Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ညီစေမင်း - နိုင်ငံတော်စစ်ဆေးရေးမှူးချုပ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အခန်း(၁)

          မြို့တော်ဝန်ရဲ့ အိမ်တွင်းကအခန်း၊ ခမ်းခမ်းနားနား ပြင်ဆင် ထား၊ ဘုရင့်နန်းတော်တမျှ၊ အမျိုးအစား များပြားနှစ်သက်စရာ မရှိမှု တစ်ခုကိုဖော်ပြ။ အလယ်ဗဟိုအထက်နားမှာက ခေါက်တံခါးများ၊ ပုံမှန်ဝင်နေကျ၊ ညာဘက်အထက်ကတံခါးက အိပ်ခန်းဆီဦးတည်၊ ညာဘက်အထက်က ပြတင်းပေါက်၊ လက်တွေ့ ကျကျ၊ ဝဲဘက် အထက် ကျကျလှေကားက အိမ်ရဲ့ အခြားအခန်းများဆီ ဦးတည်။ မီးလင်းဖိုမရှိ။ ဒါပေမဲ့ ဆမိုဗာခေါ် ရေနွေးအိုးကြီးက ဝဲဘက် နံရံနားမှာရှိ ခြေထောက်မပါတဲ့ အဝတ်ဗီရိုကြီးနဲ့တူနေ၊ နံရံကနေ တစ်ခန်းလုံးကို အနွေးဓာတ်ပေးနေ။ နံရံများကို ကြွေဆေးသုတ်ထား၊ ဆောင်းရာသီဖြစ်တယ်။ မီးပန်းဆိုင်းလည်းရှိ ဖယောင်းတိုင်စိုက်တိုင်တွေက နေရာအနှံ့ရှိ။ ဇာတ်ဝင်ခန်း (၁) နဲ့ (၃) လို အလင်းရောင် ပေးထား ဆိုဖာတစ်ခု၊ စားပွဲတစ်လုံး၊ ကုလားထိုင် တော်တော်များများ ရှိ နံနက်ခင်း၊ ရှစ်နာရီအချိန်ခန့်၊ ကန့်လန့်ကာအ,မမှာ တရားသူကြီး လူမှုကူညီရေးအရာရှိ၊ ကျောင်းများအုပ်ချုပ်ရေးမှူးတို့ပေါ်လာ၊ တစ်စုံ တစ်ခုကို စောင့်ဆိုင်းနေဟန်ရှိ၊ စိတ်မသက်မသာခံစားနေရပုံပေါ်၊ တရားသူကြီးက ကုလားထိုင်ပေါ်မှာ တွန့်လိမ်နေစေ၊ သူ့အတွက်နဲ့ လျှိုပေါ့အတွက်တော့ နံနက်ခင်းပြီးတဲ့နောက်လိုဖြစ်နေ၊ နာရီပေါ် အာရုံစိုက်ဖို့ ကြိုးစား၊ ဂနာမငြိမ် လျှိုပေါ့က ဂနာမငြိမ်ပဲ ခေါက်တုံ့ ခေါက်ပြန့်လျှောက်နေ၊ သူ့အဝတ်အစားတွေကို ကမန်းကတန်း ဝတ်ထားဟန်ရှိ၊ လူမှုကူညီရေးအရာရှိက ပိုပြီးယုံကြည်မှုရှိဟန်နဲ့ ပြတင်းပေါက်အနားမှာရပ်နေ၊ သို့သော် အခြားသူများကဲ့သို့ တံခါး ဆီကို စိတ်မသက်မသာနဲ့ လှမ်းကြည့်နေ၊ မြို့တော်ဝန် ဝင်လာ၊ ဝတ်စုံ အပြည့်ဝတ်ထား၊ တရားသူကြီးက ချက်ချင်းထရပ်၊ ကျန်သုံးယောက် က အရိုအသေပြု။

