Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ညီပုလေး - အဆန်းနော်လိုရာကွန့်နိုင်တဲ့

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

အဲဒီနေ့တွေမှာ ကျောင်းမသွားချင်ကြောင်း အမူအရာတွေ သိသိသာသာ ထုတ်ဖော်ပြသတတ်တယ်။ ကျွန်တော်တို့က သူအကြိုက်အလိုက်ကို သိပေ လို့သာပေါ့။ သားသားက ဘယ်သူသေလို့ ဝင်စားတယ်လို့ ပြောရမှန်းကို မသိဘူး။ အရင်ဘဝက နွားခြံပိုင်ရှင်လား၊ နွားကျောင်းသားလား၊ မြင်းလှည်းမောင်းတဲ့သူလားမသိ၊ ဒါမှမဟုတ် ရဲအရာရှိလား၊ မီးသတ် ရဲဘော် ဝင်စားတာလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။ သူက တိရစ္ဆာန်တွေ စိတ်ဝင်စားမှန်းသိလို့ ဘေးမဲ့နွားတွေ၊ ဈေးနွားတွေ ရှိတတ်တဲ့ ဈေးတွေ ဘက်က လှည့်ပတ်ပြီး စက်ဘီးကိုနင်းရင်း ကျောင်းလိုက်ပို့ရတယ်။ တချို့ ရက်တွေက ရဲစခန်းတို့ မီးသတ်စခန်းတို့ရှိတဲ့ လမ်းအတိုင်း စက်ဘီးပေါ် တင်ပြီး ပါးစပ်က သူစိတ်ဝင်စားတဲ့ နွားပုံပြင်တွေ၊ ရဲပုံပြင်တွေ ပြောရတော့ တာပေါ့။ နွားတွေအကြောင်း ပျင်းသွားတယ်ထင်ရင် တကယ်တော့ ကျွန်တော့်မှာ ပြောစရာပုံပြင်မရှိတော့ရင် မြင်းလှည်းတွေ၊ မြင်းခွာခြစ်တဲ့ နေရာ၊ ခွာရိုက်၊ အမွေးထိုးတဲ့နေရာကို ခေါ်သွားရတယ်။ မြင်းပုံပြင် တစ်လှည့်ပေါ့။ ရွှေဘက အရင်ဘဝက ကောင်းဘွိုင်များ ဖြစ်ခဲ့လေသလား မသိ။

           တစ်မနက် ကျောင်းသွားပို့တော့ ဆရာမ ခပ်ငယ်ငယ်တစ်ယောက် က ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကို တွေ့ချင်လို့ ဝင်တွေ့ပါဦးလို့ ပြောတော့ ခေါင်းနားပန်းကြီးသွားတာပေါ့။ ကျောင်းသားမိဘတချို့က ကျွန်တော့်ကြည့်ပြီး ပြုံးစိစိလုပ်နေကြတယ်။ ရွှေဘ ဘာတွေများ လုပ်ထား ပြန်ပြီလဲ၊ စိတ်ထဲမှာ တထင့်ထင့်နဲ့။ ဘာပြဿနာပါလိမ့်။ ဆရာမလေးရဲ့ မျက်နှာကို အကဲခတ်မိသလောက်တော့ ဘာမှ ထူးထူးခြားခြား မတွေ့ရ ဘူးလေ။

          ရုံးခန်းထဲရောက်တော့ ဆရာမကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ ဆီးကြိုတယ်။ အကြောင်းကတော့ သားသားတို့မှာ သောက်ရေ သုံးရေ အခက်အခဲ ရှိနေတာကြောင့် ရေကောင်းရေသန့် ဖောဖောသီသီ ကလေးတွေ သုံးစွဲကြရ ဖို့ အစီစဉ်သစ်နဲ့ လုပ်ဆောင်မယ့်အကြောင်း ရှင်းပြတာပါ။ ခပ်တိုတိုပြောရရင် အခုလောလောဆယ် ပါမလာသေးလို့ ညနေ ကျောင်းဆင်းတဲ့အခါ အလှူငွေ လာထည့်ပါမယ်လို့ ဆရာမကြီးကို ပြောပြခဲ့ရတာပါပဲ။

          ညနေ ကျောင်းဆင်းချိန်မှာတော့ ကျွန်တော့်လိုပဲ ကျောင်းသူ ကျောင်းသားရဲ့ မိဘတွေ ဆရာမကြီးရုံးခန်းဝမှာ ဆုံမိကြသေးတယ်။

          ရက်တွေကြာလာတာနဲ့အမျှ ရွှေဘ ကျောင်းသွားမပျင်းတော့ဘူး။ သူ့ကျောင်းက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်လေတော့ တနင်္လာနေ့ နံနက်ကျရင်တော့ နည်းနည်းနှိုးဆော်ရတယ်။ နွားအုပ်တွေရှိရာတို့ ရဲစခန်း ဘက်တို့ကနေ လှည့်ပတ်ပြီး ကျောင်းပို့ရတယ်။ ကျန်တဲ့နေ့တွေတော့ အဆင်ပြေပါတယ်။

          ငွေကြေးတတ်နိုင်တဲ့မိဘတွေက သူတို့ကလေးရဲ့ မွေးနေ့ကျရင် မူကြို တစ်ကျောင်းလုံးကို အကျွေးအမွေးနဲ့ ခပ်ကျဉ်းကျဉ်း မွေးနေ့ပွဲလေး လုပ်လေ့ရှိတယ်။ ထမင်းကို ဟင်းကောင်းကောင်းနဲ့ ကျွေးတတ်သလို၊ ကလေးတွေ ကြိုက်တတ်တဲ့ ရေခဲမုန့်၊ ရွှေရင်အေး၊ ကျောက်ကျောတွေပါ တိုက်ကျွေးတတ်တော့ ရွှေဘ ကျောင်းပျော်တော့တာပေါ့။ တချို့က သကြားလုံးတို့ ဂျယ်လီတို့ ဝေဖာတို့ ဝေတတ်တယ်။

