Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ညိုသစ် - အရိုင်းမိစ္ဆာနှင့်ဘာသာပြန်ဝထ္ထုတိုများ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

 ခိုးဝှက်စားသောက်သွားပါလိမ့်။ လူလည်ပဲဟု အစောင့်များ တွေးတော ကြတော့သည်။ သည်ထက် ပိုဆိုးသည်မှာ အချို့ အစောင့်များသည် သံတိုင် နှင့် အလွန်နီးကပ်စွာ လာရောက်၍ ထိုင်ကြည့်နေကြသည်။

          ခန်းမထဲတွင် ရှိသော မီးရောင်ဖြင့် သူတို့ အားမရ။ အကြီးအကဲ လုပ်သူက ထုတ်ပေးထားသည့် လက်နှိပ်ဓာတ်မီးအလင်းရောင် စူးစူးရဲရဲဖြင့် ပန်းချီဆရာကို ထိုးထားကြသည်။ စူးရှသည့် မီးရောင်ဝင်းလက်မှုကြောင့် ပန်းချီဆရာအဖို့ ပို၍ ဒုက္ခမကျရောက်ပါ။ သူသည် နှစ်ခြိုက်မက်မောစွာ အိပ်မပျော်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ငိုက်မှေးရီဝေတာလောက်နှင့် ကြာမြင့်ခဲ့ သည်။ ဘယ်လိုပဲဖြစ်ဖြစ် မီးတွေ ဘယ်လောက် လင်းလက်ပါစေ၊ ဘယ်လောက်ပဲ နာရီတွေ ထိုးနှက်သွားလည်း ကြည့်ရှုသူတွေ တိုးကြိတ်ပြီး ဆူကြ၊ ပူကြ၊ ကသောင်းကနင်းဖြစ်လည်း ပန်းချီဆရာကတော့ ငိုက်မှေးလို့ ရသည်ချည်း။ သူ့အဖို့ အိပ်မပျော်သောညများစွာကို ထိုကဲ့သို့သော အစောင့် များကြောင့် ကုန်လွန်စေသည့် နည်းလမ်းတစ်ခုကို တွေ့ရသဖြင့် သူသည်ကျေနပ်အားရသွားတော့သည်။ သူ့ကိုစောင့်သည့် အစောင့်များနှင့် နောက် ပြောင်လာတတ်သည်။ သူတို့ကိုလည်း ကလေကချေ ကျင်လည်ခဲ့ရသော သူ့ဘဝ အတွေ့ အကြုံ အဖြစ်အပျက်တွေကို ပြောပြတတ်သည်။ ထို့နောက် အစောင့်များကို မအိပ်မိရလေအောင် ပြုလုပ်ထိန်းထားရန် ဖြစ်သည်။

          လှောင်အိမ်အတွင်းမှာ စားသောက်စရာ ဘာတစ်ခုမှမရှိကြောင်းကို အစောင့် များ သိဖို့လိုအပ်သည်။ ထိုအစောင့်များထဲမှ တစ်ဦးတစ်ယောက်မျှပင် သည်လို အစာငတ်ခံခြင်း အလုပ်မျိုးကို မလုပ်နိုင်ကြောင်းကိုလည်း သူတို့ သိဖို့ အရေးကြီးသည်။ ပန်းချီဆရာအဖို့ အပျော်ရွှင်ဆုံးအချိန်မှာ အရုဏ် တက်လာချိန် ဖြစ်သည်။ မိုးလင်းချိန် ရောက်လာသည်နှင့် စားသောက်ဖွယ် ရာများ အစောင့်များဆီသို့ယူလာမည်။ ကျန်းမာသန်စွမ်းသူများအဖို့ ထို အစားအစာများကို အငမ်းမရ စားသောက်ကြပေလိမ့်မည်။ ညတုန်းက မအိပ်စက်ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်။ ပန်းချီဆရာကို အမှီသဟဲ ပြု၍ စားသောက်ရခြင်းဖြစ်သည်။ ယခုလို နံနက်စာကျွေးမွေးခြင်းသည် အစောင့်များကို လာဘ်ပေးလာဘ်ထိုးခြင်းတစ်မျိုးဟု အချို့သောသူများက ပြောဆိုကြသည်။ ဒီလို ပြောကြဆိုကြတာတော့ ပိုလွန်းပြီ ထင်သည်။

