Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ညွန့်၀ေမိုး - အလယ်တန်းစာသင်သားသုံးလက်တွေ့အင်္ဂလိပ်စာစီစာကုံး

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

အလယ်တန်းအင်္ဂလိပ်စာစီစာကုံးဟူသည်

          အလယ်တန်း အင်္ဂလိပ် စာစီစာကုံးမှာ လမ်းညွှန် စာစီစာကုံး (Guided Composition) အမျိုးအစား ဖြစ် သည်။ လမ်းညွှန်စာစီစာကုံးဟူသည်မှာ ရေးရမည့် အကြောင်းအရာများကို အချက်အလက်အကြမ်း (Outlines) များ ပေးထားပြီး ယင်းအချက်များကို အသုံးပြုကာ ရေးသားရသော စာစီစာကုံး အမျိုးအစား ဖြစ်သည်။

          Outline ပေးနည်း နှစ်မျိုးရှိပါသည်။ ပထမနည်း မှာ outlineများကို အမေး-အဖြေပုံစံပေးထားသောနည်း ' ဖြစ်၍ ဒုတိယနည်းမှာ ရေးရမည့် အချက်အလက်များကို ဝါကျအပြည့်အစုံမပေးထားဘဲ အထောက်အကူပြု အချက် အလက်များ (prompts) ပုံစံဖြင့် ပေးသောနည်းဖြစ်သည်။

          ပထမ outline ပေးနည်းဖြင့် အလယ်တန်း အင်္ဂလိပ်စာစီစာကုံးများအတွက် ပေးထားလမ်းညွှန်တတ်၍ ဒုတိယ outlineပေးနည်းဖြင့် အထက်တန်း အင်္ဂလိပ် စာစီစာကုံး များအတွက် လမ်းညွှန်ပေးထားတတ်သည်။

          အလယ်တန်း အင်္ဂလိပ်စာစီစာကုံးများအတွက် outlineပေးရာတွင် အမေး-အဖြေ ပုံစံပေးရာတွင်လည်း နှစ်မျိုး ရှိပါသည်။ ယင်းတို့မှာ တကယ့်အမေး-အဖြေ ပုံစံ အပြည့်အတိုင်း Helping Verb(အကူကြိယာ) များရော၊ အမေး ဝါကျ အဆုံးတွင် အမေးသင်္ကေတ (?) ပါထည့်သွင်းပေး ထားတတ်သည့်နည်းနှင့် Helping Verbs နှင့် (?) တို့ မပါသော မေးခွန်းပုံစံမျိုးဖြင့် မေးသောနည်းတို့ဖြစ်သည်။

          ယခု ဤစာအုပ်တွင် outlineများပေးရာတွင် မေးခွန်း ပုံစံကို ဖြေတတ်စေရန်နှင့် outline ကို သုံးတတ်စေရန် အတွက် အမေး-အဖြေ ပုံစံအပြည့်ဖြင့် ဖော်ပြပေးထားပါ သည်။ အမေး-အဖြေ ပုံစံများကို လက်တွေ့ ဖြေကြည့်ပြီးသောအခါ အဖြေများကို စာပိုဒ်မခွဲဘဲ စာပိုဒ်တစ်ပိုဒ်တည်း အဖြစ် ရေးသား၍ ခေါင်းစဉ်တပ်ရေးသားပါက အလယ် တန်း စာမေးပွဲများအတွက် Paragraph Writing(စာပိုဒ် အရေးအသား) ရေးသားလေ့ကျင့်ပြီးသား ဖြစ်လာပါမည်။

          တစ်ခုသတိပြုရန်မှာ ပေးထားသော outline များ ၏ အဆုံးတွင် add anything you wish to say ( သင် ပြောလိုရာကို ဖြည့်စွက်ပြောပါ)ဟူသော စာကြောင်းဖြစ် သည်။ ယင်းညွှန်ကြားချက်အရ ပေးထားသည့် ခေါင်းစဉ် နှင့် ပတ်သက်သည့် မိမိဖြည့်စွက်ပြောလိုသည်များကို ဖြည့် စွက်ရေးသားနိုင်သည်။ များသောအားဖြင့် ခေါင်းစဉ် လူ ပုဂ္ဂိုလ် (ကျွန်ုပ် မိခင်၊ ဖခင်၊ ဆရာသမား) တို့ကို အဘယ်ကြောင့် လေးစားချစ်ခင်ကြောင်းနှင့် နေရာဒေသဖြစ်ပါက ဘာကြောင့် နှစ်သက်ရကြောင်းကို ဖြည့်စွက်ရေးသားပေးပါ က စာပိုဒ်၏ နိဂုံးချုပ်စာကြောင်းသဘောမျိုး သက်ဝင်စေ ကာ ပိုမို ဖတ်ကောင်းစေပါသည်။