* * *

          ရက်တွေကြာခဲ့ပြီ။ ရွှေဘ ကျောင်းပျော်နေပြီ၊ ညနေ ကျောင်းဆင်း ချိန် ကျောင်းသွားကြိုတော့ ဆရာမတစ်ယောက်က ရွှေဘရဲ့ အဖေ ဆရာမ ကြီးက ခေါ်နေတယ်။ ခဏလောက်ဝင်တွေ့ ပါဦးလို့ပြောလို့ ကျောင်းပျော် နေတဲ့ ကလေးတစ်ယောက်ရဲ့ ဖခင်ပဲ၊ စိတ်ထဲမှာ အလှူခံကိစ္စတစ်ခုခုပဲ ဖြစ်မှာပါလို့ တွေးပြီး ရုံးခန်းထဲဝင်သွားလိုက်တယ်။

          ပြုံးချိုနေတဲ့ မျက်နှာထားပိုင်ရှင်က မူကြိုကျောင်းတည်ထောင်တဲ့ နှစ်ပတ်လည် ပဒေသာကပွဲမှ မောင်ရွှေဘ ပါဝင်ကပြစေချင်သလားလို့ မိဘရဲ့ သဘောထားကို ခေါ်မေးတာပါ။သူ့ကို မူကြိုကျောင်းထားတာကိုက ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်း နေထိုင်တတ်အောင်၊ သူငယ်ချင်းတွေနဲ့ နေထိုင်ပေါင်းသင်းဆက်ဆံတတ်အောင်၊ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုကို နာယူတတ်အောင် စတဲ့ ရည်ရွယ် ချက်တွေနဲ့ ထားခဲ့ကြတာအပြင် ဒီကလေး ကျောင်းထားဖို့အခြေအနေရှိရဲ့ လား ဆိုတာပါပါတယ်။ ဒါကြောင့် ဆရာမကြီး ပြောပြတဲ့ ကျောင်းကပွဲ ကိစ္စမှာ ချက်ချင်းလက်ငင်း သဘောတူခဲ့တယ်လေ။

          ချက်ချင်းသဘောတူခဲ့တယ် ဆိုပေမယ့်လည်း ပဒေသာကပွဲမှာ ဝတ်ဆင်ရမယ့် ဝတ်စုံဖိုးကိုတော့ လာမယ့်တနင်္လာနေ့ကျ ဆက်ဆက်ပေးပါ မယ်လို့ ပြောခဲ့ရတယ်။ စက်ဘီးပေါင်တန်းပေါ်ထိုင်လိုက်လာတဲ့သားကို နားနားကပ်ပြီး ကျောင်းကပွဲမှာ ဝင်ကချင်သလားလို့မေးတော့ သူက မပါချင်ဘူးတဲ့လေ။ ဒါနဲ့ ကပွဲဆိုတာ သိပ်ပျော်စရာကောင်းတဲ့အကြောင်း အဝတ်သစ် အစားသစ်တွေ ဝတ်ရမယ့်အကြောင်း၊ ဒီပြင်သူငယ်ချင်းတွေ လည်း ဆိုကြ ကကြမယ့်အကြောင်း ပြောပြတော့ သူ စိတ်နည်းနည်းလည် သွားပြီး စဉ်းစားနေတယ် ထင်ပါရဲ့။ အင်းမလုပ် အဲမလုပ်နဲ့။

          တစ်ညနေ ကျောင်းသွားကြိုတော့ ဆရာမလေးတစ်ယောက်က ကျောင်းကပွဲမှာ သားသားကို ပုံပြောဖို့ အရွေးခံရတယ်တဲ့။ ကျောင်းသူ ကျောင်းသား ရှစ်ဆယ်ကျော်ထဲမှာ ပုံပြင်ပြောနိုင်တာ သူတစ်ယောက်ပဲ ရှိသတဲ့လေ။ ဒါကြောင့် သားသားကို အိမ်မှာ ပုံပြောလေ့ကျင့်ခိုင်းပါလို့ မှာလိုက်တယ်။

          ညစာစားပြီးလို့ အနားယူကြတဲ့အချိန်မှာ သားသားကို ပုံအပြောခိုင်း ကြည့်တယ်။ မပြောဘူး။ ဘယ်လိုချော့မော့ပြောလို့မှမရဘူး။ နောက်တစ်နေ့ ညကျလည်း ဆရာမမှာထားတဲ့အတိုင်း ပုံအပြောခိုင်းတာပဲ။ သားက မပြောဘူး။ ကျောင်းပို့တဲ့အခါ တွေ့ နေကျဆရာမကို ရွှေဘ အိမ်မှာ ပုံ အပြောခိုင်းလို့ မရတဲ့အကြောင်း ပြောရတော့တာပေါ့ ။ ဆရာမက ခပ်အေးအေးပဲ။ သားသား အိမ်မှာ ပုံမပြောတာ ဘာမှမဆန်းသလိုပဲ။ ရယ်နေပြီး အချိန်တန်ရင်တော့ အဆင်ပြေသွားမှာလို့ ပြောလိုက်တယ်။

          ကျောင်းကပွဲက တရွေ့ရွေ့နဲ့ နီးလာပြီ။ ကပွဲမှာဝတ်ဖို့ အဝတ် အစားတွေတောင် ဆရာမက ပေးလိုက်ပြီ။ လူမှုဝန်ထမ်း အမျိုးသမီးစောင့်