          အရိုင်းမိစ္ဆာနှင့် ဘာသာပြန်ဝတ္ထုတိုများ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ကြပါ။ နံနက်စာလည်း မစားကြနဲ့။ တစ်ညလုံးလည်း မအိပ်နဲ့။ စောင့်ကြည့်တဲ့အလုပ်ပဲ စောင့်လုပ်ပါဆိုသည့် ကမ်းလှမ်းဖိတ်ခေါ်ခြင်းကို ဝေဖန်ပြောဆိုသူတို့ ကြောက်ရွံ့ သွားကြသည်။ သို့သော်လည်း သူတို့ရဲ့ သံသယတွေကိုတော့ ခေါင်းမာမာနဲ့ပဲ သိမ်းဆည်း ဖက်တွယ်ထားတုန်း ဖြစ်သည်။

          မည်သို့ပင်ဖြစ်စေ ထိုသံသယများသည် ကြေးစားအစာငတ်ခံပွဲနှင့် အတူ ဒွန်တွဲပတ်သက်၍ လိုအပ်သော အရာတစ်ခုလည်း ဖြစ်သည်။ သည်လို အစာငတ်ခံ ပန်းချီဆရာကို မည်သူက နေ့နေ့ညည ကြပ်မတ်စောင့်ကြည့်နိုင်ခြင်းရှိမှာ မဟုတ်ပေ။ ဒီကိစ္စမျိုးကို အမှန်တကယ် တိတိ ကျကျ အစာငတ်ခံခြင်းကို ပြုလုပ်ပါတယ်။ ရပ်နားဆိုင်းငံ့ခြင်းမရှိဘဲ လုပ်သည်ကို မျက်မြင်သက်သေခံပေးမည့်သူ မရှိကြပေ။ ထိုအလုပ်ကို သိသူမှာ ပန်းချီဆရာတစ်ဦးတည်းသာ ကိုယ့်ကိုကိုယ်သိခြင်း ဖြစ်သည်။ ပန်းချီဆရာသည် မိမိ၏ကိုယ်ပိုင် အစာငတ်ခံပွဲအလုပ်ကို အစမှ အဆုံး တိုင် စောင့်ကြည့်နေသော၊ နှစ်ခြိုက်အားရမှုရှိသော ပွဲကြည့်သူတစ်ဦး ဖြစ်ပေသည်။ သို့အတွက်ကြောင့် သူကိုယ်တိုင်လည်း ကျေနပ်နှစ်ခြိုက်ခြင်း အပြည့်အဝ မရှိခဲ့ပေ။ ဤမြင်ကွင်းမှာ အလွန်အကျွံတစ်ခုဖြစ်ပြီး ကြည့် ရှုရာမှ ကြေကွဲနာကြည်းစွာဖြင့် ထွက်ခွာသွားကြကုန်သည်။ သူ့အဖို့ မကျေနပ်စရာ ဖြစ်သည်။ အရိုးနှင့် အရေပြားသာ ဖြစ်တည်နေရခြင်းမှာ အခြားလူများ မသိသေးသော အချက်အလက်တစ်ခုကို ပန်းချီဆရာ သိ ထားသည်။ ထိုအချက်မှာ အစာငတ်ခံခြင်းသည် အလွန်လွယ်ကူသည်။ ကမ္ဘာမြေပေါ်တွင် အလွန်လွယ်ကူဆုံးသော အလုပ်တစ်ခုလည်း ဖြစ်သည် ဆိုသော အချက်တစ်ချက် ဖြစ်သည်။ သူသည် ထိုအချက်ကို လျှို့ဝှက် သိမ်းဆည်းကွယ်ဝှက်မထားပေ။ သူ့ကို လူတွေက မယုံကြည်။ သည် ကိစ္စကို လွယ်လွန်းပါသည်ဟု ပြောပြနေသည်က မိမိကိုယ်ကို အောက် ကျိုနှိမ့်ချပြီး ပြောနေခြင်းဖြစ်သည်ဟု မြင်လျှင် တော်ပါသေးသည်။ သည် လိုမှမဟုတ်ဘဲ လူတွေကြားထဲမှာ အသံကောင်း အော်ဟစ်ပြနေတာပေါ့ ။ ဒါမှမဟုတ် ဒီလို အစာငတ်ခံတဲ့ကိစ္စဟာ လွယ်ကူတဲ့နည်းနဲ့ လုပ်ယူလို့ ရတာကို သိလို့ တစ်ပတ်ရိုက်လုပ်နေတာပါကွာဟု ပြောဆိုနေကြသည်။

