Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ညီမော်သိမ်း - ဖွံ့ဖြိုးစအရွယ်သားငယ်သမီးငယ်

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

ဘဝအစ

          သားရေ ... ကလေးတွေရဲ့ ဘဝအစကတော့ အငိုနဲ့ စခဲ့ရတာပါပဲ။ ဒါဟာ ကမ္ဘာ့ဖြစ်စဉ်ကြီးပဲပေါ့။ ကလေးငယ်ဟာ အမိဝမ်းတွင်းက မွေးဖွားသန့်စင်လာတဲ့အခါမှာ သူဟာ စကြဝဠာရဲ့ အေးမြမှုနဲ့ သဟဇာတမျှမှုကို လိုလားတောင့်တ ခဲ့ပေလိမ့်မယ်။ ပြီးတော့ သူဟာ မေတ္တာတရားတွေအသင်္ချေ နဲ့ ဘဝအတွက် လုံခြုံစိတ်ချရမှု၊ အာဟာရပြည့်စုံမှုကိုလည်း လိုလားတောင့်တခဲ့ပေလိမ့်မယ်။ မိခင်ရဲ့ သဘာဝနှလုံးသား က စိမ့်ယိုစီးဆင်းလာတဲ့ နို့ချိုရည်ကိုသာ မက်မောတောင့် တမိပေလိမ့်မယ်။ နို့မှုန့်နဲ့ တခြားအာဟာရတွေကိုတော့ သူ ဟာ မလွဲသာမရှောင်သာမှသာ ကျေနပ်နှစ်သိမ့်မိရှာပေလိမ့် မယ်။ ဒီအတွက်လည်း မိခင်တိုင်းဟာ ဖြည့်ဆည်းသင့်ကြ တယ်။ ပူလောင်စပ်ခါးဟင်းလျာများကို အာသာဆန္ဒရှိကြပေမဲ့ ကိုယ့်ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် ရှောင်ရှား စားသောက်သင့်ကြတယ်။ မိခင်တိုင်းဟာ မိခင်ပီသစွာနဲ့ ကလေးကို အနှီးနဲ့ ထွေးပိုက်ယုယတာကအစ၊ ချီပိုးသယ် ဆောင်တာအဆုံး စနစ်တကျရှိဖို့လိုပါတယ်။

          သားရေ .. ကက်သရင်းဘေရွန်ရဲ့ စာအုပ်အဆိုအရ ပြည်ပနိုင်ငံတချို့မှာ ရင်သွေးမွေးဖွားခါစ မိခင်များအတွက် မိမိရင်သွေးငယ်ကို ဘယ်လိုစောင့်ရှောက်ထွေးပွေ့ရမယ်ဆို တဲ့ သင်တန်းကျောင်းကလေးတွေတောင် ဖွင့်လှစ်ထားရှိပေး နေတယ်လို့ဆိုပါတယ်။ ဟုတ်တယ်သား။ စနစ်ကျမှ ချစ်ကြ တယ်ဆိုတာ ချစ်ရကျိုးနပ်ကြပေမပေါ့။

          မိခင်ဟာ သားငယ်သမီးငယ်ကို အချိန်မှန်နို့ချိုတိုက် ကျွေးသင့်တယ်။ ကလေးဆိုတာတော့ မကြာခဏငိုကြမှာပဲ တဲ့။ ဒါပေမဲ့ ရင်ပြည့်ရင်ကယ်ဝေဒနာမဖြစ်ဖို့အတွက် သတ် မှတ်ချက်အချိန်ကျမှသာ နို့ချိုတိုက်ကျွေးသင့်တယ်လို့ ဆိုပါ တယ်။ ဥပမာ၊ နာရီဝက်တစ်ကြိမ်ပေါ့။ ကလေးကို အခုလို အချိန်ဇယားနဲ့ စနစ်တကျအာဟာရဖြည့်တင်းပေးသွားမယ် ဆိုရင် ကလေးတိုင်းဟာ နောက်တစ်ခါနို့မစို့ခင်စပ်ကြားမှာကောင်းမွန်နှစ်ချိုက်စွာ အိပ်ပျော်နေကြလိမ့်မယ်လို့ဆိုပါ တယ်။ အစာခြေဖျက်ခြင်းကိုလည်း ကလေးရဲ့ ရင်ထဲက အစာအိမ်က ကောင်းမွန်စွာအလုပ်လုပ်လိမ့်မယ်လို့ ဆိုပါ တယ်။ များသောအားဖြင့်တော့၊ ကလေးငယ်များရဲ့ ကျန်းမာရေးအတွက် မွေးကင်းစအရွယ်မှာ မိခင်က နို့ထွက်ကောင်း ရင် မနက် ၆ နာရီတစ်ကြိမ်၊ မနက် ၁၀ နာရီတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ၊ ညနေ ၆ နာရီနဲ့ ည ၁၀ နာရီခြားပြီး နို့တိုက် ရမယ်လို့ဆိုပါတယ်။ မိခင်ရဲ့ နို့ချိုရည်မဟုတ်ဘဲ နို့ဘူးဖျော် တိုက်တဲ့ကလေးများဆိုရင်လည်း၊ စောစောကပြောတဲ့အချိန် ဇယားအတိုင်း တိုက်သင့်တယ်လို့ဆိုပါတယ်။ သိပ်ပြီး သေးကွေးနုနယ်လွန်းလှတဲ့ မွေးခါစကလေးလေးတွေဟာ ည ဘက်မှာနိုးတတ်ကြတော့၊ ညသန်းခေါင်ပိုင်းမှာ ကလေးကို တစ်ကြိမ်လောက်တော့ နို့တိုက်နိုင်ပါတယ်တဲ့။ ဒါကလည်း ကလေးက ငိုယိုမှုရှိလာခဲ့ရင်ပါ။