရှိတော့ပါ။ ကျွန်တော်ရင်တွင်းမှ နွေကသာ ပိုပူလာသည်။ စုဆောင်းခဲ့ထားသမျှသော သတ္တိတွေလည်း ကုန်သွားပြီထင်သည်။

ကျွန်တော်က ကြီးမားမြင့်ထည် လွှမ်းမိုးထားသည် တောင်မြင်ကြီးကို လှမ်းကြည့်ပြီး စိတ်တွင်မှ စကားပြောသည်။

စီးပါး မိုးပါ တောင်မြင်ကြီးရယ်။ ဒါပေမဲ့ မင်းက ငါ့အပေါ် ပြိုကျပြီး လွှမ်းဖုံးမှာ မိုလို့လား၊ ငါကလည်း သစ်ရွက်မဟုတ်ဘူး၊ လေတိုက်ရာလွင့်တဲ့ သစ်ရွက်မဟုတ်ဘူး

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)