Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ညလွမ်းအိမ် - ဟေးငါပါဒိုင်နိုဆောပါ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
လူတန်းစားအသစ်ထဲက သွားတွေ  ကြွက်တွေ ဒိန်ခဲတွေ

မှန်ချပ်တွေရဲ့ ပြောင်လက်မှုကို လျှာနဲ့လျက်ကြည့်တယ်
သစ်ပင်တွေလိုက်မလာနိုင်ဘူးပြောတဲ့ပုဆိန်
ပေါင်မုန့်ချပ်တိုင်း မှန်ကွဲစတွေနှစ်ဝင်တဲ့ အရသာ
ကြမ်းပြင်ပေါ်ဆံပင်တွေစိုက်ချလိုက်တော့
ဝံပုလွေခေါင်းစွပ်ထဲက ပိုပြီးမာကျောတဲ့သွားတွေထွက်လာတယ်
 သိမ်းငှက်ရဲ့အတောင်ပံတွေခေါင်းမှာစိုက်
 မျက်နှာကိုအမည်းရောင်ခြယ်လိုက်တာ
သူတော်ကောင်းစိတ်ဓာတ်တွေ ပျောက်သွားတာပဲ
 ကိုယ်တိုင်က ပတ်ဝန်းကျင်ပဲ
ကိုယ်တိုင်နဲ့ အားလုံးက နလပိန်းတုံးပဲ
အာလူးကြော်ထုပ်တွေ နံရံထဲ ရေဝင်ကူးကုန်တယ်
သူတို့ရဲ့ ကူးခပ်နေမှုကို အိတ်ကပ်ထဲထည့်ဖို့
အမေဇုန်မြစ်ထဲက အလှမွေးငါးကလေးကိုပြန်ဆယ်မယ်
မင်းတို့ အဲလိုတလိမ့်ခေါက်ကွေးဖြစ်နေကြတာကြိုက်တယ်ဆိုပြီး
ဈာန်နဲ့ပျံတယ် ဈာန်နဲ့ကူးတယ်
သေနတ်ဖောက်ကောင်းတဲ့ကောင် ဖြိုးပြီးတာနဲ့ ဒီထက်ကောင်းတဲ့သေနတ်ပြန်ရတယ်
တစ်ထောင့်ချင်းထိုင်ပစ်တဲ့ ကုန်းမြင့်တွေဆင်းချလာပြီး
 နွားရိုင်းစီးသလို သူတော်ကောင်းစိတ်ဓာတ်တွေ ပြန်ရောက်လာတယ်
ကြာကြာအသက်ရှင်နိုင်ရင်တော့ အကောင်ပဲ။ ။
၂၀၊ သြဂုတ်၊ ၂၀၁၈။

သဘာဝဖြစ်စဉ်

ကြိုက်တဲ့ ကဗျာတစ်ပုဒ်ပေါ် ကော်ဖီတွေမှောက်ချ
လှောင်အိမ်ထဲက မျောက်တွေကို ရောင်စုံခဲတံပေးလိုက်တယ်
ရန်ကုန်လမ်းညွှန်ထဲ ကဗျာရှာသလို
စက်ရုံဖုန်းနံပါတ်တွေ လိုက်ချိတ်နေရတယ်
ကဗျာရဖို့ အလံတိုင်ကိုကုတ်ခြစ်တော့
ကြောင်တွေထွက်ကျလာတယ်
discovery ချန်နယ်တစ်ခုလို သံပရာပင်တွေ ဖြစ်ထွန်းလွန်းတယ်
ကဗျာဟာ သူ့ကိုကုစာတင်ပါ။BPlဆေးဝါးစက်ရုံ သွားလေ့လာပါ ဗုဒ္ဓဝင်ပြတိုက် မှတ်သားပါ ပြောတယ် ကဗျာဟာ ဒေါသကြီးတယ်။တစ်ခုခုဆို အုံကြွဖို့ စားပွဲတဖြန်းဖြန်းရိုက်ဖို့ ချောကလက်လို စားပစ်လိုက်ဖို့။
အာဇာနည်နေ့မှာ စိတ်တိုရတော့ ဂဠုန်ဦးစောကိုလည်း သတ်ပစ်လိုက်တယ် ။
အသက်ကြီးပြီး ဟိုဘက်ဒီဘက်ယိမ်းနေလို့ ၊
ကဗျာကို တုတ်ကောက်လိုထောက်ထားရတယ်
စပရေးများများဖျန်းပြီး ကဗျာကိုထုံဆေးပေးထားတယ်
တရားစကားက ကဗျာနဲ့အတူ စားပွဲပေါ်မှောက်ကျနေတယ်
ကဗျာရှေ့တန်းရောက်ဖို့ တရားကပယ်ချခံရတယ်
နှုတ်ခမ်းတွေသပ်တယ်။အနီရောင်တောက်တောက်နှုတ်ခမ်းနီအရောင်နဲ့ကဗျာက
မျက်တောင်တုတွေအပေါ်မှာ လေးလေးလံလံတက်လျှောက်နေတဲ့ ကဗျာ
ဦးခေါင်းရဲ့ ထိပ်ပိုင်းမှာ မျက်လုံးကိုလည်ပြလိုက်တယ်
ရေမျက်နှာပြင်အထက် ဖားတစ်ကောင်ရဲ့ မြင်နိုင်စွမ်းနဲ့ ကဗျာကို ခြောက်သွေ့ပြတယ်
အရေပြားကနေ အဆိပ်တွေ စိမ့်ထွက်လာပြီး
မာကျောတောင့်တင်းမှုနဲ့သေးငယ်တဲ့အတက်အလက်တွေကို ချိုးပစ်လိုက်တယ်
ရေသောက်မြစ်တစ်ခုတည်းရှိတဲ့ ကဗျာမုန်လာဥက စားလို့ကောင်းတယ်ပြောတယ်
အရှေ့မှာတစ်ယောက်တည်း။ ။
၆၊ နိုဝင်ဘာ၊ ၂၀၁၈။