Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ညီညီ(တတ်သိလိမ္မာမြန်မာစာ) - မြန်မာမေးခွန်းပုံစံသစ်တက္ကသိုလ်၀င်တန်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
မြန်မာစာ
မေးခွန်းနံပါတ် ၆ အတွက် ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံ

          မေးခွန်းနံပါတ် ၆ သည် ယခင်က စာစီစာကုံး တစ်မျိုးတည်းကို သာ ဖြေဆိုရသော မေးခွန်းဖြစ်ပါသည်။ သုံးပုဒ်ပေးထားသည်။ ပုံကြမ်းအချက်အလက်များ ပေးထားသည်။ ကျောင်းသား/သူများက တစ်ပုဒ်တည်းကိုသာ ရွေးချယ်ပြီး ဖြေဆိုရသောပုံစံ ဖြစ်ပါသည်။

ပေးမှတ်မှာ ၂ဝ မှတ်။ အောင်မှတ် ၄ဝ ၏ တစ်ဝက်တိတိ။ မေးခွန်းတစ်ခုလုံး၏ ငါးပုံတစ်ပုံဖြစ်သည်။ ထို့ကြောင့် မေးခွန်းနံပါတ် ၆ သည် စာဖြေသူ ကျောင်းသား/သူတို့ အတွက် အရေးပါသော၊ အရေးကြီးသောမေးခွန်းဟု ဆိုရ ပါမည်။

          ယခုပြောင်းလဲမည်။ မြန်မာစာမေးခွန်း၏ နံပါတ် ၆ တွင် (က) (ခ) နှစ်ပုဒ်ခွဲ မေးထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ (က) ကို ၁၀ မှတ် ပေးပါမည်။ ယခင်မေးခွန်းပုံစံအတိုင်း စာစီစာကုံး မေးခွန်းကိုသာ ဆက်လက်မေးမည်ဖြစ်ပါသည်။ (ခ) ကို အဆိုတစ်ခုဆွေးနွေးစေမည်။ မေးခွန်းမေးကာ ၁၀ မှတ်ပေးပါမည်။ မေးခွန်း (ခ) သည် ကျောင်းသား/သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ ပင်ကို အရည်အသွေးတို့ကို မေးမြန်းစစ်ဆေးသည့် မေးခွန်းဖြစ်ပါသည်။ အရေးအသားကောင်းလျှင် ကောင်းသလောက်၊ အတွေးအခေါ်ကောင်းလျှင် ကောင်းသလောက် အမှတ်ရရှိမည့် မေးခွန်းဖြစ်ပါ သည်။ သို့သော်လည်း စကားပြောဟန်နှင့် မရေးသားရဘဲ စကားပြေ ဟန် စာဖြင့်သာ ရေးသားဖြေဆိုရမည် ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၆(ခ) အတွက် မေးမည့်အဆိုများမှာလည်း ကျောင်းသား/သူများ အားလုံးနှင့် ရင်းနှီးကျွမ်းဝင်သော ယေဘုယျကျသည့် အဆိုမျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ ။

ဥပမာအားဖြင့် -

“နွေရာသီသည် ဆောင်းရာသီထက်ပို၍သာယာလှပသည်။” “ခေတ်မီစမတ်ဖုန်းများကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကျန်းမာရေးကို ထိခိုက် စေသည်။” တယ်လီဗေးရှင်းကြည့်ခြင်းသည် သတင်း စာဖတ်ခြင်းထက် ပို၍အကျိုးရှိသည်။” စသည်ဖြင့် မေးမြန်းနိုင်ပါသည်။

          ပေးထားသည့်အဆိုကို မှန်သည်၊ မှားသည် မဖြေရ။ အဆုံး အဖြတ်မပေးဘဲ မိမိအမြင်အတိုင်း၊ မိမိခံစားချက်အတိုင်း၊ မိမိ အယူ အဆအတိုင်း၊ မိမိသဘောထားအတိုင်း ထောက်ခံလိုက ထောက်ခံ ကာ၊ ကန့်ကွက်လိုက ကန့်ကွက်နိုင်သည့် အရေးအသားမျိုးဖြင့် ရေးသားဖြေဆိုနိုင်ပါသည်။

          အဆိုတစ်ခုကို ဆွေးနွေးနိုင်ရန်အတွက် ကျောင်းသား/သူတို့ သည် အထွေထွေဗဟုသုတ အနည်းငယ်ရှိရုံမျှနှင့် မရတော့ပါဟု ဆိုချင်ပါသည်။ မိမိပြောလိုသည့်အဆိုကို လှပဝေဆာသော၊ ထိမိသော၊ အချက်ကျသော၊ စာစစ်သူ သဘောတွေ့စေမည့် စကားလုံး၊ ဝါကျ၊ စာပိုဒ်၊ စာပုဒ်များအဖြစ် ဖန်တီးရေးသားနိုင်လျှင် အမှတ် ကောင်းကောင်း ရနိုင်ပါလိမ့်မည်။

         ဥပမာအနေနှင့် လေ့လာနှိုင်းယှဉ်နိုင်ရန်အတွက် အရေး အသား နှစ်မျိုးကို ဖော်ပြပေးလိုက်ပါသည်။