          ဤစာအုပ်တွင် အလယ်တန်းစာမေးပွဲများတွင် မေးလေ့ မေးထရှိသော Paragraph ခေါင်းစဉ်များကို ပြည့်စုံအောင် ရေးသားဖော်ပြထားပါသည်။

          အင်္ဂလိပ်စာစီစာကုံး ရေးသားလေ့ကျင့်ရာတွင် လေ့လာ မှု လွယ်ကူစေရန် အကြောင်းအရာအလိုက် မျိုးတူ စုကာ

 (i) People ILove(ကျွန်ုပ်ချစ်ခင်သူများအကြောင်း)

(ii) Place(နေရာ)

 (iii) My Pets (ကျွန်ုပ်၏ အိမ်မွေးတိရစ္ဆာန်များ)

 (iv) What I Do (ကျွန်ုပ် လုပ်ဆောင်သောအရာ)

 (v) My Visits (ကျွန်ုပ်၏ အလည်အပတ်ခရီးများ)

(vi) Days (နေ့ရက်များ)

(vii) Seasons (ရာသီဥတု )

 (viii) Festivals (ပွဲတော်များ)

(ix) Miscellaneous (အထွေထွေ)ဟူ၍ အခန်းခွဲ ထားပါသည်။

(i) People I Love(ကျွန်ုပ် ချစ်ခင်သူများအကြောင်းနှင့် မိမိ၏ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ ဆရာ၊ ဆရာမအကြောင်း

(ii) Placeတွင် မိမိ၏ ကျောင်း၊ အိမ်၊ ဇာတိမြို့ အကြောင်း

(ii) My Petsတွင် မိမိမွေးထားသော အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်)များ အကြောင်း

(iv) What I Do တွင် မိမိ၏ နေ့စဉ်ဘဝ လှုပ်ရှားမှုနှင့် ကျောင်းအားလက်ရက် လှုပ်ရှားမူ့များအ‌ကြောင်း

(v) My Visits တွင် တိရစ္ဆာန်ရုံ၊ ဈေး၊ ရွာတစ်ရွာ၊ လယ်တောတစ်ခု၊ ဘုရားတစ်ဆူနှင့် ပန်းခြံတစ်ခြံသို့ သွားရောက်လည်ပတ်ခဲ့ ပုံများ

 (vi) Days တွင် သာယာသော နေ့တစ်နေ့၊ မိုးရွာသောနေ့၊ မြူနှင်းဝေသော နံနက်ခင်း၊ အလုပ်များသော တနင်္ဂနွေ

(vii) Seasons (ရာသီဥတု)တွင် နွေဥတု၊ မိုးဥတု၊ ဆောင်းဥတု

(viii) Festivals (ပွဲတော်များ) တွင် သင်္ကြန်ပွဲတော်၊ သီတင်းကျွတ်ပွဲတော်၊ ဘုရားပွဲတော် များအကြောင်းနှင့်

 (ix) Miscellaneous (အထွေထွေ) တွင် ကျွန်ုပ်ရည်မှန်းချက်၊ ကျွန်ုပ်၏ အနှစ်သက်ဆုံး အား ကစား၊ ကျန်းမာရေး၊ ကျွန်ုပ်ဝါသနာ၊ ကျွန်ုပ် အနှစ်သက် ဆုံးပုံပြင်၊ ကျွန်ုပ် အနှစ်သက်ဆုံး ဘာသာရပ်နှင့် လမ်း လျှောက်ခြင်းတို့ကို စီစဉ်ရေးသားထားပါသည်။

          အလယ်တန်း စာသင်သားများ ဤစာအုပ်ပါ နည်းနာ များအတိုင်း ရေးသားလေ့ကျင့်ပါက စာမေးပွဲများတွင် အင်္ဂလိပ်စာ အမှတ်ကောင်းကောင်း ရရှိကာ အထက်တန်း ဆင့် အင်္ဂလိပ်စာစီစာကုံးများအတွက်လည်း ကြိုတင် ပြင်ဆင်နိုင်ရန် အခြေခံအုတ်မြစ်ချပြီးသား ဖြစ်မည်ဟု ယုံ ကြည်မျှော်လင့်ရပေသည်။