Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ညီသစ် - အောင်မြင်ဖို့လိုသည်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

(၁) စိတ်စွမ်းအားမပါသော လိုအင်ဆန္ဒများ

          လူတိုင်းလိုလို လိုအင်ဆန္ဒတွေ ရှိကြသည်။ သို့ရာတွင် လိုအင်ဆန္ဒကို ပြည့်ဝအောင် အပတ်တကုတ် ကြိုးစားသူကတော့ အနည်းငယ်သာရှိ သည်။

          လူငယ်အများစုသည် အိပ်ခန်းကျဉ်းလေးထဲမှာထိုင်ကာ “ငါ့မှာ ဘာဖြစ်လို့ သုံးစွဲစရာ ပိုက်ဆံ အလုံအလောက်မရှိရ တာလဲ၊ ဘာကြောင့် တစ်ပတ်မှာ ဝင်ငွေ တစ်ပြားတစ်ချပ်မှ မရှိရတာလဲ။ ဘာကြောင့် တချို့လူတွေက ကံကောင်းနေကြ တာလဲ”ဟု တွေးတောတတ်ကြသည်။

          ထိုကဲ့သို့ မိမိကိုယ်မိမိ မေးခွန်းတွေထုတ် တတ်ကြသည့် အကျင့် လူတွေမှာ ရှိလာသည့်အတွက် ကောင်းသည့်လက္ခဏာ တစ်ရပ်ဟုတော့ ဆိုရမည်။ လိုအင်ဆန္ဒများမှာ မျိုးစေ့များနှင့် တူသည်။ အောင်မြင်သောဘဝတိုင်းသည် အလိုဆန္ဒများဖြင့် စတင်ခဲ့ကြသည်။

          သို့ရာတွင် သင်၏လိုအင်ဆန္ဒများများကို ဘဏ်မှာ အပ်နှံ ပြီး ငွေသားအဖြစ် ပြန်ထုတ်လို့တော့ မရပါ။ ထိုမျှမလွယ်ကူပါ။

          မျိုးစေ့များသည် သင်စိုက်ပျိုးသည့်အချိန်အထိ ဘာကောင်း ကျိုးမှ မရရှိသေးပါ။ သင်၏ လိုအင်ဆန္ဒများသည်လည်း သင့်စိတ်ထဲမှာ ခိုင်မာသော ရည်ရွယ်ချက်ဖြင့် ပုံသွင်းပြီးချိန်အထိကောင်းကျိုးမရရှိသေးပါ။ သင်လိုချင်သည်များကိုရယူဖို့ စိတ်ကူး နေချိန်အထိ ကောင်းကျိုးမရရှိသေးပါ။

          ပထမဆုံး လိုအင်ဆန္ဒတွေက အရင်လာသည်။ ပြီးမှ စိတ်စွမ်းအားလာသည်။ လူအများစုသည် စိတ်စွမ်းအား ချို့တဲ့ ကြ၏။ စိတ်စွမ်းအားကိုလည်း အလွယ်တကူမရရှိနိုင်ဟု ဆိုရ ပါမည်။

          စိတ်စွမ်းအားကို ရရှိနိုင်ရန်အတွက် တစ်ခုခုကို စတင်ဖို့ လိုသည်။ တစ်ခုခုကို လေ့လာဖို့လိုသည်။ တစ်ခုခုကို တိုးတက်အောင်လုပ်ဖို့ လိုသည်။ ထာဝရအောင်မြင်မှု၏ လျှို့ဝှက်ချက်ကို စာကြောင်းအဖြစ် ရေးသားထားတာရှိ၏။ သို့ရာတွင် စာအဖြစ် သာရှိနေခြင်းဖြစ်သည်။ ထိုစာတွေကို လက်တွေ့လုပ်ဆောင်မှု၊ လေ့လာမှု၊ တိုးတက်အောင်လုပ်မှသာ အဖိုးတန်သည့်ရလဒ် ကို ရရှိနိုင်မည်။ ထိုအချက်သည် လုပ်ငန်းအသေးစားလေး လုပ်သည့် နှစ်ဆယ်ကျော် လူငယ် တစ်ယောက်အတွက် မှန်ကန် သလို အသက်ခြောက်ဆယ်အရွယ် သန်းကြွယ်သူဌေး တစ် ယောက်အတွက်လည်း မှန်ကန်သည်။

          လူငယ်တစ်ယောက်သည် လုပ်ရမည့်အလုပ်ကို စလုပ်ပြီး အလုပ်တစ်ဝက်ကို အောင်မြင်စွာ ပြီးစီးသွားသည့်အခါ သူ၏ စိတ်စွမ်းအားသည် အားကောင်းလာပြီဟု ဆိုရမည်။ မိမိကိုယ် မိမိ ယုံကြည်သည့်ခံစားချက်သည် သူ့ရင်ထဲမှာ ကိန်းအောင်း လာပြီဖြစ်သည်။

          အောင်မြင်ဖို့လိုသည် ( ထိုစိတ်စွမ်းအားသည် မိမိကိုယ်မိမိ ငဲ့ညှာမှုနှင့် စိတ်ဓာတ် ကျဆင်းမှုတို့ကို ဖယ်ရှားပေးလေသည်။ ကြီးပွားလိုစိတ်ကိုလည်း မြှင့်တင်ပေးသည်။ သူလုပ်နိုင်သည်ဟု ထင်ထားတာတွေထက် ပိုပြီးလုပ်နိုင်လာသည်ဆိုတာကို သိလာသည်။

          သူ့ကိုယ်ပိုင်အရည်အချင်းကို လေးစားလာသည်။ ပိုမို ခက်ခဲသောအလုပ်များကို လုပ်ကိုင်ရန် သူ့ကိုယ်သူ ပြင်ဆင် တော့သည်။

          အဓိကသော့ချက်ကတော့ လိုအင်ဆန္ဒတစ်ခုတည်းရှိရုံ မျှနှင့် အောင်မြင်မှုကို မရနိုင်သလို ပျော်ရွှင်မှုကိုလည်း မရနိုင်ပေ။ ကံမကောင်း အကြောင်းမလှသူတစ်ယောက်ဆိုလျှင် စိတ်ဒုက္ခ ရောက်နိုင်လေသည်။

          စိတ်စွမ်းအားနှင့် ကြံ့ကြံ့ခံနိုင်မှုသာလျှင် စိတ်ကူးတွေကို အမှန်တကယ်ဖြစ်အောင် လုပ်နိုင်စွမ်းသည်။ အမြဲတမ်း မှန်ကန် နေသည်ဟု မဆိုသာသော်လည်း ရာနှုန်းပြည့်နီးပါး မှန်ကန် သည်ဟု ဆိုရမည်။

          လိုချင်တာအကုန်ရသူဆို၍ လူအနည်းငယ်သာရှိသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်လည်း လိုအင်ဆန္ဒအလုံးစုံမရနိုင် လျှင်ပင် တချို့တစ်ဝက်ကိုတော့ ရနိုင်သည်။ တန်ရာတန်ကြေး ပေးစွမ်းရဲသည့်သတ္တိရှိပါက ကျွန်ုပ်တို့ လိုအင်မှန်သမျှ ဖြည့်စွမ်း နိုင်သည်။