ညီသစ် - ဆင်းရဲသောဖေဖေချမ်းသာသောဖေဖေ
ကျွန်တော့်တွင် ချမ်းသာသော ဖေဖေနှင့် ဆင်းရဲသော ဖေဖေဟူ၍ နှစ်ယောက်ရှိပါသည်။ ဖေဖေတစ်ယောက် မှာ ပညာရေးတွင် အဆင့်အတန်းမြင့်မား၍ ဉာဏ်ရည်ကောင်းသည်။ သူသည် ပီအိတ်ခ်ျဒီဘွဲ့ တစ်ခု ရယူ ထားပြီး လေးနှစ်ပြည့်မှ ရယူနိုင်မည့် ဘွဲ့တစ်ခုကို နှစ် နှစ်အတွင်းမှာ ရအောင် ယူပြနိုင်ခဲ့ပါသည်။ သူသည် ချီကာဂိုမြို့၏ တက္ကသိုလ်ဖြစ်သည့် စတန်းဖို့ဒ် ယူနီဗာ စီတီသို့ ဆက်တက်ခဲ့သည်။ ထိုမှတစ်ဖန် ငွေရေးကြေး ရေးဆိုင်ရာ ပညာရပ်များကို ကုံလုံကြွယ်ဝလာစေရန် နော့တ်ဝက်စ်တန် တက္ကသိုလ်တွင် ဘွဲ့လွန်တန်းများ သို့ ထပ်မံ တက်ရောက်ခဲ့သည်။
နောက်ဖေဖေတစ် ယောက်မှာမူ ရှစ်တန်းပင် မအောင်ခဲ့သူဖြစ်သည်။
ဖေဖေနှစ်ယောက်စလုံးမှာ သူတို့၏ အသက်မွေး မှု လုပ်ငန်းများတွင် အောင်မြင်နေကြပြီး တစ်သက်တာ လုံး အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။ နှစ်ယောက်စလုံး ဝင်ငွေ ကောင်းကြသည်။ သို့ရာတွင် တစ်ယောက်မှာတော့ ငွေကြေးနှင့်ပတ်သက် ပြီး အမြဲ ရုန်းကုန်နေရသည်။ နောက်တစ်ယောက်ကတော့ ဟာဝိုင်အီတွင် အချမ်းသာဆုံးစာရင်းဝင်တစ်ဦး ဖြစ်လာသည်။ တစ်ယောက်မှာ ကွယ်လွန်ချိန်တွင် သူ့ မိသားစုအတွက်၊ အလှူခံဌာနများအတွက် သူ ၏ ဘုရားကျောင်းအတွက် ဒေါ်လာသန်းပေါင်းများစွာ ထားရစ်နိုင်ခဲ့သည်။ နောက်တစ်ဦးမှာကား ပေးဆပ် စရာ ကြွေးမြီများကိုသာ ချန်ထားခဲ့လေသည်။
ဖေဖေနှစ်ယောက်စလုံးမှာ ဒေါင်ဒေါင်မြည် သန်မာ၍ မြင့်မြတ်သော စိတ်ဓာတ်နှင့်အတူ သြဇာအာဏာ ရှိသူများ ဖြစ်ကြသည်။ ထိုယောက်ျားသားကြီး နှစ်ဦး စလုံးမှာ ကျွန်တော့်အား အကြံဉာဏ်များပေး၏။ သို့သော် နှစ်ဦးစလုံးပေးသော အကြံများမှာ ထပ်တူညီမျှ မတူကြပေ။ နှစ်ယောက်စလုံးသည် ပညာရေးတွင် ပြင်းထန်သော ယုံကြည်ချက်များ ထားရှိသည် ။ သို့သော် သူတို့ ရည်ညွှန်းပြောဆိုသော လေ့လာသင် ကြားမှုများသည် လုံးဝ တူညီမှု မရှိပါ။
အကယ်၍သာ ကျွန်တော့်တွင် ဖေဖေတစ်ဦး တည်း ရှိနေပါက ကျွန်တော့်အတွက် ပေးလာသောဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ အကြံကို လက်ခံလျှင် လက်ခံမည်။ ငြင်းပယ်လျှင် ငြင်းပယ်မည်ဖြစ်သည်။ ယခုတော့ ဖေဖေနှစ်ဦး ရှိနေ၍ သူတို့နှစ်ဦးက ပေးလာသော အကြံဉာဏ်များကို မိမိ၏ ရှုထောင့်မှနေ၍ ရွေးချယ်ရမည်ဖြစ်သလို၊ ထို နှစ်ယောက်မှာလည်း တစ်ဦးက ချမ်းသာသောဖေဖေ ဖြစ် ၍ တစ်ဦးက ဆင်းရဲသည့် ဖေဖေ ဖြစ်နေပါသည်။