မြို့တော်ဝန် -      (ခပ်မြန်မြန်ပြော) မင်္ဂလာပါ လူကြီးမင်းတို့၊

ဒီနေ့မနက် လူကြီးမင်းတို့ကို ကျွန်တော့်အိမ် အရောက် ဖိတ်ခေါ်ရတဲ့အကြောင်းရင်းကတော့ လူကြီးမင်းတို့အတွက် စိတ်မသက်သာစရာ သတင်းတချို့ ရှိနေလို့ပါပဲ။ ကျွန်တော်သိရှိရတာ ကတော့ နိုင်ငံတော်စုံစမ်းရေးမှူးချုပ်က ပီတာ စဘတ်ကနေ ကျွန်တော်တို့ပြည်နယ်ကို စစ်ဆေး ဖို့ လျှို့ဝှက်အမိန့်နဲ့ ထွက်ခွာလာတယ်ဆိုတဲ့သတင်းပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ခရိုင်နဲ့ ပတ်သက်လို့ပေါ့ လေ။ သူက မထင်မရှား ရုပ်

ဖျောက်ပြီးလာမှာတဲ့။

တရားသူကြီး              -            ဘာပြောလိုက်တယ်၊ ပီတာစဘတ်က ဟုတ်လား။

လူမှုကူညီရေး  အရာရှိ         -    လျှို့ဝှက်အမိန့်တွေ ညွှန်ကြားချက်တွေနဲ့ အရာရှိ ဟုတ်လား။

ကျောင်းကြီးကြပ်                –          ရုပ်ဖျောက်ပြီးတော့ ဟုတ်လား

မြို့တော်ဝန် -                 လူကြီးမင်းတို့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်ပြီး   ဘဝင်မကျဘူး။ ဒါပေမဲ့ လူကြီးမင်းတို့သိတဲ့အတိုင်းပဲ ကျွန်တော် လည်း စိတ်ထဲမှာပဲ စနိုးစနောင့်ဖြစ်နေတာပါပဲ။ မနေ့ညက အိပ်မက်ထဲမှာ အလွန်ကြီးတဲ့မြေကြွက် ကြီးတွေအကြောင်း အိပ်မက်မက်တယ်။ ဘုရား စူးရပါစေ၊ ဒီလောက်ကြီးမား ရက်စက်ကြမ်း ကြုတ်တဲ့ အကောင်နက်ကြီးတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ အဲဒီကောင်တွေက တရှုပ်ရှုပ်နဲ့ အနံ့ခံပြီးတော့ ပြန်ပြေးသွားကြတယ်။ ဒါပေမဲ့ လူကြီးမင်းတို့ကို တရှီမော့ဆီက ကျွန်တော့် ဆီကို ခုလေးတင် လာတဲ့စာကို ဖတ်ပြပါမယ်။ (လူမှုရေးအရာရှိသို့) ခင်ဗျား သူ့ကိုသိတယ် မဟုတ်လား။ အာတမ်မီဗီလစ်ပိုဗစ်ချ် သူရေး ထားတာက-“ချစ်လှစွာသော ကျွန်ုပ်၏ ခေါင်းကိုင်အဖ (God Father)” ကျေးဇူးရှင်ကြီးပါးစပ် က တတွတ်တွတ်ရွတ်၊ မျက်စိများက အလျင် အမြန်ရွေ့လျား) ဟာ ဒီမှာ ဒီမှာ-“လူကြီးမင်းကို ကျွန်တော် သတိပေးပါရစေ၊ အရာရှိကြီး တစ်ယောက်က ကျွန်တော်တို့ပြည်နယ်၊ အထူး သဖြင့် ကျွန်တော်တို့ခရိုင်တစ်ခုလုံးကို စစ်ဆေး ဖို့ ရောက်လာပါတော့မယ်။ ဒီသတင်းကိုပေး သူက တစ်ယောက်ချင်းအနေနဲ့ ပေးသွားသော် လည်းပဲ ယုံကြည်လောက်သော သတင်းဌာနက ရရှိတာပါ။ လူကြီးမင်းလည်း ကျန်တဲ့ကျွန်တော် တို့အားလုံးလိုပဲ အပြစ်အနာအဆာလေးတွေ ရှိမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ သင့် လက်ထဲ ရောက်ရှိလာတာတွေကို လက်လွတ်ခံ နိုင်လောက်အောင် အသိအဉာဏ်ကင်းမဲ့သူ မဟုတ်ဘူးလို့ ကျွန်တော်ယူဆပါတယ်” ။

(သူ့ကိုယ်သူ မနည်းကြိုးစား ထိန်းနေရဟန်ရှိ၊ ဒါပေမဲ့ ခေါင်းမော့ပြီးပြော။ အင်း... ဟုတ်ပါရဲ့ ဒီမှာရှိတဲ့လူတွေအားလုံးက မိတ်ဆွေတွေချည်းပါပဲ)