          ညိုသစ် အချို့လူများက မောက်မာရိုင်းစိုင်းစွာဖြင့် အစာငတ်ခြင်းရဲ့ လွယ်ကူခြင်း ကို ဝန်ခံရန် နည်းလမ်းမျိုးစုံဖြင့် အတင်းအကျပ် ကိုင်လာကြသည်။ သူ သည် စိတ်ရှည်သည်းခံသည်။ အချိန်တွေ ကြာမြင့်လာသောအခါ နေသား တကျလို ရှိလာသည်။ သို့သော်လည်း သူ့ရဲ့ ခန္ဓာကိုယ်အတွင်းထဲ၌လောင်ကျွမ်းပူလောင်နေသော မကျေနပ်ခြင်းက အမြဲတစေ တမြေ့မြေ နှင့် စိတ်အနှောင့်အယှက်ပေးခဲ့သည်။

          အစာငတ်ခံခြင်းကို အချိန်ကာလ မည်ရွေ့မည်မျှ သတ်မှတ်စေကာမူ သူ့အဖို့ မိမိစိတ်ဆန္ဒအလျောက်သာ ဤအလုပ်မှ စွန့်ပစ်ထွက်ခွာခဲ့ခြင်းမရှိ။ အမှန်တကယ်ဖြစ်သင့်သည်မှာ အစာငတ်ခံ သတ်မှတ်ခွင့်ပြုသင့်ပေသည်။ ရက်ပေါင်း (၄၀) ဟု အစာငတ်ခံခြင်းရက်ကို ပြပွဲစီစဉ်သူက သတ်မှတ်ထား သည်။ ပန်းချီဆရာအား ထိုသတ်မှတ်ရက်ထက် ကျော်လွန်ပြီး အစာငတ် ခံခြင်း ခွင့်မပြုပေ။ ထိုရက်ထက် ကျော်လွန်ပြီး မြို့ကြီးများမှာပင် ခွင့်မပြု သည့်အတွက် ခိုင်မာကောင်းမွန်သော အကြောင်းပြချက်ကလည်း ရှိ၏။ အစာငတ်ခံနေစဉ် အချိန်ကာလ၌ လူအများ စိတ်ဝင်စားမှု ရက်ပေါင်း (၄ဝ) ခန့်သာ အများဆုံးဖြစ်သည်။ အတွေ့အကြုံများက သက်သေပြခဲ့ သည်။ ထိုရက် (၄၀) ပြည့်ရန်အတွက် ကြေညာခြင်းဖြင့် မှန်ကန်အောင် တွန်းအားပံ့ပိုးပေးမှသာလျှင် ဖြစ်နိုင်သည်။ ထိုရက်ပေါင်း (၄၀) ကျော်လွန် လာခဲ့လျှင် မြို့၏ စိတ်ပါဝင်စားမှုမှာ ပျောက်ကွယ်ဆုတ်ယုတ်သွားတော့ သည်။ စာနာထောက်ထားသည့် ကူညီမှုများကလည်း သိသာထင်ရှားစွာ အားနည်းပါးလျသွားတော့သည်။ ရက်အတိုးအလျှော့ အနည်းငယ်ရှိသော် လည်း အကြမ်းဖျင်းအားဖြင့် တစ်မြို့နှင့် တစ်မြို့၊ တစ်နယ်နှင့် တစ်နယ် ရက်အလျှော့အတင်းအရ ရက်ပေါင်း (၄၀) သည် ကန့်သတ်စည်းမျဉ်းဖြစ် သည်။ ထို့ကြောင့် ရက်ပေါင်း (၄၀) ပြည့်သည့်နေ့ကို ရောက်ရှိခဲ့လျှင် ပန်းဆောင်ပန်းမြောင်နှင့် ခြယ်သမွမ်းမံထားသော လှောင်အိမ်ကို ဖွင့်သည်။ စိတ်အားထက်သန်နေသောလူများ ပြခန်းမအပြည့်။ စစ်တီးဝိုင်းကလည်း တီးမှုတ်။ ဆရာဝန်နှစ်ဦးကလည်း လှောင်အိမ်အတွင်းထဲသို့ ဝင်ရောက် လာလေတော့သည်။ ထိုသို့ အစာငတ်ခံခြင်း အကျိုးတရား သက်ရောက်မှု ကို စစ်ဆေးတိုင်းတာပြီးနောက် အသံချဲ့စက်မှ စစ်ဆေးတွေ့ရှိမှုများကို