ကျွန်တော်သည် သူတို့ပေးသည့်အကြံများကို ဒီ အတိုင်း လက်ခံထားခြင်း မရှိသလို ငြင်းပယ်ပစ်ခြင်း လည်း မရှိပါ။ ထိုအကြံများကို ချဲ့ကားတွေးခြင်း၊ နှိုင်း ယှဉ်ခြင်းများ ပြုလုပ်၍ ကိုယ့်အတွက် သင့်တော်မည် ထင်သည်များကို ရွေးချယ်နေမိသည်။
ပြဿနာရှိသည်က ချမ်းသာသောဖေဖေသည် ထိုစဉ်က မချမ်းသာသေး။ ဆင်းရဲသော ဖေဖေသည် ယင်းစဉ်က မဆင်းရဲသေး။ နှစ်ယောက်စလုံးမှာ သူတို့ ၏ အလုပ်တာဝန်များကို အစပြုဆောင်ရွက်ဆဲ။ ပြီးတော့ နှစ်ယောက်စလုံးသည် ငွေကြေးအတွက် မိသားစု အတွက် ကြိုးစားရုန်းကန်ပြီး ရှာဖွေနေကြသည်။ သို့သော် ငွေနှင့် ပတ်သက်လာလျှင်တော့ သူတို့တွင် မတူ ညီသော အမြင်ကိုယ်စီ ရှိနေကြသည်။
ဥပမာဆိုရလျှင် ဖေဖေတစ်ယောက်က ..
“ငွေတစ်ခုတည်းကိုပဲ ချစ်တတ်တာဟာ မကောင်း မှုအားလုံးရဲ့ ရေသောက်မြစ်ပဲ” ဟုဆိုလျှင် ကျန်ဖေဖေ တစ်ယောက်က “ငွေမရှိခြင်းဟာ မကောင်းမှုအားလုံးရဲ့ရေသောက်မြစ်ပဲ” ဟု ဆိုနေတတျသည်။
အားကြီးလှသော ဖေဖေနှစ်ယောက်၏ သြဇာ လွှမ်းမိုးမှုကို ခံနေရသော ကျွန်တော့်လို လူငယ်တစ် ယောက်အနေနှင့် အခက်အခဲတွေ ကြုံရသည်။ ကျွန်တော်သည် မိဘစကားကို နာခံတတ်သော သား လိမ္မာ တစ်ယောက် ဖြစ်ချင်သည်။ သို့ရာတွင် ဖေဖေ နှစ်ယောက်၏ ဆိုဆုံးမမှုများမှာ တူညီတာဆို၍ တစ် ခုမျှမရှိပေ။ ငွေအပေါ်ထားရှိသည့် သူတို့၏ သဘော ထားနှင့် ပတ်သက်၍ နှိုင်းယှဉ်ကြည့် နေမိသော ကျွန်တော်သည် မိမိ၏ စူးစမ်းမှုများကို အားထုတ်၍ အစီအစဉ်များ ရေးဆွဲနေမိသည်။ သူတို့ တစ်ဦးချင်းစီ ပြောသော စကားများကို ပို၍ အချိန်ကြာကြာ တွေး တောတတ်လာသည် ။
ကျွန်တော်၏ မြောက်မြားလှစွာသော ကိုယ်ပိုင် အချိန်များကို ပြန်တွေး၍ “ဖေဖေဟာ ဒီစကားကို ဘာကြောင့် ပြောရတာလဲ”ဟု မိမိကိုယ်မိမိ မေးခွန်းထုတ် နေမိသည်။ နောက်ဖေဖေက ပြောသော စကားများကို လည်း ထိုသို့ပင် ပြန်လည်မေးခွန်း ထုတ်နေမိသည်။ “ဟုတ်တယ်၊ သူပြောတာ မှန်တယ်။ ဒါတော့ ငါ သဘောတူတယ်” ဟု သာမန်မျှသာ လက်ခံလိုက်မည် ဆိုလျှင်တော့ ခေါင်းရှုပ်စရာအကြောင်း ရှိမည် မဟုတ် ပေ။ “ဒီအဘိုးကြီး သူ ဘာတွေ ပြောနေမိမှန်းတောင် သိတာ မဟုတ်ဘူး” ဟု သာမန်ငြင်းပယ်လိုက်မည်